Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, March 10, 2015

မြန်မာစင်တာ၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)

မြန်မာစင်တာ၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု
 
တောင်ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့ရှိ မြန်မာစင်တာသည်
မြန်မာနိုင်ငံသား များအတွက် အခမဲ့ ဆေးစစ်ဆေးခြင်း
(ဆေးစစ်ဆေးခြင်း သီးသန့်) အစီအစဉ်များကို လုပ်ဆောင်ပေးနေပါပြီ - - -
 
- ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန် ပေးခြင်း။...
- သွေးစစ်ပေးခြင်းနှင့်ဆီးစစ်ပေးခြင်း။
- ဓာတ်မှန်ရိုက်ပေးခြင်း။
- လည်ချောင်း၊အဆုပ်၊အသည်း၊ကျောက်ကပ်တို့ကို
CD.X-ray ရိုက် စစ်ဆေးပေးခြင်း။
- မျက်စိစစ်ဆေးပေးခြင်း။
- အစာအိမ် အူလမ်းကြောင်းထဲသို့ ကင်မရာထည့် စစ်ဆေးပေးခြင်း။
(အစာအိမ် မှန်ပြောင်းကြည့်ခြင်း)
- ဆရာဝန်ကြီးနဲ့ ကိုယ်တိုင်တွေ့ပြီး ရောဂါအကြောင်း
တိုက်ရိုက် ဆွေးနွေးနိုင်ပါသည်။

(ဘာသာစကား အခက်အခဲ ရှိပါက ဘာသာပြန်ကူညီပေးပါမည်)
 
ဆေးစစ်ဆေးမည့် ရက်ကို သီးခြား ထပ်မံ ကြေငြာပေးပါ့မည်။








ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 7, 2015

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)


၂၀၁၅ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ၊ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချွန်းရွှေ့ပြောင်းအလုပ်သမားကူညီရေးစင်တာ (부천이주민지원센터) တွင် အခမဲ့ဆေးစစ် ရှိပါ၍ ကျန်းမာရေး စစ်ဆေးကုသလိုသူ မည်သူမဆို လာရောက်ပြသနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

- အိပ်စ်ရေး၊ ဓာတ်မှန် ရိုက်ကူးခြင်း
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း
- သွား ရောဂါအမျိုးမျိုး ကုသပေးခြင်း
- မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအမျိုးမျိုး ကုသပေးခြင်း
- သားဖွားနှင့် မီးယပ်ရောဂါအမျိုးမျိုး


ဆက်သွယ်ရန်-
ဦးခင်မောင်ရင် 010-2788-7153
ဦးသန့်ဇင်အောင် 010-9054-4727
ဦးဘိန်း  010-2217-7391

မှတ်ချက်= လစဉ် ဒုတိယပတ်နှင့် စတုတ္ထပတ်တိုင်း ဆေးစစ်ရှိသော်လည်း ယခု ဖေဖော်ဝါရီလ စတုတ္ထပတ် ၂၂-ရက်နေ့ တွင် ဆေးစစ်ရှိမည် မဟုတ်ပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, November 10, 2014

ကျန်းမာတဲ့ ခန္ဓာကိုယ် ဖြစ်ဖို့အတွက် ဘယ်လို အာဟာရ ဓာတ်တွေ လိုအပ်လဲ

ရေးသားသူ — မိုးသောက်ကြယ်





လူသားတိုင်းဟာ စားဝတ်နေရေး အတွက် နေ့စဉ် သွားလာ လှုပ်ရှား နေရပါတယ်။ ဒီလိုအမြဲတမ်း သွားလာ လှုပ်ရှားနိုင်အောင် ခန္ဓာကိုယ် အင်အားပြည့်ဖို့ လိုအပ်ပါတယ်။ “ အစာလည်းဆေး ဆေးလည်းအစာ” ဆိုသလို အစားအစာများကို သင့်တင့်မျှတစွာ စားသုံး တတ်မယ်ဆိုရင် နုပျိုကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ နေ့စဉ်အမျှ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ ဗီတာမင်နှင့် အာဟာရ ဓာတ်တွေကို မှီဝဲစားသုံး သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

နှလုံးအာဟာရ
လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းထဲမှာ နှလုံးကလည်း အဓိကပါဝင်နေပါတယ်။ နှလုံးကျန်းမာရေးနဲ့ ပတ်သက်လို့ အမျိုးမျိုး စောင့်ရှောက်ကုသမှုဝေဒရှိပေမယ့် နှလုံးရောဂါဖြစ်ဖို့ အလားအလာကို အများဆုံးလျှော့ချပေးခိုင်းတာကတော့ Fatty Acid ပြည့်ဝစွာ ပါဝင်တဲ့ Omega-3 ရှိတဲ့ငါးတွေပဲ ဖြစ်ပါတယ်။ Omega-3ရရှိဖို့အတွက် စားသုံးသင့်တဲ့ ငါးတွေကတော့ ဆာဒင်းငါး၊ ငါးကွန်းရှပ်နဲ့ ဆော်လမွန်ငါးတို့ ဖြစ်ပါတယ်။

အာရုံကြောနဲ့မျက်လုံး
မျက်လုံးအတွက် အဓိက လိုအပ်တာက ဗီတာမင် “ A” ဖြစ်ပါတယ်။ မျက်လုံးနဲ့ပတ်သက်လို့ ခံစားရတဲ့ ရောဂါဝေဒနာတွေကို ဗီတာမင် “ A” က လျှော့ချပေးပြီး အ၀ါရောင် အင်ဆူလင်ကို ထုတ်ပေးခိုင်းတဲ့ အသီးအနှံတွေကို စားသုံးသင့်ပါတယ်။ သင့်လျှော်တဲ့ အသီးအနှံတွေကတော့ ပန်းဂေါ်ဖီထုတ်(အစိမ်း)၊ မုံလာဥ၊ မျောက်ဥနဲ့ အာလူးတို့ကို အဓိက စားသုံးသင့်သည်။

အရေပြား ကျန်းမာရေး
ကျန်းမာတဲ့အသားအရေ ပိုင်ရှင်ဖြစ်ဖို့အတွက် ဗီတာမင် “ C” ရှိဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အနှံ့အပြားမှာ နေရာယူထားတဲ့ အရေပြားဟာ မတော်တဆကြောင့်ရတဲ့ အမာရွတ်တွေရှိနေတတ်ပါတယ်။ ဗီတာမင် “ C” ကို လုံလောက်စွာ စားသုံးပေးခြင်းအားဖြင့် အမာအရွတ်တွေ လျှော့ပါးသွားနိုင်တဲ့အပြင် ကျန်းမာသန့်ရှင်းတဲ့ အသားအရေကို ရရှိမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ လွယ်ကူစွာ တွေ့ရှိနိုင်တဲ့ လိမ္မော်သီး၊ ရှောက်သီး၊ သင်္ဘောသီးတို့မှာ ဗီတာမင် “ C” ကို အများဆုံး တွေ့ရှိနိုင်ပါတယ်။

အဆစ်လေးတွေ ကျန်းမာဖို့
ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးတွေကို တောင့်တင်းခိုင်မာအောင် အားဖြည့်ကူညီပေးတာကတော့ အဆစ်တွေပဲ ဖြစ်ပါတယ်။ အဆစ်တွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ အာဟာရဓာတ်ကတော့ “ ကော့ပါး” ဓာတ်တွေပဲ ဖြစ်ပါတယ်။ အစေ့၊ အခွံမာသီး၊ ဂဏန်း၊ ခရု၊ မုတ်ကောင်စတဲ့ အခွံပါတဲ့ အစေ့နဲ့ သတ္တ၀ါတွေအပြင် ကမာကောင်အများစုမှာလည်း “ ကော့ပါး” ဓာတ်ကို အမြင့်မားဆုံး ပမာဏအထိ တွေ့ရပါတယ်။ ဒါ့အပြင် အသည်းအများစုမှာလည်း “ ကော့ပါး” ဓာတ်ကို အများဆုံးတွေ့ရှိရသည်။

အရိုးကျန်းမာရေး
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက် အရိုးဖွဲ့စည်းတည်ဆောက်မှုဟာလည်း အရေးကြီးဆုံး ဖြစ်ပါတယ်။ အသက်အရွယ်ရလာလို့ အရိုးတွေ အားနည်းပြီး ခိုင်မာမှုမရှိတော့ဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရလာနိုင်ပါတယ်။ ဒီလိုဆိုးကျိုးတွေ မခံစားရအောင် အရိုးအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်ကတော့ ကယ်ဆီယမ်ဓာတ်ပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကယ်ဆီယမ်ဓာတ် ရနိုင်တဲ့ အသီးအနှံတွေကို ပုံမှန်စားသုံးပေးသွားမယ်ဆိုရင် အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ စားတော်ပဲနှင့်ပန်းဂေါ်ဖီစိမ်းတို့မှာဆိုရင် ကယ်ဆီယမ်ဓာတ် အပြည့်အ၀ပါဝင်ပြီး သဘာဝကပေးတဲ့ အစာလည်းဆေးဆေးလည်းအစာဖြစ်ပါတယ်။

မျိုးပွားအင်္ဂါလိုအပ်ချက်
မျိုးပွားအင်္ဂါအတွက် အဓိကလိုအပ်တာကတော့ “ဇင့်” “ဓာတ်တွေပဲ ဖြစ်ပါတယ်။ မုတ်ကောင်၊ ကမာကောင်ကနေ ရရှိတဲ့“ဇင့်” ဓာတ်ဟာ အခြားအရာတွေကရရှိတဲ့ “ဇင့်” ဓာတ်ထက် သာလွန်ကောင်းမွန်နေတာကို တွေ့ရှိရပါတယ်။ သိုးသား၊ ကြက်သားနဲ့ အမဲသားတို့မှာလည်း သင့်ခန္ဓာကိုယ်အစိတ်အပိုင်းအတွက် လုံလောက်တဲ့ “ဇင့်” ပမာဏကို ပေးစွမ်းနိုင်လို့ နေ့စဉ်စားသုံးပေးသင့်ပါတယ်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဧပြီလထုတ် HALOမဂ္ဂဇင်း အတွဲ ၂ မှ မိုးသောက်ကြယ်ရေးသားသော ဆောင်းပါးအား ကောက်နှုတ်ဖော်ပြပါသည်။)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, October 20, 2014

ရွှေ့ပြောင်းလုပ်သားများအတွက် အခမဲ့ ဆေးစစ် ၊ဆေးထိုး အစီအစဉ်

လူသားကွန်ယက် (ဟူးမင်းနက်ဝါ့-ခ်) ရွှေ့ပြောင်းအလုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် အဖြစ် ရွှေ့ပြောင်းလုပ်သားများအား အထွေထွေဆေးစစ်ခြင်းနှင့် တုတ်ကွေးကာကွယ်ဆေးထိုးခြင်း ပရိုဂရမ်ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်-
ရက်စွဲ
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်
နေရာ
အင်ချောန်း ၊ ဘူဖြောင်းမြို့ ဘူဂဲမူလတန်းကျောင်း(부평구 부개초등학교)
အချိန်
နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ
လက်ခံ စစ်ဆေး ကုသပေးမည့် ဦးရေ
၂၀၀ ဦး (ဦးရာလူစနစ်)
ပါဝင်ကူညီပေးကြသည့် အဖွဲ့အစည်းများ
အင်ချောန်းဒေသ သွားဆရာဝန်များ ၊ လှုပ်ရှားနေသော ဆရာဝန်များ ၊ အူဂျောင်း ဆရာဝန်များအဖွဲ့၊ အင်ချောန်း ဆေးဝါးပညာရှင်များအသင်း ၊ ကိုရီးယား ရွှေ့ပြောင်းသူများ လူ့အခွင့်အရေးဆင်တာ ၊ အင်ချောန်း ဆေးနှင့် ဆေးပစ္စည်း လူမှုရေး နှင့် စေတနာရှင်များအသင်း ၊ အင်ချောန်း ပြန်လည်ထူထောင်ရေးဆေးရုံ ၊ ဟန်လင်းဆေးရုံ ၊ အင်ချောန်းဒေသ ဂီးလ်ဆေးရုံ ၊ ကျားကျား စေတနာရှင်များအဖွဲ့ တို့မှ စေတနာရှင် ၁၅၀ ကျော်တို့က လုပ်အားဒါနဖြင့် ပါဝင်ကူညီပေးကြပါမည် ။
အော်ဂနိုက်ဇာ
မျှော်လင့်ချက်ကမ္ဘာ (이주노동자건강센터 희망세상)
ဆေးစစ်ခြင်း နှင့် ဆေးထိုး ဆေးကု အစီအစဉ်များ
- ခန္ဓာအတွင်း ၊ အပြင် အထွေထွေရောဂါ
- သွားနှင့် ခံတွင်းရောဂါများ
- ကိုရီးယားတိုင်းရင်းဆေးကုသမှု
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- ဓါတ်မှန်ရိုက်စစ်
- ကိုယ်ခန္ဓာ အပြင်ပိုင်းရောဂါများ
- အပ်စိုက်ခြင်းနှင့် ဓါတ်နှိပ်ခြင်း
- တုတ်ကွေးကာကွယ်ဆေးထိုးခြင်း
- အူလမ်းကြောင်း ကင်မရာဖြင့် ရောဂါရှာဖွေခြင်း
- အာလ်ထရာဆောင်းဖြင့် ရောဂါရှာဖွေခြင်း
- သားအိမ်ကင်ဆာရောဂါရှိမရှိစစ်ဆေးခြင်း
အထူးအစီအစဉ်
ကျားကျားစေတနာရှင်များ(짜짜봉사단)က နေ့လည်စာဖြင့်ကုသိုလ်ယူပါမည်။
နောက်ဆက်တွဲဆေးဝါးကုသမှုအစီအစဉ်
- ဆရာဝန်မှ လိုအပ်မည်ဟု ယူဆသူများအား စီတီ ၊ အမ်မ်အာရ် စသည်တို့ ထပ်မံစစ်ဆေးပေးမည် ။
- သွားရောဂါအတွက် မျှော်လင့်ချက်ကမ္ဘာဆေးရုံ(희망세상병원)တွင် ဆက်လက်ဆောင်ရွက်ပေးမည်။
- ဆေးရုံ တက်ရောက်ရန် သို့မဟုတ် ရောဂါရှာဖွေတွေ့ရှိသဖြင့် ဆက်လက်ကုသရန်လိုအပ်သူများအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးဝါးကုသမှုခံယူနိုင်ရန်စိစဉ်ပေးမည်ဖြစ်ပြီး ၊ ကျသင့်ငွေ၏ ထက်ဝက်ကို ဤ အဖွဲ့မှ တာဝန်ယူကျခံပေးသွားပါမည် ။

- ယခင်နှစ် အတွေ့မကြုံများအရ ဤအစီအစဉ်မှ ကင်ဆာဆဲလ် တွေ့ရှိခဲ့ပြီး ၊ရောဂါမရင့်မှီ အချိန်မီ သိရှိ ဆေးဝါးကုသမှုခံယူနိုင်ခဲ့သဖြင့် အသက်ချမ်းသာရာ ရရှိခဲ့သော သာဓကများရှိခဲ့ပါသဖြင့် ၊ ကျမ်းမာရေးစစ်ဆေးမှု (အသေးစိတ်)ခံယူခဲ့ဖူးခြင်းမရှိသေးသူများ စစ်ဆေးမှုခံယူသင့်သည်ဟု ထင်မြင်ယူဆပါသည် ။

- ဤ အစီအစဉ်တွင် ဆေးစစ် ဆေးထိုး ရန် ဆန္ဒ ရှိသူများ 010-5549-2457 (ဦးတယ်လီတော်ကီ)ထံ ၂၄-၁၀-၂၀၁၄ ညနေ ၄ နာရီထိ စာရင်းပေးသွင်းကြပါရန် ။
- လိုက်ပါမည့်သူများအား ၄င်းအဖွဲ့အစီအစဉ်ဖြင့် ကြိုပို့ကားစီစဉ်ပေးမည်ဖြစ်ကြောင်း ။
20141020

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 28, 2014

မမီးမီးကြိုင်၏ နှလုံးအပေါက် ပိတ်ဆို့ရန် အတွက် တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...

ကိုရီးယား ရောက် ညီအစ်ကိုတို့ ရေ    မရှိလို့ မလှူ /မလှူလို့ မရှိတဲ့နော်
တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...
မီးမီးကြိုင်အတွက် အကူညီလိုအပ်

အသက် ၃ နှစ်အရွယ်လောက်ကတည်းက မိဘတွေနဲ့ ကွဲကွာခဲ့ပြီး အဖိုးကြီး အမယ် ဇနီးမောင်နှံမှ မွေးစားခဲ့သော မြန်မာအမျိုးကောင်းသမီး မမီးမီးကြိုင်သည် နှစ်လုံးသွေးကြော နှစ်ခုကြားမှာ မွေးရာပါ အပေါက်တစ်ခု ရှိနေပါတယ် အခုချိန်မှာ မကြာခဏ အသက်ရှူမ၀တာမျိုး သတိလစ်တာမျိုး ဖြစ်နေတက်ပါတယ် နှစ်လုံးအပေါက်အား ပိတ်စို့ရန်အတွက် ဆရာဝန်ကြီးတွေရဲ့ ပြောကြားချက်အရ ခန့်မှန်းခြေ သိန်း(40)လောက်ကုန်ကျမယ်လို့ သိရပါတယ် ။ ရောဂါဝေဒနာက ငယ်ငယ်လေးကတည်းက ခံစားနေရတဲ့ရောဂါပါ။ သူ့ရောဂါဝေဒနာအတွက် အဖိုးကြီးအမယ်ကြီးတွေကလည်းတက်နိုင်သေးတဲ့ အချိန်မှာတော့ ပြုစုကုသပေးခဲ့ပါတယ်။ သူ့ရောဂါဝေဒနာ စတင်ဆိုးဝါးလာတာက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေရင်း ပစ်လဲတဲ့ထိ ဖြစ်ခဲ့ရပါတယ်။
အဖိုးကြီးအမယ်ကြီးတွေလဲ ငွေးကြေး မတက်နိုင်တော့တာကြောင့် သူ့ကို ကိုအောင်လင်းသူ ဦးဆောင်တဲ့ 
FM ပရဟိတအဖွဲ့(ရန်ကုန်)က အလှူငွေစုဆောင်းပြီး ကူညီစောင့်ရှောက်ပေးနေပါတယ်
ယခင်က မမီးမီးကြိုင်ဟာ သီလရှင်ဝတ်ပါသေးတယ် အဲ့အချိန်က ဇိဝိတဒါနဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့သလို လက်ရှိအချိန်မှာတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဇိဝိတဒါနဆေးရုံ ၂ခုစလုံးကို အပတ်စဉ် သွားရောက်ပြသနေပါတယ် 
ဖေဖော်ဝါရီလမှာ operation ပြုလုပ်နိုင်ရန်အတွက် ညီအကို မောင်နှစ်မများ အနေဖြင့်
Like&share ပြုလုပ်ပေးခြင်းဖြင့် အလှူရှင်များ ရှာပေးကြဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျာ 
ဆက်သွယ်ရန်...
ရန်ကုန်
ကိုအောင်လင်းသူ 09401623525
မနီလာ 0931614545
ကိုဇော်ရဲထက် 0933192151

ကိုရီးယား
လမင်းကိုကို 01046951397

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 2, 2014

ကိုတင်အောင်လွင်ရဲ့ ဆေးကုသစရိတ် စုပေါင်း ကူညီကြစို့ ညီအကိုအပေါင်းတို့



ကိုရီးယားနိုင်ငံရောက် ရွှေညီနောင်အပေါင်းတို့ခင်ဗျာ - 
ကိုတင်အောင်လွင် ( သာပေါင်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း ) ဟာ ကိုရီးယားနိုင်ငံသို့ စိုက်ပျိုးရေးနဲ့ရောက်လာပြီး ၃လလောက်အကြာ ခြေထောက်မှာ ဒါဏ်ရာရရှိပြီးနောက် ခြေထောက်က အနည်းငယ်စီ သေးငယ်လာပါတယ်။ အဆိုပါ ခြေထောက်ကို ခွဲစိတ်ကုသမှု မပြုလုပ်ပါက ခြေထောက် အောက်ပိုင်းကို ဖြတ်ပစ်လိုက်ရမယ့် အခြေအနေသို့ ရောက်ရှိနေပါတယ်။ ကိုရီးယား ခရစ်ယာန် ဆရာ တစ်ဦးရဲ့ အကူအညီနဲ့ အင်ချွန်းမြို့ အွိလယိုဝါန် ဆေးရုံကြီးမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂ ရက် ကြာသပတေးနေ့ နံနက် ၁၀ နာရီ အချိန်လောက်မှာ စတင် ခွဲစိတ်မှာ ဖြစ်ပါတယ်။ ကိုတင်အောင်လွင်ရဲ့ မြန်မာနိုင်ငံမှာ ကျန်ရှိနေခဲ့တဲ့ မိခင်မှာလည်း ကင်ဆာရောဂါဖြင့် အသက်ဆုံးလုနီးပါး ရှိနေကြောင်း သိရပါတယ်။  

ကုန်ကျစရိတ် တစ်ချို့ကို ဆေးရုံက အကုန်ကျခံမည်ဖြစ်သော်လည်း တစ်ချို့ကို လူနာဘက်က အကုန်ကျခံရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကိုတင်အောင်လွင်ရဲ့ ဆေးကုသစရိတ် ကုန်ကျစရိတ်ကို အများစုပေါင်းပြီး ကူညီပေးကြပါရန် နိုးဆော်ထားကြောင်း ကိုလှမျိုးနဲ့ ကိုအောင်ပိုင်ဟိန်းတို့ရဲ့ Facebook မှတစ်ဆင့် အဆင်ပြေအောင် စာသားစီပြီး တင်ပြပေးလိုက်ပါတယ်။ တစ်ချို့ ညီအကိုတို့ကလည်း ကူညီနေသော စာရင်းများကို ၄င်းတို့ရဲ့ Facebook မှာ ဖော်ပြထားပါတယ်။ ကူညီကြသူများကို ရင်တွင်းဖြစ် မေတ္တာနဲ့ ကျေးဇူး အထူးတင်ရှိပါတယ်။ 

ဘဏ်စာရင်းအမှတ် 라묘 (Hla Myo) 기업은행 (IBK) 644011 38 801011  သို့ ကူညီကြပါစို့။
အသေးစိတ်သိချင်ရှိလိုပါက ကိုလှမျိုး ( တော်ကူကြီး၊ ကွမ်းခြံကုန်းမြို့ - ၀၁၀ ၂၈၁၈ ၁၉၈၄ ) ဆီတွင် စုံစမ်းနိုင်ပါတယ်။

၂၀၁၄ ခုနှစ် နှစ်သစ် မင်္ဂလာမှာ အားလုံး ကိုယ် ကျန်းမာ၊ စိတ် ချမ်းသာပြီး ရောဂါဘယ၊ ဘေးအပေါင်းတို့က ကင်းဝေးကြပါစေ။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 23, 2013

ဒီတပတ် ကျန်းမာရေး ဆေးစစ် သာသနာပြုကျောင်းမှာ ရှိပါတယ်

မြန်မာစင်တာနှင့် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တို့ ပူးပေါင်းပြီး ဆေးစစ်ဆေးမှု အစီအစဉ်တစ်ခုကို နိုဝင်ဘာ ၂၄ ရက်နေ့ (မနက်ဖြန်)မှာ ပြုလုပ်ဖို့ရှိပါတယ်။

ကျန်းမာရေး စစ်ဆေးလိုသူ မည်သူမဆို လာရောက်စစ်ဆေးခံကြဖို့ ဖိတ်ကြားနှိုးဆော်အပ်ပါတယ်။

နေ့ရက် - ၂၄.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် - ၁၂း၃၀နာရီ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)၊ ဓမ္မသဘင်ခန်းမ

စစ်ဆေး ကုသပေးမည့် အစီစဉ်များ -
- ကိုရီးယားရိုးရာ တိုင်းရင်းဆေး အပ်စိုက်ကုသခြင်း။
- သွား
- သွေးစစ်ဆေးခြင်း
- ခန္ဓာကိုယ် အတွင်း
- ခန္ဓာကိုယ် ပြင်ပ နှင့် အခြားသော စစ်ဆေးကုသမှုများကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

(မှတ်ချက်= ယခုအစီအစဉ်မှာ သီးခြားအစီအစဉ် တရပ်ဖြစ်ပြီး ယခင်ကြော်ငြာများနှင့် မသက်ဆိုင်ပါ။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 22, 2013

ဆေးစစ်မည့်သူများ မြန်မာစင်တာသို့ ဆက်သွယ်ပါ



ယခင်လက ကြော်ငြာခဲ့သည့် ကိုရီးယားနိုင်​ငံ ကျန်းမာ​ရေးဌာန အားကစား​ဆေးစစ်​အထူးဗျူရို၏ ပံ့ပိုးမှု အစီအစဉ်​အဖြစ်​ ခန္ဓာကိုယ်​ အတွင်းအပြင်​နှင့်​ ​ရောဂါမျိုးစုံကို အဆင့်​မြင့်​ စစ်​​ဆေး​ရန် စာရင်းပေးထားသူများ မြန်မာစင်တာ (070-4154-8824) သို့မဟုတ် ကိုကျော်စွာ (010-3056-2239) ထံသို့ ဆက်သွယ်ကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါတယ်။

ဆေးစစ်မည့် အစီအစဉ်မှာ နိုဝင်ဘာလ ၂၇ နှင့် ၂၈ နံနက်ပိုင်း ဖြစ်ပြီး၊ မြန်မာစင်တာမှာ လူစု၍ ထွက်ခွာပါမယ်။
တနေ့လျှင် ဦးရေ ၂၀၊ စုစုပေါင်း အယောက် ၄၀ ဖြစ်ပါတယ်။

ယခုမှ စာရင်းပေးလိုသူများ ရှိပါက အမြန်စာရင်းပေးပါရန် တိုက်တွန်းပါတယ်။

မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 2, 2013

အခမဲ့ ဆေးစစ် ၊ ဆေးထိုး ၊ ဆေးကု အစီအစဉ် ကြိုပို့ကားဖြင့် လိုက်ပါမည့်သူများ အမည်စာရင်းပေးသွင်းရန်ကိစ္စ

အောက်တိုဘာ ၂၃ ၊ အင်ချောန်း
ရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် နိုဝင်္ဘာ ၃ ရက်နေ့(တနင်္ဂနွေနေ့) နေ့လည် ၁၁ နာရီမှ ၃ နာရီထိ ဘူဂဲမူလတန်းကျောင်းတွင် ပြုလုပ်မည့် အခမဲ့ ဆေးစစ် ဆေးထိုး ဆေးကု ကာကွယ် အစီအစဉ်(Click Here for Detail) သို့ လိုက်ပါမည့်သူများအတွက် ၊ အခမဲ့ ယာဉ်ကြိုပို့အစီအစဉ်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

ယာဉ်ကြိုပို့အစီအစဉ်မှာ-
နံနက် ၁၀ နာရီ ၁၅ မိနစ် ဓမ္မဒူတ(ကိုရီးယား)မှ ထွက်ခွါပါမည်။
ကြိုပို့ယာဉ်ဖြင့် လိုက်ပါလိုသူများ အောက်တိုဘာ ၂၇ ရက်ညနေ ၄ နာရီနောက်ဆုံးထားပြီး 070-7761-2457 နှင့် ၀၁၀-၂၃၃၁-၂၄၅၇ ထံ စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံပါသည် ။

ကျန်းမာချမ်းသာကြပါစေ-
ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ရွှေ့ပြောင်းလုပ်သားများ အခမဲ့ ဆေးစစ် ၊ ဆေးထိုး ၊ ဆေးကု အစီအစဉ်

အောက်တိုဘာ ၁၂ ၊ အင်ချောန်း
မျော်လင့်ချက်ကမ္ဘာ ရွှေ့ပြောင်းလုပ်သားများ ကျန်းမာရေးစင်တာ (이주노동자 건강센터 희망세상) အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် နိုဝင်္ဘာ ၃ ရက်နေ့(တနင်္ဂနွေနေ့) နေ့လည် ၁၁ နာရီမှ ၃ နာရီထိ အောက်ဖော်ပြပါ ရောဂါများကို အခမဲ့ ကာကွယ် ၊ စစ်ဆေး ၊ ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
ကာကွယ်ရေး အစီအစဉ်-
- တုတ်ကွေးကာကွယ်ဆေး (လူဦးရေ ၄၀၀ ကိုသာ ၊ ဦးရာလူစနစ်)

စစ်ဆေးပေးမည့်ရောဂါများ
- ကင်ဆာ ၊ အေအိုင်ဒီအက်စ် ၊ ဆီး၊ ဝမ်း ၊ သွေးသလိပ် နှင့် ရောဂါစုံ (ဓါတ်မှန် ၊ အစာလမ်းကြောင်းကင်မရာ အပါအဝင်)

မှတ်ချက် -
အစာလမ်းကြောင်း ကင်မရာရိုက်မည့်သူ ၃၀ ဦးသာ ကန့်သတ်ထားပါသည်။ ၁၂ နာရီကြိုတင်၍ အစာရှောင်ထားကြပါရန် ။

ကုသပေးမည့်ရောဂါများ
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- မူးဝေခြင်း
- ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း
- အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ
- အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ
-သွားနှုတ် ၊ သွားဖါ ၊ သွားခြစ်

နေရာ
ဘူဂဲမူလတန်းကျောင်း (부평구 부개초등학교)

စုရပ်
ဓမ္မဒူတ(ကိုရီးယား) မှ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စုစည်းပြီး ဆေးကုစင်တာသို့ ထွက်ခွါပါမည် ။ (ဆေးကုစင်တာသို့ သွားတတ်သူများ မိမိအစီအစဉ်ဖြင့် သွားရောက်နိုင်ပါသည် ။)

စာရင်းပေးသွင်းရမည့်အချိန်နှင့်နေရာ
ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် ၊ အာလ်ထရာဆောင်း နှင့် အစာလမ်းကြောင်း ကင်မရာရိုက်မည့်ပုဂ္ဂိုလ်များ အောက်တိုဘာ ၂၂ ရက်ညနေ ၄ နာရီနောက်ဆုံးထားပြီး 010-2897-8621,070-4204-2457 ထံ စာရင်းပေးသွင်းကြပါရန် ။

အထူးမှတ်ချက်-
ဆေးစစ်ဆေးချက်အရ ဆေးရုံတက်ရန် (ဆက်လက်ကုသမှုခံယူရန်)လိုအပ်သူများ ဆေးရုံစရိတ် သို့မဟုတ် ကုသစရိတ် ၏ ၅၀ ရာခိုင်နှုန်းကို ဤ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ကျခံပေးသွားမည်ဖြစ်ပါသည် ။ (입원치료나 후속진료가 필요한 경우에는 후속연계(본인부담금의 50%지불)

ကျန်းမာချမ်းသာကြပါစေ-
ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 5, 2013

အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြော ဆွေးနွေးပွဲ



ကိုရီးယားမှာ အလုပ်လာလုပ်နေသူတိုင်း သိထားသင့်တဲ့ `အလုပ်ခွင် လုံခြုံရေးနဲ့ ထိခိုက်မှုများ´
အလုပ်ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာကို ဘယ်လိုဖြေရှင်း ဆောင်ရွက်မလဲ?
ကာကွယ်ရေးနဲ့၊ ခံစားပိုင်ခွင့်တွေ ဘယ်လိုရှိတယ် ဘာတွေလုပ်နိုင်တယ် စတဲ့… စတဲ့…
အကြောင်းအရာတွေကို ဟောပြော ဆွေးနွေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

အလုပ်ခွင်အတွင်း ဖြစ်ပေါ်တတ်သော ထိခိုက်မှုများအတွက် ကြိုတင်ကာကွယ်ခြင်း၊ ရှောင်တခင် ကာကွယ်ခြင်း၊ အရေးပေါ် ဖြေရှင်းခြင်း၊ လုပ်ငန်းကြောင့် ဖြစ်သော ကျန်းမာရေး ချွတ်ယွင်းမှုများ၊ နောက်ဆက်တွဲ ပြဿနာများနဲ့ စောင့်ရှောက်မှုဆိုင်ရာ နည်းစနစ်များ စသည်တို့ကို ဟောပြောဆွေးနွေးမယ့် “အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြောဆွေးနွေးပွဲ”သို့ မည်သူမဆို လာရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါတယ်။

ဆွေးနွေးပွဲ ဖြစ်တာကြောင့် မိမိတို့ သိလိုရာကို လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ လက်တွေ့ ပြဿနာကြုံတွေ့နေရသူတွေ၊ ကိုယ့်ပြဿနာကို ကိုယ်တိုင် လက်တွေ့ကျကျ ဖြေရှင်းလိုသူတွေ လာရောက် မေးမြန်းဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆွေးနွေးပွဲ လာရောက်သူများကို မြန်မာလို ဘာသာပြန်ထားတဲ့`အလုပ်ခွင် လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ စာအုပ်´များ အခမဲ့ ပေးဝေပါမယ်။

နေ့ရက် = ၂၀၁၃ အောက်တိုဘာ ၆ (တနင်္ဂနွေနေ့)
အချိန် = မွန်းလွဲ ၁း၀၀ မှ ၃း၀၀ နာရီထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့


미얀마센터 နှင့် (사)노동인권회관/외국인이주노동자인권을위한모임 တို့ ပူးပေါင်းစီစဉ်၍ ကျွမ်းကျင်သူများက သရုပ်ပြ ဟောပြော ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, August 24, 2013

ကွမ်းမေတ္တာစာ

ရေးသားသူ — ရွှေပြည်ငြိမ်းချမ်း

[ထောင်စုပြတင်း စာအုပ်တိုက်မှ ထုတ်ဝေတဲ့ “ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ” စာအုပ်မှာ ပါဝင်သော ရွှေပြည်ငြိမ်းချမ်းရဲ့ ကွမ်းမေတ္တာစာ ဆောင်းပါးကို ဟန်းဂုရွာမှာ ထပ်ဆင့်ဖော်ပြခြင်း ဖြစ်ပါတယ်။]



အမှန်တကယ်အားဖြင့် ဒီလိုစာမျိုးကို သူ မရေးချင်ပါ။ ကိုယ့်လူမျိုး၏ ကျန်းမာရေးနှင့် လွဲမှား နိမ့်ကျနေသည့် လူမှုစနစ်ကို တစ်ထောင့် တစ်နေရာက ဝေဖန်ထောက်ပြ အကြံပေးလိုသည့် စိတ်သက်သက်သာ ဖြစ်ပါသည်။
အမြင်မတော်တာကို တွေ့နေရလျက် ရှောင်ကွင်းသွားမည့်အစား တတ်နိုင်သည့် နေရာက လှည်းဘီး ၀င်တွန်းခြင်း ဖြစ်ပါသည်။ ကွယ်လွန်သွားရှာပြီ ဖြစ်သည့် နာမည်ကြီး အဆိုတော် မင်းသား စာရေးဆရာ သုမောင်က “ကွမ်းစကား” ဟူသော စာအုပ်တွင် အရည်လည်း မရ၊ အဖတ်လည်း မရ တစ်ခုခုသော အရသာကြောင့် ကွမ်းစားကြသည်ဟု ကွမ်း၏ အရသာနှင့် နှိုင်း၍ သူ့စာများကို တင်စားခဲ့သည်။ ကျွန်တော့်အမြင်အရဆိုပါမူ တစ်ခုခုသော အရသာ ဆိုသည်မှာ “ရောဂါ” ဟုသာ။

တစ်ခါသားတုန်းက ဖြစ်သည်။ ကွမ်းဆရာသမားတစ်ဦး သွားပြုတ်သွားသော်လည်း အမြစ်ကျန်နေသဖြင့် ကိုရီးယား သွားဆေးခန်းသို့ ပို့ဆောင်ပေးရာ “ငါ သွားဆရာ လုပ်သက် အနှစ် သုံးဆယ်ကျော်မှာ ဒီလောက် ဆိုးဝါး စုတ်ပြတ်တဲ့ သွားတွေ တစ်ခါမှ မမြင်ဖူးဘူး” ဆိုသည့် မှတ်ချက်ကလည်း ကျောချမ်းစရာ ကောင်းလှပါသည်။

ပဒေသရာဇ်ခေတ်မှ စပြီး လက်ရှိ အစိုးရအထိ ကျန်းမာရေးအရ သော်လည်းကောင်း၊ စည်းကမ်းပိုင်းတွင် သော်လည်းကောင်း ပညာပေးမှုအင်အား နည်းပါးခဲ့သဖြင့် အလှူမင်္ဂလာနှင့် အိမ်တွင်း ရိုးရာတွင် ကွမ်း ဆေး လက်ဖက်က အောင်မြင်စွာ ကြီးစိုးမင်းမူခဲ့သည်။ လူတစ်ယောက်၏ နှစ်သက်မှုကို တားဆီးပိတ်ပင်ဖို့ မကြိုးစားပါ။ သို့သော် လူတစ်ယောက်၏ စည်းကမ်းဖောက်ဖျက်မှုကြောင့် လူအများ မျက်နှာငယ်ရသည်ကို လက်မခံနိုင်ပါ။

ကျန်ခဲ့သည့် နှစ်အနည်းငယ်က အမေရိကန်ရှိ မြို့လေးတစ်မြို့၏ အ၀တ်လျှော်ဆိုင်တွင် “မြန်မာနဲ့ ခွေး မ၀င်ရ” ဟူသော ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ စည်းကမ်းမဲ့သော မြန်မာတချို့၏ ကွမ်းတံတွေးမှ စတင်ခဲ့သည်။ မလေးရှားတွင်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်လောက်က ကွမ်းပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးကြောင်း သိရပါသည်။ ကိုရီးယားတွင်လည်း Myanmar Town ဘူဖျောင်းဘူတာအနီးရှိ လမ်းမလမ်းကျဉ်းများမှာ ကွမ်းတံတွေးဒဏ်ကို နာကျင်စွာ ခံစားနေရသည်။

အလည်ရောက်လာသည့် ဧည့်လုပ်သားများကို အိမ်ရှင်တို့၏ သည်းခံနိုင်စွမ်းက စိန်ခေါ်စရာအဆင့်သို့ ရောက်လာသည်။ ကိုရီးယားသည် စင်္ကာပူလို စည်းကမ်းပိုင်း တားမြစ်ပိတ်ပင်မှု မပြင်းလှသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းထားသည်။ အထွေးမတော်က တစ်ခါတည်းနှင့် အိမ်ပြန် အပို့ခံရနိုင်ပါသည်။

အကျည်းတန် အရုပ်ဆိုးသော သွားပိုင်ရှင်များက သွေးနှင့်ဆင်သော အရည်များ ထွေးထုတ်သည်ကို အမှတ်တမဲ့ မြင်တွေ့ရသည့် ယဉ်ကျေးမှုချင်း အတော်အတန် အလွန် ကွဲပြားသော အိမ်ရှင်များသည် ထိတ်လန့်ကြသည်။ လေအေးစက် အပြည့် လွှတ်ထားသော မြေအောက်မီးရထားထဲတွင်၊ ကုလားပြည်က လာသော အနံ့ပြင်းပြင်း ဆေးကို အသည်းရောင် အသားဝါ ဖြစ်စေသည့် အရွက်ထဲတွင် စနစ်တကျ စစ်ဆေးမှု မရှိဘဲ ဖုန်ကပ်နေသည့် မာကျောကျောအသီး၏ အစိတ်အပိုင်း အချို့နှင့် ထုပ်ပိုး၍ ၀ါးမျိုနေသော လူတစ်ယောက်၏ အနံ့ကို ရွံရှာစက်ဆုပ်စွာ ရှောင်ကွင်းနေသည့် မြင်ကွင်းကလည်း ရင်နာစရာ။

အဖြူရောင်ရှိသည့် ကယ်လဆီယမ်ကို သူ၏ ခံတွင်းထဲက သွားအံပုံကို ချေမှုန်းပစ်ရန် တစ်ယာပြီး တစ်ယာ စေလွှတ်ကြ၏။ ဟုတ်ပါသည်။ အမှန်တကယ် ရပါသည်။ ရောဂါပေါင်းစုံ ရပါသည်။ တစ်ခုခုသော အရသာထက် ပိုသော ရေစီးကမ်းပြို၊ သွားကျိုး၊ သွားကျဲ၊ သွားပြုတ်၊ လျှာထူ၊ အငန်စား၊ သွေးတိုး၊ တီဘီနှင့် အသည်းရောင် အသားဝါ စသည်။

လူပြိန်းတစ်ယောက် အမြင်တွင် ဤမျှ ဆိုးဝါးနေလျှင် ကျန်းမာရေး ပညာရှင်၏ ယူဆချက်များဆိုပါက မတွေးဝံ့စရာ။ ကိုရီးယားတွင် ချူးဆော့ဂ် (ကောက်သစ်စားပွဲတော်)၊ ဆောလတ် (နှစ်သစ်ကူးပွဲတော်) စသည့် ပိတ်ရက်ကြီးများ ရောက်တိုင်း ဘူဖျောင်းမြို့တွင် ကွမ်းမုန်တိုင်းကြီး တိုက်ခတ်တတ်ပါသည်။ စည်းကမ်းမဲ့သော လူအချို့ကြောင့် အမျိုးသားရေး သိက္ခာ ညှိုးနွမ်းရသည်ဟု ဆိုလျှင် ကွမ်းဆရာများ စိတ်မဆိုးသင့်ပါ။ လွဲမှား နိမ့်ကျနေသော အပြုအမူနှင့် အတွေးအခေါ်ကို ကွမ်းတံတွေးနှင့်အတူ ခွက်တစ်ခု ဆောင်၍ ထွေးစေလိုပါသည်။

အခွင့်အရေး ဆိုသည်မှာ လူတိုင်းမှာ ရှိပါသည်။ စံ စည်းမျဉ်း အသိတရားနှင့် စပ်လျဉ်း၍ လူ့ဘောင်လောကတွင် ယေဘုယျ ပညတ်ချက်များ ရှိပြီး ဖြစ်သည်။ “ကလေးတောင် သိတယ်၊ ခွေးတောင် သိတယ်” ဆိုသည့် အသိ သတိမျိုး မရှိပါက ကိုရီးယားတွင်လည်း “မြန်မာနဲ့ခွေး မ၀င်ရ” ဆိုသည့်စကား မပေါ်လာဟု မပြောနိုင်။

ကွမ်းဆရာများအနေနှင့် မိမိကိုယ်မိမိ လေးစားသောအားဖြင့် ကွမ်းကို သတိထား စားကြဖို့ အမုန်းခံ၍ တိုက်တွန်းအပ်ပါသည်။

ရွှေပြည်ငြိမ်းချမ်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, August 1, 2013

သြဂုတ်လ ပထမပတ် ကျန်းမာရေးဆေးစစ် မရှိပါ

ဘူဖျောင်းမြို့ မြန်မာစင်တာတွင် လစဉ် ပထမပတ် ဆေးစစ်ပေးလျက်ရှိရာ ယခု သြဂုတ်လ ပထမပတ် (၂၀၁၃.၈.၄) တွင် ဆေးကုသပေးမည့် ဆရာဝန်များ၏ ပြည်ပခရီးစဉ်တခုနှင့် တိုက်ဆိုင်နေပါသဖြင့် ယခုလအတွက် ဆေးစစ် မရှိပါကြောင်း အသိပေးအပ်ပါတယ်။

ယခင်လက သွေးစစ်ထားသူများရဲ့ အဖြေကို အမြန်ဆုံး ပေးအပ်နိုင်ရန် စီစဉ်သွားမှာ ဖြစ်ပါတယ်။

လေးစားလျက်
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, July 5, 2013

ဇူလိုင်လ ပထမပတ် ကျန်းမာရေး ဆေးစစ် အထူးအစီအစဉ်



မြန်မာစင်တာမှာ လစဉ် ပထမပတ်တိုင်း ကျန်းမာရေး ဆေးစစ်ပေးလျက်ရှိရာ၊ ယခု ဇူလိုင်လ ပထမပတ်တွင်း ပုံမှန် ဆေးစစ်ခြင်း အပြင် အထူးအစီအစဉ်အဖြစ် ဆီးချို၊ သွေးတိုး၊ ဘီပိုး၊ အသည်း၊ အသည်းရောင်အသားဝါ၊ အသည်းအဆီဖုံး စသည့် ရောဂါများအတွက် ဆီးစစ်၊ သွေးစစ်ပေးပါမယ်။

ဆီးစစ်၊ သွေးစစ်လိုသူများ နံနက် ၈ နာရီနောက်ပိုင်း အဖတ် မစားရပါ။ ရေသောက်နိုင်ပါတယ်။ လူဦးရေ ၁၀၀ အထိ လက်ခံ စစ်ပေးပါမယ်။

နေ့ရက် = ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေနေ့
ဆေးစစ်ချိန် = ညနေ ၄း၀၀ မှ ၆း၀၀ နာရီ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့

ထို့ပြင် ဆေးရုံဆေးခန်းများမှာ ကိုယ့်ဘာသာ ရောဂါပြသ/ဆေးစစ် လုပ်ထားပြီး၊ ဆေးရုံက ထုတ်ပေးတဲ့ ဆေးစာ/ညွှန်ကြားစာကို နားလည်ဖို့ အခက်အခဲ ရှိနေသူများ မြန်မာစင်တာသို့ လာရောက် အကူညီရယူနိုင်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, June 14, 2013

ကိုဇော်မင်းဌေးကို ကူညီကြသူများ အားလုံး ကျေးဇူးတင်ရှိပါကြောင်း

ပြီးခဲ့သည့် မေ ၂၈ ရက် ပူချောန် ဆောန်မို ဆေးရုံကြီး ( ရိုမာန်ကက်သလစ် ဆေးရုံကြီး ) တွင် လက်ကျိုး၍ ဆေးကုသခံယူနပြေီး ဇွန် ၅ ရက်က အောင်မြင်စွာ ခွဲစိတ်ပြီးခဲ့သော ကိုဇော်မင်းဌေးသည် ဇွန် ၁၃ ရက် ကြာသပတေးနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းလာပြီး ယခု မြန်မာ ဗုဒ္ဓသာသနာပြု ကျောင်းတော်တွင် ကောင်းမွန် ကျန်းမာစွာ နေထိုင်လျက် ရှိပါသည်။ 
ကိုဇော်မင်းဌေး၏ ဆေးကုသစရိတ်အတွက် ၀န်းရံ ကူညီကြသည့် ပုဂ္ဂိုလ်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဦးသုဝဏ္ဏ ( ကျောင်းထိုင်ဆရာတော်၊ သန္တိသရ၀ိကာရကျောင်း၊ အာန်ဆာန်) ၁၀၀၊ ၀၀၀
၂။ အကျိုးတော်ဆောင်များအဖွဲ့ (သန္တိသရ၀ိကာရကျောင်း၊ အာန်ဆာန်)           ၁၀၀၊ ၀၀၀
၃။ ဦးကိတ္တိသာရ (ဓမ္မဒူတကျောင်းတော်၊ ကိုရီးယား)                                 ၁၀၀၊ ၀၀၀
၎။ ကိုညိုလုံး                                                                                    ၁၀၊ ၀၀၀
၅။ ကိုသီ                                                                                        ၂၀၊ ၀၀၀
၆။ ကိုစောနိုင်နှင့် ညီအကိုများ                                                            ၃၀၀၊ ၀၀၀
၇။ ကိုတိုးသူဝင်းနှင့် ညီအကိုများ                                                         ၆၃၅၊ ၀၀၀

                                                                                        -------------------------

                                                                                         ၁၊ ၂၆၅ ၊ ၀၀၀ (၀မ်) 
၈။ ကိုသိန်းမြင့်                                                                           ၁၃၀၊ ၀၀၀
စုစုပေါင်း ကောက်ခံရရှိငွေ          ၁၊ ၃၉၅၊ ၀၀၀ (၀မ်) ဖြစ်ပါသည်။ 

ကိုဇော်မင်းဌေး၏ ဆေးကုသစရိတ်သည် ၅၊ ၆၉၄၊ ၉၂၀ (၀မ်) ကုန်ကျပါသည်။ အဆိုပါက ကုန်ကျစရိတ်ကို အထက်ပါ ဆေးကုသစရိတ်ကို ကူညီကြသည့် ပုဂ္ဂိုလ်များအပြင်၊ ကိုဇော်မင်းဌေး၏ ချစ်သူငယ်ချင်း မိတ်ဆွေများ၊ ပူချောန် ဆောန်မို ဆေးရုံကြီး လူမှုအထောက်အကူပြုဌာနက တာဝန်ရှိသူများ၏ အကူအညီဖြင့်အင်ချောန် ရွှေ့ပြောင်းနေသူများဌာန၏ ဆေးကုသစရိတ် ကူညီငွေနှင့် ရွှေ့ပြောင်းနေသူများအတွက် ထောက်ပံ့ကူညီရေးဌာနနှင့် ပူချောန် ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ပေးရေး စင်တာက တာဝန်ရှိသူတို့က  ၀န်းရံ ကူညီ အားပေးမှုများကြောင့် ဆေးကုသစရိတ်မှာ အခက်အခဲ မရှိ ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ ၄င်းနောက် ကိုဇော်မင်းဌေး ဆေးရုံတက်နေစဉ် လာရောက် မေးမြန်းကြသော ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူများ၊ ဆေးရုံတွင် လာစောင့်ပေးကြသော မိတ်ဆွေများ၊ မြန်မာအသင်း (ကိုရီးယား) က တာဝန်ရှိသူများ၊ အစစအရာရာ တတ်နိုင်သည့်ဘက် လိုက်လံ ကူညီပေးသော ဦးဇော်မိုးအောင်နှင့် မိသားစု၊ ဖုန်းဖြင့်သော်လည်းကောင်း လူကိုယ်တိုင်သော်လည်း လာရောက် မေးမြန်းကြသူများ အားလုံးနှင့် ကူညီကြသူများ အားလုံး အထူး ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ကူညီကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးရန် ဟူသမျှက ကင်းဝေးကြပါစေ။ 

အကျိုးတော်ဆောင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)
၀၃၂ ၅၁၁ ၂၈၄၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 8, 2013

ကြက်တကောင်း ဆရာတော်၏ ကျန်းမာရေး အခြေအနေ လွန်စွာ ကောင်းမွန်

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာနိုင်ငံသားများ အပေါင်း မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ပထမဦးစွာ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။
ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာနိုင်ငံသားများနှင့် ကိုရီးယားနိုင်ငံသားများ၏ ကူညီအားပေး စောင့်ရှောက်မှု၊ ဆောအုလ် အာဆာန် ဆေးရုံကြီးက ဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးများ၏ ဂရုစိုက် ခွဲစိတ် ကုသပေးမှုများကြောင့် ထီးချိုင့်မြို့ ကြက်တကောင်းကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇာဂရ၏ ကျောက်ကပ်အတွင်းရှိ ကျောက်များကို အောင်မြင်စွာ ခွဲစိတ်ကုနိုင်ခဲ့သလို မေလပိုင်းမှစတင်၍ ဒုတိယအကြီမ် ကိုရီးယားနိုင်ငံသို့ ကြွရောက်လာပြီး အာဆာန်ဆေးရုံကြီးတွင် ညာဘက် ကျောက်ကပ်ရှိ ကျောက်များကို ခေတ်မှီ စက်ဖြင့် ရိုက်ချရာ မနေ့က ဇွန် ၇ ရက် သောကြာနေ့က နောက်ဆုံးထားပြီး ကုသရာ ကျောက်များ လုံးဝ မရှိတော့ကြောင်း မင်္ဂလာ သတင်းကို ကြားသိရပါသည်။
ဘယ်ဘက် ကျောက်ကပ်အတွင်းရှိ အရေးကြီးသော နေရာတွင် ပိတ်ဆို့နေသော ကျောက်များကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပေမယ့် အနည်းငယ် ကျန်ရှိနေသော နေရာသည် ခွဲစိတ်ရန် အလွန်ခက်ခဲသဖြင့် ခေတ္တရပ်ထားပြီး လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် ကိုရီးယားနိုင်ငံသို့ ထပ်မံ လာရောက်ပြီး ဓာတ်မှန်ရိုက်ကူးရမည်ဖြစ်ကြောင်း၊ ဓာတ်မှန်ရိုက်ကူးချက်ကို စစ်ဆေးပြီးမှ ထပ်မံ၍ မည်ကဲ့သို့ ကုသရမည်ကို အဖြေပေးနိုင်မည်ဖြစ်ကြောင်း ဆရာဝန်ကြီး မစ္စတာ ဘက ပြောထားပါသည်။ မည်သို့ပင်ဆိုစေကာမှု ကျောက်ကပ်များကို ဖယ်ထုတ် ခွဲစိတ်ရမည့်အစား မဖယ်ထုတ်ဘဲ ကျောက်များကိုသာ ဖယ်ထုတ် ကုသနိုင်သည့်အတွက် လွန်စွာ ၀မ်းသာစရာကောင်းသော ကုသမှုဖြစ်ပါသည်။ ဆရာတော် ဦးဇာဂရသည် အခုအချိန်တွင် ကျန်းမာရေး လွန်စွာ ကောင်းမွန်နေပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် ခေတ္တ သီတင်းသုံးနေပါသည်။ ထီးချိုင့်မြို့သို့ ရောက်လာပါက ရွှေမြန်မာနိုင်ငံသားများအနေနဲ့ ကြက်တကောင်းရွာသို့ လာလည်ကြပါဦးလို့ ဆရာတော် ဦးဇာဂရက ဖိတ်ပါကြောင်း အစစအရာရာကို ဘက်ပေါင်းစုံက ကူညီ အားပေး စောင့်ရှောက်ပေးကြသူများကို အထူး ကျေးဇူးတင်ရှိသလို မေတ္တာများ ဆက်လက် ပို့သပေးလျက်ရှိနေကြောင်း ပြောပါသည်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ၃၁ ဘုံသား အားလုံး ကုသိုလ် အပေါင်းကို သာဓု၊ သာဓု၊ သာဓု ခေါ်ဆိုနိုင်ကြပါစေ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 31, 2013

ဇွန်လ ပထမပတ် မြန်မာစင်တာမှာ ဆေးစစ်ရှိတယ်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ ယခုတပတ် ၂၀၁၃ ဇွန်လ ၂ ရက် တနင်္ဂနွေနေ့ ပထမပတ် ဆေးစစ် ရှိပါတယ်။ အထွေထွေ ဆေးစစ်၊ အရိုးနဲ့ ခန္ဓာကိုယ်ပြင်ပရောဂါများ စစ်ဆေးကုသပေးမှာပါ။
ညနေ ၄း၀၀ မှ ၆း၀၀ နာရီအထိ ဖြစ်ပါတယ်။

အခြား ပုံမှန်သင်တန်းများ ဖြစ်တဲ့ -

နံနက် ၁၀း၀၀ နာရီ - မီဒီယာသင်တန်း သင်တန်းဖွင့် မိတ်ဆက်ပွဲ
နံနက် ၁၀း၀၀ မှ ၁၁း၅၀ - ကိုရီးယာဘာသာ TOPIK 1/2
မွန်းတည့် ၁၂း၀၀ မှ ၁း၅၀ - ကွန်ပျူတာ အမှတ်စဉ်-၎
မွန်းလွဲ ၁း၃၀ မှ ၃း၂၀ - ကိုရီးယားစကားပြော
မွန်းလွဲ ၂း၀၀ မှ ၃း၅၀ - ကွန်ပျူတာ အမှတ်စဉ်-၅
ညနေ ၃း၃၀ မှ ၅း၂၀ - ကိုရီးယာဘာသာ TOPIK 1/2
ညနေ ၅း၃၀ မှ ၇း၃၀ - စုပေါင်းဆောင်ရွက် လူမှုဗေဒ

တို့ အသီးသီး ရှိပါတယ်။ သက်ဆိုင်ရာ သင်တန်းသားများ မပျက်မကွက် အချိန် နောက်မကျစေဘဲ တက်ရောက်ကြဖို့ လေးစားစွာ နှိုးဆော်ပါတယ်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 10, 2013

ဘူဆန် ဆာဆန်ရှိကျန်းမာရေးဌာနတွင် ကျန်းမာရေးအခမဲ့ ဆေးကုသပေးမည်

ကိုရီယားနိုင်ငံ ဘူဆန် ဆာဆာန်ရှိ ကျန်းမာရေးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသူ ပြည်သူများနှင့် နိုင်ငံခြားသား အလုပ်သမားများ ၊ ယဉ်ကျေးမှုစုံမိသားစုများကို ၂၄-၃-၂၀၁၃ ရက်နေ့တွင် နံနက် (၉း၃၀)နာရီ မှ (၁၂း၃၀)အထိ ကျန်းမာရေးအခမဲ့ ဆေးကုသမှုများကို ပြုလုပ်ပေးမည်ဖြစ်ပါသည်။

ဆေးကုသပေးရာတွင် ဝမ်းဗိုက်အတွင်းပိုင်း ၊ မီးယပ်နှင့်သားဖွား ၊ ကလေးရောဂါ ၊ သွားနှင့် ခံတွင်း ၊ တိုင်းရင်းဆေး ၊ အရိုးအကြော ၊ အဆုတ်တီဘီရောဂါ များကို ○ရောဂါအလိုက် ကျွမ်းကျင်သူ ဆရာဝန်များမှ စမ်းသပ်စစ်ဆေးကာလိုအပ်သောဆေးဝါး များကို လမ်းညွှန်ပေးမည်ဖြစ်ပါသည်။ 

အဆိုပါ အခမဲ့ ဆေးကုသမှုပေးရေးဌာနသို့ ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများကို လာရောက်ကာ အခမဲ့ဆေးကုသမှု ခံယူနိုင်ကြပါသည်။

နေ့ရက်..........၂၄-၃-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် .......... နံနက် (၉း၃၀)နာရီ မှ (၁၂း၃၀)အထိ 
နေရာ............ ဆာဆန်ကျန်းမာရေးစောင့်ရှောက်မှုဌာန ၊ (ဒုတိယထပ် - စတုထ္ထထပ်)

                    ကျန်းမာရေးဌာန လမ်းညွှန်............


                     (사상구 학감대로 242(감전동) ဖုန်း . ၃၁၀ - ၄၇၉၁
☞                     ဆာဆန်းဂူချောင်း မှတ်တိုင် (사상구청정류소 ) ဘတ်စ်ကားနံပါတ် ၇၇ ၊ ၁၆၁ 

          ☞           ဘု့ခ်ဘူဆန်ဆေးမူဆော် မှတ်တိုင် (북부산세무서 정류소) 
                     ဘတ်စ်ကားနံပါတ် ၃၁၊ ၃၃၊ ၆၁၊ ၆၂၊ ၇၇၊ ၁၆၀၊ ၁၆၉

☞                    မြေအောက်ရထား လိုင်းနံပါတ် (၂) ဂမ်ဂျွန်ဘူတာ (감전역) ၂⁠၂၆

                    စုံစမ်းရန် : ကိုတိုးသူရ 
                                  ဘူဆန်နိုင်ငံခြားသားအလုပ်သမားကူညီစောင့်ရှောက်ရေးစင်တာ (BFC)
                                  ဖုန်း ၀၅၁-၃၀၄-၀၉၀⁠၀ (မြန်မာဘာသာဖြင့် ၀၅၁-၃၀၄-၄၇၂၅)









ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 2, 2013

ဒီအပတ် မြန်မာစင်တာ အစီအစဉ်များ

ဘူဖြောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ အောက်ပါ အစီအစဉ်တို့ ရှိပါတယ်-

နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီအထိ - အခြေခံ ကိုရီးယား စကားပြော

နံနက် ၁၁း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ - TOPIK 3/4 သင်တန်း

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - TOPIK 1/2 သင်တန်း (ယခင်သင်လက်စ အတန်း)

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - ကွန်ပျူတာသင်တန်း

ညနေ ၄း၀၀ မှ ည ၆း၀၀ နာရီအထိ - ကျန်းမာရေး ဆေးစစ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 12, 2013

ဓမ္မဒူတ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီး လိုက်ပါမည့် ညီအစ်ကိုမောင်နှမများထံသို့

ဇန္နဝါရီ ၁၂ ၊ အင်ချောန်း ။
ဓမ္မဒူတဗုဒ္ဓသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၃-ခုနှစ် ၊ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးအဖြစ် မနက်ဖြန် ဇန္နဝါရီလ ၁၃ ရက်နေ့တွင် ဂန်ဝေါန်ဒို (Gangweon Do) သို့ ထွက်ခွါရန် စီစဉ်ထားပါသည် ။

အဆိုပါ မေတ္တာခရီးစဉ်လိုက်ပါရန် အမည်စာရင်းပေးသွင်းထားသူများ မနက်ဖြန် (ဇန်-၁၃) နံနက် ၇ နာရီခွဲ အချိန် ၊ ဓမ္မဒူတ (ကိုရီးယား)သို့ မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အသိပေးအပ်ပါသည် ။

နံနက် ၇နာရီ ၄၀ မိနစ် တိတိတွင် ကားများစတင်ထွက်ခွါပါမည် ။

အမည်စာရင်းပေးထားပြိး ၊ အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါခြင်း မပြုနိုင်သူများ ၊ ယနေ့ည ၈ နာရီ နောက်ဆုံးထားပြီး ကြိုတင် အသိပေးကြပါရန်လည်း ထပ်လောင်း၍ မေတ္တာရပ်ခံအပ်ပါသည် ။


လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>