Friday, July 5, 2013

ဇူလိုင်လ ပထမပတ် ကျန်းမာရေး ဆေးစစ် အထူးအစီအစဉ်



မြန်မာစင်တာမှာ လစဉ် ပထမပတ်တိုင်း ကျန်းမာရေး ဆေးစစ်ပေးလျက်ရှိရာ၊ ယခု ဇူလိုင်လ ပထမပတ်တွင်း ပုံမှန် ဆေးစစ်ခြင်း အပြင် အထူးအစီအစဉ်အဖြစ် ဆီးချို၊ သွေးတိုး၊ ဘီပိုး၊ အသည်း၊ အသည်းရောင်အသားဝါ၊ အသည်းအဆီဖုံး စသည့် ရောဂါများအတွက် ဆီးစစ်၊ သွေးစစ်ပေးပါမယ်။

ဆီးစစ်၊ သွေးစစ်လိုသူများ နံနက် ၈ နာရီနောက်ပိုင်း အဖတ် မစားရပါ။ ရေသောက်နိုင်ပါတယ်။ လူဦးရေ ၁၀၀ အထိ လက်ခံ စစ်ပေးပါမယ်။

နေ့ရက် = ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေနေ့
ဆေးစစ်ချိန် = ညနေ ၄း၀၀ မှ ၆း၀၀ နာရီ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့

ထို့ပြင် ဆေးရုံဆေးခန်းများမှာ ကိုယ့်ဘာသာ ရောဂါပြသ/ဆေးစစ် လုပ်ထားပြီး၊ ဆေးရုံက ထုတ်ပေးတဲ့ ဆေးစာ/ညွှန်ကြားစာကို နားလည်ဖို့ အခက်အခဲ ရှိနေသူများ မြန်မာစင်တာသို့ လာရောက် အကူညီရယူနိုင်ပါတယ်။

No comments: