Showing posts with label ၊မောင်းသတင်း၊ကြော်ငြာ. Show all posts
Showing posts with label ၊မောင်းသတင်း၊ကြော်ငြာ. Show all posts

Friday, June 20, 2014

ဝါဆိုသင်္ကန်းကပ်အလှူ ဖိတ်ကြားလွှာ

  တတိယအကြိမ်မြှောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ကောဇာသက္ကရာဇ် ၁၃၇၆ ခု ဝါဆိုလပြည့်ကျော် (၁) နေ့တွင် ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်ပြုကြသည့် နေ့ဖြစ်ပါသည်။

ဝါဆိုဦးကာလ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဗုဒ္ဓဘာသာယဉ်းကျေးမှုအစဉ်အလာနှင့်အညီ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ နှစ်စဉ် ပြုလုပ်လေ့ရှိကြပါသည်။ ကိုရီးယားနိုင်ငံ၌ သီတင်းသုံးကာ ဝါဆိုဝါကပ်တော်မူကြမည့် ရဟန်းသံဃာတော်များကို အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရသို့ ပင့်ဖိတ်၍ (ဂျူလှိုင်လ - ၁၃ ရက် တနင်္ဂနွေ) နေ့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပါမည်


သို့ပါ၍ သဒ္ဓါတရားထက်သန်ကြပြီး ကုသိုလ်တိုးပွါးလိုသူ သူတော်ကောင်းအပေါင်းအားလုံးကို ကြွရောက်ကြပါရန် ဖိတ်မန္တကပြုအပ်ပါသည်။

 နေ့ရက် - ၁၃၇၆ ခု၊ ဝါဆိုလပြည့်ကျော် (၂) (13. 7. 2014) တနင်္ဂနွေနေ့
နေရာ - သန္တိကရဗုဒ္ဓဝိဟာရ၊ အန်ဆန်းမြို့           
ဧည့်ခံမှု - မြန်မာ ထ္မင်းဟင်း
တရားနာယူချိန် - မနက် (၁၀း ၀၀) နာရီ

ကြိုတင်ဆက်သွယ်လှူဒါန်းနိုင်ရန် နှင့် လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး
                                                      
  ပရိက္ခရာအစုံ          ၅၀,၀၀၀ဝမ်   
                                                                          
   တိစီဝရိတ်            ၃၀,၀၀၀ ဝမ်
   သင်္ကန်းဒွိစုံ            ၂၀,၀၀၀ ဝမ်
   ခြုံထည်                ၂၀,၀၀၀ ဝမ်
   ထီး, ဘိနပ်, ယပ်      ၅, ၀၀၀ ဝမ်စီ
   သပိတ်             ၁၀,၀၀၀ ဝမ်

ဆရာတော် (၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်မိုး (၀၁၀-၅၁၀၂-၉၉၂၆)          ကိုယဉ်ထွေး (၀၁၀-၂၈၂၁-၉၂၄၃)
ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉-၀၃၂၄)   ကိုမျိုးဇော်ဦး (မွန်လေး) (၀၁၀-၇၂၁၄-၂၁၃၈)

(Bank – IBK 기업은행 630-021468-01-017 SUVANNA)



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 29, 2014

စိန်ပန်းပြာ စားသောက်ဆိုင်တွင်လည်း ပုဒ်မ(၄၃၆) ပြင်ဆင်ရန် ဆန္ဒပြု လက်မှတ်ရေးထိုးနိုင်ပြီ

ရေးသားသူ — စိန်ပန်းပြာ (စားသောက်ဆိုင်)






လက်မှတ်ရေးထိုးပွဲကျင်းပမည့်နေ့ ။ ။ (31.5.2014) စနေနေ့

အချိန်။ ။ နေ့လည် (၁၂) နာရီ မှ ည (၁၂) နာရီထိ

နေရာ။ ။ စိန်ပန်းပြာ စားသောက်ဆိုင် (010- 638-94780)

မှတ်ချက်။ ။ မြန်မာနိုင်ငံသားမည်သူမဆို လက်မှတ်ရေးထိုးနိုင်ပြီး၊ ကြာဇံဟင်းခါးဖြင့် ဂုဏ်ပြုဧည့်ခံပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 22, 2014

မြန်မာစင်တာမှ ဒုတိယကြိမ်မြောက် ခရီးထွက်ပါမည်။


ရေးသားသူ — မြန်မာစင်တာ

ကိုရီးယားနိုင်ငံရောက် ညီအကိုမောင်နှမများခင်ဗျာ။
လာမည့် ၂ဝ၁၄ ခုနှစ် မေလ ၅ ရက်(တနင်္လာနေ့) နှင့် ၆ရက်(အင်္ဂါနေ့) တွင် (တစ်ညအိပ်နှစ်ရက်)ခရီးစဉ်အဖြစ် မြန်မာစင်တာမှ ဒုတိယကြိမ်မြောက် ခရီးထွက်ပါမည်။ ကိုရီးယားနိုင်ငံအတွင်း လှပသောရုပ်တုပန်းခြံ(정동진)၊ ၆၇၁ ခုနှစ်က ရှီလာဘုရင်တည်ထားကိုးကွယ်ခဲ့သော စေတီ၊ ရှေးခေတ်ယဉ်ကျေးမှုနှင့်သဘာဝအလှတို့တည်ရှိရာ(낙산사)နေရာ၊ပင်လယ်ပြင်မှ လျောင်းတော်မူ ဘုရားဆင်းတုပုံသဏ္ဍာန် ကျောက်တုံးကြီးရှိရာ(휴휴암)၊ ပင်လယ်ပြာပြာ ရှုခင်းလှလှ (강릉 경포대) နှင့် အထူးထင်ရှားသောတောင်(설랃산)တို့ပါဝင်ပါသည်။



  ဂျောင်ဒုံးဂျင်း(정동진) 
SUN CRUISE RESORT & YACHTသည် ကိုရီးယားနိုင်ငံ နေထွက်ရာအရပ်ဖြစ်သော အရှေ့ပိုင်းတွင်ရှိပြီး၊ တက်သစ်စ အာရုဏ်ဦး ၏ သဘာဝအလှကို ခံစားရန် အကောင်းဆုံးသော နေရာအဖြစ်တင်စားခံထားရပြီး၊ ခရီးသွားများအား ဆွဲဆောင်မှုအပေးဆုံးမှာ ပင်လယ်ရေပြာပြာ၊ သဲသောင်ဖြူဖြူ ပြန့်ပြန့်နှင့် အတူ တောင်ရှိနေပြီး၊ ထိုတောင်ပေါ်တွင်လည်း ရေမှာရှိရမည့် သဘောင်္က တောင်ထိပ်ပေါ်ရောက်နေပြီး တောင်ထိပ်မှ ပင်လယ်ထဲသို့ ဆင်းမည့် ဟန်ဖြင့် တင်ထားလျက်ရှိပါသည်။ ထိုသဘောင်္ကို ဟိုတယ်၊ ပြတိုက်၊ ပန်းပု ဥယျာဉ်တို့နှင့်တွဲဖက်ထားလျက်ရှိခြင်းကိုက ခရီးသွားများအား ဆွဲဆောင်မှုကို ပေးနိုင်ဆုံးသောနေရာဖြစ်ပါသည်။ ၁နှစ်ပတ်လုံး ပြည်တွင်းပြည်ပ ခရီးသွားများဖြင့် စည်းကားလျက်ရှိသည့်နေရာလည်း ဖြစ်သည်။ 









ငြိမ်းချမ်းရေးပန်းခြံ(평화공원)၊မြေအောက်လှိုဏ်ဂူ (쳥곡동굴)
ဂန်ဝန်းခရိုင် ချောင်းဂုတ်သဘာဝလှိုဏ်ဂူသည် လွန်ခဲ့သောနှစ်သန်းပေါင်း ၅၀၀ခန့်ကတည်းက ဖြစ်တည်လျက်ရှိနေသော သဘာဝလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ ၁၉၉၁ ခုနှစ်တွင် မြို့ပြစီမံကိန်အတွက် မြို့အောက်ခြေဖောင်ဒေးရှင်းအတွက် တူးဆွရာမှ ရှာဖွေတွေ့ရှိခဲ့သည်။ စူစုပေါင်းအရှည် ၁၄၀၀ မီတာရှိပြီး၊သဘာဝလှိုဏ်ဂူအတွင်းတွင် ပုံစံမျိုးစုံဖြင့် အင်မတန်လှပသော ကျောက်စက်ပန်းဆွဲများကိုလည်း ရင်သပ်ရှုမောဖွယ် တွေ့ရှိခံစားရမည်ဖြစ်သည်။

 







휴휴암 (ရှူးရှူးအမ်း)
 မြန်မာစကားသံဖြင့် ခေါ်ရခက်သောအမည်ဖြစ်သော်လည်း လေးနက်သော အဓိပ္ပါယ်ရှိသည့် ငြိမ်းအေးသော ဗုဒ္ဒတရားရိပ်ရှိရာ အရပ်ဖြစ်ပါသည်။ “အနားရခြင်း၊ ထပ်၍ အနားရခြင်း”ဆိုသည့် အဓိပ္ပါယ်ကိုဆောင်သည့်အမည်ဖြစ်သည်။ လောဘ၊ ဒေါသ၊မောဟ ဆိတ်ကွယ်ရာနေရာဟု အဓိပ္ပါယ်ဖွင့်ရလောက်အောင် ငြိမ်းချမ်းသည့်သဘာဝအလှရှိသောနေရာလည်းဖြစ်သည်။ ၁၉၉၉ခုနှစ်တွင် တောင်ပင်လယ်ပြင်မှ လျောင်းတော်မူ ဘုရားဆင်းတုပုံသဏ္ဍာန် ကျောက်တုံးကြီးကိုတွေ့ရှိရာမှ ကိုရီးယားဗုဒ္ဒဘာသာဝင်အပေါင်း၏ အလေးအမြတ်ထားရာနေရာလည်းဖြစ်လာသည်။




 နတ်ဆန်းစာ(낙산사)  
ဂန်ဝန်းခရိုင် ယန်းယန်းမြို့နယ်တွင်ရှိပြီး အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းပေါ်တွင် ရှိနေသော စေတီနှင့်ဘုန်းတော်ကြီးကျောင်းဖြစ်သည်။ ၆၇၁ ခုနှစ်တွင် ရှီလာဘုရင် မွန်းမွန် (၁၁ဆက်)မှ တည်ထား ကိုးကွယ်ခဲ့ သည့်စေတီဖြစ်သည်။နှစ်ပေါင်း ထောင်ချီရှိနေပြီဖြစ်သော ကိုရီးယား၏ ရှေးခေတ် ယဉ်ကျေးမှုနှင့်၊ သဘာဝအလှကိုပါ တပါတည်းခံစားနိုင်မည်ဖြစ်ပြီး၊ ဗုဒ္ဒဘာသာဝင်အများစု လာရောက်လည်ပတ်ကြရာနေရာလည်းဖြစ်သည်။




 ဆောလ်လတ်တောင်(설랃산) 
အရှေ့ဖက်ဒေသဖြစ်သော ဂန်ဝန်းခရိုင်တွင်ရှိသော တောင်တန်းဖြစ်ပြီး၊ ကိုရီးယားတွင် အထူးထင်ရှားလှပသော တောင်းလည်းဖြစ်ပါသည်။ ၁၂ ရာသီကာလပတ်လုံး အပန်းဖြေသူများ၊ တောင်တက်သူများ၊ ခရီးသွားများဖြင့် စည်ကား လျက်ရှိနေသောနေရာဖြစ်ပြီး၊ တောင်ထိပ်အထိ ကေဗယ်လ်ကားဖြင့်တက်နိုင်ပြီး၊ သဘာဝရှုခင်းနှင့် လေကောင်းလေသန့်အရသာ ကိုတပြိုင်နက်တည်း တဝကြီးခံစားနိုင်သော နေရာလည်းဖြစ်သည်။ ဒါကြောင့် ကိုရီးယားရောက် ညီအကိုမောင်နှမများအနေဖြင့် လာမည့်ပိတ်ရက် အနားယူရက်အတွင်း မိမိတို့၏ ပင်ပန်းနွမ်းနယ်နေသောစိတ်ကို ပြန်လည်လန်းဆန်းတက်ကြွလာစေရန့်  မြန်မာစင်တာမိသားစုနှင့်အတူ ဒီခရီးစဉ်လေးကို ပါဝင်ပူးပေါင်းကြပါရန် နှိုးဆော်လိုက်ပါတယ်… 

ခရီးစဉ်ပထမနေ့အဖြစ်(၅)ရက်နေ့နံနက်၇နာရီတွင် မြန်မာစင်တာမှ စတင်ထွက်ခွာမှာဖြစ်ပြီး ဂျောင်ဒုံးဂျင်းရုပ်တုပန်းခြံနှင့်ဂန်းင်လုင်ဂေါင်းဖိုဒဲ(강릉 경포대)၊
ငြိမ်းချမ်းရေးပန်းခြံ(평화공원)နှင့်မြေအောက်လှိုဏ်ဂူ (쳥곡동굴)
ကို သွားရောက်ကာ တည်းခိုခန်းတွင် တည်းခိုပါမည်။ ထို့နေ့အတွက် နေ့လည်စာနှင့်ညစာကို မြန်မာစင်တာမှကျွေးပါမည်။ 

- ခရီးစဉ်ဒုတိယနေ့အဖြစ် (၆)ရက်နေ့တွင် တည်းခိုခန်းမှ ထွက်ခွာပြီး၊ ရှူးရှူးအမ်းအနီးအနားရှိ တောင်၊ပင်လယ်နှင့်ဘုရားကျောင်း၊ရှုခင်းသာတို့ကို ပို့ဆောင်ပေးပါမည်။ ဆက်လက်၍ နာ့ဂ်ဆန်းစာရှိ တောင်၊ပင်လယ်နှင့် ရှုခင်းသာတို့ကိုပို့ဆောင်ပေးပါမည်။ယင်းနောက် ဆောလ်လတ်ဆန်းတောင်သို့သွားပါမည်။ပြီးနောက် ကျနော်တို့၏ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါသောကြောင် မိမိတို့ဆုံရပ်ဖြစ်သော ဘူဖျောင်းမြို့  ရှိမြန်မာစင်တာသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
ထို့နေ့အတွက် နံနက်စာနှင့်နေ့လည်စာကို မြန်မာစင်တာမှကျွေးပါမည်။ ယင်းခရီးစဉ်အတွင်း ခရီးစရိတ်အဖြစ် တစ်ဦးလျှင် (၆)သောင်းဝမ်ဖြစ်ပါသည်။ 
ထမင်းလေးနပ်ကျွေး၊တည်းခိုခန်းခအပါအဝင်ဖြစ်ပါသည်။ 
 ( 2.5.2014 သောကြာနေ့ နောက်ဆုံးထား၍ တစ်ဦးလျှင် ဝမ် 60,000 နှင့် အတူ စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ် ) 

မှတ်ချက်။ ။ လူဦးရေ ကန့်သတ်ထားပါတယ်။ ပန်းခြံဝင်ကြေးနှင့်ကေဘယ်လ်ကားစီခများကို လိုက်ပါမည့် သူများမှ ကျခံရမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက - 
ကိုရဲနိုင်ဝင်း 010-4026-4322 
ကိုဇေယျာအောင် 010-5923-0565 
ကိုကျော်ဇောလင်း 010-3271-7708 တို့အားဆက်သွယ်မေးမြန်နိုင်ပါသည်။

 Bank Account - WIN NAING OO 339-068133-02-012 (IBK Bank)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 8, 2014

ကားလိုင်စင်ပြုလုပ်လိုတဲ့..လူကြီးမင်းများအတွက်

ရေးသားသူ —မကေသွယ်အောင်



အားလုံးမင်္ဂလာပါရှင်^~^
ကိုရီးယားတွင် ကားလိုင်စင်ပြုလုပ်ချင်သူ လူကြီးမင်းများအတွက်သတင်းကောင်းပါ။ ကျမတို့ Incheon Centerတွင် နှစ်စဉ်တစ်နှစ်တွင်တစ်ကြိမ်ပြုလုပ်ပေးသောကားလိုင်စင် ရေးဖြေသင်တန်းကို(၁၃၊၄၊၂၀၁၃) နေ့တွင်အခမဲ့သင်တန်းပို့ချပေးမှာဖြစ်ပါတယ်။ လိုင်စင်ပြုလုပ်လိုသော လူကြီးမင်းများအနေနဲ့ (၁၃၊၄၊၂၀၁၄ )နေ့တွင်ကျမရုံး ၁၂လွှာကိုတစ်နာရီအရောက်လာရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ နေ့လည်(၁)နာရီကနေ (၄)နာရီထိကို မျက်လုံးကောင်း၊မကောင်းစစ်ဆေးပေးမှာဖြစ်ပြီး...မျက်လုံးကောင်းပါက ရေးဖြေစာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းကတော့ ကိုရီးယားနဲ့ အင်္ဂလိပ်လိုကြိုက်ရာဖြေဆိုနိုင်ပါတယ်။ ရေးဖြေစာမေးပွဲအောင်မြင်ပါက လက်တွေ့ကားမောင်းပြီး ဖြေဆိုရမယ့် စာမေးပွဲကတော့ (၂၇၊၄၊၂၀၁၃) ရက်နေ့ မနက်(၉)နာရီခွဲမှာဖြေဆိုရမှာဖြစ်ပါတယ်။

အဲဒီစင်တာကို ရထားစီးပြီးသွားမယ်ဆိုရင် 부평 ဗူဗြောင်းဘူတာမြေအောက်လိုင်းကနေ 동막 ဒုံမတ်ဖက်ကိုသွားတဲ့ရထားကိုစီး 원인재 ဝန်အင်ဂျယ်ဘူတာမှဆင်း 오이도 အိုအီဒို ဖက်ကိုသွားတဲ့ရထားကိုပြောင်းစီးပြီး 호구포 ဟိုဂုဖို ဘူတာမှာဆင်းပြီး နံပါတ်(၂) အပေါက်ကနေ ထွက်လိုက်ရင် ညာဖက်ထောင့်တည့်တည့်ကိုကြည့်လိုက်ရင် မြောင်းဂျင်းပလာဇာ အဆောက် အဦးကို လမ်းမြင်နေရပါတယ်။ အဲဒီပလာဇာရဲ့ (၁၂)ထပ်မြောက်ကို ဓါတ်လှေခါးနဲ့ တက်သွားရင် ရောက်ပါတယ်။

မှတ်ချက်။ ။ ၁။ နိုင်ခြားသားမှတ်ပုံတင်(ID ကဒ်)
၂။ လိုင်စင်ဓါတ်ပုံသုံးပုံ ယူဆောင်လာရပါမည်။ ကျမရုံးလိပ်စာပါ

인천외국인력지원센터
인천광역시 남동구 호구포로 220
명진프라자 12F 호구포역 2번출구
01056248886
032 431 5757 လိုင်းခွဲ7

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>