Showing posts with label စာပေပွဲ. Show all posts
Showing posts with label စာပေပွဲ. Show all posts

Tuesday, April 16, 2013

စာပေဟောပြောပွဲ အခွေများစုစည်းမှု

ရေးသားသူ — စိုးမိုးသူ
 
<<စာပေချစ်မြတ်နိုးသူများအတွက် ရတနာသိုက်>>




 

















စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂၀၀၉) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
 

ဘ၀နှင့်စာပေ (မော်လမြိုင်) (ဂျူး)
http://www.mediafire.com/download.php?z6g884ilhlaislx
 

စာရေးဆရာတစ်ယောက်၏ မှတ်စုများ (မြင်းခြံ) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
 

ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ (တောင်ငူ) (ဂျူး)
http://www.mediafire.com/download.php?dvkap33dbbsqoaj
 

အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (စင်္ကာပူ) (ချစ်ဦးညို)
http://www.mediafire.com/download.php?wi1dhp8mhjtxc4y
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 4, 2011

ဆရာမ နုနုရည်(အင်းဝ) ဟောပြောချက်

ဆရာမ နုနုရည်(အင်းဝ)ရဲ့ ကိုရီးယား စာပေဆွေးနွေးဝိုင်း ဟောပြောချက် အသံဖိုင်ကို နားဆင်နိုင်ပါပြီ။

ဆရာမ နုနုရည်(အင်းဝ) ဟောပြောချက် by koluchitkorea

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, October 24, 2011

စာရေးဆရာမ နုနုရည်(အင်းဝ) စာပေဟောပြောပွဲ ကျင်းပမည်

ကိုရီးယား ကဗျာ ဆရာအဖွဲ့ တခု၏ အစီအစဉ်ဖြင့် လာမည့် အောက်တိုဘာလ ၂၇ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာမည့် စာရေးဆရာမ နုနုရည်(အင်းဝ)မှ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံကာ စာပေဟောပြောပွဲကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် စာပေ ချစ်မြတ်နိုးသူများ တက်ရောက်ကြ ပါရန် ဖိတ်ကြားအပ်ပါသည်။

အချိန်----နေ့လည် ၃နာရီမှ ၆နာရီထိ

နေ့ရက်-----၂ဝ၁၁ အောက်တိုဘာလ ၃ဝရက်(တနင်္ဂနွေ)နေ့

နေရာ------ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)



စာပေဟောပြောပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် ဦးတင်ယဉ်(ဝ၁၆-၂၄၈-၃၃၃၈) ထံသို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 9, 2011

ဆရာ ဖေမြင့် ဟောပြောချက်

၂၀၁၁ ကိုရီးယား စာပေဟောပြောပွဲရဲ့ ဆရာဖေမြင့် ဟောပြောချက်ကို နားဆင်နိုင်ပါပြီ။

Saya Pe Myint- No 1 by burmakorea

Saya Pe Myint- No 2 by burmakorea

ယခု အသံဖိုင်များကို တည်းဖြတ်ပြင်ဆင်ပေးတဲ့ ရုပ်သံ ကိုရဲ အားကျေးဇူးတင်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, July 7, 2011

ဆရာ အော်ပီကျယ် ဟောပြောချက်

၂၀၁၁ ကိုရီးယား စာပေဟောပြောပွဲမှာ ဆရာ အော်ပီကျယ် ရဲ့ ဟောပြောချက် ဖြစ်ပါတယ်။ နားဆင်နိုင်ပါပြီ...။

APK--N0-1 by paw369maung

APK--N0-2 by paw369maung

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 27, 2011

စာပေပွဲ အစီရင်ခံစာ

အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၁ ကိုရီယား စာပေဟောပြောပွဲ လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာနှင့် ငွေစာရင်း ရှင်းတမ်းကို အများပြည်သူ သိရှိနိုင်ရန် စာပေကော်မတီမှ ထုတ်ပြန်အပ်ပါသည်။

Report on Working and Financial Literary Talk 2011

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 18, 2011

ကိုရီးယား စာပေဟောပြောပွဲ အမှတ်တရ

ရေးသားသူ — ThuThuAung


ကျနော်တို့ ကိုရီးယားမှ မြန်မာသူငယ်ချင်းများ အချင်းချင်း အရင်ဆို တခုခုပွဲဖြစ်ရင် ဖုန်းနဲ.ဖြစ်ဖြစ် ဂျီတော.က ဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်မှာ ဖြစ်ဖြစ် တဦးနဲ.တဦး အကြောင်းကြားပြီးသား ဒီတခေါက် စာပေဟောပြောပွဲ ကိုတော. ဘယ်သူကိုမှ အကြောင်း မကြားဖြစ်၊ ဒါကလည်း အကြောင်းရှိသည်။ စာပေဟောပြောပွဲ မတိုင်ခင် တပါတ်လောက်အလို သူငယ်ချင်း တယောက်ကို စာပေဟောပြောပွဲ လိုက်မလား မေးမိတာ၊ စိတ်မဝင်စားဘူး ပျင်းစရာကြီးလို့ ပြန်ပြောလို့ ရင်ထဲ တော်တော် အောင့်သွားတယ်။

ဟုတ်တော့ဟုတ်သည် စာပေဟောပြောပွဲ ဆိုတာ စာဖတ်ခြင်း စိတ်ဝင်စားမှ ခုလာရောက် ဟောပြောမယ့် စာရေးဆရာကို လေးစားမှုရှိမှ စာပေဟောပြောပွဲ လာရောက် နားထောင်တာ သင့်တော်ပါသည်။ မဟုတ်လျှင် လာရောက် နားထောင်သူ အတွက်လည်း အကျိုးမရှိ ဟောပြောနေသူ အတွက်လည်း အကျိုးမရှိလှပေ။ထို့ကြောင့် မည်သူကိုမှ စာပေဟောပြောပွဲကို လာကြပါလို့ မဖိတ်ခဲ့၊ အံ့သြစရာ စာပေဟောပြောပွဲ ကျင်းပရာ ခန်းမရောက်တော့ ကိုရီးယားရောက် မြန်မာများ၊ သူငယ်ချင်းများ၊ ကိုရီးယားရောက် မြန်မာ ကျောင်းသား ကျောင်းသူများ အစုံအလင် တွေ့လိုက်ရသည်။ နယ်မှာနေသူ၊ ခရီးဝေးလံ သူဖြစ်လို့ မလာရောက် နိုင်သူများသာလျှင် ရောက်မလာ ဖြစ်တာမျိုးရှိမည်။ စာပေချစ်သူ တော်တော်များများ မြင်တွေ့လိုက်ရသည်။ကိုရီးယားရောက် မြန်မာတွေရဲ့ စာပေအပေါ် ချစ်မြတ်နိုးစိတ်၊ စာဖတ်ခြင်းကို စိတ်ဝင်စားမှုကိုတော့ လေးစား အထင်ကြီးမိပါသည်။ ကျနော်လို ဘီးကျဲ ကတော့ ထားပါတော့ လူငယ် တွေရဲ့ စာပေအပေါ် ချစ်မြတ်နိုးစိတ်ကို လေးစားမိပါတယ်။ စာပေဟောပြောပွဲ တက်ရောက် နားထောင်ရတာလည်း များစွာအကျိုး ရှိလှပါပေတယ်။

ဆရာအော်ပီ ကျယ်က .. ရေကြည်ရာမျက်နုရာ..ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပြီး

ဆရာဖေမြင့် ကတော. ..ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့သည်။

ဆရာအော်ပီကျယ်က ရေကြည်ရာမျက်နုရာ ကိုရီးယားမှာ လာရောက်နေထိုင် အလုပ်လုပ်ကိုင်ရင်းက ကျနော်တို့ရေ ကျနော်တို့ မြေကို ရေကြည်အောင် မလုပ်နိုင်ရင်တောင် ရေနောက်အောင် မလုပ်ကြပါနဲ့၊ ကျနော်တို့မြေ ကျနော်တို့ ရေကို ရေပြန်ကြည်အောင် မျက်ပြန်နုအောင် ကျနော်တို့ ကိုယ်တိုင်ကြိုးစား ကြရမယ်၊ မကြိုးစားနိုင်သူ မကြိုးစား ချင်ရင်နေပါ၊ ရေပြန်ကြည်အောင် မျက်ပြန်နုအောင် ကြိုးစားနေသူကို အနှောင့်အယှက် မပေးပါနဲ့ ရေနှောက် သူမဖြစ်ပါစေနဲ့၊ သူများစိုက်တဲ့ မျက်နုနုလေးတွေကို နင်းခြေပစ်တဲ့သူ မဖြစ်ပါစေနဲ့ဟု တိုက်တွန်းပြောကြားသွားသည်။

သဘာဝ သံယံဇာတ ပေါသောမြေဗုဒ္ဓဘာသာ ထွန်းကားသောမြေ၊ အင်မတန် ဥာဏ်ပညာထက်မြက်သော လူတော်တွေရဲ့မြေ၊ ပျော်ရာမှာမနေ တော်ရာမှာ နေရပေမယ့် ခင်ဗျားတို့ရဲ့ ပျော်ရာဟာ မြန်မာပြည် ဖြစ်အောင် ခင်ဗျားတို့ တော်ရာဟာ မြန်မာပြည် ဖြစ်အောင် ခင်ဗျားတို့ ကျနော်တို့ အားလုံး ဝိုင်းဝန်းကြိုးစား ကြရမယ်လို့ အမှာစကား ပြောကြားသွားသည်။ကိုယ့်မြေ ကိုယ့်ရေကို ရေပြန်ကြည်အောင် မျက်ပြန်နုအောင် အားလုံး ဝိုင်းဝန်း ကြိုးစားကြပါလို့ အလေးအနက် ပြောကြားသွားသည်။

မြစ်ထဲမှာ မှောက်နေသော လှေတစင်းကို ဥပမာပေး ပြောကြားသွားသည်။ ကျနော်တို့တွေဟာ မြစ်ထဲမှာ မှောက်နေသော လှေတစင်းမှာ စီးနင်း လိုက်ပါလာသလိုပါပဲ၊ မြစ်ထဲမှာ လှေမှောက်ရင် လှေကို စွန်.ခွာ ပြေးမည်လား ကမ်းနဲ့ သိပ်ဝေးလျှင် အသက်ရှင် ရပ်တည်မှုအတွက် ကူးခတ်နိုင်မည်လား၊ ကိုယ်လွတ်ရုန်း ကူးခတ် သင့်ရဲ့လား အကောင်းဆုံးကတော့ အတူတူ တက်ညီလက်ညီ မှောက်နေသောလှေကို ပြန်လှန် လှေထဲမှ ရေကို ပြန်ခပ် ပက်ထုတ် ပြီး ပန်းတိုင်ရောက်အောင် ဆက်လက်လှော်ခတ် သွားဖို့ ကြိုးစားကြရမယ်။

ကျနော်တို့ ခုချိန်ဟာ တိုင်းပြည်အတွက် မှောက်နေသော လှေကို ပြန်လှန်ဖို့ လှေထဲမှ ရေကို ပြန်ခပ် ထုတ်ပက် ဖို. အချိန်ကာလဖြစ်ပါတယ်။ မြစ်ထဲမှာ မှောက်နေသော လှေကို စွန်.ခွာ ပြေးခြင်း မလုပ်ပဲ မှောက်နေသောလှေကို ပြန်လှန်ပြီး ဆက်လက် လှော်ခတ်နိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို. တိုက်တွန်း ပြောကြားသွားသည်။

ဆရာ ဖေမြင့် ကတော့ ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း..
စာဖတ်ခြင်းရဲ့ အကျိုး ကျေးဇူးတွေ ..
မည်သို့ စာဖတ်မလဲ ..အကျိုးရှိအောင် ဘယ်လိုမှတ်မလဲ ..

စာအုပ်တွေက ဘာတွေ ပေးလည်း ...
1-Infomation
သတင်းအချက်အလက်(ဗဟုသုတ)
2-Entertainment / Relaxation
ဖျော်ဖြေရေး/ အပမ်းဖြေ ခြင်း
3-Sublimation
ပိုမိုကောင်းမွန်လာစေခြင်း ..
4-Inspiration
လှုံ.ဆော်ခြင်း
စတာတွေကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

စာဖတ်သူမှာဘာတွေရသလဲ ..
Information သတင်းအချက်အလက်(ဗဟုသုတ) ===>
Knowledge အသိပညာ ===>
Wisdom .ဥာဏ်ပညာ===>
Judgement စဉ်းစားဆုံးဖြတ်နိုင်ခြင်း===>
Decision Making ဆုံးဖြတ်ချက်ချခြင်း===>

နိဂုံးမှာတော. ..စာဖတ်ခြင်းကြောင်. ဗဟုသုတကြွယ်ဝသူအမြင်ကြွယ်သူ နှိုင်းချိန်စဉ်းစားတတ်သူ ဦးနှောက်ရော နှလုံးသားပါ ရင့်ကျက် ပြည့်ဝသူအဖြစ် ရောက်ရှိ လာနိုင်ကြောင်းကို ကိုးကားချက် အစုံအလင်ဖြင့် အသေးစိတ် ဟောကြားခဲ.သည်။စာအုပ် တအုပ်ကြောင့် နိုင်ငံ တနိုင်ငံ သမိုင်း ပြောင်းလဲ သွားလောက်အောင် လှုံဆော်ပေးနိုင်ခဲ့တဲ့ စာအုပ်တွေ အကြောင်း၊ စာဖတ်ခြင်းကြောင့် ဘဝတခုလုံး ပြောင်းလဲခဲ့ပြီး အညတရ ဘဝမှ အမေရိကန်သမတ ဖြစ်သွားတဲ့ လင်ကွန်းအကြောင်း အသေးစိတ် ဟောပြောခဲ့သည်။ စာဖတ်ကြဖို့ စာဖတ်ပြီး အကျိုးရှိအောင် မှတ်ဖို့ ဖတ်ဖို့ တိုက်တွန်း မှာကြားသည်။

ဆရာဖေမြင့် ဟောပြောချက်သည် ပညာရှင်ဆန်ပြီး အချက်အလက်ဆန်သည် လေးနက်သည်။ ဆရာအော်ပီကျယ် ဟောပြောချက်သည် ကာတွန်းဆရာပီပီ ဟာသဥာဏ် ပါသည် ရယ်စရာမောစရာ လေးတွေနှင့် စိတ်ဝင်စားအောင် ပြောတတ်သည်။

ကိုယ်လေးစားသော စာရေးဆရာများ ကိုယ်တိုင် တွေ့ဘူး ကြုံဘူး မြင်ဘူး ခဲ့သည်။ စာရေးဆရာတွေ ဟောပြောတာ နားထောင် ရခြင်းကြောင် ယခု စာပေဟောပြောပွဲလေးဟာ များစွား အကျိုးရှိလှ ပေသည်။ စာပေဟောပြောပွဲ ဖြစ်မြောက်အောင် စီစဉ် ပေးသော ကိုရီးယားမှ စာပေကော်မတီဝင်များနှင့် အဖက်ဖက်မှ ပူးပေါင်း ပါဝင် ကူညီကျသော ကိုရီးယားရောက် မြန်မာများ အားလုံးကို များစွာ ကျေးဇူးတင်မိပါသည်။

Credit to ThuThuAung (myanmarcupid.net )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 6, 2011

စာပေဟောပြောပွဲ မှတ်တမ်းဓါတ်ပုံများ

ရေးသားသူ — မောင်ကောက်ရိုး


၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် အောင်မြင်စွာပြီးစီးကျင်းပသွားသည့် ၂၀၁၁ စာပေဟောပြောပွဲ (ပူချွန်းမြို့ ဘို့ဆာဂိုလ်သဘင် ခန်းမ) မှတ်တမ်းဓါတ်ပုံများနှင့် စာပေပွဲအောင်မြင်သည့်အထိမ်းအမှတ် ညစာစားပွဲမှ မှတ်တမ်းဓါတ်ပုံများ




ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 31, 2011

ကိုရီးယားနိုင်ငံရောက် မြန်မာ ကျောင်းသားကျောင်းသူများ နှင့် ကိုရီးယားနိုင်ငံရောက် ဆရာကြီးများ ရင်းနှီးစွာတွေ့ဆုံကြမည်

လာမည့် ဇွန် ၄ (စနေနေ့) နံနက်ပိုင်းတွင် ဆရာဖေမြင့် နှင့် ဆရာအော်ပီကျယ်တို့သည် ကိုရီးယားနိုင်ငံသို့ ပညာတော်သင် ရောက်ရှိနေကြသော မြန်မာကျောင်းသား ကျောင်းသူများနှင့် ရင်းနှီးစွာတွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ တွေ့ဆုံပွဲကို ဓမ္မဒူတ(ကိုရီးယား)တွင် ပြုလုပ်မည်ဖြစ်ပြီး ၊ ဆရာကြီးများနှင့် အတူ တွေ့ဆုံပွဲလာ ပရိသတ်များအား မြန်မာသူကြီးမိသားစုနှင့် မြိတ်လူငယ်များက နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်ကြောင်း ၊ အဆိုပါ တွေ့ဆုံပွဲ အစီအစဉ်ကို စာပေပွဲကျင်းပရေးကော်မတီက စီစဉ်ထားခြင်းဖြစ်ကြောင်း ၊ ၄င်း တွေ့ဆုံပွဲသို့ မည်သည့် မြန်မာ ကျောင်းသား ကျောင်းသူ မဆို မိမိတို့အစီအစဉ်ဖြင့် လွတ်လပ်စွာ ပါဝင်တက်ရောက် နိုင်ကြကြောင်း
သိရသည် ။

စာပေဟောပြောပွဲ ၂၀၁၁ (ကိုရီးယား) နှင့် စပ်လျှဉ်း၍ အသေးစိတ်ကို သိလိုပါက ကိုလူချစ် (၀၁၀-၅၁၈၀-၂၂၀၈) နှင့် ဆရာဝင်းပေါ်မောင် (၀၁၀-၄၀၃၄-၅၇၁၂) တို့ထံ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး ၊ တွေဆုံပွဲပြုလုပ်မည့် ဓမ္မဒူတ(ကိုရီးယား) လမ်းညွှန်ကိုဤ နေရာတွင် ကြည့်ရှုနိုင်ကြောင်း သိရသည် -

http://dhammaduta.info/guide/index.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 29, 2011

ဒယ်ဂူးမြို့ စာပေဆွေးနွေးဝိုင်း


ဒယ်ဂူးမြို့ စာပေဆွေးနွေးဝိုင်း ကို ယနေ့ နေ့လယ် ၂း၀၀ နာရီတွင် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ပါသည်။ ဒယ်ဂူး၊ ပူဆန်း၊ ဂင်မဲဒေသမှ စာပေ၀ါသနာရှင် ငါးဆယ်ခန့် တက်ရောက်ကြသည်။
ဆရာဖေမြင့်က “ဉာဏ်ပညာ အရေးကြီးကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားအောင် လုပ်ဆောင်ရမည့် အကြောင်း” ဟောပြောပြီး၊ ဆရာ အော်ပီကျယ်က “တကယ်လုပ်ကြဖို့ လိုသည့်အကြောင်း” ဟောပြောပါသည်။ တက်ရောက်သူများ၏ မေးမြန်းချက်ကို ဆရာတို့ ပြန်လည် ဖြေကြားလျက်ရှိပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

စာပေပွဲ ခရီးစဉ် ဒုတိယနေ့

သျှီလာခေတ် ယဉ်ကျေးမှုနယ်မြေ ဂယောင်ဂျူးမြို့သို့ သွားရောက် လေ့လာ လည်ပတ်စဉ် (၂၀၁၁ မေ ၂၈)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, May 28, 2011

ဓမ္မဒူတ (ကိုရီးယား) ဆေးကုသမှုအစီအစဉ် စာပေဟောပြောပွဲနေ့ တစ်ရက်တာ နားမည် ဟုဆို

ဓမ္မဒူတ(ကိုရီးယား)နှင့် အပ်စိုက်ကုပညာရှင်များအသင်း (정침학회) တို့ ညှိနှိုင်းဆောင်ရွက်နေသည့် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို လာမည့်
ဇွန် ၅ ရက် တနင်္ဂနွေနေ့ တွင် တစ်ရက်တာ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည် ။

မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဓမ္မဒူတ(ကိုရီးယား) တတိယထပ် တွင် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၅ နာရီထိ ခေါင်းကိုက်ခြင်း ၊ ယားယံခြင်း ၊ မူးဝေခြင်း ၊ ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း ၊ အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ ၊ အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ ကို ဇီဝိတ ဒါနအဖြစ် ကုသပေးလျက်ရှိကြောင်း ၊ ဘာသာစကား အခက်အခဲရှိသူများအတွက်လည်း စေတနာ ဆရာမ ၂ ဦးက အပတ်စဉ် စေတနာ စကားပြန်များအဖြစ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ စာပေဟောပြောပွဲနေ့တွင် စကားပြန် ဆရာမများရော လူနာများပါ စာပေဟောပြောပွဲသို့ လွတ်လပ်ပေါ့ပါးစွာ တက်ရောက်နိုင်ရေး အတွက် ဆေးဝါးကုသမှုအစီအစဉ်ကို ၁ ရက်တာရပ်နားလိုက်ခြင်းဖြစ်ကြောင်း ၊ နောင် ဇွန် ၁၂ ရက် တနင်္ဂနွေအပတ်မှ အစပြု၍ ပုံမှန်အစီအစဉ်များအတိုင်း ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း ၊ အပတ်စဉ် ကုသမှုခံယူနေရသူများအတွက် ယခုလာမည့် မေ ၂၉ ရက်နေ့တွင် သတ္တ ၂ ပတ်စာ ဆေးဝါးများ ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 27, 2011

စာပေပွဲခရီးစဉ် စတင်ပြီ

ဆရာ ဖေမြင့် နှင့် ဆရာ အော်ပီကျယ် တို့ ယနေ့နံနက် ၇း၅၀ နာရီတွင် အင်ချွန်း နိုင်ငံတကာလေဆိပ်သို့ VN936 ခရီးစဉ်ဖြင့် ချောမောစွာ ရောက်ရှိပါပြီ။
ယနေ့ နေ့လယ်နှင့် ညနေပိုင်းတွင် ဆိုးလ်မြို့ ဂယိုဘို စာအုပ်ဆိုင်၊ အန်ဆာဒုံ အနုပစ္စည်းဈေး တို့သို့ သွားရောက်မည် ဖြစ်ပြီး၊ ကိုရီးယား ကာတွန်းဆရာ ချွဲမင်း တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>