ရေးသားသူ — Wai Nwe Lwin
ခုတလော မြန်မာနိုင်ငံသားများ စိတ်ဝင်တစားရှိနေကြတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်နေတာလေး အောန်လိုင်းမှာတွေ့မိတဲ့ ဆောင်းပါးရှင် Wai Nwe Lwin ရဲ့ တင်ပြချက်ကို မိတ်ဆွေများ အချက်အလက် တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ကြဖို့ ထပ်ဆင့်မျှဝေအပ်ပါတယ် ။
==================
မရေးတော့ဘူးလို့  နေနေတာ ။ ဒါပေမယ့် ရေးဖြစ်သွားတယ် ။ စာတော့ တော်တော်ရှည်သွားတယ် ကျေးဇူးပြုပြီး ဆုံးအောင်တော့ ဖတ်ပေးပါ ။
ဘာကြောင့် ကျောင်းသား သပိတ်ကို မထောက်ခံသလဲ ။ ဘာကြောင့် NNER ကို မယုံကြည်ရသလဲ
ဇေယျာလွင် ကနေပဲ အစပြန်ကောက်မယ် ။ ဇေယျာလွင် က ဘက ကျောင်းတွေ ဖျက်သိမ်းဖို့ ပြောတယ် ဆိုပြီး ပထမ သတင်းတက်လာတယ် ။ နောက် NNER က ပြန်ရှင်းတယ် ။ ဘက ကျောင်းတွေ ဖျက်ဖို့  သူတို့ မပြောပါဘူး ။ ဒါပေမယ့် ခရစ်ယာန် ကျောင်းတွေက ထောက်ပြတောင်းဆိုလာတဲ့ အတွက် အခြားသော ဘာသာရေးအဖွဲ့ အစည်း များက ဖွင့်တဲ့ သင်ရိုးညွှန်းတမ်း အတိုင်း သင်တဲ့ စာသင်ကျောင်းများကို လွတ်လပ်စွာ ဖွင့် ခွင့် ပေးရမယ်ဆိုပြီး ပြောတာပါဆိုပြီး ရှင်းတယ် ။
ဒါပေမယ့် နောက်ပိုင်း သူတို့ တွေဆီကပဲ စကားသံတွေ ပြန်ထွက်လာတယ် ။ NNER က ဘက ကျောင်း တွေ ဖျက်ဖို့ မပြောဘူး ။ ဇေယျာလွင် ဟာ သူ့ စကားအတွက် သူတာဝန်ယူရမယ် ဆိုပြီး ။ နောက် ဆရာမ နဲ့  စကားများ တဲ့ ဗီဒီယို ထဲ မှာ ဆရာမက အဲ့ဒါဆို မင်းဘာလို့  ဘက ကျောင်းတွေကို ထည့် ပြောရသလဲ ဆိုပြီး ပါလာတယ် ။ ဗီဒီယို က ဖြတ်တင်တော့ အစုံပါမလာတော့ အတိအကျတော့ ပြောရခက်တယ် ။စဉ်းစားကြည့်တာတော့ ဒီလိုဖြစ်နိုင်တယ် ။ သူတို့ တွေက တခြား ဘာသာရေးအဖွဲ့ အစည်းက ဖွင့်တဲ့ ကျောင်းတွေကိုပါ လွတ်လွတ်လပ်လပ်ဖွင့် ခွင့် ပေးရမယ်လို့ ဆိုလိမ့်မယ်။ ဒါကို ဆရာမတွေက ကန့် ကွက်တော့ ဒါဆို ဘက ကျောင်းတွေပါ ပိတ်ရမှာပေါ့ ဆိုပြီး ဇေယျာလွင် က ပြန်ပြောပါလိမ့်မယ် ။အဲဒါကြောင့် ဆရာမက ဘက ကျောင်းတွေ ဘယ်ဝန်ကြီးဌာနအောက် ရှိလဲ မင်းသိလား ဆိုပြီး ပြန်မေးတာနေမယ် ။ဒီလို စဉ်းစားမိတယ် ။NNER အနေနဲ့ ကတော့ ဘက ကျောင်းတွေ ဖျက်ဖို့ ပြောမယ် မထင်ဘူး ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ဖွင့် သကဲ့သို့ သာ ကျန် ခရစ်ယာန်ချက်ကျောင်းများ ဗလီများက လည်း အတန်းပညာသင်ကျောင်းတွေ ဖွင့်ချင်ရင် လွတ်လွတ်လပ်လပ် ဖွင့်ခွင့် ပေးရမယ်လို့ သာ ပြောခြင်း ဖြစ်တယ် ။အဲ့တော့ အဲဒီအခြားဘာသာက ဖွင့်မယ့် ဘာသာရေးကျောင်းမဟုတ်သော အတန်းပညာသင်ကျောင်းတွေကို ဖွင့်ခွင့်မပေးနိုင်ရင် ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းကဖွင့်တဲ့ အတန်းပညာရေးကျောင်းကိုလည်း ပိတ် ။ ဒါမှ တရားမျှတမယ် ။ ဒီဖြစ်ရပ် တစ်ခုတည်းပဲ ကြည့်ရင် ဇေယျာလွင်ပြောတာ မှန်သားပဲ ။ ဒါပေမယ့် အမှန်တရားဆိုတာ တခါတလေ သိပ်ကျယ်ပြန့် လွန်းပါတယ် ။
နောက်တစ်ချက်ဆက်ရရင် သူတို့ တောင်းဆိုတဲ့ အထဲမှာ အခြေခံပညာကျောင်းတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်လို့ ဆိုတယ် ။ တက္ကသိုလ်တွေမှာတောင် ကိုယ်ပိုင်ပြပြဋ္ဌာန်းခွင့် ဆိုတာကို လက်ရှိ မြန်မာနိုင်ငံ အနေနဲ့  အဆင့်သင့်ဖြစ်ပါ့မလားဆိုတာတောင် သံသယ၀င်စရာ အခြေအနေပါ ။ ဒါကို အခြေခံကျောင်းတွေအတွက် ကိုယ်ပိုင်ပြပြဋ္ဌာန်းခွင့်ဆိုတော့ အဲ့ဒီ ဥပဒေရေးတဲ့ သူတွေက မြန်မာနိုင်ငံက အခြေခံကျောင်း ဘယ်နှကျောင်းလောက် ကို သွားရောက်လေ့လာပြီးမှ ရေးဆွဲတာလဲမေးချင်တယ် ။လက်ရှိ မြို့ ပေါ်ကျောင်းတွေထားတော့ တောရွာတွေက ကျောင်းတွေဟာ သင်ရိုးညွှန်းတမ်းတစ်ခုကို ရေးဆွဲနိုင်တဲ့ အခြေအနေ ဖြစ်နေပြီလား ။ အဲဒီ့လို ယုံကြည်နေသလား ။ အဲဒါတွေကို ဘယ်သူက လုပ်မှာလဲ ဆိုတော့ လက်ရှိ မိဘ ဆရာအသင်းကို ဖျက်ပြီး ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဖွဲ့ ရမတဲ့ ။ အဲထဲမှာ ဆရာအချို့ ရယ် ကျောင်းသား ကိုယ်စားလှယ်တွေရယ် ရပ်မိ ရပ်ဖတွေရယ် ပါရမတဲ့ ။အဲဒီ အဖွဲ့ က သင်ရိုး ညွှန်းတမ်းဆွဲမယ့် ကိစ္စတွေ ဆရာတွေကို ဝေဖန်အမှတ်ပေးတာတွေ လုပ်ကြမတဲ့ ။ ကျောင်းသားတွေက ကိုယ်သင်ရမယ့် သင်ရိုးညွှန်းတမ်းကို ကိုယ်တိုင်ပါဝင်ရေးဆွဲကြရမတဲ့ ။ အခြေခံကျောင်းမှာတောင် ကျောင်းသား သမဂ္ဂဖွဲ့ ပြီး ကျောင်းအုပ်ချုပ်ရေးထဲ ပါမယ်တဲ့ ။ ကျေးရွာတွေမှာ ရှိတဲ့ ရပ်မိ ရပ်ဖဆိုတာအားလုံးက ဟားဗတ်စ် တက္ကသိုလ်က ဘွဲ့ ပြီးသားတွေချည်းပဲလို့ ထင်နေလားမသိ ။ ကျောင်းသားတွေကရော ဟို သင်ရိုးမသင်ချင်ဘူး ဒီသင်ရိုးကို မသင်ချင်ဘူးလို့  ငြင်းခွင့် ရှိနေမယ့်ပုံ ။ ဆရာမတွေကို ကျောင်းသားက ပြန်အကဲဖြတ်ရမယ်ဆိုတာကို အဆင့်မြင့်ပညာ အဆင့်တွေမှာ အတိုင်းအတာတစ်ခုထိ လက်ခံပေမယ့် အခြေခံအဆင့်တွေမှာတော့ လက်မခံနိုင်ဘူး ။ လက်မခံသင့် သေးဘူး ။မြန်မာနိုင်ငံမှာ အခြေခံကျောင်းပေါင်း သောင်းနဲ့ ချီရှိရင် သင်ရိုးက သောင်းနဲ့ ချီ ထွက်လာမယ် ။ အဲဒါတွေ အားလုံးဟာ အဆင့်မီ ပညာရေး ဖြစ်မယ်လို့  ခင်များတို့ ထင်ပါသလား ။ ကျောင်းသားတွေ အတွက် သင်ရိုးညွှန်းတမ်းဆိုတာကို ဆိုက်ကားသမားက ရပ်မိရပ်ဖဖြစ်နေရုံ နဲ့  ဆွဲခွင့် ရှိသတဲ့လား ။ပညာရေး သုတေသနတွေလုပ် ကလေးတွေရဲ့ ဥာဏ်ရေ ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်း ဒါတွေကို အများကြီး စမ်းသပ်လေ့လာပြီးမှ ပညာရှင်တွေပေါင်းစုစဉ်းစားပြီး ထုတ် ကြရမှာ မဟုတ်ဘူးလား ။ ဒီဥပဒေဟာ ပျက်စီးနေတဲ့ မြန်မာပြည် ပညာရေးကြီးကို တိုးတက်သွားစေမတဲ့လား ။ တကယ်ပဲ အဲ့ဒီလို ယုံကြည်လို့  ဒီဥပဒေကို ရေးဆွဲ ပြီး မဖြစ်မနေတောင်းဆိုနေကြတာလား ။
နောက်တစ်ချက် မိခင်ဘာသာစကား အခြေပြုသင်ကြားရမယ်ဆိုတာပါတယ် ။ မိခင်ဘာသာ စကားအခြေပြု ဆိုတော့ ကုလားက ကုလားလိုသင် ၊ တရုတ်က တရုတ်လိုသင်၊ ဗမာက ဗမာလိုသင် ၊ ကရင်က ကရင်လိုသင် ၊ ကချင် က ကချင်လိုသင်ပေါ့  ။ အဲဒီ့လို ။ အဲဒီ့တော့ မေးပါပြီ ။ သင်ရိုးကိုပါ မိခင်ဘာသာစကားနဲ့  ထုတ်ရမှာဖြစ်တဲ့အတွက် ကချင်ပြည်နယ် မိုးကောင်း-မိုးညှင်းမှာ ကချင်ဘာသာနဲ့ ထုတ်မလား ရှမ်းဘာသာနဲ့ ထုတ်မလား ။ ဗမာဘာသာနဲ့  ထုတ်မလား ။ ကချင်နဲ့  ထုတ်ရင် ဂျိမ်းဖောလို ထုတ်မလား ၊လီဆူး လိုထုတ်မလား ။ ဘာသာတစ်ခုနှင့် ထုတ်မယ်ဆိုတာနဲ့  ကျန်လူမျိုး ကလေးတွေက ဘယ်လိုလုပ်မလဲ ။ ကယားပြည်နယ် နေရာတော်တော်များများမှာ ကယား ကယန်း ရှမ်း ဗမာတွေ နေကြတယ် ။အဲ့ နေရာတွေမှာ ဘယ်ဘာသာနဲ့ ထုတ်မလဲ ။ ဘယ်လိုသင်ကြမလဲ ။ မြန်မာနိုင်ငံ မှ တိုင်းရင်းသား လူမျိုး တစ်မျိုး တည်း သီးသန့် နေထိုင်ပါတယ် ဆိုတဲ့ နေရာတစ်ခု မြို့ တစ်ခု ရှိတယ်ဆိုရင် ကျွှန်တော့ ကို လာပြောပြကြပါ ။ အဲ့ဒီတော့ မြို့ တစ်မြို မှာ ရှမ်းရယ် ကချင်ဲက လီဆူးရယ် ဂျိမ်းဖောရယ် ဗမာရယ် ဂေါ်ရခါးရယ် ဘင်္ဂါလီတွေရယ် စုပေါင်း နေတယ် ဆိုကြ ပါစို့  ။ အဲဒီ့ မြို့ မှာ မိခင်ဘာသာ စကား ကျောင်း ခြောက်ကျောင်း ဖွင့် ရမှာ ပေါ့ ။ အဲဒီ့ ကျောင်းတွေအတွက် ဘယ်မှာလဲ ပိုက်ဆံ ။ ဘယ်မှာလဲ မိခင်ဘာသာ စကား အခြေပြု ပြီး သင်မယ့် ဆရာ ဆရာမ ။ အဲဒါတွေ ဘယ်က ရမလဲ ။ ဒီဥပဒေဟာလည်း ဒီနိုင်ငံနဲ့  ဘယ်လို မှ မသင့်တော်ဘူး ဆိုတာ ပေါ်လွင်ပြီထင်ပါတယ် ။ နေရာအားလုံးမှာ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်နေကြတဲ့ ဒီနိုင်ငံ မှာ ၊ တိုင်းရင်းသား 135 မျိုးရှိတဲ့ ဒီနိုင်ငံမှာ မိခင်ဘာသာစကား အခြေပြု ဖြစ်ဖြစ် ၊ တိုင်းရင်းသား ဘာသာစကား အခြေပြု ဖြစ်ဖြစ် အဲဒီ့ နှစ်ခုလုံးဟာ တိုင်းပြည်ဖျက်မယ့် ပြည်ဖျက်လက်နက်ပါ ။
ကျွှန်တော် အပေါ်က ပြောတဲ့ အချက်တွေဟာ မြန်မာနိုင်ငံနဲ့  ဘယ်လို မှ အသုံး မ၀င်ဘူး ဆိုတာ ပြောပြီးပြီ ။ အခု NNER နဲ့  ကျောင်းသားဆိုသူတွေတောင်းဆိုနေတဲ့ ဥပဒေ အတိုင်း မဖြစ်ဖြစ်အောင် လိုက်ပြီး လုပ်ကြည့်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ထပ်စဉ်းစားကြည့်မယ် ။
- ဘာသာရေး အဖွဲ့ အစည်းတိုင်း က ဖွင့်မယ့် သင်ရိုး ညွှန်းတမ်း နဲ့  သင်မယ့် ကျောင်းတိုင်းကို လွတ်လပ်စွာ ဖွင့်ခွင့် ပေးရမယ် ။
- မိခင် ဘာသာစကားနဲ့  သင်ခွင့် ပေးရမယ် ။
- သင်ရိုး ညွှန်းတမ်းကို ကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဝင်တွေက ရေးဆွဲကြမယ် ။
- ကျောင်းအုပ်ချုပ်ရေး အဖွဲ့ မှာ ဆရာအချို့  ၊ကျောင်းသားကိုယ်စားလှယ် နဲ့  ရပ်မိရပ်ဖ ဆိုသူတွေပါမယ် ။
အမှန်တော့ ထပ်တောင် ရှင်းစ၇ာ မလိုတော့ပါဘူး ။ ဒီ လေးကြောင်းကို အစဉ်လိုက်ဖတ်ကြည့်လိုက်ရင်ကို အဖြေက ရှင်းရှင်းကြီးပေါ်နေပါပြီ ။
အဲဒီ့အခါ ဘာကျောင်းတွေ ပေါ်လာမလဲဆိုတော့ ခရစ်ယာန်ဘာသာရေး အခြေခံ စာသင်ကျောင်း တို့  ၊ အစ္စလာမ်ဘာသာရေး အခြေခံ စာသင်ကျောင်းတို့  က တောရာ မြို့ မှာပါ ပေါချင်း သောချင်း ၊ ပေါ်လာမှာပေါ့ ။ အဲဒီ့တော့ မူစလင်တွေက အစ္စလာမ် အခြေခံကျောင်းမှာ တက်မယ် ။မူစလင်ဆရာတွေပဲ စာသင်ကြမယ် ။ ခရစ်ယာန်တွေက ခရစ်ယာန်ဘာသာရေး အခြေခံကျောင်းမှာ တက်မယ် ။ ခရစ်ယာန် ဆရာတွေပဲ စာသင်ကြမယ် ။ ဗုဒ္ဓဘာသာတွေက ရိုးရိုးစာသင်ကျောင်းတွေမှာ တက်မယ် ။ ဘက ကျောင်းတွေပဲ ရှိတဲ့နေရာဆို ဘက ကျောင်းမှာ တက်မယ် ။ ဗုဒ္ဓဘာသာ ဆရာတွေပဲ စာသင်ကြမယ် ။ အားလုံးဟာ သီးသန့် ခွဲထုတ်ပြီးသား ဖြစ်သွားမယ် ။ စဉ်းစား ကြည့် လေ ။ကျွှန်တော်သာဆို ကိုယ်က ဗုဒ္ဓဘာသာ ကိုယ့်ကလေးကို ဘယ်လောက်ပဲ သင်ကြားရေး အဆင့်မြင့် မြင့် မူစလင်ကျောင်းမှာ သွားမ ထားဘူး ။ ခရစ်ယာန်ကျောင်းမှာ သွားမထားဘူး ။အဲ့ လိုပဲ အခြား မူစလင်တွေ ခရစ်ယာန်တွေလည်း အဲ့ လိုနေမှာပဲ ။ကိုယ်ချင်းစာကြည့် ။ အဲဒါဆို အဲဒီ့အသိုင်းအ၀ိုင်းတွေကြားထဲမှာ ဖြစ်လာမယ့် ကွာဟမှုကို ခင်များတို့  သတိထားမိမလား ။
ကျွှန်တော်က ခြောက်တန်းကနေ ဆယ်တန်းထိ ခရစ်ယာန် တောထဲမှာ ကြီးခဲ့ တယ် ။ ခရစ်ယာန်သူငယ်ချင်းတွေ အများကြီးပဲ ။ ခုထိ သတိရတုန်း လွမ်းတုန်း ။ ။ ခရစ်ယာန် ဆရာ ဆရာမတွေ အများကြီးပဲ ။ ပြီးခဲ့ တဲ့ လပိုင်းကကို ပြည်နယ်တွေ ခြားနေတာတောင် တကူးတက သွား ကန်တော့ခဲ့တယ် ။ ကိုယ်နေခဲ့ဖူးတဲ့ အင်မတန် ခေါင်လွန်းတဲ့ တောမြို့ လေးကို သံယောဇဉ် ဘယ်လောက်ကြီးသလဲ ကျွှန်တော်နဲ့  အပြင်ခင်တဲ့ သူငယ်ချင်းတွေ အသိဆုံး ။ တက္ကသိုလ် တက်တယ် ။ မောင်နှမလို သွေးရင်းသားရင်းလို ချစ်ခင်ရတဲ့ မူဆလင် သူငယ်ချင်းတွေရှိတယ် ။ ကျွှန်တော့လို လူမျိုးကို မူဆလင်တိုင်း မကောင်းဘူး လာပြောရင် ခရစ်ယာန်တွေတိုင်း မကောင်းဘူးလာပြော ရင် ကျွှန်တော် ရယ်မှာပေါ့ ။ ကျွှန်တော့မှာ သိပ်ကောင်းတဲ့ ခရစ်ယာန် ဆရာ ဆရာမတွေ သူငယ်ချင်းတွေ ၊ ကောင်းတဲ့ မူဆလင် သူငယ်ချင်းတွေ ရှိတယ်လေ ။ မူဆလင်ကလေးတွေမှာ သူတို့ ချစ်တဲ့ ဗုဒ္ဓဘာသာဆရာမတွေ ရှိတာ ၊ မူဆလင် ကျောင်းဆရာတစ်ယောက်မှာ သူချစ်တဲ့ ခရစ်ယာန် တပည့် ၊ ဗုဒ္ဓဘာသာ တပည့်တွေ ရှိတာ ၊ မူဆလင်ကလေး ခရစ်ယာန်ကလေး ဗုဒ္ဓဘာသာကလေးတွေ သိပ်ချစ်တဲ့ ငယ်သူငယ်ချင်းတွေဖြစ်နေတာ ကျွှန်တော်တို့ နိုင်ငံမှာ ဘာသာပေါင်းစုံ အေးချမ်းစွာ အတူတကွ နေထိုင်ဖို့ အတွက် နှောင်ကြိုးလေးတွေ မဟုတ်ဘူးလား ။
တိုင်းပြည်မှာ ကလေးဆိုတာ တိုင်းပြည်ရဲ့  အနာဂတ် ။ ကျွှန်တေိာတို့ တိုင်းပြည်ရဲ့  အနာဂတ်တွေကို ခင်များတို့  သွေးခွဲဖို့  ကြံစည် နေသလား ။ ဘာသာရေးဆိုတာ သိပ်ကို အကဲဆတ်လွန်းတဲ့ အရာ ။ ဘာသာရေး အထိကရုဏ်းဆိုတာ မျက်လုံးက တဆင့် ကူးစက်တတ်တဲ့ ရောဂါ ။ တစ်ကမ္ဘာလုံးမှာ အကြမ်းဖက် ၀ါဒတွေ ပြန့် နှ့ံ့ပြီး လူထုက သတိထားမိလာတဲ့ ဒီလို အချိန် ၊ မြန်မာနိုင်ငံမှာ အမျိုးသားရေးစိတ်ဓါတ်တွေ ပြင်းထန်လာတဲ့ ဒီလို အချိန်မှာ ခင်များတို့ က ဒီလို ဥပဒေဆွဲတာ ရိုးသားတယ်လို့  ပြောချင်ပါသလား ။ ဒါက ဘာသာရေးနဲ့  ပတ်သတ်ပြီးပြောတာ ။
အခု တိုင်းရင်းသား အရေးကို ဆက်စဉ်းစားကြည့်ရအောင် ။ အပေါ်ကလို ပါပဲ ။ လူမျိုးအလိုက်ခွဲပြီး ကျောင်းတွေဖွင့်မယ် ။ ကိုယ်ပိုင်ပြပြဋ္ဌာန်းခွင့်ပြုမယ် ။ အဲ့ ဒီတော့ မွန်တွေက သမိုင်းမှာ ဗမာဘုရင်တွေက သူတို့ ကို အနိုင်ကျင့်ပြီး ပိဋိကတ် သုံးပုံကို လုယူပါတယ် လို့  သမိုင်းသင်မယ် ။ ရခိုင်တွေက သူတို့ ဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နိုင်ငံတည်နေခဲ့တာ ၊ ဘကြီးတော်ဘုရားလက်ထက်မှ ဗမာတွေကျွှန်ပြု ပြီး မဟာမုနိဘုရားကြီးကို မန်းလေးယူသွားတာပါ လို့ သမိုင်းသင်မယ် ။ ကချင်က သူတို့ ဟာ သီး ခြားလူမျိုးစု လွတ်လပ်သော ၀မ်ပေါင်နိုင်ငံထူထောင်ရေး အနာဂတ် ရည်မှန်းချက် ကို ပထ၀ီမှာသင်မယ် ။ကရင်တွေက သူတို့ ဟာ မြန်မာမျိုးနွယ်မဟုတ် ။ ဥရောပ က ပျောက်သွားတဲ့ လူမျိုးတစ်မျိုး ရေကြည်ရာ မျက်နုရာ ရှာပြီး မြန်မာနိုင်ငံကို ရောက်လာတာလို့  သမိုင်းသင်မယ် ။ စောဘဦးကြီးပြောသလို ဖလံတောင်မွှေး ပေါက်တဲ့မြေဟာ ကရင်မြေပဲ လို့  ပထ၀ီသင်မယ် ။ အိုး အတွေးထဲမှာတောင် ကောင်းလိုက်တဲ့ ဥပဒေ ။ လူမျိုး တစ်မျိုး နဲ့ တစ်မျိုး ထိစပ် ပတ်သတ်မှုကနည်း ၊နဂိုကတည်းက လူမျိုးတွေ များသလောက် ဘယ်တော့ မညီညွှတ်လို့  သယံဇာတပုံကြီးပေါ် ဖင်ခုထိုင်ပြီး ခုထိ ခွေးဖြစ်လို့ ကောင်းနေတဲ့ တိုင်းပြည်မှာ ထပ်ထပ်ခွဲလို့  ကောင်းလိုက်မယ့်အမျိုး ။
ကျောင်းတက်ချိန် နိုင်ငံတော်သီချင်းဆိုပြီး နိုင်ငံတော် အလံ အလေးပြု ဖို့ ဆိုရင် မူဆလင်ကျောင်းတွေက ဘုရားစာရွတ်ပြီး အလ္လာကိုပဲ ဦးညွှတ်နိုင်ကြောင်း ပြောမယ် ။ တိုင်းရင်းသားကျောင်း တွေ ပြည်နယ်သီချင်း ဆိုပြီး ပြည်နယ်အလံကိုပဲ အလေးပြုနိုင်မယ်လို့  ပြောမယ် ။ ဘယ်မှာလဲ ပြည်ထောင်စုစိတ်ဓာတ်ကို ဘယ်လိုရိုက်သွင်းမလဲ ။ နိုင်ငံသား သစ္စာ ဆိုတာကို ကလေးတွေရင်ထဲ ရောက်အောင် ဘယ်လို ထည့်ကြမလဲ ။ ပြောကြစမ်းပါ ။ ဒီဥပဒေကို သိပ်ကိုထောက်ခံပါတယ် ဆိုတဲ့ သူတွေ ၊ ဒီဥပဒေကို မူအားဖြင့် ထောက်ခံပါတယ် ဆိုတဲ့ သူတွေ ၊ အခုNNER နဲ့  ကျောင်းသားဆိုသူတွေရဲ့ လှုပ်ရှားမှုဟာ ပညာရေးတိုးတက်ဖို့ အတွက် သက်သက် လို့  ယုံကြည်ပါတယ် ဆိုတဲ့ သူတွေ လာပြောပြ ကြစမ်းပါ ။ ဒီအကြောင်းတွေကို ကျွှန်တော့လို ပညာရေးနယ်ပယ်က မဟုတ်တဲ့ သာမန် ပြည်သူတစ်ယောက်တောင် တွေးမိသေးတယ်ဆိုရင် ခင်များတို့  ကိုးကွယ်နေတဲ့ NNER က မဟာပညာကျော်ကြီးများက မတွေးမိကြဘူးလား ။ မတွေးမိဘူး ဆိုတာ ယုံတယ်တဲ့ လား ။ သိပ်အံ့သြစရာကောင်းတာပဲ ။
ပြီးတော့ ရှိသေးတယ် ။ ဘာတဲ့ ဆရာ ဆရာမ နှင့် ကျောင်းသားတွေကို ပါတီ နိုင်ငံရေး လွတ်လပ်စွာလုပ် ခွင့်ပေးရမတဲ့ ။ ကျောင်းအုပ်က NLD ၊ ဒုကျောင်း အုပ်က USDP ၊ အထက်တန်းပြ တစ်ချို့ က NDF ၊ NLD ကတစ်ချို့ လူတွေက NDF ကို သစ္စာဖာက်လို့ စွပ်စွဲ ၊ ဂျာနယ်ထဲပါလာ ၊ NLD ကျောင်းအုပ်က စိတ်တွေတို ၊ ကျောင်းအလာ ဆယ်မိနစ်လောက် နောက် ကျသွားတဲ့ NDF ဆရာမကို ပိုပိုသာသာလေး ဆူလိုက်မိ ။ အဆူခံရတဲ့ ဆရာမက စိတ်တွေတို ၊ အဲဒီ့အချိန်မှာ USDP ဒုကျောင်းအုပ်က NLD တွေက အဲလို အစွန်းရောက်ကြောင်း မိမိတို့  USDP က အင်မတန်သဘောထားကြီးကြောင်း မဲဆွယ်သွေး ထိုး ၊ NDF ဆရာမက ခံစားချက်တွေ ပေါက်ကွဲ ၊ သူစာသင်ရတဲ့ အတန်းထဲက မြို့ နယ် NLD ပါတီ ဥက္ဏဌသား က အိမ်စာမလုပ်လာတာကို နင်က အဖေအရှိန်နဲ့  ငါကို မလေးစားတာလား ၊နင်တို့ ပါတီ ဥက္ကဌကို ငါက သောက်ဂရုကို မစိုက်ဘူး လို့ ပြောမိ ၊ အဲ့ ကျောင်းသားက ပါတီကို စော်ကားတာ မခံဘူးဆိုပြီး NLD ကျောင်းအုပ်ကြီးနဲ့ သွား တိုင် ၊ ကျောင်းအုပ်နဲ့  ဆရာမနဲ့  ပြသနာတွေ အကြီးအကျယ်တက် ၊ အဲဒီမှာ USDP ဒုကျောင်းအုပ်က ပညာရေးမှူးကို NLD ကျောင်းအုပ်ကြီး ညံ့ကြောင်း မျက်နှာလိုက်ကြောင်း သွား သွေးထိုး ပြသနာတွေတက် ။
အတွေးထဲမှာကို ပျော်စရာကြီးနော် ။ဝန်ထမ်းဆိုတာ နိုင်ငံတော်ရဲ့  အဖွဲ့ အစည်းပါ ။ ဘယ်သူ ဘယ်ပါတီ အစိုးရဖြစ်ဖြစ် တက်လာတဲ့ အစိုးရဟာ ဒီဝန်ထမ်းတွေရဲ့  အားကို ယူပြီး နိုင်ငံတောိကို မောင်းနှင်ရမှာပါ ။ဘာလို့  Team Work နဲ့ အလုပ်လုပ်ကြရတဲ့ အဖွဲ့ အစည်းတွေကို စိတ်ဝမ်းကွဲအောင် လုပ်ကြမလဲ ။ နိုင်ငံရေးနဲ့ ပတ်သက်ရင် မိဘ နဲ့ သားသမီး ၊ မောင် နှင့် အစ်မ တောင် မခေါ်နိုင် မပြောနိုင်သည်အထိ စိတ်ဝမ်းကွဲကြသေးတာ ၀န်ထမ်းတွေက ဘယ်လိုလူတွေ မို့ တုန်း ။ တခြားဘာမှ မကြည့် နဲ့  ။ ခင်များတို့ တောင် Facebook ပေါ်မှာ ကိုယ်နဲ့  သိပ်အယူအဆကွာသူတွေကို Unfriend Block လုပ်ကြသေးတယ်မလား ။သူတို့  ပိုစ်တွေ မြင်ရင် စိတ်ဆင်းရဲ တယ်ဆိုပြီးလေ ။ ၀န်ထမ်းအချင်းချင်းက မမြင်ရအောင် Block လုပ်လို့ မရဘူး ဗျ ။ သူတို့ မှ ကိုယ် ကြိုက်တဲ့ ပါတီ မဲပေးခွင့် ရှိနေတာ ပဲလေ ။ ရုံးခန်းမှာ သမ္မတပုံ ချိတ်ထားပေမယ့် ကိုယ်ပိုင်အိမ်မှာ ဒေါ်စု ပြက္ခဒိန်တွေ ပလူပျံအောင် ချိတ်ထားတဲ့ ကျောင်းအုပ်တောင် ခင်များတို့  ဥပဒေကို မထောက်ခံဘူး ။ တက္ကသိုလ် ကျောင်းသားတွေ နိုင်ငံရေးလုပ်တာ လက်ခံလို့ ရပေမယ့် အခြေခံတွေမှာ နိုင်ငံရေး အရောင်တွေ မဆိုးသင့်ဘူး။ ကိုယ့်ကိုကိုယ်ပဲ တွေးကြည့် ။ ကိုယ်ဆယ်တန်း အသက် 15နှစ်လောက်တုန်းက ကိုယ့်အတွေးအခေါ်တွေ အသက် 25 နှစ်မှာ မှန်တယ်လို့ ထင်သေးရဲ့ လားလို့  ။ သိပ်နုလွန်းတဲ့ နှလုံးသားတွေကို အရောင်ဆိုးဖို့  ကြိုးစားတာ ပညာရေးတိုးတက်ဖို့ တဲ့ လား ။ အခြေခံပညာကျောင်းသား တစ်ယောက်ဟာ အရာရာကို တော်လှန်ဖို့ စိတ်ဝင်စားတာထက် အရာရာကို သင်ယူဖို့ ပဲ စိတ်ဝင်စားသင့်သေးတယ် ။
မြန်မာနိုင်ငံရဲ့  ပညာရေးစနစ်ကြီးကောင်းတယ် လို့  တစ်ခါမှ မတွေးဖူး မပြောဖူးဘူး ။ ဒါပေမယ့် အဲဒီအတွက်တော့ နိုင်ငံတော် သစ္စာဖောက်တွေ ဆွဲတဲ့ ဥပဒေကို မျက်လုံးမှိတ် မထောက်ခံနိုင်ဘူး ။ (သေချာဖတ်ကြနော် ။ အမျိုးသား သစ္စာဖောက်လို့ မသုံးဘူး ။ အစိုးရ သစ္စာဖောက်လို့ မသုံးဘူး ။ နိုင်ငံတော် သစ္စာဖောက်လို့  သုံးထားတာ ) ။ ကိုယ့် ဆီမှာ ရှိတဲ့ မုန့် က စားမကောင်းလို့  တမြည့်မြည့်သေမယ့် အဆိပ်သီးကို တော့ ဘယ်သူမှ ခူးမစားဘူးမလား ။ တချို့ ကပြောတယ် ။ဒီဥပဒေကို မူအရထောက်ခံတာ အသေးစိတ်က လွှတ်တော်မှာ ဆက်ညှိကြပါလိမ့်မယ်တဲ့ ။ အဲဒါဆို သူတို့ ဆွဲလာတဲ့ ဒီဥပဒေကို သူတို့ စိတ်တိုင်းကျ အတည်မပြုပေးရင် သပိတ်ဆက်မှောက်မယ်လို့  ကြိမ်းဝါးတာ ဘယ်သူတွေလဲ ။ လွှတ်တော် အဆုံးအဖြတ်ကို နာခံဖို့ မပြောနဲ့  လွှတ်တော်မှာ ကြားနာမယ့် ကြားနာမှုကို တောင် မစောင့်နိုင်တဲ့ သူတွေဟာ လွှတ်တော်မှာ ဆက်ဆွေးနွေးရင် ပြေလည်မယ်ထင်လို့ လား ။အခု အစိုးရက ခင်များတို့ ပြောတဲ့ အတိုင်း လွှတ်တော်တင်ပေးပြီးပြီ ။ ရည်ရွယ်ချက်ရိုးသားတယ်ဆို လွှတ်တော်က ခင်များတို့ ကို ဖိတ်ထားတဲ့ ကြားနာမှု ကို သွားတက်သင့်ပြီ ။ အခုတော့ ဒါတောင် ရန်ကုန် မ၀င်ရလို့  ပွဲ မဆူ ဆူအောင်လုပ်နေတယ် ။ ခင်များတို့ က ရန်ကုန်ဝင်ချင်တာလား ၊ ဥကဒေပြင်ချင်တာလားလို့  ပြန်မေးရမလိုဖြစ်နေပြီ ။ အဆင့်အတန်း ရှိရှိ လွှတ်တော်ခေါ်ဆွေးနွေးတာကို ဘာလို့ များ လမ်းဘေးမှာ ထိုင်ပြီးအော်ချင်နေတာလဲ ဆိုတာ စဉ်းစားတတ်တဲ့ သူတိုင်း တွေးမိတယ် ။
ဘက ကျောင်းနဲ့ စဖွင့်တော့ ဘက ကျောင်းနဲ့ ပဲ ပြန်ပိတ်မယ် ။ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းဆယ်ကျောင်းလောက်မှာ ရှစ်ကျောင်းလောက်က ဘုန်းကြီးကျောင်းဝင်းထဲ မှာ ရှိကြတာပါ ။ ဟိုးအရင်ခေတ်ကတည်းက ရွာတိုင်းမှာ စာသင်ကျောင်းသာ မရှိမယ် ဘုန်းကြီးကျောင်းကတော့ ရွာတိုင်းရှိကြတဲ့အတွက် စာသင်ကျောင်းအတွက် နေရာ မရှိတဲ့ ရွာတွေမှာ ဘုန်းကြီးတွေက သူ့ မြေနေရာကို လှူထားကြတယ် ။နောက်ပိုင်း အစိုးရက ကျောင်းဆောင်သစ်တွေ ချပေးလာတော့ ကျောင်းမြေနေရာဟာ ပုံစံ 105 ပေါက်မှ ချပေးတော့တာ ဖြစ်တဲ့အတွက် ရွာကျောင်းဘုန်းဘုန်းတွေက သူတို့  ကျောင်းမြေကို တရားဝင် စွန့် လွှတ် လှူဒါန်းကြရတယ် ။ အဲ့ဒါကြောင့် စာသင်ကျောင်းအများစုဟာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိကြတာကိုတွေ့ ရတယ် ။ကျွှန်တော်ရောက်ဖူးတဲ့ ရွာတွေကတော့ မြန်မာပြည် အလယ်ပိုင်းက ရွာတွေများတဲ့ အတွက် ခရစ်ယာန်တော့ မတွေ့ ဘူး ။အစ္စလာမ်ဘာသာဝင်တွေတော့များတယ် ။ ဘုန်းကြီးကျောင်းဝင်းထဲက စာသင်ကျောင်းကို မူစလင်ကလေးတွေ ကျောင်းလာတက်လို့  ပြသနာဖြစ်တယ်လို့  တစ်ခါမှ ကို မကြားဖူးခဲ့ ဘူး ။ဒါကို ရေးပြတာက ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေ ပညာရေးတွေအပေါ် ဘုန်းကြီးတွေရဲ့  သဘောထားကို ပေါ်လွင်စေချင်လို့ ပါ ။
ဗုဒ္ဓဘာသာ ဟာ မြန်မာလို့ အစပြုလာမယ့် ပျူခေတ်ကတည်းက ဒီတိုင်းပြည်မှာ ထွန်းကားခဲ့ တဲ့ ပြည်တည်ထောင်ဖက် ဘာသာ ပါ ။ မြန်မာ့ သမိုင်းအဆက်ဆက် ရှင်ဘုရင်တွေ က စလို့  လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိ ဘကကျောင်းကထွက်ခဲ့ကြတာပါ ။ ခေတ်အဆက်ဆက်ခေါင်းဆောင်များ ဘယ်သူတွေ ဘက ကျောင်းတွေနဲ့  ကင်းခဲ့ပါသလဲ ။ လက်ရှိလည်း ကျေးရွာတွေမှာ ဘက ကျောင်းတွေ လိုအပ်နေတုန်းပါ ။ မြို့ ပေါ်မှာလည်း မိဘမဲ့ ကလေးပေါင်း မြောက်မြားစွာဟာ အဲဒီ့ ဘက ကျောင်းတွေကို မှီခိုနေရဆဲပါ ။ ဗုဒ္ဓဘာသာ ဆိုတာ လက်ရှိ လည်း ဒီနိုင်ငံရဲ့  လူဦးရေ 70% နှုန်းလောက် ကိုးကွယ်နေတဲ့ ဘာသာပါ ။ မြန်မာနိုင်ငံ သူ့ ကျွှန်ဘ၀ရောက် ကတည်းက ကျေးလက်မြန်မာ့ပညာရေးကို ဘက ကျောင်းတွေနဲ့  ဘုန်းတော်ကြီးတွေက ကျားကန်ပေးခဲ့ကြတာပါ ။
ဒီကျေးဇူးတွေကိုမှ မထောက် ဘက ကျောင်းတွေ ဖွင့်ခွင့်ပေးပြီး အခြားဘာသာရေး အခြေခံကျောင်းတွေ ဖွင့်ခွင့် မပေးတဲ့ အတွက် နိုင်ငံတော် သီချင်းထဲက “ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ မြေ “ ဆိုတဲ့ စာသားကို ဆိုဖို့  ရှက်ကြတယ်ဆိုတဲ့ လစ်ဘရယ်အစွန်းရောက်တွေကို မေးချင်ပါတယ် ။ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လုပ်ရသလား ။ ဘကကျောင်းဖွင့်လို့ ရလား ။ အမေရိကန်မှာ သွားဖွင့်မယ့် ဘက ကျောင်းကို အမေရိကန် အစိုးရက တရားဝင် အသိအမှတ်ပြုမလား ။ လက်ခံမလား မေးချင်ပါတယ် ။ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိ မရှိ မူဆလင်ဦးရေ ဗလီအချိုး ၊ ခရစ်ယာန်ဦးရေ ချက်ကျောင်း အချိုးကို ကြည့်ကြပါ ။ မြန်မာရှင်ဘုရင်တွေ လက်ထက်ကတည်းက ကိုယ့်မြေမှာ အခြားဘာသာကို သာသနာလာပြု တဲ့ အဖွဲ့ ကို ၊မြေနေရာပေး ချတ်ကျောင်းဆောက်ခွင့် ပေးခဲ့တဲ့ နိုင်ငံပါ ။ စစ်ရှုံးလို့ ပါလာတဲ့ ဘာသာခြားသုံ့ ပန်းတွေ အတွက် ဗလီဆောက်ပေးပြီး မြေနေရာချထား ပေးခဲ့ တဲ့ နိုင်ငံပါ ။ ဒါတောင် ဘက ကျောင်းတွေ အပြိုင် စာသင်ကျောင်း ဖွင့်ခွင့် မရလို့  ရှက်တယ်ဆိုတော့ကာ ဘယ်လိုနားလည်ရမှန်း မသိတော့ပါ ။ သမိုင်းချင်းတူသလားလို့ ပဲ မေးချင်ပါတယ် ။
အဲ့ဒီတော့ အခြားဘာသာရေးအခြေခံ စာသင်ကျောင်းတွေ ဖွင့်ခွင့် မရလို့  ဒီဆန္ဓပြ ပွဲကြီးကို မရုတ်နိုင်ဘူး ဆိုခဲ့ရင်တော့ အမျိုးသားရေး မောင်နှမများ အားလုံးကို လည်း တောင်းပန်ပါတယ် ။ ကျွှန်တော်တို့ ပဲ ဘက ကျောင်းတွေကို ဖျက်ပေးလိုက်ကြရအောင်လားဗျာ ။ လက်ရှိ လူဦးရေ 70%ကျော်ကိုးကွယ်တဲ့ ပြည်တည်ထောင်ဖက်ဘာသာတစ်ခုအတွက် ဒီလောက်တောင် အခွင့်ခံစားခွင့် မရှိဘူးဆိုရင် ကျွှန်တော်တို့ ပဲ လျှော့ လိုက်ကြရအောင်လေ ။ ဒီနိုင်ငံ အနာဂတ်အတွက် အခြား ဘာသာရေးအခြေခံကျောင်းတွေကို တော့ ဖွင့်ခွင့်မပေးပါရစေနဲ့  ။ တိုင်းရင်းသား ဘာသာ စကား တွေလည်း တိုးတက်စေချင်ပါတယ် ။ အခြေခံကတည်း က တိုင်းရင်းသား လူမျိုးအလိုက် စာသင်ချိန်တွေမှာ တစ်ချိန်သက်သက်ယူပြီး တိုင်းရင်းသား ဘာသာသင် ၊ တဖြည်းဖြည်းချင်း အဆင့်မြှင့် ၊နောက် ဆုံး တက္ကသိုလ်တွေမှာပါ BA မြန်မာစာ လိုမျိုး ၊ BA ရှမ်းစာ ၊တို့  BA ကရင်စာ တို့အထိ လုပ်ကြပါ ။ ကန့် ကွက်ရန် မရှိပါ ဗျာ ။ သင်ရိုး ကိုတော့ မိခင်ဘာသာစကား အခြေပြု လို့  မလုပ်ကြပါနဲ့ ။မိခင်ဘာသာစကား အခြေပြုဆိုရင် ကျွှန်တော်တို့ လို ၀န်ထမ်းသားသမီးတွေက ကရင်ပြည်နယ်ပြောင်းရင် ကရင်လိုသင်လိုက် ကယားပြောင်းရင် ကယားလိုသင်လိုက် ၊ရှမ်းပြောင်းရင် ရှမ်းလိုသင်လိုက်နဲ့ ဘယ်လိုလုပ် စာတတ်ပါတော့မလဲလေ ။
လူတွေဆိုတာ တစ်ယောက်နဲ့  တစ်ယောက် အမြင်မတူတဲ့ အတွက် လွတ်လပ်စွာ ကွဲလွဲခွင့် ရှိတယ်ဆိုတာ နားလည်ပါတယ် ။ ကွဲလွဲခွင့် ဆိုတာကို အပြန်အလှန်လေးစားဖို့ အတွက်က တစ်ယောက်နဲ့  တစ်ယောက် ရိုးသားတယ်ဆိုတာကို ယုံကြည်မှု ရှိဖို့ လိုပါတယ် ။ ကျွှန်တော်ကတော့ NNER ကို လုံးဝကို ယုံလို့ မရတော့တာက အထက်က အချက်တွေကို အရင်ပညာရေးဥပဒေဆွဲကတည်းက ထည့်ဖို့ ကြိုးစားခဲ့လို့  ဆရာ ဆရာမကြီးတွေက မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ် ရှင်းပြပြီးသားပါ ။ ဒါကို သပိတ်မှောက်တဲ့ နည်းနဲ့  ထပ်ထည့်ဖို့ ကြိုးစား လာကတည်းက အဖြေက ရှင်းနေပါပြီ ။ဒါပြင် ဥပဒေပြင်ဖို့ ထက် ရန်ကုန်ဝင်ဖို့ က ပိုအရေးကြီးနေလေတော့ ပိုရှင်းသွားတယ် ဆိုရမှာပါ ။
ဒီ ပညာရေး ဥပဒေ ပြသနာဟာ ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် အန္တရာယ်ကြီးတာ မဟုတ်ပါဘူး ။ ကျွှန်တော်တို့  တစ်နိုင်ငံလုံးကို အစိတ်စိတ်ခွဲမယ့် ရေရှည်စီမံကိန်းပါ ။ နောက်ဆုံးပြောချင်တာကတော့ တိုင်းပြည်တစ်ပြည်မှာ ပြည်သူလူုထုနဲ့ တန်တဲ့ အစိုးရပဲ ရမယ်ဆိုတာ လက်ခံတဲ့ အတွက် ဘယ်အစိုးရတက်တက် သိပ်စိတ်မ၀င်စားဘူး ။ ပြည်သူလူထု ဥာဏ်ရည် နဲ့ စိတ်ဓာတ်အဆင့်အတန်း မြင့်မားလာဖို့ ကို ပိုစိတ်ဝင်စားပါတယ် ။ အဲဒီတော့ ခင်များတို့ ဘာသာ အမုန်းကြောင့် ဖြစ်ဖြစ် ၊ အငြိုးကြောင့်ဖြစ်ဖြစ် ၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖြစ်ဖြစ် ၊ ပိုက်ဆံကြောင့်ဖြစ်ဖြစ် လက်ရှိ အစိုးရကို ဖြုတ်ချချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ဖြုတ်ချကြပါ ။ထူးပြီး ၀မ်းနည်းရန် မရှိပါလေ ။ ဒါပေမယ့် မြန်မာ ဆိုတဲ့ အမည်နဲ့  လက်ရှိ မြန်မာနိုင်ငံဆိုတဲ့ နယ်နမိတ်ဖြစ်ပေါ်လာဖို့  အနော်ရထာလက်ထက်က စလို့  ခေတ်အဆက်ဆက် ကျွှန်တော်တို့  ဘိုးဘွားတွေရဲ့ သွေးနဲ့  တည်ဆောက်ခဲ့ရတာပါ ။ ခင်များတို့  လိုဘ တစ်ခုအတွက် မြန်မာနိုင်ငံ နဲ့  မြန်မာ ဆိုတဲ့ အမည်ရဲ့  အနာဂတ် ကို သတ်မပစ်ကြပါနဲ့ လို့  ပဲ ပြောချင်ပါတယ် ။
Credit to : Wai Nwe Lwin
Saturday, March 7, 2015
လက်ရှိ အစိုးရကို ဖြုတ်ချချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ဖြုတ်ချကြပါ ။ ထူးပြီး ၀မ်းနည်းရန် မရှိပါလေ ။ ဒါပေမယ့် … လိုဘ တစ်ခုအတွက် မြန်မာနိုင်ငံ နဲ့  မြန်မာ ဆိုတဲ့ အမည်ရဲ့  အနာဂတ် ကို သတ်မပစ်ကြပါနဲ့ 
Saturday, June 28, 2014
ထူးထူး (တောင်ငူ) – မတားပါနဲ့ ဆရာမရယ် June 25, 2014
အခု ဒီမိုကရေစီကိုသွားနေပါတယ်ဆိုတဲ့ စာရေးသူတို့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေ နိုင်ငံရေးကင်းရှင်းရမည်၊ နိုင်ငံရေးမလုပ်ရဘူး…. မဟုတ်ရင် အဆောင်ကနေနှင်ထုတ်ခံရမည်၊ ကျောင်းထုတ်ခံရမည်၊ ကျောင်းသားတွေအဖွဲ့အစည်းတွေနဲ့ ကင်းရှင်းရမည် ဆိုပြီး ဆရာ၊ဆရာမ တွေကိုယ်တိုင် ပြောနေဆိုနေတာကို မြင်နေ၊ တွေ့နေ၊ကြားနေ ရတော့ စာရေးသူရင်ထဲ ဘယ်လိုမှ ခံစားလို့မရဘူးဖြစ်နေတာကြာပြီ…
စာရေးသူဟာ မြန်မာပြည်မှာတုန်းကလည်း စီးပွားရေး ကျောင်းသားတစ်ယောက်ပါ၊ အခု နယူးဇီလန် ရောက်တော့လည်း စီးပွားရေးမှာ စာရင်းကိုင်ပညာ နဲ့ စီမံခန့်ခွဲမှုပညာ ကို (အထူးပြု)ဆက်လက် သင်ကြားနေတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ယောက်ပါ။
အခုတော့ ဒုတိယနှစ် အတန်းတင်စာမေးပွဲကလည်း ဖြေပြီးသွားတော့ ရင်ထဲ ကျလီ့ ကျလီ့ ဖြစ်နေတာကို မနေနိုင်တော့လို့ ရေးပါရစေတော့… စာရေးသူဟာ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဆရာသမားများကို အမြဲ ကြည်ညိုလေးစားတဲ့ ကျောင်းသားတစ်ဦးပါ… ဆရာသမားများအပေါ်၌ ပြစ်မှား၊ စော်ကားလိုသော စိတ်ဆန္ဒ စိုးစဉ်းမျှမရှိတာ အမှန်ပါ…
ပညာရေး နှင့် နိုင်ငံရေး
မြန်မာပြည်မှာ ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရမည်လို့ ပြောနေတဲ့ ဆရာ၊ ဆရာမ များကို စာရေးသူ ရိုသေလေးစားစွာ မေးချင်တဲ့ မေးခွန်းကတော့ ပညာရေး နှင့် နိုင်ငံရေး ကင်းလို့ရလို့လား….
စာရေးသူ ပညာသင်ကြားနေတဲ့ Waikato Institute of Technology (Wintec) ကျောင်းတော်ကြီး၏ Centre of Business က ဆရာ၊ ဆရာမ တွေကတော့ ဘာပဲသင်သင် နောက်ဆုံး နိဂုံးချုပ်တာကတော့ များသောအားဖြင့် နိုင်ငံရေးနဲ့ အဆုံးသတ်တာများပါတယ်။
ပထမနှစ်မှာ မသင်မနေရသင်ကြားရတဲ့ မော်ဂျူး (ဘောဂဗေဒဘာသာရပ်) မှာ တစ်နှစ်ပတ်လုံး ဘာပဲ သင်သင် ဆရာမ နောက်ဆုံး အဆုံးသတ်သွားတာကတော့ နိုင်ငံရေးနဲ့ပါပဲ။ နိုင်ငံ၏ စီးပွားရေး၊ ကမ္ဘာ့ စီးပွားရေး (Macroeconomic) ကို သင်နေတဲ့ အချိန် ပိုတောင် ပါသေးတယ်… တစ်ချိန်လုံး အခု အာဏာရပါတီ (အစိုးရ) က ဘယ်လို မူဝါဒတွေနဲ့၊ ဘယ်လို စီးပွားရေးကိုလုပ်နေတာ… နိုင်ငံ၏ GDP( Gross Domestic Production) ကုန်ထုတ်စွမ်းအား၊ (Gross National Expenditure) တစ်နှစ်တာအသုံးစရိတ်တွေ၊ (Gross National Income) တစ်နှစ်တာ ၀င်ငွေ၊ နောက် အစိုးရ ဘတ်ဂျက် (Budget)၊ အစိုးရမှာ ဘတ်ဂျက် လိုငွေပြနေလား ဒါမှမဟုတ် ပိုငွေပြနေလား… ငွေကြေး နဲ့ ပတ်သက်ပြီး Monetary Policy ကို ကျင့်သုံးနေတာလား၊ (သို့) Fiscal Policy ကို အသုံးပြုနေတာလား…. ဒါတွေကို သင်နေတဲ့ အချိန်မှာ နိုင်ငံရေး မပါလို့ရမလား….
စာရေးသူတို့ရဲ့ နယူးဇီလန်သူ (Kiwi) ဘောဂဗေဒ ဆရာမကတော့ တစ်ချိန်လုံး အစိုးရ Websites တွေကို ၀င်ဖတ်ဖို့၊ လေ့လာဖို့၊ အစိုးရ ဘာလုပ်နေတယ်၊ ဘယ်လိုမူဝါဒတွေ ကျင့်သုံးနေတယ်ဆိုတာ သူကိုယ်တိုင်လည်း ပြောပြတယ်၊ ကျောင်းသားတွေကိုလည်း လေ့လာခိုင်းတယ်… အင်တာနေရှင်နယ်လ် ကျောင်းသားတွေကို တောင် နယူးဇီလန်ရဲ့ နိုင်ငံရေးကို လေ့လာဖို့ အမြဲတိုက်တွန်းတယ်… “မင်းတို့တွေ ဘွဲ့ရဖို့ အနည်းဆုံး (၃) နှစ် နယူးဇီလန်မှာ နေရမယ်… အဲ့ (၃)နှစ် အတွင်း နယူးဇီလန် ဘာဖြစ်နေတယ်… ဘယ်ကို သွားနေတယ် ဆိုတာ မင်းတို့နဲ့လည်းဆိုင်တယ်… ဒီနိုင်ငံသား ကျောင်းသားတွေဆို ပိုလိုတောင်ဆိုင်သေးတယ်… မင်းတို့ရဲ့ မဲတစ်ပြားကို ဘယ်သူ့ကို ပေးမလဲ… ဘာကြောင့်လဲ… မင်းတို့ မဲပေးမယ့် ပါတီ၊ ခေါင်းဆောင် ဘာလုပ်နေလဲ… ဘာတွေ ဖြစ်လာနိုင်သလဲ… ဒါတွေကို မင်းတို့စိတ်မ၀င်ဘူးဆိုရင်တောင်… ဒါတွေက မင်းတို့ကို တိုက်ရိုက် ပက်သက်လာလိမ့်မယ်… လုံးဝရှောင်လို့မရဘူး… စိတ်ချ…. ဒီနိုင်ငံမှာရှိတဲ့၊ ဒီနိုင်ငံကထွက်တဲ့ သဘာဝသယံဇာတတွေရဲ့ ပိုင်ရှင် အစစ်ကမင်းတို့တွေ…
မင်းတို့ မိဘတွေ၊ အဖိုးအဖွားတွေ ရဲ့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံနဲ့ ဒီအစိုးရ လည်ပတ်နေတာ… မင်းတို့ ပိုက်ဆံကို ကိုင်နေတဲ့သူတွေ၊ မင်းတို့ပိုင်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲ နေတဲ့ သူတွေ အကြောင်းကို သိအောင်လုပ်ရမှာ… အဲ့လူတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်ရင် ကန့်ကွက်ရမှာ… ထောက်ပြရမှာ… လိုအပ်ရင် မဲလုံးဝ မပေးရမှာ… အဲ့ဒါ မင်းတို့တာဝန်” ။
ဆရာမရဲ့ ကျောင်းခန်းတွင်း ပို့ချနေတဲ့ သင်ခန်းစာ တွေသည်ပင်လျှင် နိုင်ငံရေးနဲ့ မကင်းပါဘူး။ ကိုယ့်တပည့်ကို တကယ်တော်စေချင်လို့၊ တတ်စေချင်လို့ စေတနာအပြည့်နဲ့ ပြောနေတယ်၊ သင်နေတယ်ဆိုတာ ကျောင်းသားတိုင်းနားလည်တယ်…
နားလည်လို့လဲ လက်ခံသင့်၊မခံသင့် ကျောင်းသားကစဉ်းစားတဲ့ အခါမှာ ဒါဟာလုံးဝ အမှန်တရားကြီး။ ဒါကြောင့်မို့လို့ ကျောင်းသားတွေက ဆရာမပြောတာကို လက်ခံတယ်… ဆရာမ ပြောတဲ့ အတိုင်း နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ လေ့လာကြတယ်… ဆရာမ ကို ပိုပြီးလေးစားမိလာတယ်…
ကီဝီဆရာများ နဲ့ မြန်မာဆရာများ
စာရေးသူတို့ ကျောင်းက ဘောဂဗေဒဘာသာရပ်သင်တဲ့ (Kiwi) ဆရာမကတော့ တပည့်တွေ နိုင်ငံရေး စိတ်မ၀င်စားမှာ စိုးရိမ်လို့ လေ့လာဖို့ တိုက်တွန်းသလို… ပြီးခဲ့တဲ့ ပထမနှစ် အတန်းတင် စာမေးပွဲ ဖြေခါနီး ကျောင်းသားတွေဆီ e-mail ပို့တယ်… နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး အခု တောင်ကိုရီးယားရောက်နေတယ်… တောင်ကိုရီးယားနဲ့ နယူးဇီလန် Free Trade စာချုပ်ချုပ်ဖို့ ဆွေးနွေးနေတယ်…. ဘယ် Websites တွေကို ၀င်ကြည့်ပါ…. နယူးဇီလန်အတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာနိုင်သလဲ… လေ့လာပါ။ ဘယ်နေ့ည၊ ဘယ်အချိန်မှာ နယူးဇီလန်လွှတ်တော်မှာ ဒါကိုဆွေးနွေးမယ်… အဲ့ဒါ ဘယ်အချိန်မှာ တိုက်ရိုက် လွှင့်မယ်… ဘယ်နေ့မှာ ဟိုက်လိုက် ပြန်လွှင့်မယ်… သေသေချာချာ ကြည့်ပါ…. အဲ့ဒါ ငါမင်းတို့ကို စာမေးပွဲမှာအမှတ် (၂၀) ဖိုးမေးမယ်ဆိုပြီး e-mail ပို့လာပါတယ်…
စာရေးသူပြောချင်တာက ကျောင်းကသင်တဲ့စာကို လက်တွေ့လုပ်ငန်းခွင်၊ လူမှုဘ၀ထဲမှာ ပြန်အသုံးချနိုင်ဖို့ ဆိုရင် ဒီသင်ရိုးညွှန်းတမ်း၊ သင်ခန်းစာတွေ၊ ပြဋ္ဌာန်းစာအုပ်တွေဟာ လက်တွေ့လောကနဲ့ သဟဇာတ ဖြစ်ဖို့ လိုမယ်လို့ထင်သလို၊ သင်တဲ့ ဆရာ၊ဆရာမ တွေကလည်း ကျောင်းသားကို လက်တွေ့ဘ၀ထဲမှာဖြစ်ပျက်နေတဲ့ အရာတွေနဲ့အမြဲထိတွေ့နေအောင်၊ စာတွေ့ နဲ့ လက်တွေ့ ချိန်ထိုးကြည့်တတ်အောင်တိုက်တွန်းဖို့ လိုမယ်လို့ထင်ပါတယ်။ တခြားဘာသာရပ်သင်တဲ့ ဆရာတွေလည်း သင်ခန်းစာသင်နေရင်းနဲ့ကိုပဲ နိုင်ငံရေး ကပါ ပါလာတာပါပဲ… ရှောင်လို့မရပါဘူး။ မြန်မာပြည်က ဆရာ၊ ဆရာမ အများစု ကတော့ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး ဆိုတာကို ခေါင်းထဲ စွဲနေပုံရတယ်…
ဒီလောက် ကျောင်းသားတွေ နိုင်ငံရေးကိုစိတ်ဝင်စားတာ၊ တိုင်းပြည်အရေးကို စိတ်ပါလက်ပါ လေ့လာဆောင်ရွက်တာ… ဒါတွေဟာ အနာဂတ်နိုင်ငံတော်အတွက် ကောင်းတဲ့ လက္ခဏာတွေ…. ဒါတွေကို မလုပ်အောင်၊ ရပ်တန့်အောင် လုပ်နေတာတွေဟာ(ခြိမ်းခြောက်နေတာတွေဟာ) တိုင်းပြည်အပေါ်စေတနာရှိတဲ့ လုပ်ရပ်တွေလား…
ဒါမှမဟုတ် ကြောက်လို့လုပ်နေတာတွေလား…. ကြောက်လို့လုပ်တာဆိုရင်… လွှတ်တော်ဥက္ကဋ္ဌ ကလည်း ပြောထားတယ်… အမှန်တရားအတွက် မကြောက်ပါနဲ့… ခေတ်တွေပြောင်းသွားပါပြီတဲ့…
ဒီမျိုးဆက်သစ် ကျောင်းသားတွေ ဟာ တစ်ချိန်မှာ တိုင်းပြည်တာဝန်တွေကို ပခုံးထမ်းသယ်ပိုး ဆောင်ရွက်မယ့် အနာဂတ်ခေါင်းဆောင်တွေလေ … သူတို့တစ်တွေ နိုင်ငံရေး ကို စိတ်ဝင်စားလေလေ…
သူတို့တစ်တွေရဲ့ အတွေးအခေါ်တွေ၊ စဉ်းစား ထိုးထွင်း သိမြင်တဲ့ ဥာဏ်တွေ ထက်လာလေလေ… စာရေးသူတို့ အမိ မြန်မာပြည်ကြီး နောင်ရေး စိတ်အေးရလေလေပေါ့ဗျာ… မဟုတ်ဘူးလား…
ဒါမှမဟုတ် စစ်တက္ကသိုလ်နောက်ဆုံးနှစ် တတ်နေတဲ့ သားတော်မောင်အတွက်လား…. အိမ်ဦးနတ်က တပ်ရင်မှုးမို့လို့လား…. ရာထူးတတ်ချင်လို့လား….. အဲ့ဒါဆိုလည်း စစ်တက္ကသိုလ် ကိုသာ ပြောင်းသွားပြီး အဲ့မှာ စိတ်ပါ လက်ပါ သင်ကြားပါလို့…
ဆရာမရယ် မကူညီချင်နေပါ… မနှောင့်ယှက်ပါနဲ့လို့ တောင်းပန်ပါရစေ….။
(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)
Wednesday, June 18, 2014
ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော (၅)ကြိမ်မြော်က် ကိုရီးယားဘသာစကားသင်တန်းများ ဖွင့်လှစ်မည်
ချစ်ခင် လေးစားရပါသော ရွှေ မြန်မာ အစ်ကို တို့ မောင် တို့ရှင့်
ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ မှ ရွှေမြန်မာများအတွက် ပူးပေါင်း ပြုလုပ်ပေးသော ကိုရီးယားဘာသာ အခမဲ့ ငါးကြိမ်မြောက် သင်တန်းများကို ဂင်မဲဓမ္မယာန ပြည်တော်ဦးဘုန်းကြီး ကျောင်းနှင့် ဂွမ်ဂျူး ပြည်တော်ဦးဘုန်းကြီး ကျောင်းများတွင်၂၀၁၄-၆-၂၂ မှ ၂၀၁၄-၈-၂၄ အထိ အပတ်စဉ် တနင်္ဂနွေတိုင်း ဆယ်ပတ်ကြာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါတယ်ရှင့်။ ပြုလုပ်ခဲ့ပြီးဖြစ်သော သင်တန်းများတွင် လေးကြိမ်တိုင်တိုင် ကြိုးကြိုးစားစား တက်ရောက် သင်ကြားခဲ့သော သင်တန်းသားဟောင်းများ အပြင် အသစ် အသစ်သော သင်တန်းသားများ အောက်ပါ တာဝန်ခံ ဆရာ/ဆရာမများထံ ဆက်သွယ် သင်တန်းစာရင်းသွင်း တက်ရောက် နိုင်ပါတယ်ရှင့်။ ယခု သင်တန်းတွင် မြန်မာဆရာ/ဆရာမများ အပြင် ကျွန်မတို့ ရွှေမြန်မာများ ကိုရီးယားစကားပြော အရည် အသွေး တိုးတက်စေရန် ကိုရီးယားလူမျိုး ဆရာများမှ Free korean topik သင်တန်းကိုလဲ ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့်။
ဂင်မဲ ဓမ္မယာန ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် အောက်ပါ တာဝန်ခံဆရာ/ဆရာမများမှ
တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။
Level 1 (အခြေခံမှ စသင်သော သင်တန်းပါ။)
ဆရာမ ခင်ချမ်းမြေ့အောင် Ph- 010-5953-7141 နေ့လည် ၂နာရီ မှ ၄နာရီ
Level 2
ဆရာမ ခင်ငြိမ်းဆင့် ph- 010-6452-6730 နေ့လည် ၂နာရီ မှ ၄နာရီ
Level 3
ဆရာ စိုးလွင်လွင် ph- 010-2600-1294 နေ့လည် ၁၂နာရီ မှ ၂နာရီ
Level 4
ဆရာမ ငွေကြည်မျိုးနိုင် ph- 010-4170-0556 နေ့လည် ၁၂နာရီ မှ ၂နာရီ
ဂွမ်ဂျူး ပြည်တော်ဦး ဓမ္မယာန ဘုန်းကြီးကျောင်းတွင်
Level 2 နှင့် Level 3 သင်တန်းများကို
ဆရာမ ဒေါ်ခင်သူဇာ ph- 010-575-65641 နေ့လည် ၁၂နာရီ မှ ၃နာရီ အထိ တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။
သင်တန်းရွေးချယ်မှု့၊ ယခု သင်တန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။
ဘူဂယောင်းတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖြစ်သော ကျွန်မတို့ မောင်နှမ တစ်စုမှ ရွှေမြန်မာ အစ်ကိုတို့ ကိုရီးယားစကားအရည်အသွေး မြင့်မားလာရန် ကျွန်မတို့ တတ်စွမ်းသမျှဖြင့် ကူညီပေးချင်ပါတယ်ရှင့်။ သင်တန်းသား အဟောင်းများအပြင် အသစ်အသစ်သော သင်တန်းသားများ တက်ရောက်နိုင်ရန် မျှော်လင့်ပါတယ်ရှင့်။
Sunday, June 15, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ June 14, 2014
နိုင်ငံရေးကို ဆွေးနွေးရေးသားတယ် ဆိုသော်လည်း မိမိအနေနဲ့ကတော့ ဗုဒ္ဓဓမ္မရှုထောင့်မှလည်းပဲ အခြေအနေအရပ်ရပ်ကို စဉ်းစားသုံးသပ်ပါတယ်။ ဗုဒ္ဓဓမ္မဆိုတာ ဗုဒ္ဓက ရော်ရမ်းမှန်းဆပြီး အထင်အမြင်ကို ဟောကြားထားခြင်းမဟုတ်သလို ဗုဒ္ဓရဲ့ တီထွင်ဖန်တီး ဟောကြားထားမှုလည်း မဟုတ်ပါ။ ဗုဒ္ဓဓမ္မဆိုတာ သဘာဝအရှိတရားကို ဥာဏ်တော်နဲ့ ထိုးထွင်းသိမြင်ပြီး ဟောကြားထားခြင်းသာ ဖြစ်ပါတယ်။
ဗုဒ္ဓဟောကြားထားတော်မူခဲ့တဲ့ အရှိတရား သဘာဝဓမ္မဆိုတာ ဗုဒ္ဓပွင့်သည်ဖြစ်စေ၊ ဗုဒ္ဓမပွင့်သည်ဖြစ်စေ လောကမှာ ရှိနှင့်ပြီးသား အမှန်တရားပါ။ ဗုဒ္ဓဓမ္မဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဓမ္မဟာ လူမျိုးတစ်မျိုး ဘာသာတစ်ခုဆိုတဲ့ ဘောင်ကျဉ်းကျဉ်းထဲမှာ တည်နေတာလည်း မဟုတ်ပါဘူး။
ဓမ္မကို နားလည်သူဖြစ်စေ၊ ဓမ္မကို နားမလည်သူဖြစ်စေ၊ မည်သူအတွက်မဆို ဓမ္မဟာ ဓမ္မလမ်းကြောင်းအတိုင်းသာ သွားပါတယ်။ တရားဓမ္မဆိုတာ မျက်နှာမလိုက်ပါ။
ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ ဓမ္မလမ်းကြောင်းကို လိုက်နာမှုကြောင့် ပေါ်ပေါက်လာမယ့် ကောင်းကျိုးတွေကို ဗုဒ္ဓကိုယ်တော်တိုင်လည်း တွန်းလှန်ဖယ်ရှား ဟန့်တား၍ မရနိုင်ပါ။
ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဘယ်တန်ခိုးရှင်မှလည်း မကာကွယ်နိုင်သလို ဘယ်ယတြာနဲ့မျှလည်း မန်းမှုတ်တားဆီးမပေးနိုင်ပါ။
ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ကမ္မဝါဒဆိုတာ အကြောင်းကြောင့် အကျိုးရလဒ် ဖြစ်ပေါ်ပုံကို ထုတ်ဖေါ်ဟောကြားထားတော်မူခဲ့တဲ့ သဘာဝနိယာမတရား ဖြစ်ပါတယ်။
ကမ္ဘာ့သာသနာပြုဖြစ်တော်မူသော ဘဒ္ဒန္တသေဋ္ဌိလ ဆရာတော်ဘုရားကြီး၏ ကမ္မဝါဒဖွင့်ဆိုချက်ထဲမှ တချို့ကို ထုတ်နှုတ်ပြပါရစေ။
Kamma is neither fatalism nor a doctrine of predetermination. The past influences the present but does not dominate it, for Kamma is past as well as present. The past and the present influence the future. The past is a background against which life goes on from moment to moment. The future is yet to be. Only present moment exists and the responsibility of using the present moment for good or for ill lies with each individual.
ပြုလုပ်မှု ကံ ဆိုတဲ့ ကမ္မဝါဒဟာ တရားသေဝါဒ (ဧကန်မုချ) မဟုတ်သလို ကြိုတင်ဆုံးဖြတ်စီမံထားမှုဝါဒလည်း မဟုတ်ပါဘူး။ အတိတ်က ပြုလုပ်ခဲ့မှုဟာ ပစ္စုပ္ဗန်ကို လွှမ်းမိုးမှုရှိသော်လည်း စိုးမိုးချယ်လှယ်နေတာတော့ မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကံဆိုတာ အတိတ်ကံရော ပစ္စပ္ဗန်ကံပါ ပါဝင်နေလို့ပါ။ အတိတ်နဲ့ ပစ္စုပ္ဗန်မှာ ပြုလုပ်မှုတွေဟာ အနာဂတ်ကို လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။ ယခု ရရှိထားတဲ့ ဘဝရဲ့ ခဏတိုင်း ခဏတိုင်းဟာ အတိတ်နောက်ခံ အကြောင်းတရားအပေါ်မှာ အခြေခံထားပါတယ်။ ကံရဲ့ အနာဂတ်အကျိုးတရားက ရောက်မလာသေးပေမယ့် ယခု ပစ္စုပ္ဗန်ကံကတော့ ကိုယ့်လက်ထဲမှာ ရှိနေပါတယ်။ ပစ္စုပ္ဗန်ကံကို ကောင်းစွာ အသုံးချမလား လွဲမှားဆိုးရွားစွာ အသုံးချမလားဆိုတာ ကိုယ့်ရဲ့ တာဝန်သာ ဖြစ်ပြီး လူတစ်ဦးစီချင်းရဲ့ ရွေးချယ်ဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
(၂)
လူနှစ်သိန်းနီးပါး အသက်ဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ထောင်ပေါင်များစွာသော ပြည်သူလူထုကြီးကို အကူအညီပေးဖို့ ပြည်တွင်းပြည်ပမှ ရောက်လာကြသူတွေမှာ လူမျိုးပေါင်းစုံနဲ့ ဘာသာပေါင်းစုံမှ စေတနာရှင်များ ပါဝင်ကြပါတယ်။
ဒုက္ခသည်များကို အကူအညီပေးဖို့ ရောက်လာကြတဲ့ အလှူရှင်တွေကို ဟန့်တားပိတ်ပင်သူတွေ၊ ဒုက္ခသည်များအတွက် လှူဒါန်းပေးပို့လာကြတဲ့ အထောက်အပံ့ပစ္စည်းတွေကို ကြားမှ ခိုးယူရောင်းစား အလွဲသုံးစားလုပ်ကြသူတွေဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးစစ်စစ်တွေ ဖြစ်ကြပါတယ်။
ဒီပဲယင်း၊ လက်ပံတောင်းတောင်၊ ရွှေဝါရောင်၊ ၈၈ အရေးတော်ပုံကြီးနဲ့ ယခု လောလောလတ်လတ် မဟာသန္တိသုခကျောင်းကိစ္စ စသည် စသည် အရေးအခင်းအားလုံးမှာ အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြက်မှုတွေကို ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအားလုံးဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ ဖြစ်ကြပါတယ်။
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားခဲ့ကြသူ အာဇာနည် (၉) ယောက်ထဲမှ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ဟာ မူစလင်တွေပါ။
ဓမ္မပဒ၊ မိလိန္ဒပဥှာ၊ ဝိသုဒ္ဓိမဂ္ဂ စသည့် ဗုဒ္ဓဓမ္မ ကျမ်းစာပေါင်းများစွာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သူ စာပေပညာရှင် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်ဟာ ခရစ်ယာန်ဘာသာဝင်ပါ။
ဗုဒ္ဓဖြစ်လာခဲ့တဲ့ သိဒ္ဓတ္ထဂေါတမသည်ပင် မြန်မာလူမျိုး မဟုတ်ပါ။ လူအများ အခေါ်အဝေါ်နဲ့သာ ခေါ်ဝေါ်သုံးနှုန်း ရမယ်ဆိုရင်တော့ သိဒ္ဓတ္ထဂေါတမဟာ ကုလားလူမျိုး ဖြစ်ပါတယ်။
(၃)
လူတစ်ယောက်ကို လေ့လာအကဲဖြတ်ရာမှာ သူ့ရဲ့ မျိုးရိုးနဲ့ သူယုံကြည်ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်းကို ကြည့်လို့ မရပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ သူ့ရဲ့ စိတ်နေစိတ်ထားသာ ပဓာန ဖြစ်ပါတယ်။
မိမိအနေနဲ့ ၂၀၁၅ ခုနှစ်အလွန်မှာ အဖက်ဖက်မှာ ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ သမ္မတကို သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ စိတ်ကောင်းစေတနာ၊ သူ့ရဲ့ ရိုးသားဖြောင့်မတ်မှု၊ သူ့ရဲ့ ကိုယ်ကျိုးစွန့်လွှတ် အနစ်အနာခံမှုနဲ့ လူထုလေးစာယုံကြည်မှု စံတွေနဲ့သာ တိုင်းတာပါတယ်။ ထိုစံတွေနဲ့ အပြည့်စုံဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ထက် သာလွန်သူ တခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ပါ။
မိမိဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တစ်ခါမျှ မမြင်ဖူးသလို NLD မှ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့မျှလည်း မခင်မင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သန့်ရှင်းဖြူစင်မြင့်မြတ်တဲ့ စိတ်ဓါတ်ကို ဓမ္မအသိနဲ့ ယှဉ်ပြီး နားလည်သိမြင်ထားပါတယ်။
၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေး ရလာခဲ့သော်လည်း နစ်နာဆုံးရှုံးမှု အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ယခုတစ်ကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်ခွင့် မရခဲ့ပါက ပြည်သူလူထုအတွက် နောက်ထပ်တစ်ကြိမ် အတိုင်းအတာကြီးမားသော နစ်နာဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လိုက်ရပြန်ပြီလို့ပဲ ဆိုချင်ပါတယ်။
(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)
Thursday, June 12, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – အုပ်စု နှစ်ခု
June 11, 2014
အုပ်စု နှစ်ခု
အရှင်စန္ဒိမာ (မွန်စိန်တောရ) ၊ ဇွန် ၁၁၊ ၂၀၁၄
(၁)
ဗုဒ္ဓဓမ္မကို ဂဃနဏ နားလည်သဘောပေါက်သူ မှန်ပါက လူမျိုးစွဲ ဘာသာစွဲ ရှိမည် မဟုတ်ပါ။ ရွှေကျင်စွဲ သုဓမ္မာစွဲ ရှိမည် မဟုတ်ပါ။ လူစွဲသော်မှ ရှိမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အစမထင် ဘဝသံသရာမှာ အမြဲတမ်း လူ့ဘဝချည်း ရခဲ့တာ မဟုတ်လို့ပါ။
ဗမာလူမျိုးချည်း ဖြစ်ခဲ့တာ မဟုတ်သလို မွန်လူမျိုးချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ အရှေ့တိုင်းသားချည်း ဖြစ်ခဲ့တာ မဟုတ်သလို အနောက်တိုင်းသားချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။
ဘဝတိုင်း ဗုဒ္ဓဘာသာဝင်ချည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ ခရစ်ယာန်ဘာသာဝင်ချည်း ဖြစ်ခဲ့တာ မဟုတ်သလို အစ္စလမ်ဘာသာဝင်ချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ မြတ်စွာဘုရား အလောင်းတော်ပင်လျှင် ဘဝပေါင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့စဉ်ကာလမှာ ဘုရားသာသနာတော်နှင့် ကြုံတွေ့ခဲ့တာ (၉) ဘဝမျှသာ ရှိခဲ့ပါတယ်။ မြတ်စွာဘုရား အလောင်းတော်အနေဖြင့် ပါရမီဖြည့်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ များစွာသော ဘဝတွေဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ပါဘူး။
ဒီအချက်ကို ဓမ္မဓိဌာန်ကျကျ မျှမျှတတ ပြန်လည်စဉ်းစားပါက အင်မတန် စိတ်ထားမြင့်မြတ် ဖြူစင်ကြတဲ့ လူမျိုးခြား ဘာသာခြား ပုဂ္ဂိုလ်များဟာ တစ်နေ့နေ့ တစ်ချိန်ချိန် ဘဝတစ်ခုခုမှာ ပကတိသာဝက မဟာသာဝက စသည် အဖြစ်ဖြင့် ကျွတ်တန်းဝင်မယ့် အလောင်းလျာတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူ ငြင်းနိုင်ပါ့မလဲ???
ဝိပဿနာဥာဏ်ဖြင့် ရုပ်ဓမ္မ နာမ်ဓမ္မကို အမှန်တကယ် မြင်ပါက ထိုထိုအစွဲများ ရှိတော့မည်မဟုတ်ပါ။ ထိုထိုအစွဲသည်ပင် လူမျိုးရေးအစွန်းရောက် ဘာသာရေးအစွန်းရောက် ဝါဒစွဲအစွန်းရောက် အာဏာစွဲအစွန်းရောက်အဖြစ်သို့ တွန်းပို့နေတာပါ။ ထိုထို အစွဲများ ရှိနေခြင်းသည်ပင် ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရကို မမြင်သေးဘူးဆိုတာကို ဖေါ်ပြနေတာပါ။
ရုပ်နာမ်ဓမ္မကို အသာထား။ သတ္တဝါအားလုံးအပေါ် မေတ္တာမထားနိုင်သေးသမျှ ဘုရားအဆုံးအမကို အမှန်တကယ် လိုက်နာသူလို့ မဆိုနိုင်သေးပါ။
(၂)
သို့သော် လူမျိုးဘာသာမရွေး နေရာဒေသမရွေး လူရှိနေသရွေ့ အစွန်းရောက်တဲ့ လူတွေလည်း ရှိနေအုံးမှာပါ။ သူတစ်ပါး အစွန်းရောက်မှုကြောင့် မိမိတို့ ပြန်လှန်အစွန်းရောက်ရန် မလိုအပ်ပါ။ အစွန်းရောက်မှုကို အစွန်းရောက်မှုဖြင့် တုံ့ပြန်နေသရွေ့ ပြဿနာ ကြီးသထက် ကြီးထွားလာရန်သာ ရှိပါတယ်။
အစွန်းရောက်စိတ်ဓါတ်ဟာ မွေးမြူရန်မဟုတ်။ ပယ်ရှားရန်သာ ဖြစ်ပါတယ်။ အစွန်းရောက်သူများဟာ လူများစုကို ကိုယ်စားမပြုပါ။ အစွန်းရောက်သူ ၀.၀၁ ရာခိုင်နှုန်းရဲ့ စကားတွေကို အေးအေးချမ်းချမ်း နေလိုကြတဲ့ သာမာန်ပြည်သူ ၉၉.၉၉ ရာခိုင်နှုန်းအနေနဲ့ နားမယောင်သင့်ပါ။
လူမျိုးရေးအစွန်းရောက်စိတ်၊ ဘာသာရေးအစွန်းရောက်စိတ်၊ ဝါဒစွဲအစွန်းရောက်စိတ်၊ အာဏာစွဲအစွန်းရောက်စိတ်တွေကြောင့် လူသားများ သေကြေပျက်စီးခဲ့ကြရတဲ့ သမိုင်းသင်ခန်းစာများကို မမေ့အပ်ပါ။
သို့သော် လူဆိုသည်မှာ တစ်ဦးနဲ့ တစ်ဦး ရုပ်ရည်ချင်းမျှသာ ကွာခြားနေတာ မဟုတ်ဘဲ အသိဥာဏ် အနိမ့်အမြင့်၊ အကျင့်သီလ ရင့်ကျက်တည်ငြိမ်မှု ရေချိန်တွေလည်း ကွာဟနေတာ လက်တွေ့မျက်မြင်ပါ။ ဒီလို ကွာဟချက်တွေဟာ ယေဘုယျအားဖြင့် အသက်အရွယ် အတွေ့အကြုံအရ ပြောင်းလဲလာတတ်ပေမယ့် ဒါကလည်း လုံးဝဥဿုံ မမှန်ပြန်ပါဘူး။ တသတ်လုံး လူသတ်ဖို့ အမိန့်ပေးလာခဲ့တဲ့ လူဟာ တတိယအရွယ် ရောက်လာတာတောင် ဒုံဟောင်းဟာ ဒုံဟောင်းပါပဲဆိုတာ အာဏာရှင် ဦးနေဝင်းရဲ့ နောက်ဆုံးမိန့်ခွန်းက သက်သေခံနေပါတယ်။
(၃)
ကမ္ဘာပေါ်မှာ ရှိကြတဲ့ အာဏာရှင်တွေကို ကြည့်လိုက်ရင် တူညီတဲ့ အချက်များစွာကို တွေ့ရပါလိမ့်မယ်။ အဲဒီအထဲမှာ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်တာ၊ သူတို့ရဲ့ မိသားစု ဆွေမျိုးအဝန်းအဝိုင်းနဲ့ အာဏာရှင်စနစ် တည်မြဲရေးနဲ့ ကိုယ်ကျိုစီးပွါးအတွက် အပြန်အလှန် ကျေးဇူးရှိကြတဲ့ ရေပေါ်ဆီ အခွင့်ထူးခံ ခရိုနီ လူတန်းစားဆိုတဲ့ ကျဉ်းမြောင်းတဲ့ လူမှုအသိုက်အဝန်းထဲမှာ စည်းစိမ်ခံစားကာ ကျေနပ်နှစ်သိမ့် ပျော်မွေ့ နေကြတာတွေကတော့ တထပ်တည်း တူကြတယ်။
သူတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူချင်မှ တူမယ်။ ဥပမာ မြောက်ကိုးရီးယားဆိုရင် ကွန်မြူနစ်စနစ်ကို လက်ခံကျင့်သုံးတာ ဆိုတော့ ဘာသာမဲ့ပဲ ဆိုပါတော့။ ဆီးရီးယားကေတာ့ အစၥလမ္ဘာသာပါ။ မြန်မာနိုင်ငံကတော့ သိကြတဲ့အတိုင်း ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံသားများကို ဖိနှိပ်အုပ်ချုပ်တာ၊ အာဏာမြဲဖို့ ဘယ်သူသေသေ ငတေမာပြီးရော မူကို လက်ကိုင်ထားတာချင်းကတော့ တူကြတယ်။
တကယ်တော့ သူတို့ အမည်ခံထားတဲ့ ဘာသာတရား ယုံကြည်ကိုးကွယ်မှုဆိုတာ သူတို့ အာဏာမြဲရေးအတွက် လိုအပ်ရင် ခုတုံးလုပ် အသုံးချဖို့ထက် မပိုပါဘူး။ ဘယ်အမျိုးဘာသာကိုမှ သူတို့စောင့်မှာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိတယ်။ အာဏာ အသက်ဆက်ရေးအတွက် အထောက်အပံ့ဖြစ်မယ် ဆိုရင်တော့ ဘာမဆို ယူသုံးမှာပါ။ မျိုးစောင့်ဥပဒေမှ မဟုတ်ပါဘူး။
အရင်းစစ်လိုက်ရင် အာဏာရှင်တို့ရဲ့ ကိုးကွယ်တဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ မဟုတ်သလို အစ္စလမ်ဘာသာလည်း မဟုတ်ပါဘူး။ အာဏာသာလျှင် ကမ္ဘာပေါ်မှာ ရှိကြတဲ့ အာဏာရှင်တို့ရဲ့ ကိုးကွယ်ရာ ဘာသာ ဖြစ်တယ် ဆိုတာ သာဓက ထုတ်စရာ မလိုလောက်အောင် ထင်ရှားပြီးသားပါ။
(၄)
အာဏာရှင်စနစ်ကို အသက်ဆက်ချင်နေကြသူတွေကို အုပ်စု နှစ်ခု ခွဲလို့ ရနိုင်ပါတယ်။ ပထမအုပ်စုက အာဏာရှင်စနစ်ကြောင့် အကျိုးခံစားခွင့် ရနေကြသူများ ဖြစ်ပါတယ်။ ဒုတိယအုပ်စုက အာဏာရှင်များနဲ့ အာဏာရှင်လက်ဝေခံတွေရဲ့ မှိုင်းတိုက်မှုကို ခံရပြီး ကိုယ်ပိုင်ခေါင်း (ဦးနှောက်) မရှိသူများ ဖြစ်ပါတယ်။
ပထမအုပ်စုက လူလည်လူညစ်များဆိုတော့ သူတို့ရဲ့ အတ္တအတွက်ဆိုရင် ဘနဖူး သိုက်တူးမယ့် လူတွေမို့ ပြောစရာ ကုန်နေပါပြီ။ ဒုတိယအုပ်စုအတွက်ကတော့ စိတ်မကောင်းစရာပါ။
အာဏာရှင်ခေတ် တလျှောက်လုံးမှာ လူမျှိုးရေး ဘာသာရေး မှိုင်းတိုက်မှုတွေကို အာဏာရှင်တွေ မရိုးနိုင်အောင် ကျင့်သုံးခဲ့တယ်။ အာဏာရှင်တွေအတွက် ဒီကျင့်စဉ်ဟောင်းက ယနေ့အထိလည်း အသုံးတဲ့နေဆဲပါ။ မှိုင်းတိုက်သူတွေ ရှိနေလို့လည်း မှိုင်းတိုက်ခံရသူတွေ ရှိနေရတာပါ။ မှိုင်းတိုက်နည်း များစွာထဲမှာ ဘာသာရေးမှိုင်းတိုက်နည်းက လူဗိန်းကြိုက်မို့ အရင်းစိုက်ရ အနည်းဆုံးနဲ့ အသုံးအတဲ့ဆုံးပဲ ဖြစ်ပါတယ်။
ယနေ့ အပြောများနေတဲ့ ၅၉(စ) ကလည်း တကယ်တော့ စစ်အာဏာရှင်တွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဣဿာ မစ္ဆရိယ ပြယုဂ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ပြဌာန်းထားခဲ့တဲ့ ၅၉(စ)ကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် တည်ရှိနေသင့်တဲ့ ဥပဒေအဖြစ် အမြင်မှားနေကြသူတချို့လည်း ရှိနေပြန်တယ်။
အာဏာရှင်တို့ အလိုကျ ၂၀၀၈ အခြေခံဥပဒေကို ရေးခဲ့ကြတဲ့ လူတွေဟာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စေတနာနဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ဟန့်တားပိတ်ပင်ဖို့ ညစ်ပတ်တဲ့ ရည်ရွယ်ချက်နဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား ဆိုတာ စဉ်းစားဥာဏ်ရှိသူတိုင်း သိထားပြီး ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ နှင့် ၅၉(စ) မပြင်ဆင်ရေး တန်ပြန် ဆန္ဒပြနေကြသူတွေဟာ အထက်မှာ ဖေါ်ပြခဲ့တဲ့ အုပ်စု နှစ်ခုစလုံးမှ လူတွေ ပါဝင်နေမှာ သေချာပါတယ်။ စစ်အာဏာရှင်တွေက သူတို့ဟာသူတို့ ညစ်ပတ်တဲ့အကြံနဲ့ ၅၉(စ)ကို ပြဌာန်းခဲ့တာကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် ရှိသင့်တဲ့ ဥပဒေအဖြစ် မှိုင်းတိုက်သူတွေ ရှိနေသလို မှိုင်းတိုက်ခံရသူတွေ ရှိနေတာလည်း အမှန်ပါပဲ။
(၅)
ဗုဒ္ဓမြတ်စွာ ပွင့်ပေါ်တော်မူလာခြင်းဟာ ဗုဒ္ဓကို ယုံကြည်ကြသူများအတွက်မျှသာ မဟုတ်ပါ။ ၃၁ ဘုံမှာ တည်ရှိကြတဲ့ သတ္တဝါဝေနေယျများအားလုံးအတွက် ပွင့်ပေါ်တော်မူလာခြင်း ဖြစ်ပါတယ်။
ဘုရားလောင်း အကိတ္တိရှင်ရသေ့ရဲ့ ဆုတောင်းများဟာ လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မရွေး လူသားများအားလုံး အတုယူသင့်တဲ့ ဆုတောင်းများဖြစ်ပါတယ်။ အကိတ္တိရှင်ရသေ့ရဲ့ ဆုတောင်းများကို နမူနာယူပြီး ဤသို့ ဆုတောင်းစကား ဆိုချင်ပါတယ်……………
ဘဝဆက်တိုင်း အစွန်းမရောက်သူ ဖြစ်ရပါလို၏။
အစွန်းရောက်သူကို ဘဝဆက်တိုင်း မတွေ့မမြင်ရပါလို၏။
အစွန်းရောက်သူအကြောင်း ဘဝဆက်တိုင်း မကြားရပါလို၏။
အစွန်းရောက်သူနှင့် ဘဝဆက်တိုင်း မိတ်ဆွေမဖြစ်ရပါလို၏။
အစွန်းရောက်သူနှင့် ဘဝဆက်တိုင်း စကားမပြောရပါလို၏။
အစွန်းရောက်သူကို ဘဝဆက်တိုင်း မနှစ်သက်ရပါလို၏။
(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)
Wednesday, April 9, 2014
ဘူဆန် ၊ ဂင်မ်ဟဲ မြို့တွင် ရှိသော ရွှေအလင်းတန်း မြန်မာအသင်း(ကိုရီးယား) မှ ပြည်တွင်းသို့ ကျပ်သိန်း (၂၀) ကို လှူဒါန်းခဲ့
ပျော်ဘွယ်မြို့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းသို့လည်း ကျပ်(၂) သိန်း လှူဒါန်းခဲ့ပါသည်။
ထို့အပြင် လှော်ကားရှိ ဥက္ကဌ ဦးလှထွန်းသို့ ရွှေအလင်းတန်း စာကြည့်တိုက် အသစ် ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်(၈) သိန်း ကို လှူဒါန်းခဲ့ပါသည်။
မြန်မာပြည်တို့ ပေးပို့ လှူဒါန်းလိုက်သော အလှူငွေ အသီးသီးအတွက် အသင်းသားများ အားလုံး သာဓု အနုမောဓနာ ခေါ်ဆို နိုင်ကြစေဖို့...
Saturday, February 9, 2013
အပြန်အလှန် ဆွေးနွေးနိုင်တဲ့ အကျင့်ကောင်းများ ပြုစုပျိုးထောင်ကြပါစို့
ရေးသားသူ — စိုးမိုးသူ
(ဖေ့စ်ဘွတ်မှ တဆင့် ကူးယူဖော်ပြပါသည်)
မိဘစကား တစ်ခွန်းမကျန် မြေ၀ယ်မကျ နားထောင်ရမယ်၊ ပြန်မပြောနဲ့ အာမခံနဲ့ တွယ်ပလိုက်မယ် ဘာမှတ်နေလဲ ဆိုတဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုက အာဏာရှင် စိတ်ဓါတ်တွေကို ဖြစ်လာစေတယ်....... ဆရာတွေနဲ့ အပြန်အလှန် ဆွေးနွေးခွင့်မရှိပဲ ဆရာပြောသမျှ နားထောင်ပြီးနေရတဲ့ အခြေအနေတွေက ကျောင်းသားတွေရဲ့ စိတ်ထဲက မတင်မကျ၊ နားမလည်မှုတွေကို ပန်းကောင်း အညွှန့်ချိုးခံရသလို ဖြစ်တဲ့အတွက် တအုံ့နွေးနွေးနဲ့ ဖြစ်စေတယ်..... ဒီကမှတဆင့် မကျေနပ်မှုတွေ အစပျိုးတတ်ကြတယ်....
Sunday, June 10, 2012
ပညာဒါန ပါဝင်ကြရန် နှိုးဆော်ပါတယ်
ရေးသားသူ — ပန်းပျိုးလက်
ပန်းပျိုးလက် (စာကြည့်တိုက်နှင့် ပညာဒါန) ကိုယ်ပိုင်စာကြည့်တိုက်နေရာရရှိရေးအတွက် တထောင့်တနေရာမှ ပါဝင်ကြပါစို့။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းတွင် ဒေသတွင်းပြည်သူများ၏ ပညာရေးနှင့် လူမှုအဆင့်အတန်းမြင့်မားစေရန် အတွက် စာကြည့်တိုက်နှင့် ပညာဒါနလုပ်ငန်းများကို လုပ်ကိုလျက်ရှိသော ပန်းပျိုးလက်သည် ၄နှစ်တာကာလအတွင်း ဒေသခံလူငယ်၊လူကြီးများ၏ ကြိုးစားအားထုတ်မှုကြောင့် ဒေသတွင်းပညာရေးနှင့် လူမှုဖွံ့ဖြိုးမှုလုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်လာခဲ့ပါသည်။
ယနေ့အချိန်တွင် လှိုင်သာယာမြို့တွင် အထက်တန်း(တက္ကသိုလ်ဝင်တန်း)အထိ အခမဲ့ပညာဒါနနှင့် စာကြည့်တိုက်လုပ်ငန်းကို လုပ်ဆောင်နေသော တခုတည်းသော နေရာလည်းဖြစ်သည်။
ကိုရီးယားရောက်မြန်မာနိုင်ငံသားများနှင့် ဒေသခံလူထုတို့ စုပေါင်းထောက်ပံ့မှုဖြင့် ရပ်ကွက်တွင်းအိမ်တလုံးကို ငှားရမ်းကာ အသုံးပြုရပ်တည်လာခဲ့သော်လည်း၊ ယခုအခါတွင်မူ မူလငှားရမ်းလုပ်ကိုင်နေသောနေရာ ဖယ်ပေးခဲ့ရပါသည်။ အခြားသောနေရာသို့ ပြောင်းရွှေ့ငှားရမ်းဖို့မှာလည်း၊ လက်ရှိဒေသတွင် နေထိုင်သူများနှင့် အသားကျနေခြင်း၊ အိမ်ငှားခများမှာလည်း ဈေးကြီးခြင်း၊ ရေရှည်ရပ်တည်ဖို့အတွက်လည်း ကိုယ်ပိုင်နေရာလေးတခု ရှိရန်လိုအပ်လာခြင်းတို့ ကြောင့် ၄င်းပတ်ဝန်းကျင်အနီး၌ပင် နေရာတခုကို ၀ယ်ယူဖို့ဖြစ်လာပါသည်။
“ အကျိုးအကြောင်း နှင့် အဆိုးအကောင်းတို့အလယ်မှ ဖောက်ထွက်၍သွားနိုင်သော ဥာဏ်ပညာ လူသားအချင်းချင်း စာနာနားလည်ပေးသော ချစ်ခြင်းတရားတည်း ဟူသော လက်တစုံဖြင့် ကလေးများ၏ အနာဂတ်ကို ပြုစုပျိုးထောင်အံ့”
အိမ်ခြံမြေဈေးများ တက်ကာ ၀ယ်ယူရမည့်တန်ဖိုးမှာ ၄င်းတို့စုပေါင်းရှာဖွေနိုင်သည်ထက် အဆမတန်များပြားလွန်းလှသော ကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများထံသို့ အကူအညီတောင်းခံလာပါသဖြင့်၊ ပန်းပျိုးလက်(စာကြည့်တိုက်နှင့် ပညာဒါန)အား စိတ်ပါဝင်စားကူညီခဲ့သော ကျနော်တို့မှ ကမကထပြုကာ ကိုရီးယားရောက်မြန်မာနိုင်ငံသားထံတွင် နေရာတခုရရှိရေးအတွက် အလှူခံလျက်ရှိပါသည်။
မြေနေရာ၏ စုစုပေါင်း တန်ဖိုးမှာ ပေ ၂၀ x ပေ၆၀ မြေကွက် ပျဉ်ထောင်အိပ်တထပ်အပါအ၀င်ကို မြန်မာကျပ်ငွေ သိန်း ၃၀၀ဖြင့် ၀ယ်ယူရန်ဖြစ်ပြီး၊ လောလောဆယ် ၄င်းတို့ စုဆောင်းရှာဖွေထားသော ကျပ်ငွေ သိန်း ၅၀ကို စရံအဖြစ်ပေးချေပြီး ဖြစ်ပါသည်။ ဆက်လက်ပြီး ပေးချေရမည့်ငွေမှာ သိန်း ၂၅၀ကျပ်ဖြစ်ပါသည်။
ဇွန်လကုန်အထိ ပေးချေရန်ကတိပြုထားပြီး၊ အလှူရှင်များကိုရှာဖွေကာ၊ ၄င်းတို့ကိုယ်တိုင်လည်း ရံပုံငွေရရှိနိုင်မည့် နည်းလမ်းစုံကို အသုံးပြုကာ ငွေကြေးစုဆောင်း လျက်ရှိပါသည်။
ထို့ကြောင့် ကိုရီးယားရောက်မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ကိုယ့်ဒူးကိုယ်ချွန်စိတ်ဖြင့် လူမှုဖွံ့ ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ပန်းပျိုးလက်၏ ရေရှည်ရပ်တည်နိုင်မှုအတွက် မိမိတို့အရေးကဲ့သို့ အင်တိုက်အားတိုက် ပါဝင်ကူညီ လှူဒါန်းကြပါရန် နှိုးဆော်လိုက်ရပါသည်။
လှူဒါန်းနိုင်သည့်နေရာ - မြန်မာဆိုင်များ နှင့် အောက်ပါပုဂ္ဂိုလ်များကို လှူဒါန်းနိုင်ပါသည်။
ကိုသူရ ၀၁၀ ၄၁၈၇ ၅၂၁၈
ကိုဝင်းနိုင် ၀၁၀ ၈၅၇၄ ၇၅၇၁
ကိုဝိုင်း ၀၁၀ ၂၃၃၁ ၂၄၅၇
ကိုလှထွန်း(ပူဆန်၊ကင်မဲ) ၀၁၀ ၂၅၃၇ ၃၄၉၀
ကိုမင်းလတ်(ပူဆန်၊ကင်မဲ) ၀၁၀ ၂၉၉၀ ၃၀၇၀
ကိုအောင်သူဝင်း ၀၁၀ ၂၄၇၆ ၂၉၇၉
ကိုညီညီနိုင် ၀၁၀ ၂၁၃၂ ၈၈၆၄
ကိုမျိုးသန့် ၀၁၀ ၇၆၈၈ ၁၃၉၉
ကိုမြင့်ကျော် ၀၁၀ ၈၃၅၆ ၃၁၃၁
ကိုထိုက် ၀၁၀ ၃၉၄၄ ၅၆၄၂
မပိုးပိုး ၀၁၀ ၉၀၅၈ ၇၄၇၅
မပုံ့ပုံ့ ၀၁၀ ၅၅၆၀ ၉၂၇၉
မသီတာ ၀၁၀ ၂၇၈၂ ၆၉၁၁
ကိုသန့်ဇော်ဝင်း(ဂွမ်းဂျူး) ၀၁၀ ၂၃၆၃ ၀၅၂၃
ကိုဇေယျာမောင် ၀၁၀ ၆၈၇၄ ၃၃၉၄
ကိုလှဖုန်း ၀၁၀ ၅၆၇၁ ၀၈၈၁
ကိုဇေမင်းအောင် ၀၁၀ ၈၉၀၃ ၆၆၉၃
ကိုဇေမင်း ၀၁၀ ၂၇၈၂ ၀၉၄၀
Sunday, June 3, 2012
Online English Class
အင်္ဂလိပ်စာ လေ့လာလိုသူများ အတွက် အွန်လိုင်းကနေ သင်ကြားပေးမယ့် အစီအစဉ်ကို စိတ်ဝင်စားရင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါတယ်။
KO THET NAING
Online English Class
Email: thetnaing1988@gmail.com
Skype: thetnaing1988
Mobile: 010 8632 1966
Every Tuesday, pm 9:30 to 11:30
Study to Newspaper and Short story reading, BBC The Flatmates spoken program
Friday, May 18, 2012
မြန်မာစင်တာ ဖွင့်ပွဲ ဖိတ်ကြားစာ
မြန်မာစင်တာ ဖွင့်ပွဲကို ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ကြွရောက် အားပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကိုရီးယားရောက် မြန်မာနိုင်ငံသားများ အားလုံးနဲ့ သက်ဆိုင်သော၊
ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးများ လုပ်ဆောင်ရန် ရည်ရွယ်သော၊
မိတ်ဆွေတိုင်း ကွန်းခိုရာ ဘုံရိပ်သာနေရာတခု အဖြစ်
မြန်မာစင်တာကို စတင် တည်ထောင်ကြခြင်း ဖြစ်ပါတယ်။
အဓိကအားဖြင့် -
အလုပ်ခွင်ရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီလမ်းညွှန်ပေးဖို့
ကိုရီးယားဘာသာ၊ ကွန်ပျူတာနဲ့ အခြား ဘာသာရပ်များကို လေ့ကျင့်မြှင့်တင်ပေးဖို့
လူမှုစည်းရုံးရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ဖွင့်ပွဲမှာ
မိတ်ဟောင်းမိတ်သစ်တို့ ရင်းရင်းနှီးနှီး တွေ့ဆုံကြရင်း
မြန်မာအစားအစာများကို ဘူဖေးသုံးဆောင်ကြပါမယ်။
ပျော်ရွှင်စရာ နဲ့ ဂီတ အက
အမှတ်တရ အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။
ဖွင့်ပွဲသို့ ကြွရောက်၍ အတူတကွ ပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါတယ်။
အမှုဆောင်အဖွဲ့
မြန်မာစင်တာ
Wednesday, February 1, 2012
၂၀၁၂ခုနှစ် ကိုရီးယားအစိုးရ ပညာသင်ဆု အစီအစဉ် တက္ကသိုလ်များစာရင်း
University Information for 2012 KGSP (Korean Government Scholarship Program)
၂၀၁၂ခုနှစ် ကိုရီးယားအစိုးရ ပညာသင်ဆု အစီအစဉ် တက္ကသိုလ်များစာရင်း ဆွဲချယူရန် (Click Here)
Sources:
- http://jmsupercuteinkorea.blogspot.com/2012/01/2012-korean-government-scholarship.html
- http://infoyouthhope.blogspot.com/
- http://dhammaduta.info/others/GKS_20120131-0528411.pdf






