Saturday, February 9, 2013

အပြန်အလှန် ဆွေးနွေးနိုင်တဲ့ အကျင့်ကောင်းများ ပြုစုပျိုးထောင်ကြပါစို့

ရေးသားသူ — စိုးမိုးသူ
(ဖေ့စ်ဘွတ်မှ တဆင့် ကူးယူဖော်ပြပါသည်)


ကျွန်တော်သတိထားကြည့်မိသလောက် မြန်မာတွေရဲ့ လူမှုအသိုင်းအ၀န်းမှာ အပြန်အလှန် ဆွေးနွေးမှုဆိုတာ မရှိသလောက် နည်းပါးခဲ့တယ် ဆိုရမယ်..... အိမ်မှာဆိုလဲ အိမ်အလျောက်၊ ကျောင်းမှာဆိုလဲ ကျောင်းအလျောက် ဗီတိုအာဏာအောက်မှာ ရှင်သန်လာကြရတော့ ငါကြီးလာရင်၊ ငါအဲ့ဒိေ...နရာကို ရောက်ရင်ဆိုတဲ့ စိတ်ကလေးက ပါလာကြတာ များပါတယ်......

မိဘစကား တစ်ခွန်းမကျန် မြေ၀ယ်မကျ နားထောင်ရမယ်၊ ပြန်မပြောနဲ့ အာမခံနဲ့ တွယ်ပလိုက်မယ် ဘာမှတ်နေလဲ ဆိုတဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုက အာဏာရှင် စိတ်ဓါတ်တွေကို ဖြစ်လာစေတယ်....... ဆရာတွေနဲ့ အပြန်အလှန် ဆွေးနွေးခွင့်မရှိပဲ ဆရာပြောသမျှ နားထောင်ပြီးနေရတဲ့ အခြေအနေတွေက ကျောင်းသားတွေရဲ့ စိတ်ထဲက မတင်မကျ၊ နားမလည်မှုတွေကို ပန်းကောင်း အညွှန့်ချိုးခံရသလို ဖြစ်တဲ့အတွက် တအုံ့နွေးနွေးနဲ့ ဖြစ်စေတယ်..... ဒီကမှတဆင့် မကျေနပ်မှုတွေ အစပျိုးတတ်ကြတယ်....

နောက် မြန်မာအများစု ဖြစ်တတ်ကြတာက အပြန်အလှန်ဆွေးနွေးမှုမရှိတော့ တစ်ဖက်သပ် ထင်မြင်ယူဆချက်နဲ့ ဆုံးဖြတ်ကြတယ်..... သူငယ်ချင်း အချင်းချင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ခြင်း မတူညီတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးခဲကြတယ်..... အဲ့ဒိအတွက် ဘာတွေဖြစ်လာသလဲဆိုတော့ နားလည်မှု လွဲမှားတာကနေ မကျေနပ်မှုတွေကို မျိုးစေ့ထည့်မိကြတယ်......

ဝေဖန်မှု ဆိုတဲ့စကားလုံးဟာ သုံးလုံးထဲပေမယ့် အဲ့ဒိစကား သုံးလုံးရဲ့ ရိုက်ခတ်မှုကို စနစ်တကျ လက်ခံယူနိုင်တဲ့လူ နည်းနေကြသေးတယ်..... အဓိက အပြန်အလှန်ဆွေးနွေးမှု မရှိကြလေတော့ ဝေဖန်မှုကို စိတ်ထဲမှာ ငါ့ကို ဘလိုင်းကြီး ကစ်တယ်ဆိုတဲ့ အယူအဆနဲ့ အမုန်းပွားမှုကိုသာ ဖြစ်ပေါ်စေလာတာ တွေ့ရပါတယ်.....

အပြန်အလှန်ဆွေးနွေးမှု မရှိတဲ့အတွက် လူမှုပေါင်းသင်း ဆက်ဆံရေးနယ်ပယ်မှာတင် မဟုတ်ပဲ ပြဿနာဖြေရှင်းတာမှာပါ ကောက်သင်းကောက်သလို ဖြစ်နေတတ်ကြတယ်.... အခုနောက်ပိုင်း ခေတ်စားလာတဲ့ Team Work ဆိုတာ မြန်မာတွေ မလုပ်တတ်တာ မဟုတ်ပါဘူး.... လုပ်တတ်ကြပါတယ်.... မြန်မာတွေ အဓိက လိုအပ်နေတာ အပြန်အလှန်ဆွေးနွေးမှုပဲ ဖြစ်ပါတယ်......

အပြန်အလှန် ဆွေးနွေးခြင်းဟာ မိမိအမြင်၊ တစ်ဖက်သားအမြင် အစရှိတာတွေကို ဖလှယ်ခြင်းလည်း ဖြစ်ပါတယ်..... ဒီအတွက် ပြဿနာတစ်ခုကို ချည်းကပ်ရာမှာ မတူညီတဲ့ အမြင်ပေါင်းစုံနဲ့ ချဉ်းကပ်တဲ့အတွက် ကောင်းမွန်တဲ့အဖြေတစ်ခုကို ရစေဖို့ အခြေအနေပေါင်းများစွာလည်း ပေးနိုင်ပါတယ်..... အပြန်အလှန် ဆွေးနွေးခြင်းမှ မိမိ မသိသေးတာတွေ ပိုသိလာခြင်း၊ မိမိ မမြင်နိုင်တဲ့ ရှုဒေါင့်မှ ခံစားချက်ကို သိမြင်လာခြင်းအတွက် မိမိအတွက် အသိပိုမို ရရှိစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်...

တစ်ချို့တွေက ငါဒါလေး ပြောလိုက်ရင် သူငါ့ကို မုန်းသွားမလား၊ ငါ့ကို အမြင်ကတ်သွားမလား၊ ငါဒါကို ပြောလိုက်ရင် ငါ့ကို အမှုပါတ်နိုင်တယ် ဆိုတဲ့ စိတ်ဓါတ်မျိုးကြောင့် ပြီးပြီးရော ငြိမ်နေတာမျိုးတွေ ရှိတတ်ကြပါတယ်.... အခြေအနေ အချိန်အခါပေါ်မူတည်ပြီး အပြန်အလှန်ဆွေးနွေးသင့်ရင် ဆွေးနွေးဖို့လိုအပ်လှပါတယ်.... အရာရာကို အမုန်းခံရမှာစိုးရိမ်ပြီး မပြောပဲနေခဲ့ရင် နောင်မှရတဲ့ နောင်တဆိုတာ တော်တော် ဖိစီးနိုင်လွန်းပါတယ်.... ထို့အတူ အပြန်အလှန် ဆွေးနွေးမှု မရှိတဲ့အတွက် မိမိရဲ့ အတွေးအခေါ် အယူအဆတွေဟာ မိမိရဲ့ အတ္တရဲ့ သင်းသတ်မှုအောက်မှာ လှောင်ပိတ်မိနေတာ များပါတယ်...

ကျောင်းမှာလည်း ကျောင်းအလျောက် ဆရာနဲ့ တပည့် အပြန်အလှန် ပညာရပ်ပိုင်းကို ဆွေးနွေးကြမယ်၊ တပည့်အမြင်ကို ဆရာက လက်ခံသင့် လက်ခံဖို့လိုသလို၊ ဆရာ့တည့်ပေးတဲ့ အမှန်ကို တပည့်ကလည်း ကျေကျေနပ်နပ် ခံယူဖို့လိုပါလိမ့်မယ်...... အိမ်မှာဆိုရင်လည်း မိဘနဲ့ သားသမီး အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းတဲ့အလေ့အကျင့်ကို အခုကတည်းက ပျိုးထောင်သင့်တယ်လို့ မြင်မိပါတယ်.....

ထစ်ခနဲရှိ ငါ့စကား နားမထောင်ရကောင်းလားဆိုတဲ့ စိတ်တွေ၊ ကြိမ်နဲ့ရိုက်လိုက်ရမှ စာဆိုတာ တတ်တာဆိုတဲ့ အားကြီးသူက အားနည်းသူတွေကို ဆုံးမတဲ့ပုံစံတွေဟာ အစွယ်ရှိသူက အစွယ်အားကိုးမယ်၊ ဦးချိုရှိသူက ဦးချိုကိုအားကိုးပြီး ပြန်လည်တုံ့ပြန်လာမယ့် ရလာဘ်ဆိုးတွေ ဖြစ်လာမယ် ဆိုတာလည်း ထည့်တွက်ဖို့ လိုပါလိမ့်မယ်..... မည်သည့်အရာမဆို မိမိလိုချင်တဲ့ပုံစံကိုရောက်ရှိဖို့ ချည်းကပ်ရာမှာ အင်အားအသုံးပြုခြင်းနဲ့ ညှိနှိုင်းဆွေးနွေးခြင်းနှစ်ခုမှာ ဘယ်ဟာက ပိုထိရောက်တယ်ဆိုတာ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောင်းလေ့လာကြည့်ရင် သိနိုင်ပါတယ်......

အပြန်အလှန် ဆွေးနွေးနိုင်တဲ့ အကျင့်ကောင်းများ ရရှိစေရန် ရည်သန်ပြီး လက်ဆော့ရေးကြည့်မိပါတယ်.....

 မူရင်း...http://www.facebook.com/PopularNewsJournal#!/james.mmt

No comments: