Sunday, January 5, 2014
မြန်မာညီအကိုတစ်စုရဲ့ အလှူ သာဓုခေါ်စေသော်။
Monday, December 23, 2013
ထာဝရဒါန ကျောင်းအလှူတော်မင်္ဂလာ နှိုးဆော်လွှာ
Wednesday, September 18, 2013
အနော်မာလူငယ်၏ ပြုသမျှ ကုသိုလ် သာဓုခေါ်စေသော်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့ ကိုရီးယား ရိုးရာ ချူဆောဂ် (ကောက်သစ်စားပွဲ)ပွဲတော်ရက်တွင် အနော်မာလူငယ် အဖွဲ့က တတိယကြီမ်မြောက် အလှူအဖြစ် ဘုရားအမှူးထားပြီး သံဃာတော် အသျှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိသတ်တို့အား စေတနာ ၃ တန် ပြဌာန်းပြီး ဧည့်ခံကြပါသည်။
ဆက်လက်၍ အနော်မာလူငယ်များက မြန်မာပိုင် ကျောင်းတော် ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ၂၁ သိန်းကို ဦးသုမင်္ဂလ ( ဝေါ်ဆရာတော် ) နှင့် ဦးဥတ္တရတိုအား ပေးအပ် လှူဒါန်းကြပါသည်။ အနော်မာလူငယ် အဖွဲ့က ပြုပြုသမျှသော ကုသိုလ်ဒါနအပေါင်းတို့ကို ဝေါ်ဆရာတော်ထံက တရားများ နာယူပြီး ရေစက်ချ အမျှပေးဝေကြပါသည်။ ၃၁ ဘုံ သတ္တ၀ါအများ သာဓုခေါ်စေသော်။
Monday, May 27, 2013
ရေစက်ချ အလှူတော် ဖိတ်ကြားလွှာ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၌ လာမည့် ဇွန် ၂ ရက်၊ ( ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ် ကဆုန်လဆုတ် ၉ ရက် တနင်္ဂနွေနေ့တွင် ချောန်အန် (ချောန်နာန်) အိုညာန်း၊ အိုချာန်ရှိ Joil ကားပစ္စည်း စက်ရုံက ရွှေမြန်မာ ညီနောင်အပေါင်းတို့က ဗုဒ္ဓ မြတ်စွာဘုရား အမှူးထား၍ ပင့်သံဃာတော်တို့အား ဆွမ်း ဘောဇဉ်၊ ခဲဘွယ် လှူဘွယ် ၀တ္တု အစုစုတို့ကို ဆပ်ကပ် လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ မြန်မာ့ အစားအစာများနှင့် တည်ခင်း ဧည့်ခံမည်ဖြစ်ပါသဖြင့် အောက်ပါအတိုင်း တဆင့် စကား၊ တဆင့် ကြား၍ ကြွရောက်ကြပါရန် အကျိုးမျှော်ပြီး နိုးဆော် ဖိတ်ကြားလိုက်ပါသည်။
အရုဏ်ဆွမ်း အလှူတော်
ကိုအောင်မင်းထွန်း၏ ကွယ်လွန်သူ ဖခင်ကြီး ဦးလွန်းခင် နှင့် ကိုညီညီထွန်း၊ ကိုစီစီထွန်း တို့၏ ကွယ်လွန်သူ ဖခင်ကြီး ဦးခင်မောင်တို့အား ရည်စူး၍ Joil ကားပစ္စည်းစက်ရုံရှိ ရွှေမြန်မာ ညီအစ်ကို သူငယ်ချင်း တစ်စုက အရုဏ် မုန့်ဟင်းခါးဆွမ်း ဆပ်ကပ် လှူဒါန်းပြီး ဧည့်ပရိသတ်များအား နံနက် ၇နာရီမှ ၉ နာရီအထိ မုန့်ဟင်းခါးဖြင့် ဧည့်ခံပါမည်။
နေ့ဆွမ်း အလှူတော်
Joil ကားပစ္စည်းစက်ရုံရှိ ရွှေမြန်မာ ညီအစ်ကိုသူငယ်ချင်းများတို့၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘတို့အား ရည်စူး၊ အမှူးထား၍ နေ့ဆွမ်းကို ဆပ်ကပ်လှူဒါန်းပြီး ကျောင်းမြေ အလှူတော် ငွေကို လှူဒါန်းသွားမည် ဖြစ်ပါသည်။ ဧည့် ပရိသတ်အပေါင်းအား နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ မြန်မာ့ ထမင်း၊ ဟင်းလျာများနှင့် ဧည့်ခံပါမည်။
တရားတော် နာ၊ ရေစက်ချပွဲ
နေ့လည် ၁ နာရီ ၃၀ မီနစ် အချိန်တွင် Joil ကား ပစ္စည်း စက်ရုံရှိ ရွှေ မြန်မာ ညီနောင်အပေါင်းတို့၏ ပြုသမျှသော ကုသိုလ် အစုစုကို တရားတော် နာယူပြီး ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါသဖြင့် သာဓု၊ သာဓု၊ သာဓု ခေါ်ဆိုနိုင်ရန် တရားနာ ကြွရောက်ကြပါရန် ထပ်မံ နိုးဆော်လိုက်ရပါသည်။
အကျိုးတော်ဆောင်အဖွဲ့
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)
Sunday, April 8, 2012
Sunday, March 11, 2012
Sunday, February 26, 2012
Sunday, February 12, 2012
KBJ ဆရာ၊ ဆရာမများနှင့် တပည့် သူငယ်ချင်းများအလှူတော်
KBJဆရာ၊ ဆရာမများနှင့်တပည့် သူငယ်ချင်းများ မှ ကျောင်းမြေနေရာ အလှူတော်ငွေ ၀မ် ငါးသိန်းနှင့် ကျောင်းဝေယျာဝစ္စ အလှူတော်ငွေ ၀မ် တစ်သိန်းတိတိ ကို လှူဒါန်းသွားပါသည်။လှူဒါန်းမှု အစုစုတို့ အား ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ဆို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Tuesday, January 24, 2012
နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ
ရွှေမြန်မာ ညီအကိုများ၏ အမြတ်တနိုးတန်းဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက် ထောက်ပံ့ခြင်းတို့ကြောင့်
ကျာင်းတော်ကြီးသည် ယနေ့တိုင် တည်တံ့ခိုင်မြဲပြီး ရွှေမြန်မာတို့၏ အကျိုးကို အစဉ်တစိုက် သယ်ပိုးဆောင်
ရွက်နိုင်ခဲ့ပါသည်။
ယခုအခါတွင် အမျိုး ဘာသာ သာသနာတော်အကျိုးကို ဆထက်တိုး၍ ဆောင်ရွက် သယ်ပိုးနိုင်ရန် ကိုရီးယားနိုင်ငံ၌ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ကိုယ်ပိုင်ဝယ်ယူ လှူဒါန်းနိုင်သည့် အခွင့်အရေး ပ်ါပေါက်နေပြီဖြစ်ပါသည်။ ကိုရီးယားအစိုးရထံမှ -미얀마 불교 전법사원 ဟူသောအမည်ဖြင့် တရားဝင် မှတ်ပုံတင်ရပြီးဖြစ်၍ အမျိုး ဘာသာ သာသနာတော် ကျောင်းကြီး အမြန်ဆုံး ဖြစ်ပေါ်လာအောင် အကျိုးဆောင် နိုင်ကြပြီ>ဖြစ်ပါသည် ။
၁၃၇၃ -ခုနှစ် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့တွင် အင်ချွန်း မြန်မာကျောင်းတော်ကြီး၌စုပေါင်းညီညာ ပဝါရဏာပြုတော်မူကြသော ဆရာတော်များ၏ လမ်းညွှန် သြဝါဒကို ခံယူ၍ စတင်အကောင်ထည်ဖော်ခဲ့သော မြန်မာကျောင်း နေရာ ဝယ်ယူရေးစီမံကိန်းသည်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ဆရာတော်များ ၊ ဒကာ ဒကာမများ အားလုံး ပါဝင်ပြီး အကျိုးဆောင်နိုင်ရန် အင်ချွန်း၊ ဘူဖြောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အကျိုးဆောင်အဖွဲ့ အနေဖြင့် အမြဲကူညီပေးလျှက်ရှိပါသည် ။ ယခုနှစ် ကိုရီးယားနှစ်သစ်ကူး ပိတ်ရက်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်း နေရာ ဝယ်ယူရေးအတွက် အစဉ်တစိုက် အားထုတ်လျှက် ရှိပါသော ဘူဆန်ပြည်တော်ဦးဆရာတော်နှင့် အကျိုးဆောင်အဖွဲ့ ၊ ဒယ်ဂူ ၊စိတ္တသုခမြန်မာကျောင်း ဆရာတော်နှင့် အကျိုးဆောင်အဖွဲ့ ၊ စက်ရုံ အလုပ်ရုံ နေရာဌာန အသီးသီးမှ အကျိုဆောင်အဖွဲ့များနှင့် တစ်ဦးချင်းအလှူရှင်များကို အင်ချွန်း ၊မြန်မာဗုဒ္ဓသာသနာပြုကျောင်း [Click Here]အကျိုးဆောင်အဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည် ။
ဆက်လက်၍ မိမိတို့၏ ဘဏ်အကောင့်များမှ လစဉ် အရစ်ကျ လှူဒါန်းနိုင်သော Auto Bank to Bank
စနစ်ကိုလည်း အလှူရှင်များ၏ ဆန္ဒအရ လှူဒါန်းနိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည် ။
မြန်မာပိုင်ကျောင်းတော်ကြီး အမြန်ဆုံးဝယ်ယူနိုင်ရန်အတွက် လိုအပ်သော အကြံဥာဏ်များ
အကူညီများကိုလည်း လက်ခံကြိုဆိုလျှက်ရှိပါသည် ။
နှစ်သစ်မင်္ဂလာ ချိန်အခါဝယ် မြန်မာ ကိုရီးယား အကျိုးစီးပွားနှင့် အမျိုး ဘာသာ သာသနာအကျိုး
ပွားတိုးပါစေ ဆုမွန်ချွေသည် ဇေယျတု မင်္ဂလာ ရွှေမြန်မာ ။
အင်ချွန်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
Sunday, January 22, 2012
မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား) ကျောင်းနေရာ ဝယ်ယူရန် နှစ်သစ်ကူးအလှူတော် မင်္ဂလာ…
၁။ ဘူဆန်ပြည်တော်ဦးဆရာတော် ဦးပဏ္ဍိစ္စနှင့် အကျိုးတော်ဆောင်အဖွဲ့
ပထမအကြိမ် ဘူဆန်ဆရာတော် ဝမ် (၁၀)သိန်း
ဦးလှထွန်း (ဘူဆန်) ဝမ် (၁၀)သိန်း
ကိုမင်းလတ် (ဘူဆန်) ဝမ်(၁၀)သိန်း
( ဒုတိယအကြိမ် ) ၂၀၁၂. ၁. ၂၂ ရက်နေ့ ငွေပဒေသာပင်စိုက်ထူလှူဒါန်းပွဲတွင်
ဘူဆန်ဆရာတော်နှင့် ဒကာ ဒကာမများ ဝမ် (၂၄)သိန်းကျော်နှင့် ဒေါ်လာ ၉၀၀ (ကိုးရာ)
၂။ ။ ဒယ်ဂူဆရာတော် ဦးဝိစိတ္တနှင့် ကျောင်းအကျိုတော်ဆောင်အဖွဲ့မှ
ပထမအကြိမ် ဝမ် (၁၀)သိန်း
ကိုရွှင်းဝင်းနွယ် ဝမ် (၃)သိန်း
ဒုတိယအကြိမ် ၂၀၁၂ . ၁. ၂၂ ရက်နေ့ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း
တည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည် အလှူတော် ငွေပဒေသာပင်စိုက်ထူ
လှူဒါန်းပွဲ့မှ ဆရာတော်နှင့် ဒကာ ဒကာများ ဝမ် (၂၀)သိန်း
ရွှေကမ္ဘာ ရွှေညီအစ်ကိုများ (ဒယ်ဂူး) ဝမ် (၃)သိန်း (၃)သောင်း
၃။ ဆရာတော်ဦးသုဝဏ္ဏ ဝမ် (၁) သိန်း
၎။ အင်ချွန်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းထိုင် ဆရာတော်အရှင်သုမင်္ဂလ(ဝေါ)
(ပထမအကြိမ် )ဝမ် (၁၀)သိန်း
တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ဥတ္တရ ဝမ် (၃)သိန်း
(ဒုတိယအကြိမ်) ဆရာတော်အရှင်သုမင်္ဂလ ဝမ် (၅)သိန်း
၂၀၁၂.၁.၂၂ ရက်နေ့ အများစုပေါင်းအလှူတော်ငွေ ဝမ် (၆၀)သိန်း
၂၃/ ၂၄ - ၁ . ၂၀၁၂ နှစ်သစ်ကူးနေ့များတွင် ကျောင်းနေရာအလှူကို ဆက်လက်ပါဝင်
လှူဒါန်းနိုင်ပါသည်။
အလှူရှင်စာရင်းများကို အသေးစိတ် ဆက်လက် ဖော်ပြပေးသွားပါမည်။
ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ။
ဗုဒ္ဓမြတ်စွာ ၊ သာသနာ ၊ ရှည်ကြာတည်တံ့ပါစေသော်…..
Saturday, January 21, 2012
စိတ္တသုခကျောင်း နှစ်ပတ်လည် အလှူတော်နှင့် မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေး အလှူတော်ငွေ စိုက်ထူလှူဒါန်းပွဲ ဖိတ်ကြားလွှာ
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းတည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် အလှူတော်ပွဲကို အောက်ဖော်ပြပါ ဆွမ်းအလှူရှင်များ၏ ပံ့ပိုးမှုလှူဒါန်းမှု စိတ္တသုခ ဒကာဒကာမများ၏ အတူတကွ ပေါင်းစည်းမှုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး နှစ်စဉ်လှူဒါန်းနေကျဖြစ်သည့် ကျောင်းတည်ထောင်ခြင်း နှစ်ပတ်လည် အလှူတော်အဖြစ် ယခုနှစ်တွင် မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ပဒေသာပင် စိုက်ထူလှူဒါန်းခြင်းကို အများပေါင်းစု၍ ကောင်းမှုပြုကြမည် ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးရှိ ရွှေမြန်မာအပေါင်းတို့အား အညီအမျှ ကုသိုလ်တော်ရကြစေဖို့ အောက်အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အလှူတော်နေ့ရက် = ၁၃၇၃ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၄)ရက်၊ (၂၂-၁-၂၀၁၂)၊ တနင်္ဂနွေနေ့
ကျွေးမွေးဧည့်ခံချိန် = မနက် (၉)နာရီမှ နေ့လယ် (၂)ရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း
အရုဏ်ဆွမ်း (ကြာဇံချက်ဆွမ်း) အလှူရှင် = ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင် မိသားစု
နေ့ဆွမ်း (သီးစုံထောပတ်ဆွမ်း) အလှူရှင် = ဆောင်ဆော (성서)ရွှေညီအစ်ကိုများနှင့် United Brothers ရွှေညီအစ်ကိုများ
Friday, January 20, 2012
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ကိုယ်ပိုင် မြေနေရာ ဝယ်ယူရန် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနား
ဖော်လျက်ရှိသော မြန်မာဗုဒ္ဓသာသနာပြုကျောင်း ကိုယ်ပိုင်မြေနေရာဝယ်ယူရေး ဒုတိယအကြိမ်မြောက် အလှူတော်ငွေပေးအပ်ပွဲနှင့် သုံးလတာ ကာလအတွင်း ကျောင်းမြေနေရာ လှူဒါန်းမှု အစုစုအတွက် ရေစက်ချ အခမ်းအနားကို ကိုရီးယားနှစ်သစ်ကူး အလှူပွဲတော်များနှင့်အတူ ၂၀၁၂ - ၁-၂၂ /၂၃/၂၄ ရက်များတွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍
အလှူရှင်အားလုံး ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည် ။
မှတ်ချက် - ကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် ဘူဆန်ဆရာတော် ဦးပဏ္ဍိစ္စ နှင့်အကျိုးဆောင်အဖွဲ့မှလည်းကောင်း၊ ဒယ်ဂူးဆရာတော် ဦးဝိစိတ္တနှင့် အကျိုးဆောင်အဖွဲ့မှလည်းကောင်း အလှူတော်ငွေပေးအပ်ပွဲများကို
ကျင်းပပြုလုပ်ကြမည်ဖြစ်ပါ၍ နီးစပ်ရာ ကျောင်းအလှူရှင်များမှ ဘူဆန်ဆရာတော်၊ ဒယ်ဂူးဆရာတော်နှင့် အကျိုးဆောင်အဖွဲ့များထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည် ။
ကျောင်းတော်ဖြစ်မြောက်ရေး အကျိုးဆောင်များ ....
Tuesday, January 17, 2012
မြန်မာပိုင်ကျောင်းတော် မြေနေရာ အလှူတော်မင်္ဂလာ
၂၀၁၂ ခု ၁ လပိုင်း ၈ရက်နေ့မှ ၂၀၁၂ ခု ၁ လပိုင်း ၁၅ ရက် နေ့ထိ တစ်ပါတ် အတွင်း
မြန်မာပိုင်ကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းသွားသော
ကုသိုလ်ရှင်များ စာရင်းကို read more ကလစ်ပြီးကြည့်ရှု့နိုင်ပါသည်။
၁။ကိုလှထွန်း (ဘူဆန်) ၁၀၀၀၀၀(ဝမ်)KB ဘဏ်
၂။ကိုထင်လင်း (ဘူဖြောင်း)၂၅၀၀၀(ဝမ်)IBKဘဏ်
၃။ကိုဖိုးအေး ၅၀၀၀၀ (၀မ်) NHဘဏ်
၎။ကိုအောင်မြင့်ကျော် (တောင်ဒဂုန်) ၅၀၀၀၀ (၀မ်)
၅။ကိုကျော်ထွန်း +မချိုချိုအိ ၃၀၀၀၀ (၀မ်)
၆။ မြင့်မိုရ်လမ်း လူငယ်များ ၃၀၀၀၀၀
၇။ဆရာတော်ဦးဥတ္တရ ၁၀၀၀၀၀ (၀မ်)
၈။ကိုရဲမြင့်ကျော် ၁၀၀၀၀၀(၀မ်)
၉။ကိုဇင်မင်း ၁၀၀၀၀၀(၀မ်)
၁၀။ ကိုစန်းမြင့်ထွန်း ၃၀၀၀၀ (၀မ်)
၁၁။ ကိုလင်းဇေယျာမောင် (တောင်သာမြို့)၁၀၀၀၀၀(၀မ်)
၁၂။ ဦးရေခဲအားရည်စူး၍ ဇနီးဒေါ်သန်းမြင့် ၁၅၀၀၀၀(၀မ်)
၁၃။ ကိုရဲဝင်းနိုင်+မသန်းသန်းဝင်း ၃၀၀၀၀၀(ဝမ်)
၁၄။ကိုရဲဝင်း (ရေကျော် ပုဇွန်တောင်)၅၀၀၀၀(ဝမ်)
၁၅။ကိုဝေလင်းထက် (ဘိုကလေး)၅၀၀၀၀(ဝမ်)
၁၆။ ကိုဇော်ဝင်း +မသူဇာဝင်း (တ/ဥက္ကလာ)၁၀၀၀၀၀(ဝမ်)
၁၇။ကိုမြတ်ညီ +မရွှေစင်အိ (အလုံ)၃၀၀၀၀(ဝမ်)
၁၈။ကိုသိန်းကို +မအိအိဖြူ (လောင်းလုံ)၅၀၀၀၀(ဝမ်)
၁၉။ကိုအောင်ခိုင် (အလုံ)၅၀၀၀၀(ဝမ်)
၂၀။ကိုဇော်မင်းထွန်း+မအိမ့်အိမ့်ထွေး
သား -သန့်ဇင်ထွန်း (သုဝဏ္ဏ)၅၀၀၀၀(ဝမ်)
၂၁။နှစ်ဘက်မိဘများအမှူးထား၍ (ပန်းတောင်းမြို့နယ်)
စမ်းပေါက်ချောင်းရွာ ၅၀၀၀၀(ဝမ်)
၂၂။ ဦးအာဖုံး+ဒေါ်ဘိဝှာ သား- မောင်ဆန်းမင်း
ရွှေကံကြီးမိသားစု(မြင်းခြံ)၁၀၀၀၀၀(ဝမ်)
၂၃။ ကိုအောင်သူဝင်း (ဂန်ဆော့မြို့)၁၅၀၀၀၀(ဝမ်)
၂၄။မိဘများအားအမှူထား၍ သား -ကိုအောင်မိုးဟိန်း ၁၀၀၀၀၀(ဝမ်)
၂၅။ကိုလှထွန်း (ဘူဆန်) ၁၀၀၀၀၀(ဝမ်)
၁၆။ကိုဝင်းမြင့် (ကျောင်းအဖွဲ့ဝင်)၁၀၀၀၀၀၀ (ဝမ်)
၁၇။타이라잉 ၂၅၀၀၀ (국민 )ဘဏ်
ကျောင်းမြေနေရာဝယ်ယူရန်အတွက် ၂၀၁၂ ခု ၁လပိုင်း ၁၅ရက်နေ့အထိ
(၁၇၂၆၇၀၂၈) စုစုပေါင်းအလှူခံရရှိပါသည်။
ကျောင်းတော်၏ ရေရှည်တည်တံ့၍ အမျိုး ဘာသာ သာသနာကို
ချမ်းသာစွာ ဆောင်ရွက်လျှက် နိဗ္ဗာန်၏ ရရာ ရကြောင်းအထောက်ပံ့ကောင်း
ဖြစ်ပါစေခြင်းအကျိုးငှါ ကိုထွန်းထွန်းဝင်း မှ ထာဝရ ငွေပဒေသာပင်
၄၅၀၀၀၀ (လေးသိန်းငါးသောင်း)ဝမ် ကိုလည်း (၂၀၁၂ .၁ . ၁၅ .)တနင်္ဂနွေနေ့က လှူဒါန်းသွားပါသည်။
အထက်ပါ ဗုဒ္ဓဘာသာဝင် ကုသိုလ်ရှင် သူတော်စင်တို့၏ မွန်မြတ်သန့်စင်သော
စေတနာကို ဝမ်းမြောက်နုမော် သာဓုခေါ်လျှက် ထာဝရ မှတ်တမ်းတင်
ဂုဏ်ပြုအပ်ပါသည်။
အကျိုးတော်ဆောင်အဖွဲ့
Thursday, January 12, 2012
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်မြေနေရာအတွက် ဆက်လက်လှူဒါန်း
၂၀၁၂ခု ၁ လ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် လာရောက်လှူဒါန်းသွားသော
၁။ ကိုရဲမြင့်ကျော် (ရန်ကုန်) (ဝမ် )၁၀၀၀၀၀ (တစ်သိန်း)
၂။ ကိုမင်းဇင် (တောင်ဥက္ကလာ)(ဝမ်) ၁၀၀၀၀၀ (တစ်သိန်း) အလှူရှင်အပေါင်းတို့အား
အမျိုး ဘာသာ သာသနာ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်
ဖြန့်ဝေနိုင်ရန်ရည်ရွယ်၍ ထေရဝါဒ ရဟန်းတော်များ၏ ဦးဆောင်မှုဖြင့် ဆောက်လုပ်
လှူဒါန်း ပူဇော်မည့် မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးတွင် ပါဝင်လှူဒါန်း
သော ကုသိုလ် ချစ်ခင် သူတော်စင်၏ မွန်မြတ်သန့်စင်သော စေတနာကို ဝမ်းမြောက်
နုမော် သာဓုခေါ်လျက် ထာဝရမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။
Monday, January 9, 2012
မြန်မာပိုင်ကျောင်းတော်ကြီးဖြစ်မြောက်ရေး မြေနေရာအလှူတော် ဆက်လက်လှူဒါန်းခြင်း
ြ
အမျိုး ဘာသာ သာသနာ၏အစဉ်အလာကောင်းများကို
ထိန်းသိမ်းစောင့်ရှောက်ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ ထေရဝါဒသာသနာပြု
ရဟန်းတော်များ၏ ဦးဆောင်မှုဖြင့် ဆောက်လုပ်လှူဒါန်းပူဇော်မည့်
မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက်
(၂၀၁၂ခု ၁လပိုင်း ၈ရက်)တနင်္ဂနေ့တွင် ပါဝင်လှူဒါန်းသွားသော အလှူရှင်များမှာ
၁။ ကိုအောင်မြင့်ကျော် ဝမ် ၅၀၀၀၀ (ငါးသောင်း)
၂။ ကိုကျော်ထွန်း +မချိုချိုအိ ၀မ် ၃၀၀၀၀ (သုံးသောင်း)
၃။ ရန်ကုန်မြို့ ၊စမ်းချောင်းမြို့နယ် မြင့်မိုရ်လမ်း လူငယ်များမှ ၀မ် ၃၀၀၀၀၀
(သုံးသိန်း) လှူဒါန်းသွားပါသည်။ ကုသိုလ်ချစ်ခင် သူတော်စင်၏ မွန်မြတ်သန့်စင်သော
စေတနာကို ဝမ်းမြောက်နုမော် သာဓုခေါ်လျှက် ထာဝရ မှတ်တမ်းတင်အပ်ပါသည်။
မှတ်ချက် - (ယခင်အလှူရှင်များ၏ စာရင်းများကိုလည်း ဆက်လက်၍ တင်ပြသွားပါမည်။)
မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်အရေးအတွက် ယနေ့အထိ
အလှူခံရရှိထားသော စုစုပေါင်းအလှူတော်ငွေမှာ
တရာသုံးဆယ့် ကိုးသိန်း နှစ်သောင်း ခုနှစ်ထောင်နှစ်ဆယ်ရှစ်
(၁၃,၉၂၇,၀၂၈) ဝမ် တိတိဖြစ်ပါသည်။
ကျန်ရှိနေသေးသော သဒ္ဓါကြည်လင် ပါရမီရှင်များကလည်း
မိမိတို့၏ အမျိုး ဘာသာ သာသနာကို ကြည့်ရှု့စောင့်ရှောက်သောအားဖြင့်
မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် ဆက်လက်လှူဒါန်း
နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်အပ်ပါသည် ။
ကျောင်းအကျိုးတော်ဆောင်
Friday, January 6, 2012
မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအလှူတော် ဝမ်းမြောက်နုမော် သာဓုခေါ်ပါသည် ။
အမျိုး ဘာသာ သာသနာ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းစောက်ရှောက် ဖြန့်ဝေနိုင်ရန်
ရည်ရွယ်၍ ထေရဝါဒသာသနာပြု ရဟန်းတော်များ၏ ဦးဆောင်မှုဖြင့် ဆောက်လုပ်လှူဒါန်း ပူဇော်မည့်
မြန်ပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးတွင် ပါဝင်လှူဒါန်းသော ကုသိုလ် ချစ်ခင် သူတော်စင်၏
မွန်မြတ်သန့်စင်သော စေတနာကို ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုလျက် ထာဝရမှတ်တမ်းတင်
ဂုဏ်ပြုပါသည် ။
၂၀၁၁ ခု ၁၂ လ ၃၁ ရက် စနေနေ့ နှင့် ၂၀၁၂ ခု ၁ လ ၁ ရက်နေ့တွင်လှူဒါန်းငွေ(ဝမ်) ၁၁,၅၅၀၀၀
(တဆယ့်ငါးသိန်းငါးထောင်)လှူဒါန်းသွားပါသည်။
ကွယ်လွန်သူမိခင်ကြီး ဒေါ်တင်စိုးအားရည်စူး၍ သမီး မရွှေမာသန်း (ဝမ်) ၃၀၀၀၀၀(သုံးသိန်း)
ကိုရီးယားရောက်ရွှေညီအကိုများ (ဝမ်)၄၅၀၀၀၀ (လေးသိန်းငါးသောင်း)
ဒေါ်ခင်သန်းစိန်အားရည်စူး၍ ကိုရွှေမိုး (Australia Dollar) 50 (ငါးဆယ်)
ကိုသန်းကျော်ထွေး (ဝမ်) ၁၀၀၀၀ (တစ်သောင်း)
ကိုကျော်ဇော (ဝမ်) ၁၀၀၀၀ (တစ်သောင်း)
ဒေါ်တင်ဝင်း မိသားစု(ဝမ်) ၁၀၀၀၀ (တစ်သောင်း)
Sbp . L E D (ဝမ်) ၁၅၀၀၀ (တစ်သောင်းခွဲ
နှစ်ဘက်မိဘများအားအမှူးထား၍ ကိုခင်မောင်ဝင်း+မတင်တင်အောင်
(ဝမ်) ၅၀၀၀၀ (ငါးသောင်း)
ကိုတင်မောင်စန်း (ဝမ်) ၂၀၀၀၀ (နှစ်သောင်း)
ဦးသန်းတင် +ဒေါ်ဟန်စိန်တို့အားအမှူးထား၍
သား ကိုအောင်မြင့်ဦး (ဝမ်) ၃၀၀၀၀၀ (သုံးသိန်း)
ကိုဝင်းထက် (ပဲခူးတိုင်း ဝေါမြိ့) (ဝမ်) ၁၀၀၀၀၀ (တစ်သိန်း)
ဦးသန်းမောင် +ဒေါ်တင်မြိုင် သား မောင်မြင့်ဇော် (ဝမ်)၁၀၀၀၀၀ (တစ်သိန်း)
ကိုလှိုင်ဘွားအောင် (ဝမ်) ၅၀၀၀၀ (ငါးသောင်း)
ကိုနေမျိုးလွင် (ရန်ကုန်) (ဝမ်) ၁၀၀၀၀၀ (တစ်သိန်း)
Tuesday, November 8, 2011
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) မြန်မာပိုင်ကျောင်းနေရာ ဝယ်ယူလှူဒါန်းနိုင်ရေး နှိုးဆော်လွှာ
ကိုရီးယားနိုင်ငံရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးသည် မြန်မာအလုပ်သမား အများစုနှင့် ပြည်ထောင်စုဖွား ရွှေမြန်မာများ၏ အမျိုးဘာသာ သာသနာအတွက် အားထားမှီခိုရာ ကျောင်းတော်ကြီးဖြစ်ပါသည်။
ယခုအခါတွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းနေရာကို (ကိုယ်ပိုင်)ဝယ်ယူလှူဒါန်းပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ရန် အခွင့်အရေးပေါ်ပေါက်နေပြီ ဖြစ်ပါသည်။
ကိုရီးယား အစိုးရထံမှ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (미얀마불교전법사원)ဟူသော အမည်ဖြင့် တရားဝင်ခွင်ပြုချက် မှတ်ပုံတင်လည်း ကျပြီးဖြစ်၍ လှူဒါန်းနိုင်သော ဘဏ်အကောင့်များကိုလည်း ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးတွင် တစ်တတ်တစ်အား ပါဝင်လှူဒါန်း လိုသူများ အနေဖြင့် အောက်ဖော်ပြပါ ဦးဆောင်ဆရာတော်များနှင့် နီးစပ်ရာ ကျောင်းအကျိုးတော်ဆောင်များထံ ဆက်သွယ်ကာ သင့်လျော်သည့် ဘဏ်အကောင့်များသို့ ပေးပို့လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
၁။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ဘူဖြောင်း)
ဆရာတော် အရှင်သုမင်္ဂလ (ဝေါဆရာတော်) (ဖုန်း = ၀၁၀-၆၅၅၇-၀၂၂၂)
လက်ထောက် ဆရာတော် အရှင်ဥတ္တရ (ဖုန်း = ၀၁၀-၂၃၂၇-၂၄၅၇)
ကျောင်းအကျိုးဆောင်အဖွဲ့ (ဖုန်း = ၀၃၂-၅၁၁-၂၈၄၁)
၂။ ဆရာတော် အရှင်ပဏ္ဍိစ္စ (ဘူဆန်ပြည်တော်ဦးဆရာတော်) နှင့်
ဆရာတော်၏ တပည့်ကျောင်း အကျိုးတော်ဆောင်များ
(ဖုန်း = ၀၁၀-၄၀၄၅-၇၀၀၂)
၃။ ဆရာတော် အရှင်သုဝဏ္ဏ (ဆိုးလ်ဆရာတော်)
(ဖုန်း = ၀၁၀-၅၁၈၄-၃၅၇၈)
၎။ ဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီဆရာတော်) နှင့်
ဆရာတော်၏ တပည့်ကျောင်း အကျိုးတော်ဆောင်များ
ဒယ်ဂူးစိတ္တသုခ မြန်မာကျောင်း (ဖုန်း = ၀၁၀-၃၇၈၇-၉၆၉၃)
ဘဏ်အကောင့်များ
1) KB (국민은행) 839801-01-472034 (미얀마불교전법사원)
2) IBK (기업은행) 370-044956-01-011 (미얀마불교전법사원)
3) NH (농협은행) 351-0396-3090-93 (미얀마불교전법사원)
မှတ်ချက်။ ကျောင်းတော်ကြီး ဝယ်ယူရာတွင် အားလုံးအတွက် သွားလာရေး လွယ်ကူသည့် နေရာကို ရွေးချယ်ပြီး ဝယ်ယူရန် ရည်ရွယ်ထားပါသဖြင့် တစ်နှစ်အတွင်း ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် ခန့်မှန်း ကိုရီးယားဝမ် သိန်းခြောက်ထောင်ခန့် စုဆောင်းရရှိရန် ရန်မှန်းထားပါ၍ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စေတနာသဒ္ဓါ ထက်သန်စွာဖြင့် တတ်စွမ်းသမျှ လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူရှင်များအားလုံးကို ကမ္ဗည်းမှတ်တမ်းတင်၍ ကျောင်းတော်ကြီး၌ သမိုင်းမှတ်တိုင် ထာဝရစိုက်ထူပေးမည် ဖြစ်ပါကြောင်း....။
ဦးဆောင်ဆရာတော်များနှင့် အကျိုးတော်ဆောင်များ





