ရေးသားသူ — Golden Mobile
Golden Mobile Store မှဖွင့်လှစ်ထားသော "Little HANOI" စားသောက်ဆိုင်တွင် လာရောက်သုံးဆောင်ကြသော မိတ်ဆွေများရဲ့တောင်းဆိုချက်အရ အပတ်စဉ် မြန်မာအစားအစာများ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဘူဖျောင်းစာတိုက်ကြီးနဲ့ Starbucks ကော်ဖီဆိုင်ကြား လမ်းသွယ်ကနေ မီတာ ၃၀၀ ခန့်လျှောက်လိုက်ရင် ဘယ်ဖက်ခြမ်းမှာ ရှိပါတယ်။
လေးစားစွာဖြင့်
Golden Mobile Store & Little HANOI Restaurant
PH: 010-4758-6788
Sunday, February 16, 2014
Little HANOI မှာ သုံးဆောင်ပါ...
Wednesday, August 28, 2013
ကြယ်စင်မြန်မာစားသောက်ဆိုင် ဆိုင်သစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ
ကိုရီယားနိုင် ငံရောက်ညီအကိုမောင်နှမများရှင့့် 
ကြယ်စင်မြန်မာစားသောက်ဆိုင် ဆိုင်သစ်ဖွင့်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်အားပေးသုံးဆောင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ရက်စွဲ-
31 -8 -2013 (စ နေ နေ့ )
အချိန် -
ည နေ 5နာရီ မှ 9 နာရီ အထိ
အစီအစဉ်-
မြန်မာထမင်း ပာင်းဖြင့် ဧည့်ခံကြွေးမွေးပါမည် ။
ဆိုင်နေရာ လမ်းညွန်-
ဒယ်ဂုတ် လမ်းဆုံ မှတ်တိုင် (김포, 대곶면사거리)
ကြယ်စင် စားသောက်ဆိုင် မှ မြန်မာ အစားအစာ အသုပ်စုံ နှင့် တရုတ် အစားအစာများကို စားသုံးသူမိတ်ဆွေများ စိတ်တိုင်းကြ မှာယူစားသုံးနိုင်ပါသည်။
အားလုံးကိုခင် မင်လေးစားလျှက်-
ကြယ်စင် မြန်မာစားသောက်ဆိုင်
မနန်းစန္ဒာထွန်း
- 010-2126-3031
- 010-7264-7795
Tuesday, July 30, 2013
နုတ် 2 တလုံးအတွက် မေတ္တာစာ
ဖုန်းတလုံးကို ခိုးယူသုံးမှ လူလုံးလှမယ့် မိတ်ဆွေရေ ၊
မိသားစု ဝမ်းရေး အနှောက်အယှက်တွေ ကင်းဝေးပြီး ၊
ရှာကျွေးသောအစာ အဆိပ်အပင်း ကင်းရှင်းပါစေ ၊
ရေကြည်ရာ မြက်နုရာ မျက်နှာငယ် ကျွန်ဘဝမှ လွတ်မြောက်ပြီး ၊
နိမ့်ကျသော စောရနက္ခတ်ဖွား ငတက်ပြား အဖြစ်မှ ၊
သံသရာ အဆက်ဆက် ရုန်းထွက်နိုင်ပါစေ ၊
ဤမှန်သော မေတ္တာ စကားကြောင့် ၊
ကျနော့်ဖုန်း မ, သွား ထိုလူသားသည် ၊
ရေလိုအေး ပန်းလိုချမ်းေ့မြ့၍ ၊
သွားလေရာ လာလေရာ ဘေးမသီရန်မခဘဲ ၊
လုပ်ငန်းခွင်ပြင်ပ ထိခိုက်ခြင်းမှ ကင်းဝေးပြီး ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်းနိုင်ပါစေ။
မေတ္တာမွန်ဖြင့် -
ကိုရွှေမိုး
တို့ ပိုင်တဲ့မြေ
**နုတ် 2 = Samsung Galaxy Note 2 .
***တို့ပိုင်တဲ့မြေ သည် ယနေ့မှစ၍ နွေရာသီပိတ်ရက်မရှိနေ့စဉ်ဖွင့်လှစ်လျက်ရှိပါကြောင်း။
Saturday, July 20, 2013
ဈေးနှုန်းချိုသာ စမတ် ဖုန်းများ
ရေးသားသူ — အမည် အမိမြေ စားသောက်ဆိုင်
ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီနောင်အပေါင်းခင်ဗျာ
ကျနော်များ မွေးရပ်မြေ စားသောက်ဆိုင်က စမတ် ဖုန်းများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးနေပါသည်။ ကျနော်တို့ မွေးရပ်မြေ စားသောက်ဆိုင်က မြန်မာ့ အစားအသောက်များကိုလည်း သုံးဆောင်ပြီး စမတ် ဖုန်းများကိုလည်း လာရောက် အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါသည်။ အားပေးကြသူများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။ ။
ဆက်သွယ်ရန်
ရှိုင်းမင်း - ၀၁၀ ၂၆၉၉ ၄၆၇၅
Saturday, June 8, 2013
ရေးသားသူ — အမည် - စိန်ပန်းပြာ
စိန်ပန်းပြာရဲ့တာဝန်ခံများကို အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါတယ် …
Wednesday, May 15, 2013
ရွှေလိမ္မော်၏ မှတ်မှတ်ရရ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် အစီအစဉ်
၈၈-ကျောင်းသားခေါင်းဆောင်များ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခြင်းအား ဂုဏ်ပြုကြိုဆိုသောအနေဖြင့်လည်းကောင်း ၊ ရွှေလိမ္မော်မိတ်ဆွေများအတွက် အမှတ်တရ ဖြစ်စေခြင်းအလို့ငှာလည်းကောင်း ရွှေလိမ္မော်စားသောက်ဆိုင်အနေဖြင့် အထူးလျှော့ဈေးပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသည်-
ရက်စွဲ-
၂၀၁၃-မေ-၁၈ (စနေ) နှင့် မေ-၁၉ (တနင်္ဂနွေ)
အချိန် -
စနေနေ့ နေ့လည် ၁၁ နာရီ ခွဲမှ တနင်္ဂနွေ ညနေ-၆နာရီ ခွဲထိ
နေရာ-
ရွှေလိမ္မော် မြန်မာစားသောက်ဆိုင်
လျှော့ဈေးနှုန်း-
- စားဖွယ်ရာများ ၅၀ ရာခိုင်နှုန်း (ရှိရင်းဆိုင်မီညူးပါမူလဈေးနှုန်းအပေါ်)
- ယမကာများ ၃၀ ရာခိုင်နှုန်း (ရှိရင်းဆိုင်မီညူးပါမူလဈေးနှုန်းအပေါ်)
ကိုရီးယားနိုင်ငံရောက် ရွှေလိမ္မော် မိတ်ဆွေအပေါင်းတို့အနေဖြင့် ၊ မှတ်မှတ်ရရ ၊ လွတ်လွတ်လပ်လပ် ၊ ပေါ့ပေါ့ပါးပါး ၊ ပျော်ပျော်ရွှင်ရွှင် ကြွရောက် သုံးဆောင်အားပေးနိုင်ကြပါကြောင်း လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည်။
-ကျေးဇူးအထူးတင်ပါသည် ။
ရွေလိမ္မော် မိသားစု
2013-May-16
Monday, February 25, 2013
“လေပြေမြန်မာထမင်းဆိုင်”လို့ ပြောင်းလိုက်ပါပြီ။
ရေးသားသူ — အမည် ပုံ့ပုံ့
Friday, February 22, 2013
ထမနဲပွဲ နွှဲကြမယ်
တပို့တွဲလ အခါရာသီမှာ မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲရင်း အရသာထူးတဲ့ ထမနဲကို စားသုံးခံစားဖို့ ဖိတ်ခေါ်အပ်ပါတယ်။
နေ့ရက်- ၂၀၁၃ ဖေဖော်ဝါရီ ၂၃ (စနေနေ့)
နေရာ- ဘူဖျောင်းမြို့ မြန်မာစင်တာ
အချိန်- ညနေ ၃ နာရီမှ ၆ နာရီအထိ ထမနဲ ထိုးမယ်
ည ၇ နာရီမှ ၁၀ နာရီအထိ အတူတကွ သုံးဆောင်မယ်
ထမနဲ တစ်ကီလိုကို ၀မ် ၁၅၀၀၀ နှုန်းနဲ့ မည်သူမဆို လှူဒါန်းနိုင်တယ်။ ဒါမှမဟုတ် အော်ဒါ မှာကြားနိုင်တယ်။ စုစုပေါင်း ကီလို ၃၀ ထိုးမှာ ဖြစ်လို့ လှူလိုသူ၊ အော်ဒါမှာကြားလိုသူများ ဦးခင်မောင်ရင် (010-2788-7153) ထံ မြန်မြန် မှာကြားပါ။
ထမနဲ ဘယ်လိုထိုးသလဲ သိချင်သူများ၊ လုပ်အားပေးချင်သူများ မြန်မာစင်တာသို့ နေ့လယ်ထဲက ကြွရောက်ခဲ့ပါ။ အားလုံးကို ကြိုဆိုပါတယ်။
Friday, December 28, 2012
နဒီမြန်မာစားသောက်ဆိုင်မှ နှစ်သစ်ကူးအထူးအစီအစဉ်
Friday, December 14, 2012
အများတောင်းဆိုကြတဲ့ ရှမ်းစာ... ရပါပြီ
ရေးသားသူ — နမ့်ယင်း
လာမယ့် စနေနေ့(၁၅-၁၂-၂၀၁၂) မှ စတင်ပြီး နမ့်ယင်းမှာ မကြာခဏ တောင်းဆိုထားကြတဲ့ ရှမ်းတိုဖူးနွေးကို တွဲဖက်စာ ဝက်ခေါက်ကြော် နှင့်အတူ မှာယူစားသောက်နိုင်ပြီ ဖြစ်ကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါတယ်…
နမ့်ယင်း၏ ပင်တိုင် အစားအစာများဖြစ်သော…
ရှမ်းခေါက်ဆွဲ၊ တိုဖူးကြော်၊ ဗရာကြော်၊
တိုဖူးသုတ်၊ ဗရာကြော်သုတ်၊ ကြက်ခြေထောက်(အရေခွံ)သုတ်၊ ပုဇွန်အစိမ်းသုတ်... စသည့် အသုတ်အမျိုးမျိုး
ဝက်မုံညင်းချဉ်၊ ဝက်အူမကြီးချဉ်စပ်၊ ဝက်ပဲငပိ၊ အမဲရှမ်းချင့်၊ ကြက်ချဉ်စပ်၊ ပုဇွန်ချိုချဉ် ... စသည့် ဟင်းအမယ်မယ်
ဝက်နံရိုးကြော်၊ ကြက်ကြွတ်ကြော်၊ ပုဇွန်ကြော်၊ ငါးရံ့ခြောက်ဖုတ်... စသည့် မြည်းစရာအသွယ်သွယ်
တို့ကိုလည်း အပတ်စဉ် စားသောက်နိုင်ရန် ပြင်ဆင်ပေးလျက် ရှိပါကြောင်း။
လေးစားစွာဖြင့်
နမ့်ယင်း ရှမ်းအစားအစာနှင့် တေးကဗျာ
Saturday, November 10, 2012
ပိတောက်ရိပ် ကဖေးရဲ့ စားဖွယ်ရာ
Friday, November 2, 2012
ပိတောက်ရိပ် ကဖေး ဖွင့်ပွဲ ဖိတ်ကြားစာ
မြန်မာ လက်ဖက်ရည်နဲ့ ပလာတာ မျိုးစုံကို အေးဆေးဆိတ်ငြိမ်စွာ စားသုံးနိုင်မယ့် ပိတောက်ရိပ် ကဖေး ဖွင့်ပါပြီ။
ဆိုင်ဖွင့်ပွဲကို ၂၀၁၂ နိုဝင်ဘာ ၃ ရက်နေ့ (စနေနေ့) ညနေ ၄း၀၀ မှ ၈း၀၀ နာရီ အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဖွင့်ပွဲသို့ ကြွရောက်အားပေးကြဖို့ အနီးအဝေး မိတ်ဆွေ အဟောင်းအသစ် အားလုံးကို ဖိတ်ကြားအပ်ပါတယ်။
ပိတောက်ရိပ် ဆိုင်နေရာက ဘူဖျောင်းမြို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် ဘေးမှာ ကပ်လျက်ပါ။
Friday, September 28, 2012
ဝမ် ၁၅,၀၀၀ နှင့် ရှမ်းစာ ဘူဖေး (Buffet) စားကြမယ်…
ရေးသားသူ — နမ့်ယင်း
ဒီနှစ် ကိုးရီးယားရဲ့ ချူဆော့က် ကာလမှာ ကောင်းကောင်းနားမယ် ကောင်းကောင်းစားမယ် ဆိုတဲ့ မိတ်ဟောင်း မိတ်သစ် သူငယ်ချင်း များအတွက်…
နမ့်ယင်းမှာ မြန်မာစာ ရှမ်းစာ မြိန်မြိန်စားယင်း…
အကုန်အကျ နည်းနည်းနဲ့ ပျော်ရွှင် ကျေနပ်မှု ရရှိနိုင်အောင်…
ရှမ်းစာ ဘူဖေးကို စီစဉ်လိုက်ပါတယ်…
ဘူဖေး ဟင်းလျာတွေကတော့ -
♦၁) မုံညင်းစော(အချဉ်ရည်)/တုံယမ်းဟင်းရည်
♦၂) နမ့်ယင်းကြက်ချဉ်စပ်
♦၃) ဝက်နံရိုးကြော်/ ကြက်ခြောက်ကြော်
♦၄) ကြက်ကုန်းဘောင် / ဝက်ကုန်းဘောင်
♦၅) ဝက်ပဲငပိ / ဝက်ချဉ်စပ်
♦၆) ပုဇွန် ချိုချဉ်
♦ရ) အမဲ ရှမ်းချဉ်
♦၈) တုတ်ထိုး ဝက်စုံသုပ်
♦၉) ကြာဇံကြော်
♦၁၀) အသီးအရွက် အစိမ်းကြော်
♦၁၁) ဝက်သားလုံး ကြော်ချက်
♦၁၂) သီးနှံ အချိုပွဲ
♦၁၃) ကောက်ညင်း လှော်စာ (ကဇော်)
…… စတာတွေ အပြင် Stout ဘီယာ တစ်လုံးစီလဲ ပါသေးတယ်နော့ …
လာဖြစ်အောင် လာဖို့လဲ ဖိတ်ခေါ်ပါတယ်…
♦ဘူဖေး အချိန်
နေ့လည် ၁၂း၀၀ မှ ၄း၀၀ ထိ တစ်ကြိမ်နှင့်
ညနေ ၆း၃၀ မှ ည ၁၀း၃၀ ထိ တစ်ကြိမ်
(၃၀၊၉၊၂၀၁၂ စနေနေ့ တစ်ရက်တည်းသာ)
(ချူဆော့က် ကာလ ၂၈-၉-၂၀၁၂ သောကြာနေ့မှ ၃-၁၀-၂၀၁၂ ဗုဒ္ဓဟူးနေ့အထိ ပိတ်ရက်မရှိ ဆက်တိုက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ကျန် အချိန်များနှင့် ကျန်ရက်များ တွင် ပုံမှန်အတိုင်း နမ့်ယင်း menu များကို စားသောက်ရင်း တေးသီချင်းများ သီဆိုနိုင်ပါကြောင်း …)
လေးစားလျှက်..
နမ့်ယင်း
Saturday, July 21, 2012
တို့ပိုင်တဲ့မြေ ရွှေရောင်မီညူးသစ်များရပြီ
ကိုရီးယားရောက် ရွှေမြန်မာညီအစ်ကိုမောင်နှမများခင်ဗျား
မင်္ဂလာပါ
တို့ပိုင်တဲမြေ မိသားစုမှ ရွှေရောင်နွေရာသီပိတ်ရက် ကာလများအတွင်း ညီအစ်ကိုများ ခံတွင်းမြိန်စေမယ့် အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရင်း ၊ ၂၇-၇-၂၀၁၂မှ ၅-၈-၂၀၁၂ အထိ နေ့စဉ် ပိတ်ရက်မရှိ ၊ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ယခုအပတ် မီညူးကတော့ -
- အထူးစပါယ်ရှယ် တို့ပိုင်တဲ့မြေရဲ့ နာမည်ကြီးဟင်းလျာဖြစ်တဲ့ တောင်ပေါ်ကရင် ဝက်ခေါင်းချဉ်နှင့် ကြက်သားခွေးတောက်ဟင်းလေးချိုဖြစ်ပါတယ်။
- အပတ်စဉ်လျာရင်းမြက်စေမယ့် အစားအစာများကို ပြောင်းလဲချက်ပြုတ်နေတဲ့အတွက် အထူးသုံးဆောင်လိုသည့် ဟင်းလျာများရှိခဲ့ပါလျင် ၊ ကြိုတင်မှာကြားဖုန်းဆက်ပါက စီမံချက်ပြုတ်ပေးသွားမှာဖြစ်ပါတယ် ။
- မွေးနေ့မင်္ဂလာ နှုတ်ဆက်မင်္ဂလာ အထိမ်းအမှတ်ပွဲများကိုလည်း အထူး သက်သာနှုန်ြးုဖင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။
ယနေ့ မီညူး-
- တောင်ပေါ်ကရင်ဝက်ခေါင်းချဉ်နှင့် ကြက်သားခွေးတောက်ဟင်းလေးချို
- ရွှေမြန်မာညီအစ်ကိုမောင်နှမများ စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
အားပေးသူ မိတ်ဟောင်းမိတ်သစ်များအား အထူးကျေးဇူးတင်လျက် -
တို့ပိုင်တဲ့မြေ မိသားစု
- ၀၁၀-၈၇၁၄-၇၀၁၉
- ၀၇၀-၄၁၁၁-၇၀၁၉


