တောင်ကိုရီးယားနိုင်ငံ၊ အင်ချောန်းမြို့တော် ဘူးဖြောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) အဋ္ဌမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော် လျာသင်္ကန်းကြီးကို နိုဝင်္ဘာလ ၁ ရက်နေ့က လှူဒါန်းခဲ့ကြပြီး ၊ ကထိန်အာနိသင်ရ ဆရာတော် သံဃာတော် အရှင်သူမြတ်များကလည်း အလှူတော်ကိုလက်ခံတော်မူ၍ ကထိန်ခင်းခြင်းအမှုကိုလည်း ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မူခဲ့ကြပြီးဖြစ်ပါသည် ။ မဟာဘုံကထိန် အခြံအရန် ပစ္စည်း ပစ္စယများ ထပ်ဆောင်းလှူဒါန်းခြင်းနှင့် မဟာဘုံကထိန်အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-
နေရာ -
ဓမ္မဒူတ (ကိုရီးယား)
အလှူတော်နေ့ -
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၀ ) ရက်၊ ( ၁၆ . ၁၁. ၂၀၁၄ ) တနင်္ဂနွေနေ့။
အချိန်-
- နံနက် ( ၇း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ
အလှူတော် အစီအစဉ် -
- နံနက် (၇း၀၀) အချိန် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် ( ၁၁း၁၅ ) နာရီ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည် ။
- နံနက် (၁၁း၂၀) နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။
အာဟာရဒါန နှင့် အလှူရှင်-
အရုဏ်ဆွမ်း အလှူ ၊
- ရှမ်းရိုးရာ ထူးကဲရသာ မြီးရှည် (စစ်ကိုင်းလူငယ်များအလှူတော်)
နေ့ဆွမ်း အလှူ
- မြန်မာ့အကြိုက် ရသာစုံ ထမင်း ဟင်း (စိန်ပန်းပြာ မိသားစုအလှူတော်) ။
စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ ကထိန် အခြံအရန် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀
ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အလို့ငှာ အောက်ဖော်ပြပါ ကထိန်အခြံအရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ
ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု-
အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ခုနှစ် နိုဝင်္ဘာလ ၉ ရက်
Sunday, November 9, 2014
ဓမ္မဒူတ (ကိုရီးယား) စုပေါင်းမဟာဘုံကထိန် အလှူတော် ရေစက်ချ မင်္ဂလာ ဖိတ်ကြားစာ
Thursday, August 7, 2014
ဝမ်းမြောက်စွာ သာဓုခေါ်ပါလေကုန်
ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးစဉ် ၃ ခု အနက် ၊ နတ်ဆန်ဆာ နှင့် ဘူဆန်ဟဲအွန်ဒဲခရီးစဉ်တို့မှ ပိုလျှံငွေ စုစုပေါင်း ဝမ် ၅ သိန်း ၅ သောင်းအား သာသနာနော်အဓွန့်ရှည်တည်တန့်ပြန့်ပွါးရေးအတွက် ရည်စူးလျက် ၊ ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီးဖြစ်ပါကြောင်း နှင့် လှူဒါန်းမှု ကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံသားတို့အား ဝမ်းမြောက်စွာ အမျှပေးဝေအပ်ပါကြောင်း ။
- ဓမ္မဒူတ(ကိုရီးယား) ၂၀၁၄ နွေရာသီ ခရီးသွား မိတ်ဆွေ ညီအစ်ကိုမောင်နှမများနှင့် သာသနာချစ်ခင် သူတော်စင်အပေါင်းတို့ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါလေကုန် ။
မေတ္တာဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄-၀၈-၀၆
Wednesday, January 29, 2014
ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူး အလှူတော်များ ဖိတ်ကြားလွှာ
ပါရမီရှင်အပေါင်းတို့ခင်ဗျား
ကိုရီးယားသက္ကရာဇ် ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄ခုနှစ် ဇန်နဝါရီ ၃၀ မှ ဖေဖေါ်ဝါရီလ ၂) အတွင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများနှင့် ဓမ္မဓူတလူငယ်များက ဘုရားအမှူးရှိသော ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်ပြီး ကြွရောက် လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း အာဟာရဒါနဖြင့် ဧည့်ခံလှူဒါန်းကျွေးမွေးကြမည်ဖြစ်ရာ ၊ အောက်ပါအစီအစဉ်များအတိုင်း ၊ ကြွရောက်သုံးဆောင် ကုသိုလ်တော်ယူကြပါမည့်အကြောင်း လေးစားစွာ ဘိတ်မန္တကပြုအပ်ပါသည်-
အလှူတော် အစီအစဉ်များ
၁။ ဇန်န၀ါရီ ၃၁ ရက်၊ သောင်္ကြာနေ့
ဂုံဂျီအမ် လူငယ်များ
၂။ ဖေဖော်ဝါရီ ၁ ရက် စနေနေ့
ပဲခူးဘုရားကြီးလူငယ်များ
၃။ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့
ဓမ္မဒူတလူငယ်များ
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ ( ကိုရီးယား)
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်
Saturday, January 25, 2014
၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ဓမ္မဒူတဆရာတော် ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်

ဇန္နဝါရီ၂၅ ၊ အင်ချောန်း
ကိုရီးယားနှစ်- ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄-ခုနှစ်ဖေဖေါ်ဝါရီလ ၁) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၊ ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
ဆရာတော်ကြီးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုရီးယားသို့ရောက်ရှိတော်မူပြီး ၊ နေ့လည် ၁ နာရိ ၃၀ မိနစ်တွင် ဓမ္မဒူတသိမ်တော်ခမ်းမတွင် ကျင်းပမည့် နှစ်ကူးအထူးဓမ္မသဘင်တွင် ၊ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပြီး ဖေဖေါ်ဝါရီလ ၂ ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည် ။
ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ဇန် ၂၅
Saturday, November 9, 2013
ဓမ္မဒူတကျောင်းတော် ( ကိုရီးယား ) သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန် အလှူတော်ဖိတ်ကြားစာ
တောင်ကိုရီးယားနိုင်ငံ၊ ဘူးဖျောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော်ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-
နေရာ
ဓမ္မဒူတ (ကိုရီးယား)
အလှူတော်နေ့ -
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်၊ ( ၁၀ . ၁၁. ၂၀၁၃ ) တနင်္ဂနွေနေ့။
အချိန်
- နံနက် ( ၁၀း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ
အလှူတော် အစီအစဉ် -
- နံနက် ( ၁၁း၁၅ ) အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည်။
- နံနက် ၁၁း၂၀ နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ အချိန်တွင် စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။
အာဟာရဒါနအလှူရှင်-
- ဓမ္မဒူတလူငယ်များ(ကိုရီးယား) ။
စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀
ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အတွက် အောက်ဖော်ပြပါ ကထိန်အရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးအပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ
ဗုဒ္ဓသာသနံ စီရံ တိဌတု-
အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၆ ရက်
Saturday, September 14, 2013
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ ချူးဆောက်ကာလ ဓမ္မဒူတ(ကိုရီးယား)ဒုလ္လဘရဟန်းခံအလှူတော် ကြွရောက်ချီးမြှင့်တော်မူမည်
ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒသည် လာမည့် ချူးဆောက် ပိတ်ရက် (စက်တင်္ဘာ၁၈မှ၂၂)ကာလ အတွင်း ၊ ဓမ္မဒူတ(ကိုရီးယား)တွင် ပြုလုပ်မည့် ၈ ကြိမ်မြောက် စုပေါင်း ဒုလ္လဘရဟန်းခံအလှူတော် သို့ကြွရောက်ပြီး ၊သာဓုအနုမောဒနာတရား ချီးမြှောက်ဟောကြားတော်မူဖြစ်ပါသည်။
ဆရာတော်ကြီးသည် စက်တင်္ဘာလ ၁၈ ရက်ညနေ မြန်မာပြည်မှ စတင်ကြွတော်မူပြီး စက်တင်္ဘာလ ၁၉ ရက်နေ့ နံနက်တွင် တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိတော်မူပါမည် ။ ၄င်းနောက် ဓမ္မဒူတ(ကိုရီးယား)တွင် နေ့ဆွမ်းချီးမြောက်တော်မူပါမည်။ နေ့လည် ၁နာရီ မိနစ်၃၀ အချိန်တွင် မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် ပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် ဒုလ္လဘရဟန်းခံအလှူ တော် သာဓုအနုမောဒနာတရားကို ချီးမြှင့်တော်မူပါမည် ။
၎င်းနောက် ခေတ္တခဏ အနားယူပြီးနောက် ညနေပိုင်းတွင် တောင်ကိုရီးယားနိုင်ငံမှ မြန်မာပြည်သို့ ပြန်လည်ကြွချီတော်မူပါမည် ။
ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၃ခုနှစ် စက်တင်္ဘာလ ၁၅
အင်ချောန်းမြို့
ဓမ္မဒူတ(ကိုရီးယား) ၂၀၁၃ချူးဆောက် ပိတ်ရက်ကာလ အလှူတော် ဖိတ်ကြားလွှာ
ရေးသားသူ — ဓမ္မဒူတ(ကိုရီးယား)
ဓမ္မဒူတ(ကိုရီးယား)တွင် ၊ လာမည့် ၂၀၁၃ခုနှစ် ကိုရီးယားချူးဆောက်ပိတ်ရက်ကာလ (၂၀၁၃စက်တင်္ဘာ၁၈မှ ၂၂)အတွင်း အောက်ဖော်ပြပါ အလှူတော်များရှိပါသဖြင့် ၊ ပါဝင်ဆင်နွဲကုသိုလ်တော်ယူတော်မူကြပါရန် ဓမ္မသက်ဝင် သူတော်စင် မိတ်ဆွေအပေါင်းတို့အား လေးမြတ်စွာဖိတ်ကြားအပ်ပါသည်-
ဆွမ်းနှင့် အာဟာရဒါနအစီအစဉ်များ
- ၁၈-၉-၂၀၁၃ = ဒေါ်စန်း(မိုးညှင်း)နှင့် မိတ်ဆွေများ
- ၁၉-၉-၂၀၁၃ =မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ
- ၂၀-၉-၂၀၁၃ = ဓမ္မဒူတဝေယျာဝစ္စလူငယ်များ
- ၂၁-၉-၂၀၁၃ =ကိုကြီးမြင့်နှင့်သူငယ်ချင်းများ
- ၂၂-၉-၂၀၁၃=အမေ့အိမ်နှင့်သူငယ်ချင်းများ
အဋ္ဌမအကြိမ်မြောက် ဒုလ္လဘရဟန်းခံ အစီအစဉ်-
၁၈-၉-၂၀၁၃ နေ့ညနေ ( ၅ )နာရီ ဆံချပြီး ၊ ကိုရင်ကြီးဝတ်ပါမည်။
၁၉-၈-၂၀၁၃ နံနက် (၈) နာရီ သိမ်ဝင်ပါမည် ။
***မြန်မာသူကြီးမိသားစုက ရဟန်းဒါယကာ ဒါယိကာမများအဖြစ် ချီးမြှောက်ထောက်ပံ့လှူဒါန်းကြပါမည် ။ ဒုလ္လဘရဟန်းခံလိုသူများ ၀၁၀-၈၃၃၀-၁၇၉၂ ထံ အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းကြစေလိုပါသည်။
ဗုဒ္ဓသာသနံစိရံတိဋ္ဌတု-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၃-၀၉-၁၃
အင်ချောန်းမြို့တော်
Thursday, February 7, 2013
၄၃၄၆-ခုနှစ် ၊ ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ၊ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်
၄၃၄၆-ခုနှစ် ၊ ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ၊ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်
ဖေဖေါ်ဝါရီ ၇ ၊ အင်ချောန်း ။
ကိုရီးယားနှစ်- ၄၃၄၆-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ နှင့် ၁၀ ရက်များ) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၊ ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ၏ ၊ ၄၃၄၆-ကိုရီးယားနှစ်သစ်ကူး ဓမ္မဒူတအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ ရက်(စနေနေ့)အစီအစဉ်
- နံနက် ၈ နာရီ ၂၅ မိနစ်တွင် ကိုရီးယားသို့ ရောက်ရှိတော်မူမည် ။
- နေ့လယ် ၁၁ နာရီ၁၅ မိနစ်တွင် ၊ ဂုံဂျီအမ်လူငယ်များမှ လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ သာဓုအနုမောဒနာ(ရေစက်ချ) တရား ချီးမြှင့်တော်မူပါမည် ။
- ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ၊ ဓမ္မဒူတစင်တာတွင် ၊ ကိုရီးယားနှစ်ကူးညချမ်းတရားဆွေးနွေးပွဲ (မေး ၊ဖြေ)ကျင်းပပါမည် ။
၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၀ ရက်(တနင်္ဂနွေနေ့) အစီအစဉ်
- နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဓမ္မဒူတ (ကိုရီးယား) လူငယ်များ ၏ အရုဏ်ဆွမ်းအလှူ ၊ နေ့လယ် ၁၁ နာရီ၁၅ မိနစ်တွင် ပဲခူး လူငယ်များ၏ နေ့ဆွမ်းအလှူတို့ကို ချီးမြှင့်တော်မူပါမည် ။
- နေ့လည် ၁ နာရီ ၁၅မိနစ် မှ နေ့လည် ၃ နာရီထိ ကိုရီးယားနှစ်သစ်အထူးဓမ္မသဘင်တွင် ဓမ္မလက်ဆောင်များ ဟောကြားချီးမြှင့်တော်မူပါမည် ။
- ညနေ ၃ နာရီ ၃၀ မိနစ်တွင် ၊ ကိုရီးယားမှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။
ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)
ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူးအလှူတော်များဖိတ်ကြားလွှာ
ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူးအလှူတော်များဖိတ်ကြားလွှာ
ဖေဖေါ်ဝါရီ ၇ ၊ အင်ချောန်း ။
ခရာစ်နှစ်-၂၀၁၃ခုနှစ်ဖေဖေါ်ဝါရီလ၉,၁၀,၁၁ ရက် (မြန်မာရက် ၁၃၇၄ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ၊ ၁၅ နှင့် တပို့တွဲလဆန်း ၁ ရက်) နေ့တွင်များတွင်ကျရောက်သည့် ကိုရီးယားနှစ်- ၄၃၄၆ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများက ၊ ဓမ္မဒူတစင်တာ(ကိုရီးယား) တွင် အောက်ပါအစီအစဉ်များအတိုင်း၊ အာဟာရဒါန လှူဒါန်းကြမည်ဖြစ်ရာ ၊ ကြွရောက် သုံးဆောင်တော်မူကြခြင်းဖြင့် ကုသိုလ်တော် ယူတော်မူကြပါရန် လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည် -
၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ ရက်(စနေနေ့)
အရုဏ်ဆွမ်းအလှူရှင် - ဂုံဂျီအမ်လူငယ်များ
အာဟာရ - မြန်မာမုန့်ဟင်းခါး
နေ့ဆွမ်းအလှူရှင် - ဂုံဂျီအမ်လူငယ်များ
အာဟာရ - မြန်မာထမင်း မြန်မာဟင်း
*****
၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၀ ရက်(တနင်္ဂနွေနေ့)
အရုဏ်ဆွမ်းအလှူရှင် - ဓမ္မဒူတ (ကိုရီးယား) လူငယ်များ
အာဟာရ - ရှမ်းခေါက်ဆွဲ (ရှယ်ထူး)
နေ့ဆွမ်းအလှူရှင် - ကိုရဲ ၊ ကိုထွန်းဇော် ၊ ဖိုးလှမင်း ၊ ကိုသော်သော် ၊ ကိုနေအောင် ၊ ကိုဝင်းကို နှင့် ချင်းကူများ
အာဟာရ - ပဲခူးထမင်း နှင့် ပဲခူးရိုးရာ ဟင်း
*****
၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၁ ရက်(တနင်္လာနေ့)
အရုဏ်ဆွမ်းအလှူရှင် - မြန်မာသူကြီး နှင့် မြိတ်လူငယ်များ
အာဟာရ - မြိတ်အာဟာရ
နေ့ဆွမ်းအလှူရှင် - မြန်မာသူကြီး နှင့် မြိတ်လူငယ်များ
အာဟာရ - သူကြီးထမင်း သူကြီးဟင်း
*****
ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)
Thursday, September 20, 2012
ကိုရီးယားချူးဆောက်(၂၀၁၂) ပိတ်ရက် ၊ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ဓမ္မဒူတခရီး ကြွရောက်ချီးမြင့်တော်မူမည်
ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒသည် ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း နှင့် ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်-
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။
၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက် (တနင်္လာနေ့)
နံနက် ၆နာရီ ၄၅ မိနစ်အချိန်တွင် ၊ ဓမ္မဒူတဝေယျာဝစ္စအဖွဲ့က ကလှူဒါန်းမည့် အရုဏ်ဆွမ်းအလှူတော်ကိုလည်းကောင်း ၊ နေ့လည် ၁၁နာရီ ၁၅မိနစ်အချိန်တွင် နေ့ဆွမ်းအလှူတော်ကို လည်းကောင်း ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁နာရီ ၃၀မိနစ် အချိန်တွင် ၊ ၂၀၁၂ခုနှစ် ချူးဆောက် အထူးတရားပွဲကို ချီးမြှင့်တော်မူပြီး ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွရောက်တော်မူပါမည် ။
ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၀ ရက် ။
Monday, September 3, 2012
အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က ကျေးဇူးတင်
လွန်ခဲ့သည့် ရက်သတ္တပတ် ဓမ္မဒူ နွေရာသီအပမ်းဖြေခရီးစဉ် (၃/၂၀၁၂) (강원도)ဒေသ အပမ်းဖြေခရီး တွင် လိုက်ပါခဲ့ကြသော အောက်ဖော်ပြပါ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တင်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်-
- ကိုအောင်မျိုးသူ(ကောန်ဂု-ဂ် ယူနီဗာစီတီ) နှင့် အဖွဲ့
- ကိုဝင်းလှိုင် (ဂလိုဗယ်တော့-ပ်) နှင့်အဖွဲ့
လူကြီးမင်းတို့ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့သော ဤအပမ်းဖြေခရီးစဉ်မှ ပိုလျှံငွေမှာ ဝမ် ၄ သိန်း (ဝမ်လေးသိန်းတိတိ) ဖြစ်ပြီး ၊ အဆိုပါ ပိုလျှံငွေများကို ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း နှင့် အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ပြုအပ်ပါကြောင်း ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၉ ရက်
Thursday, June 28, 2012
ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူရှင်အမှတ် 10169 နှင့် ပါရမီရှင်များ ဝမ်၃၃သိန်း၉သောင်း လှူဒါန်း
ဇွန် ၂၇ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အလှူရှင်အမှတ် 10169 နှင့် အောက်ဖော်ပြပါ ပါရမီရှင် အပေါင်းတို့က အလှူတော်ငွေ ဝမ် ၃၃သိန်း၉သောင်းတိတိ (3,390,000 Won)ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10169 ဦးချစ်ခိုင် ဒေါ်သန်းဝင်း သား မျိုးခိုင်ဝင်း 100,000
10170 ဦးသန်းဌေး (အွိဂျောင်ဘူ) 50,000
10171 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(2) 100,000
10172 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(3) 150,000
10173 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(4) 170,000
10174 ကိုကျော်ဇော 30,000
10175 ဦးစိုးမြင့် ဒေါ်နော်ကြာပါး သားမောင်မောင်မျိုးညွန့် 50,000
10176 ဦးကြည်ဝင်း ဒေါ်သန်းမြင့် 100,000
10177 ကိုအောင်လင်းသိန်း မငုဝါစိုး သားဈာန်လင်းထက် 10,000
10178 ဦးစံရွှေ ဒေါ်ခင်ဝင်း သား မျိုးဇော်ဝင်း 50,000
10179 ဦးအောင်မျိုးသူ ဒေါ်ဖြိုးမမသန်း မိသားစု 100,000
10180 ဒေါ်ခင်မြင့် ရည်စူး၍ 20,000
10181 ကိုဇော်လင်းအောင် 15,000
10182 ဦးမြင့်သိန်း ဒေါ်သန်းရွှေ 30,000
10183 သူငယ်ချင်းများ 25,000
10184
ကိုအောင်မျိုးသူနှင့် ပညာတော်သင်ကျောင်းသားများ
230,000
10185 ဦးစိုးဝင်း ဒေါ်စောမြင့် ဒေါ်ကျင်အေးတို့အားရည်စူး၍ ကိုကျော်လင်း
မညိုပြာ သား အောင်ဟိန်းခန့် မောင်ရှင်းသန့်အောင် 100,000
10186 ကိုဟိန်းဇော်လတ်(သိမ်ဇရပ်) 50,000
10187 ကိုမြင့်ဝင်း မယုမြတ်လှိုင် သား အောင်ခန့်ဇော် သမီးရွှေရည်မြင့်မြတ် 50,000
10188 ကိုဇာနည်ထွန်း 30,000
10189 ကိုဟိန်းဇာ 30,000
10190 ကိုလှတင်ဦး 20,000
10191 ကိုစိုးမိုး ၊ကိုမောင်ခိုင် ၊ ကိုမင်းကို 30,000
10192 ကိုသိန်းမင်း 30,000
10193 ကိုရေချမ်း ၊ကိုအေးဟန် ၊ လွင်ချမ်းမြေ့ 30,000
10194 ဦးညွန့်မောင် ဒေါ်ခင်စန်းရီ မိသားစု 100,000
10195 လင်းဧရာထူး 50,000
10196 ကိုအောင်သက်ထွေး 30,000
10197 ကိုစိုင်းညီမင်း 50,000
10198 ဦးကြည်ဝင်းအားရည်စူး၍ သား ကိုသန်းဝင်းအောင် 300,000
10199 ကွယ်လွန်သူ ဦးကျော်ငြိမ်းအားရည်စူး၍ သား ကိုဇော်လတ် 100,000
10200 ဒေါ်အေးလှိုင်(ရန်ကုန်) 100,000
10201 ကိုမြင့်ကျော် မသီတာ (နမ်ယင်း) ၊ကိုပြည့်ဖြိုးအောင်(20,000စီ) 40,000
10202 ဦးမင်းလွင်(၇၃)နှစ်အားရည်စူး၍ သားစိုင်းတင်မင်းဆိုင် 100,000
10203 ဦးစောဝင်း ၊ဒေါ်သန်းသန်းမြင့် သား ကျော်သူမိသားစု 100,000
10204 မျိုးမြင့်အောင် 50,000
10205 ဦးတင်ဝင်း ဒေါ်ခင်အေးမူ မိသားစု 100,000
10206 ဦးအောင်သစ် မိသားစု 300,000
10207
ကိုမင်းထွန်းသန်း ၊ ကိုမျိုးမောင် ၊ ကိုဇော်နိုင်ဦး ၊ကိုညီညီနိုင် ၊
ကိုလေးအောင် ၊ ကိုမြင့်ဇော် ၊ စေတနာရှင် (10,000စီ) 70,000
10208 ကိုတူးမနီနီချော၊ကိုတိုးဝင်းထွန်း ၊ကိုသီဟတိုး ၊(20,000စီ) 60,000
10209 ကိုအောင်မိုး (ခ) ကိုရိန်း 15,000
10210 ဦးသိန်းဆောင် (ဒေါ်သန်း) မိသားစု 5,000
10211 ကိုတိုးကြီး 50,000
10212 ကိုချစ်ထူး ၊ ထွန်းထွန်းဝင်း ၊ ကိုအောင်ကိုဦး (20,000စီ) 60,000
10213 ဦးသိန်းဆောင် (ဒေါ်သန်း) မိသားစု 10,000
10214
ကိုဝေလင်း မနီနီဝင်း ၊ ကိုမျိုးမြတ်လင်း ၊ ကိုသက်ခိုင်ဝင်း ၊
ကိုကျော်ဝေဦး မရီဝေနိုင် ၊ ဝေဖြိုး ၊ ကိုလူအောင် (10,000စီ) 60,000
10215 တိုးဝင်းထွန်း ၊ ကိုနိုင်မင်း(20,000စီ) 40,000
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဇွန်လ27 ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း 1076 နှင့် 7 သောင်း 7 ထောင် (107,677,000) နှင့် အမေရိကန်ဒေါ်လာ ၅၃၀ (ငါးရာသုံးဆယ်) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇွန်လ 27 ရက်
Saturday, June 16, 2012
ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာ ၊ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြင့်မည်
ဇွန် ၅ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒသည် ယခုလာမည့် ဇွန်လ ၁၆ ရက်နေ့ နံနက်တွင် ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ပြီး ၊ ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် ဓမ္မဒူတ စင်တာတွင် ကျင်းပမည့် ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာသဘင်၌ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် ။
ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ၂၀၁၂ခုနှစ် ဇွန်လ ၁၆ ရက် (စနေနေ့)
- နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
- နေ့လည် ၁၁နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
- မွန်းလွဲ ၂ နာရီ ခွဲတွင် ဆောအူးလ်မြို့တော် ၊ ဗောဓိရိပ်သာ(ဗောရီဆု)သို့ ဓမ္မဒူတခရီးစဉ် ကြွရောက်တော်မူပါမည် ။
- ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် (တနင်္ဂနေ့)
- နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
- နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊
- နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
- ညနေတွင် ၊ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။
ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ခုနှစ် ဇွန်လ ၅ ရက် ။
Thursday, June 14, 2012
ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူရှင်အမှတ် 10151 နှင့် ပါရမီရှင်များ ဝမ်၂၆သိန်း၂ ထောင်တိတိ နှင့် ဒေါ်လာ ၅၃၀ လှူဒါန်း
ဇွန် ၁၄ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် များနှင့် မိတ်ဆွေအပေါင်းတို့က အလှူတော်ငွေ ဝမ် ၂၆သိန်း၂ ထောင်တိတိ (2,602,000 Won)နှင့် အမေရိကန် ဒေါ်လာ ၅၃၀ (530USD)ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10151 အဖွားဒေါ်အေးလှိုင်အမှူးထား၍ မြေးအောင်ဇော်ဌေး 100,000
10152 မိခင်ဒေါ်ခင်မြင့်အမှူးထား၍သားသန့်ဇင်မောင် 100,000
10153 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ 100,000
10154 မမနာပိကာစာရီ 50,000
10155 ၂ဘက်မိဘအမှူးထား၍ ကိုဝင်းမင်းထွန်း မမိမိမော် 100,000
10156 ကိုနေမင်းထင် (တတိယအကြိမ်) 50,000
10157 ကိုရဲမြင့် မအေးအေးမြင့် ၊ သမီးမဇာကြည်နိုင် 20,000
10158 ရခိုင်အသင်း(ကိုရီးယား) 50,000
10159 ဦးဇော်ဝင်း ဒေါ်သန်းသန်းမြင့် ၊ ကျော်သူ ကျော်သန့်ဇင် ယဉ်ဝေသူ 100,000
10160 ဦးချစ်ရွှေ ဒေါ်သောင်းရွှေ မိသားစု 100,000
10161 မိခင်ကြီး ဒေါ်ငွေယုန် (၇၉-နှစ်) (မိုးညှင်း) 100,000
10162 မိခင်ကြီး ဒေါ်ခင်အေးရည်စူး၍ နန္ဒကိုကို နော်စူစီ ဇော်လင်းလက်ကိုကို 100,000
10163 ကိုဟိန်းလတ်စိုး 30,000
10164 မိခင်ကြီး ဒေါ်သိန်းကြည်အားရည်စူး၍ သမီးမစန်းစန်းဝင်း(မိုးညှင်း) 1,500,000
10165
ကိုဝင်းလွင်ထွန်း
22,000
10166 ကိုငယ်ထွေးမိသားစု ။ ကိုသန်းကျော်ထွန်း ။ ကိုဟန်စိန် ။
ကိုသီဟကျော် ။ ကိုဝင်းအောင် ။ ကိုသောင်းထွဋ်ဇော် ။
ကိုအောင်မြင့်ဆွေ ။ ကိုတိုး ။ (10,000 စီ)
10167 ဦးရန်အောင် ၊ ဒေါ်ရင်ရွှင် (နယူးစတားရတနာဆိုင်) မိသားစု $500.00
10168 ကိုမြင့်မောင်မောင် $30.00
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဇွန်လ၁၄ ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း ၁၀၄၂ နှင့် ၈ သောင်း ၇ ထောင် (104,287,000) နှင့် အမေရိကန်ဒေါ်လာ ၅၃၀ (ငါးရာသုံးဆယ်) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်
Monday, February 13, 2012
အလှူရှင်အမှတ် 10135 နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ်သိန်း၃၀နှင့် ၃သောင်းလှူဒါန်း၊ စုစုပေါင်း အလှူတော် သိန်း ၁ထောင်ကျော်ပြီ
ဖေဖေါ်ဝါရီ ၁၂ ၊ အင်ချောန်း
[Photo:Dhammaduta_Korea/ ရွှေပြည်သာညီအစ်ကိုများနှင့် ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော်]
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၁၆ ဦးနှင့် မိတ်ဆွေအပေါင်းတို့က အလှူတော်ငွေ ဝမ် သိန်းပေါင်း ၃၀ နှင့် ၃ သောင်း တိတိ (3,030,000 )ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10135 ဦးစိုးမင်းထူး ဒေါ်ယမင်းသန်း မိသားစု 50,000
10136 ဒေါက်တာ အရှင်နန္ဒက 500,000
10137 ဦးဘိုဘိုအားရည်စူး၍ ဒေါ်ခင်မြင့်နှင့် သားမောင်အေးအောင်(မိုးညှင်း) 300,000
10138 ဦးအုန်းမြင့် ဒေါ်တင်ဝင်း ရည်စူး၍ သား ကိုယဉ်ဝင်းအောင် 200,000
10139 ကိုအာကာဆွေ (တောင်သာ) 100,000
10140 ကိုဟိန်းစည်သူ (ဒလ) မိသားစု 200,000
10141 ရွှေပြည်သာ ညီအစ်ကိုများ 1,300,000
10142 ကိုဝင်းခိုင် မခင်စန်းဦး 30,000
10143 ကိုမြင့်ဌေး 50,000
10144 ကိုကျော်သက်ဟန် မနှင်းပွင့်ဖြူ 30,000
10145 ကိုအောင်စိုးမိုး 30,000
10146 ကိုဇော်သိန်း 30,000
10147 ကိုကျော်သိန်း (ဖြောင်းထက်) 30,000
10148 ကွယ်လွန်သူအား ရည်စူး၍ ကျန်ရစ်သူမိသားစု 30,000
10149 ကိုဌေးလှိုင် 50,000
10150 ကိုအောင်ကို 100,000
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဖေဖေါ်ဝါရီလ၁၂ ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း ၁၀၁၆ နှင့် ၈ သောင်း ၅ ထောင် (101,685,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်
Tuesday, February 7, 2012
ရွှေပြည်သာ ညီအစ်ကိုများ ဓမ္မဒူတ မြေအလှူတော် ရေစက်ချမင်္ဂလာ ဖိတ်ကြားလွှာ
ကျနော်များ ရွှေပြည်သာ ညီအစ်ကိုများနှင့် မိတ်ဆွေတစ်စုတို့က ၊ ကျနော်တို့၏ လုပ်အားခချွေးနှည်းစာများကို စုဆောင်းပေါင်းစုပြီးသကာလ ၊ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူတော်ငွေ ထည့်ဝင်လှူဒါန်းပွဲနှင့် အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
အလှူတော် အစီအစဉ်
ရက်စွဲ ။ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်(တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲထိ
အကျွေးအမွေးအစီအစဉ်
အညာထမင်းဟင်းအဖြစ် သရက်ချဉ် ၊ ငံပြာရည် ၊ ငါးသလောက် ၊ ငါးခြောက်ကြွပ်ကြော် ၊ ပဲတီချဉ် ၊ ဧရာဝတီဟင်းချို စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ဧည့်ခံလှူဒါန်းပါမည် ။
အနုမောဒနာတရားအစီအစဉ်
နေ့လည် ၁ နာရီခွဲ တိတိတွင် အလှူတော် အနုမောဒနာတရားနာကြားမည်ဖြစ်ပါသည် ။
ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။
ရွှေပြည်သာ ညီအစ်ကိုများ နှင့် မိတ်ဆွေများ
မှတ်ချက် ။
အကြောင်းအမျိုးမျိုးကြောင့် အလှူတော်တွင် မပါဝင်ကြရသေးသော ရွှေပြည်သာ ညီအစ်ကိုများ ၊ 010-2251-1792 ထံဆက်သွယ်နိုင်ကြပါကြောင်း ။
Thursday, January 26, 2012
ဂုံဂျီအမ် လူငယ်များ ၂၀၁၂ ကိုရီးယားနှစ်ကူးပွဲ ဓမ္မဒူတအလှူတော်မှတ်တမ်း
[Photo:Dhammaduta_Korea/ဂုံဂျီအမ် လူငယ်များ ၂၀၁၂ ကိုရီးယားနှစ်ကူးပွဲ ဓမ္မဒူတအလှူတော်မှတ်တမ်း]
Wednesday, January 25, 2012
အလှူရှင်အမှတ် ၁၀၁၂၂ နှင့် ဒါနပါရမီရှင် ၁၃ ဦးမိသားစု ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် ဝမ် ၇ သိန်း ၄ သောင်းလှူဒါန်း
ဇန္နဝါရီ ၂၄ ၊ အင်ချောန်း
[Photo:Dhammaduta_Korea/ ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော် လှူဒါန်းနေကြစဉ်]
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၁၃ ဦးနှင့် မိသားစုတို့က အလှူတော်ငွေ ဝမ် ၇ သိန်း နှင့် ၄ သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10122 ယောဆုမြို့ မြန်မာသူငယ်ချင်းများ 75,000
10123 ကိုတင်လင်းအောင် 30,000
10124 ကိုကျော်အောင် 50,000
10125 ကိုအောင်သာခိုင် မဖြူဖြူသန့် မိသားစု 200,000
10126 ကိုဝင်းမင်းသိန်း မိသားစု (ဒုတိယအကြိမ်) 30,000
10127 ဦးဇော်မင်းဌေး ဒေါ်မေဇင်ဦး မိသားစု 25,000
10128 ကိုဝင်းနိုင်မိုး 25,000
10129 ကိုချမ်းဇော်အောင် 25,000
10130 ကိုသန်းမြင့် သူငယ်ချင်းများ 70,000
10131 ကိုဟိန်းမင်းဇော် မိသားစု 30,000
10132 ကိုအောင်မျိုးဦး မမြင့်မြင့်ခိုင် မိသားစု 30,000
10133 ဦးရွှေအား ရည်စူး၍ ကိုသန့်ဇင်ဦး 50,000
10134 ဦးစိုးတင့် ဒေါ်မြင့်မြင့်တင် သမီး မြတ်သီတာစိုး မိသားစု 100,000
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့(၂၀၁၂ခုနှစ် ဇန္နဝါရီလ၂၄) အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၈၆ သိန်း ၅ သောင်း ၅ ထောင် (98,655,000) တိတိ ဖြစ်ပါကြောင်းနှင့် မြေအလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၄ ရက်
Tuesday, January 24, 2012
အလှူရှင်အမှတ် ၁၀၀၉၉ နှင့် ဒါနပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၂၇ သိန်း ၂ သောင်းလှူဒါန်း
ဇန္နဝါရီ ၂၃ ၊ အင်ချောန်း
[Photo:Dhammaduta_Korea/ ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော် လှူဒါန်းနေကြစဉ်]
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၂၃ ဦးနှင့် မိသားစုတို့က အလှူတော်ငွေ ဝမ် ၂၇ သိန်း နှင့် ၂ သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10099 ကိုဝင်းမင်းသိန်း မိသားစု 100,000
10100 ဦးကျော်ဦး ဒေါ်မော်မော်သန်းအမှူးထား၍ ကိုဟန်ဆွေဦး 900,000
10101 ကိုသန့်ဇင် မိသားစု 30,000
10102 ကိုသက်ထွေး မဆွေဆွေညွန့် (ကျောက်မြောင်း) မိသားစု 50,000
10103 ကိုသန်းလှိုင်ဝင်း 50,000
10104 ကိုမင်းအောင် 50,000
10105 ကိုမျိုးမင်းဆွေ 50,000
10106 ကိုသူရဇော် မအေးအေးအောင် မိသားစု 30,000
10107 ကိုကျော်မျိုးဦး 50,000
10108 ဦးအောင်ဇော်မိုး ဒေါ်မိုးမိုးလှိုင် သားစွမ်းထက်နိုင် မိသားစု 150,000
10109 ကိုတင်မျိုးအောင် 30,000
10110 ကိုစောရန်နိုင် 30,000
10111 ကိုကျော်ဇေယျာထွန်း (ဂွါန်ဂျူး) 100,000
10112 ကိုစောမင်းဌေး 200,000
10113 ကိုတင်ထွန်းဝင်း 50,000
10114 ရွှေညီအစ်ကိုများ 40,000
10115 ကိုကျော်ခိုင် နှင့် သူငယ်ချင်းများ 500,000
10116 ကိုကျော်ဇင်ဝင်း 30,000
10117 ဦးတိုးလေး ဒေါ်သိန်းမြင့် 50,000
10118 ကိုကိုနိုင် (သန်လျင်) 50,000
10119 ဦးစိုးတင့်အား ရည်စူး၍ ကိုသူရ မဆွေဆွေ သားအောင်ကောင်းခန့် 50,000
10120 ကိုမိုးဇေယျာ 30,000
10121 ကိုအောင်ကျော်ဌေး 100,000
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့(၂၀၁၂ခုနှစ် ဇန္နဝါရီလ၂၃) အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၇၉ သိန်း ၁ သောင်း ၅ ထောင် (97,915,000) တိတိ ဖြစ်ပါကြောင်းနှင့် မြေအလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၃ ရက်
Monday, January 23, 2012
အလှူရှင်အမှတ် ၁၀၀၆၇ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၃ သန်း ၉ သောင်းလှူဒါန်း
ဇန္နဝါရီ ၂၂ ၊ အင်ချောန်း ။
[Photo:Dhammaduta_Korea/ ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော် လှူဒါန်းနေစဉ်]
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၃၂ ဦးနှင် မိသားစုတို့က အလှူတော်ငွေ ဝမ် သိန်း ၃၀ နှင့် ၉ သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10067 ဦးကြည်ဝင်းရည်စူး၍ ဒေါ်မြင့်မြင့်ခင်နှင့် သား ကိုသန်းဝင်းအောင် 300,000
10068 ကိုသာနု (ချမ်းမြသာစည်) 50,000
10069 ကိုထွန်းထွန်း (တောင်သာ) 100,000
10070 မိဘနှစ်ပါးအမှူးထား၍ ကိုသန့်စင်ဦး ၊ ကိုကျော်ဇင်လတ် 100,000
10071 ဦးအောင်ဆန်းဦး ဒေါ်ကြည်ကြည်ဝင်း မိသားစု (အင်းစိန်) 30,000
10072 ကိုစိုးမြင့် မွေးချင်းတစ်စု (သုဝဏ္ဏ) 110,000
10073 မိခင်ကြီးဒေါ်လှကြည်အမှူးထား၍ ကိုအောင်သန်းလွင် (မိုးညှင်း) 100,000
10074 ဦးဝင်းရှင် ဒေါ်လှရီ သားသမီးတစ်စု (ပန်းဆိုးတန်း) 100,000
10075 ကိုလင်းဖြိုးမောင် 50,000
10076 ကိုကျော်ဇင်ထိုက် 30,000
10077 မိဘများအမှူးထား၍ ကိုသော်တာထွန်း မေဇော်မောင်ဝင်း 300,000
10078 ကိုရီးယားနေ သူငယ်ချင်းတစ်စု 100,000
10079 တောင်သာ ညီအစ်ကိုများ 50,000
10080 ကိုကျော်ဇေယျာမိုး 30,000
10081 ကိုစိုးဝင်း 50,000
10082 ဒေါ်တင်ဥ မိသားစု 50,000
10083 ကိုမြင့်အားရည်စူး၍ ကိုဟန်သိန်း 100,000
10084 ကိုမြင့်အောင် မိသားစု 100,000
10085 ကိုရဲလွင်ဦး 50,000
10086 နှစ်ထက်မိဘအမှူးထား၍ ကိုသက်မင်းထိုက် မသိင်ဂီထွေး မိသားစု 100,000
10087 ကိုနိုင်ဝင်း 30,000
10088 ကိုသားကြီး မိသားစု 100,000
10089 ကယားလေး 50,000
10090 ကိုသန့်ဇော်ဝင်း မိသားစု 50,000
10091 ကိုမြအေး ကိုထွန်းထွန်း 100,000
10092 ကိုနေမင်းထွန်း 30,000
10093 ကိုမြတ်သူ 30,000
10094 ကိုကျော်ကျော်မိုး မရီရီဝင်း မိသားစု 100,000
10095 ဦးအောင်သန်း ဒေါ်လှလှဌေး မိသားစု 100,000
10096 ဦးဝင်းနိုင်နှင့် သူငယ်ချင်းများ 400,000
10097 ကိုကျော်ဇင်ထွန်း (စစ်တွေ) 100,000
10098 မိဘ ဦးသိန်းအောင် ဒေါ်ထွေးရီအမှူးထား၍ ကိုရဲထွဋ် (မြန်အောင်) 100,000
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့(၂၀၁၂ခုနှစ် ဇန္နဝါရီလ၂၂) အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၅၁ သိန်း ၉ သောင်း ၅ ထောင် (95,195,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၅ ရက် ။