ကိုရီးယားပရဟိတအဖွဲ့ NGOတစ်ခု၏ ကူညီပေးမှု တာဝန်ယူ၍ နှလုံးရောဂါကုသရန် မြန်မာနိုင်ငံမှ ကလေးနှစ်ယောက်သည် 길병원 တွင် နှလုံးခွဲစိပ်ကုသမှု ခံယူနေပါသည်။
၁) ကလေးမြို့ တာဟမ်း တောင်ဇလပ်ရပ်ကွက် နယ်မြေ(၅)မှ ဦးစွမ်ရှင်းမုန် ဒေါ်တင်ဟွှဲကျင် ၏ သား
မောင် ဒါလ်စွမ်စန် (၈)နှစ်သည် နှလုံးအခန်းတစ်ခုပေါက်နေ၍ ခွဲစိပ်ပြီးဖြစ်ပါသည်။ အခြေနေကောင်းမွန်၍ လန်းလန်းဆန်းဆန်းရှိပါသည်။
၂) ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ် ဦးစံထွန်း ဒေါ်ခေင်ရွှေတို့၏ သ္မီး မခင်ဖုန်းမြတ်စံ (၅)နှစ်သည် ရန်ကုန်မှ ဆရာဝန်ကြီးများ၏ စစ်ဆေးချက်အရ နှလုံးသွေးပြန်ကြော ပြောင်းပြန်စီးဆင်းနေမှုကို ခွဲစိပ်မှု ခံယူရန် အားမွေးရင်း စောင့်ဆိုင်းနေပါသည်။
လာမည့် ဗုဒ္ဓဟူးနေ့ခန့် ခွဲစိပ်ဖွယ်ရှိပါသည်။
ဆေးကုသမှုစရိတ်အားလုံးကို ထိုပရဟိတအဖွဲ့မှ တာဝန်ယူသွားမှာဖြစ်ပါသည်။
သက်ဆိုင်သော ရပ်ဆွေရပ်မျိုးများ သွားရောက်၍ လူမှုရေးအကူညီများပေး၍ ဘာသာစကားအခက်ခဲနှင့် စကားပြန်လုပ်ပေးသူမှလွဲ၍ အသိမိတ်ဆွေ မရှိပါ၍ သွားရောက်အားပေးရင်း စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးနိုင်ပါရန် မေတ္တာဖြင့် အသိပေးအပ်ပါသည်။
လမ်းညွန်
인천시, 길병원 심장센터7층, 방7058 호 (032-460-3797)
( အင်ချွန်းလေဆိပ် နှင့် ပြောင်းပြန် အင်ချွန်းဘတ်စ်ကား တာမီနယ်ဘက်သို့သွားသော) မြေအောက်ရထားစီး 예술회관역မှာဆင်း၊ နံပါတ်(၂)ထွက်ပေါက်မှထွက်၊ တည့်တည့်လျှောက် လမ်းလေးခွဆုံရောက်လျင် ဘယ်ဘက်ချိုးရင် လမ်းတစ်ဖက်တွင်ရှိပါသည်။ ဘူတာမှ မဝေးပါ (၁၀)မိနစ်ခန့် အလွန်ဆုံးလျှောက်လျင် ရောက်ပါသည်။
သိရှိလိုသည်များရှိပါက
အန်ဆန်းဆရာတော် ဦးသုဝဏ္ဏ (၀၁၀-၅၁၈၄-၃၅၇၈) သို့ ဆက်သွယ် စုံစမ်းနိင်ပါသည်။
လူနာများ အမြန်ကျန်းမာနိုင်ပါစေ
ကူညီလှူဒါန်းကြသူများ အားလုံးကိုလည်း ကျန်းမာချမ်းသာစေကြောင်း ဆထက်တိုး၍ ကူညီမှုတွေ လုပ်နိုင်စေကြောင်း မေတ္တာပို့သလိုက်ပါသည်။
သန္တိကရဝိဟာရဆရာတော်
အန်ဆန်း
Showing posts with label အသိပေးခြင်း. Show all posts
Showing posts with label အသိပေးခြင်း. Show all posts
Thursday, November 14, 2013
လူမှူရေးအကူအညီများ ပေးနိင်ရန်
Subscribe to:
Posts (Atom)