Showing posts with label မောင်းသတင်း၊ စာပေဟောပြောပွဲ. Show all posts
Showing posts with label မောင်းသတင်း၊ စာပေဟောပြောပွဲ. Show all posts

Tuesday, February 25, 2014

စာရေးဆရာ တက္ကသိုလ်ဘုန်းကြွယ်၏ စာပေဟောပြောပွဲ

ရေးသားသူ - ရန်နိုင်ထွန်း (လွတ်မြောက်နယ်မြေ - ကိုရီးယား)



တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသူ/မြန်မာနိုင်ငံသား အပေါင်းတို့.......

စာရေးဆရာ ကဗျာဆရာ တစ်ဦး တောင်ကိုရီးယားနိုင်ငံကို အလည်တစ်ခေါက် ခရီးပေါက် ရောက်ရှိလို့လာပါလိမ့်မည်။

သူသည်ကား လက်ရှိ အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ်စကို ပြည်နယ်မှာ နေထိုင်ပြီး စဉ်ဆက်မပျက် အမိမြန်မာပြည်အတွက် မြန်မာ ပြည်သူပြည်သားများအတွက် အကျိုးပြု ကဗျာ တွေကို အားကောင်းမောင်းသန် ရေးဖွဲ့နေသူ ……

သူသည်ကား လွန်လေပြီးသော ၁၉၆၈ ခုနှစ် ကတည်းက ရွှေမြိုင် ဘုန်းကြွယ် ဆိုတဲ့ ကလောင်အမည်နှင့် မြန်မာပြည်သူလူထုအတွက် အသိပညာပေး အထောက်အကူပြု စာပေများနှင့် အများပြည်သူ ပရိသတ် အားပေးမှုကို သွက်သွက်ကလေးရရှိခဲ့သူ …..

သူသည်ကား စစ်အစိုးရရဲ့  စာပေကင်ပေတိုင်တို့ရဲ့ စာပေ စစ်ဆေးရေးဆိုတဲ့ ဖိနှိပ်ချုပ်ချယ်မှု ကြောင့် အတွေးမရောက်လို့ ပြေးပေါက်ရှာတော့..ပေါက်အားကောင်းတဲ့ သမိုင်းလမ်းကြောင်းမပြု သိုင်းဝတ္ထုတွေကို အခြေအနေရ ပြုစုရေးသားခဲ့ရရှာလေသူ …..

သူ့ အကြောင်း အဖြစ်ဟောင်းတွေ ပြန်ပြောင်းရေးပြရရင် ရန်ငါ ပြတ်ခဲ့တဲ့ ကျောင်းသားနဲ့ စစ်အစိုးရ..ဖြစ်သမျှအကြောင်းတွေပါ အစစ်ပါကာ ရေးပြရတော့မှာမို့ …..

သူ ဆိုသည့် ရွှေမြိုင် ဘုန်းကြွယ် သို့မဟုတ် တက္ကသိုလ် ဘုန်းကြွယ် အမည်ရှိ စာရေးဆရာ ကဗျာဆရာရဲ့ တကိုယ်တော် စာပေဟောပြောပွဲ ကို တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသူ/ မြန်မာနိုင်ငံသား အပေါင်းတို့ အတွက် ဆရာ့ရဲ့ အမိ မြန်မာပြည်ကအပြန် အမေရိကန်နိုင်ငံ သို့ အသွား လမ်းခုလတ်မှာ အဖိုးမဖြတ်နိုင်တဲ့ စာပေရသ ကဗျာ ဒဿန တွေကို နားဆင်နိုင်စေဖို့အတွက် …..

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>