Showing posts with label မင်္ဂလာဆုတောင်း. Show all posts
Showing posts with label မင်္ဂလာဆုတောင်း. Show all posts

Saturday, April 20, 2013

သူကြီးနှင့် ရွက်လှအိမ် မိသားစု၏ လှရတနာ အရုဏ်ဆွမ်း

၂၀၁၃ ခုနှစ် ဧပြီ ၂၀ ရက် စနေနေ့ နံနက် ၆ နာရီ ဘူဖြောင်းဘူတာ မြောက်ဘက်ခြမ်းရှိ ဓမ္မဒူတ ကျောင်းတော် (ကိုရီးယား)၌ သူကြီးမိသားစုနှင့် ရွက်လှအိမ် မိသားစုတို့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် လှရတနာကျောင်း(ကျော်လေးကျော် - ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဌကထာပြန်အကျော်၊ စာချအကျော်) ဆရာတော် ဦးနာရဒါဘိဝံသ ( ၀ဋံသကာ၊ ပါဠိပါရဂူ၊ သ.စ.အ ဓမ္မာစရိယ ) အား ဦးထိပ်ထား၍ ဦးသုမင်္ဂလ ( ဓမ္မကထိက - ဝေါဆရာတော်)နှင့် ဦးဥတ္တရ ( မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား))၊ ဦးကိတ္တိသာရ (ဓမ္မဒူတကျောင်းတော် - ကိုရီးယား)တို့အား အရုဏ်ဆွမ်း ဘောဇဉ် ခဲဘွယ်တို့ဖြင့် ဆပ်ကပ် လှူဒါန်းကြပါသည်။ လှရတနာ ဆရာတော်ကလည်း ဓမ္မဒူတကျောင်းတော် (ကိုရီးယား)အတွက် စွယ်တော်ဝတ်ရွတ်စဉ် စာအုပ်များကိုလည်း လှူဒါန်းသွားပါသည်။ နတ်လူ သာဓု ခေါ်စေသော်။
လှရတနာ ဆရာတော်သည် ယနေ့ ဂျိုဂယဲဂျူန်သို့ လေ့လာပြီး ညနေ ၆နာရီ ၄၀ မီနစ် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွမည်ဖြစ်ပါသည်။ လှရတနာ ဆရာတော်သည် ကိုရီးယား ကျွန်းဆွယ်နှင့် မြန်မာနိုင်ငံသားများ စိတ်ချမ်း ကိုယ်ချမ်းသာ ဘေးရန် ကင်းကွာစေရန် ဘုရားဒေသနာတော်များ ရွတ်ဖတ် သရဇ္ဈာယ်ပြီး မေတ္တာများ ပို့သပေးသွားပါသည်။

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 26, 2011

မင်္ဂလာဆုတောင်း

မောင်အောင်မျိုးသူနှင့် မဖြိုးမမသန်းတို့ ယနေ့ မင်္ဂလာ နေ့ဦးနေ့မြတ်မှသည် ၊ သက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့စွာ ယှဉ်တွဲပေါင်းဖော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများတောင်းလိုက်ပါသည် ။

ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့
၁၃၇၃ ခုနှစ် နယုန်လပြည့်ကျော် ၁၁ ရက် ၊ တနင်္ဂနွေ
၂၀၁၁ခုနှစ် ၊ ဇွန်လ ၂၆ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>