Showing posts with label အင်တာနက်. Show all posts
Showing posts with label အင်တာနက်. Show all posts

Saturday, October 20, 2012

အင်တာနက် တပ်ဆင်ခ ကြေး၁၂ဆ လျှော့ချမည်

အောက်တိုဘာ ၁၈ ၊ ရန်ကုန်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက်(တယ်လီဖုန်းလိုင်း အသုံးပြုသည့် မြန်နှုန်းမြင့်အင်တာနက်စနစ်) စတင် တပ်ဆင်ခနှုန်း ကျပ် ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။


မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏ ဈေးနှုန်းလျော့ချမည် မချမည်ကိုမူ မသိရှိရသေးပါ။

ယခင် လစဉ်ကြေး ၆ သိန်းကျသင့်သည့် စတင်တပ်ဆင်ခကို နှုန်းထားသစ်တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများအကြား အမြင့်ဆုံးသော နှုန်း ထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။

တဦးချင်းဝင်ငွေမြင့်မားသည့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ADSL အင်တာနက် လစဉ်ကြေးမှာ တစ်လ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။

ကနဦး အင်တာနက် တပ် ဆင် ကြေး ကို ၁၂ ဆ လျှော့ ချ လိုက်ခြင်း ဖြစ်သည်။


မူရင်း သတင်း -
Yangon Press International

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 21, 2012

ကိုရီးယားဖုန်းဈေး ၊ ဖုန်းအကြွေး နှင့် ဖုန်းအရွေးမမှားမိကြစေဖို့ (၂)

ဖုန်းဈေးကြီးရခြင်းအကြောင်းရင်းများ
ကိုရီးယားနိုင်ငံတွင် ဖုန်းဈေးကြီးနေရခြင်းအကြောင်းရင်းတစ်ခုမှာ ၊ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရ KT, SK, LG Telecom စီးပွါးရေးအဖွဲ့အစည်း ၃ ခုက လက်ကိုင်ဖုန်း(Handset)များရောင်းချခွင့်ကို လက်ဝါးကြီးအုပ် ထားခြင်းကြောင့်ဖြစ်ပါသည် ။ လက်ကိုင်ဖုန်း (Hand-set) ထုတ်လုပ်သည့် အီလက်ထရောနစ် ကုမ္ပဏီများက မိမိတို့ထုတ်ကုန်များကို ကိုရီးယားဈေးကွက်တွင် ပြည်သူများသို့ တိုက်ရိုက်ရောင်းချခွင့် မရှိသေးပါ ။ ဈေးနှုန်းသက်သာစွာဖြင့် တိုးတိုးတိတ်တိတ် ရောင်းချပေးနေသော လက်လီဆိုင်များရှိသော်လည်း တရားဝင်မဟုတ်ပါ ။ ရာဇဝတ်မှုတစ်ခုခုကို အရင်းအနှီးပြုပြီးရောင်းချပေးနေခြင်းဖြစ်သည်ဟု နားလည်ထားကြစေလိုပါသည် ။ ဥပမာ ကိုယ်ထည်အမှတ်ပွါး (Duplicated) ထားသော ဖုန်းဖြစ်ကောင်းဖြစ်ပါလိမ့်မည် ။ နံပါတ်တစ်ခု(USim Card) ယူထားပြီး ၊ အခြားဖုန်းအဟောင်း(Used)ဖြင့် အစားထိုးကာ အထုပ်(Packing)ကို ပြန်ပြင်ပြီး အသစ်ဟု လိမ်လည်ပြီး ရောင်းချပေးနေခြင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည် ။ ဥပဒေအရ ကိုရီးယားနိုင်ငံအတွင်း လက်လီအရောင်းဆိုင်များက ဖုန်း(Handset) အလွတ်ရောင်းချခွင့် မရှိသေးသောကြောင့်ဖြစ်ပါသည် ။
အရောင်းဆိုင် ၊ လိုင်းဖုန်း ၊ ကော်မရှင်
နောက်အကြောင်းရင်းတစ်ခုမှာ ၊ ဖုန်း(Handset) ရောင်းချ ဖြန့်ချီပုံ နည်းစနစ်ကြောင့်ဖြစ်ပါသည် ။ တင်ပြခဲ့သည် ဆက်သွယ်ရေးကုမ္ပဏီကြီးများက ဖုန်း(Handset) များကို ရောင်းချရာတွင် အရောင်းကိုယ်စားလှယ်စနစ်ဖြင့်သာ ရောင်းချပေးနေပါသည် ။ အရောင်းကိုယ်စားလှယ်များအား လစဉ်ဖုန်းပြောခ၏ ၇ ရာခိုင်နှုန်းကို လစဉ်ခံစားခွင့် (ကျနော်တို့ ဖုန်း 100 won ဖိုးပြောတိုင်း 7 won မှာ အရောင်းကိုယ်စားလှယ်အတွက်) ပေးထားပါသည် ။ တစ်ဖန် အရောင်းကိုယ်စားလှယ်များက (လက်လီ) အရောင်းဆိုင်များမှ တစ်ဆင့်ရောင်းချပေးပါသည် ။ လက်လီအရောင်းဆိုင်များ၏ ခံစားခွင့်မှာ အမိန့်ရ အရောင်းကိုယ်စားလှယ်များနှင့် ထပ်ဆင့်သဘောတူညီချက်အရ ရာခိုင်နှုန်း အမျိုးမျိုးကွဲပြားလျက်ရှိပါသည် ။
ကြော်ငြာနောက် ကောက်ကောက်ပါ
ထို့ပြင် မိမိတို့ ဆက်သွယ်ရေးလိုင်း ၊ မိမိတို့ ထုတ်ကုန် လူသိများဖို့ ဆက်သွယ်ရေးကုမ္ပဏီများရော ၊ အီလက်ထရောနစ် ကုမ္ပဏီများပါ အပြိုင်အဆိုင်ကြော်ငြာရပြန်ပါသည် ။ ပရိတ်သတ်အများစုမှာ ကြော်ငြာကောင်းရင်ကောင်းသလို ကြော်ငြာနောက် ကောက်ကောက်ပါအောင် လိုက်တတ်ကြသဖြင့် ၊ နာမည်ကျော် မင်းသားမင်းသမီး ၊ မော်ဒယ်လ် ၊ အားကစားသမားစသည် များမှာ ဖုန်းကြော်ငြာကြောင့် စီးပွါးဖြစ်နေကြပြန်ပါတော့သည် ။
လိုင်းဖုန်းအကြွေး ၊ ဘယ်သူပေးမလဲ
နောက်တစ်ချက်မှာ ၊ ဖုန်းခပေးချေမှုစနစ်ကြောင့်ဖြစ်ပါသည် ။ လက်ရှိ ကိုရီးယားနိုင်ငံတွင် Pre-paid စနစ်ကို အသုံးပြုကြဖို့ အစိုးရက ကြိုးစားနေလင့်ကစား ၊ ကော်မရှင်က ၇ ရာခိုင်နှုန်းခံစားနေရသည့် အရောင်းကိုယ်စားလှယ်များ၏ မဆုတ်မနစ်သော ကြိုးစားမှု ၊ သုံးစွဲသူများက အကြွေးစနစ်ကိုသာ စွဲလန်းနှစ်သက်နေမှုများကြောင့်ဖြစ်ပါသည် ။ အကြွေးစနစ် မကောင်းဟု မဆိုလိုသော်လည်း အကြွေးမဆပ်သူများကြောင့် နစ်နာဆုံးရှုံးမှုမှာ မနည်းလှပါ ။ ယခင်နှစ် ကေဘီအက်စ် သတင်းထောက်တစ်ဦး၏ တင်ပြမှုအရ ကိုရီးယားနိုင်ငံဖုန်းသုံးစွဲသူများအနက် ဖုန်းအကြွေးမဆပ်သူ ၁၁ သန်းကျော် ရှိကြောင်းနှင့် တန်ဖိုးမှာ ဆက်သွယ်ရေးကုမ္ပဏီကြီး၃ခုပေါင်း တစ်နှစ်စာ ကုန်သွယ်မှုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရပါသည် ။

ဆက်သွယ်ရေး ကုမ္ပဏီကြီး ၃ခု၏ ဖုန်းဖိုး စုစုပေါင်း တစ်နှစ်ကုန်သွယ်မှုတန်ဖိုးမှာ (၂၀၀၅စာရင်း) ဝင်ငွေမှာ ဝမ် သန်းပေါင်း ၂၄ သန်း (24*100000*1000*10000=24,000,000,000,000) ဖြစ်ကြောင်းနှင့် ကုန်သွယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းခန့်ကို ဖုန်းအရောင်းကိစ္စအတွက် ပြန်လည်သုံးစွဲခဲ့ရကြောင်းလည်း သိရပါသည် ။
လိုင်းဖုန်း (အကြွေးဖုန်း) အပိုကြေး ဘယ်လောက်များသလဲ
ထို့ပြင် ကိုရီးယားဆက်သွယ်ရေးလုပ်ငန်းများ၏ ၁ နှစ်စာ ဝင်ငွေနှင့် ပြန်လည် သုံးစွဲမှုအခြေနေမှာလည်း အောက်ပါအတိုင်းဖြစ်ကြောင်း သိရပါသည် -
- ဆုံးရှုံးဖုန်းဘီလ်များနှင့် စီမံခန့်ခွဲစရိတ် ၂၅ ရာခိုင်နှုန်း
- ကြော်ငြာစရိတ် ၁၀ ရာခိုင်နှုန်း
- ဝန်ထမ်းလစာ ၊ အရောင်းဆိုင်များ နှင့် ဖုန်းဘီလ်များရိုက်နှိပ်ခ ၁၅ ရာခိုင်နှုန်း
ဖုန်းဈေးကြီးသည့်ဒဏ် ဘယ်သူတွေခံရသနည်း
အထက်ဖော်ပြပါ အကြွေးဆုံးဖုန်းဘီလ် ၊ ဝန်ထမ်းစရိတ် ၊ ကြော်ငြာစရိတ်စသည်များကို ဆက်သွယ်ရေး ကုမ္ပဏီကြီးများက အရှုံးခံပြီး စိုက်ထုတ်ပေးချေလိမ့်မည်ဟု မိတ်ဆွေများ ယူဆထားပါသလား ။ လုံးဝမှားယွင်းပါသည် ။ အဆိုပါ စရိတ်များကို ခင်ဗျားတို့ ကျနော်တို့က ပင် စုပြီး မျှဝေပေးဆပ်နေရခြင်း ဖြစ်ပါသည် ။
ကျနော်တို့ လစဉ်ပေးဆာင်နေသည့် ဖုန်းဘီလ် ၅၀ ရာခိုင်နှုန်းခန့်မှာ အဆိုပါ စရိတ်များအတွက်ဖြစ်နေသည် ဆိုသည်ကို သဘောပေါက်ကြဖို့ အချိန်တန်ပါပြီ ။ အဆိုပါ အပိုဝန်ဆောင်စရိတ်များ မရှိစေဖို့ ၊ ကိုရီးယားနိုင်ငံတော်ပိုင် ဆက်သွယ်ရေးလိုင်းဖြစ်သည့် KT(Korea Telecom) က ကဒ်ဖုန်းမဟုတ်သော ကြိုတင်ပေးစနစ်ကို တီထွင်ထားပြီးဖြစ်ပါသည် ။ ပရိသတ်များသုံးစွဲဖို့ရန် အတိအလင်း ထုတ်ပြန်ကြေညာထားပြီးလည်း ဖြစ်ပါသည် ။
လိုင်းဖုန်း (အကြွေးဖုန်း) ဘာကြောင့်သုံးမလဲ
ဝန်ဆောင်ခ ၇ ရာခိုင်နှုန်း ဆုံးရှုံးရမည်ကို ကြောက်ရွံ့သဖြင့် ကြိုတင်ပေးစနစ်မကောင်းကြောင်း ပြောဆိုနေကြသည့် အရောင်းဆိုင်သူဌေးမင်းများ၏ စကားကို ချင့်ချိန်ယုံကြဖို့နှင့် မိမိတို့ဘဝတာအတွက် လက်ကိုင်ဖုန်းတစ်လုံးကို အကျိုးရှိရှိအသုံးပြုနိုင်ကြစေရန် ၊ ကိုရီးယားဘာသာဖြင့် တရားဝင်ကြေညာထားသည့် ကေတီ အင်တာနက်စာမျက်နှာ (http://www.olleh.com/) သို့ တစ်ခါတစ်ခေါက် ဝင်ရောက်ပြီး ၊ ဆက်သွယ်ခနှုန်းထားများအကြောင်း၊ ကြိုတင်ပေးစနစ်များအကြောင်းများ မှတစ်ဆင့် ၊ နောက်ဆုံးပေါ် ဖုန်းဘီလ်ပေးဆောင်စနစ် အေအာရ်ပီ (Auto Rechargeable Phone: ARP) ဖြင့် မည်ကဲ့သို့သော သက်သာမှုများရရှိနိုင်ကြောင်း စသည်များကို လေ့လာကြဖို့ လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည် ။
(ဆက်လက်တင်ပြပါမည် ။)
မှန်ကန်သော ဖုန်းဘ်ီလ်ပေးဆောင်ခြင်း စနစ်ကို ရွေးချယ်အသုံးပြုနိုင်ကြပါစေ ။
မေတ္တာဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, April 8, 2012

First Myanmar Browser ဖြင့် မြန်မာစာရေးနိုင်ဖတ်နိုင်ပါပြီ


စမတ် ညီအစ်ကိုများခင်ဗျာ

Zawgyi font ခင်းမရလို့ မြန်မာ အင်တာနက်စာမျက်နှာများ ဖတ်မရတဲ့ ပြဿနာ ရှိနေပါတယ်ဆိုလျင် ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများကို Root လုပ်ဖို့မလိုဘဲ ၊ First Myanmar Browser Software ပရိုဂရမ်ကို အခမဲ့ ဆွဲချခင်း(Free Down Load and Install) လိုက်ပါက ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများဖြင့် မြန်မာစာရေးနိုင် ဖတ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။

ပရိုဂရမ် ဆွဲချယူရန် (Click Here)

1stmm Browser (First Myanmar Browser) အကြောင်းလေ့လာဖတ်ရှုရန် (Click Here)


အားလုံးအဆင်ပြေကြပါစေကြောင်း မေတ္တာဖြင့် -
မစ္စတာ တီတီ




Ref:
1. https://play.google.com/store/apps/details?id=org.firstmm.browser
2. https://www.facebook.com/pages/1st-Myanmar-Android-Browser/352311588118092
3. http://www.filestube.com/m/myanmarmobileapp+com
4. http://www.firstload.com/?uniq=6284f8052697e926&log=47382&fn=1stmm+browser.
5. http://www.fileshut.com/download/pRbVv09V/1stmm_browser_by_www.myanmarmobileapp.com.apk.html
6. http://1stmm.net/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, February 21, 2012

လိပ်စာသစ်မှာ ကြည့်ရှုပါ

မိတ်ဆွေ ညီအကို မောင်နှမများ ခင်ဗျာ-

ကျွန်တော်များ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့(ကိုရီးယား)ရဲ့ ယခင်အသုံးပြုနေသော whiteloveforpeople.ning.com ၀က်ဗ်ဆိုက်ကို အသုံးပြုရာတွင် အဆင်မပြေမှုများ ရှိပါသဖြင့် ယင်းအစား whiteloveforpeole.blogspot.com ကို ပြောင်းလဲအသုံးပြုမည် ဖြစ်ပါသဖြင့် လိပ်စာသစ်မှာ ကြည့်ရှုကြပါရန် လူကြီးမင်းများအား အသိပေး အကြောင်းကြားအပ်ပါတယ် ခင်ဗျာ။

ဇေယျာလင်း
အဖြူရောင်မေတ္တာလူငယ်များအဖွဲ့(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 8, 2012

မြန်မာစင်တာတွင် Netizen (Beginner) Course ဖွင့်မည်

Myanmar Center Training Program (1/2012)
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တစ်ဖက်တစ်လမ်းမှ အကျိုးစီးပွါးဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်လျက် ၊ မြန်မာစင်တာတွင် နက်တီဇင် (လူသစ်တန်း) သင်တန်း (Netizen (Beginner) Course) ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြာင်း ကြေညာအပ်ပါသည် -
သင်တန်းအစီအစဉ် -
သင်တန်းကာလ ။ 19-2-2012~11-3-2012 (4 Weekends)
သင်တန်းအချိန် ။ 10:00 to 13:00 (Every Sunday)
သင်တန်းနေရာ ။ Myanmar Center [Click Here]
သင်ကြားမည့်ဘာသာရပ်များ -
1. Windows PC (Basics) Course: Compute Terms & Concepts, Installation, Mouse & Keyboard, Files & Folders, Menus & Button, Working With Written Documents.
2. Internet and E-mail: Introduction of Netizen, What is Computer Network?, Getting Connection, Web Browsers, Search Engines, Downloading, Sending & Receive E-mail.
စာရင်းပေးသွင်းရန်-
ဒေါ်နန်းစန္ဒာထွန်း (သင်တန်းတာဝန်ခံ) (010-7215-3940) ထံ ၊ ၁၆-၂-၂၀၁၂ ညနေ ၇ နာရီ နောက်ဆုံးထား မေးမြန်း/စုံစမ်း စာရင်းပေးသွင်းကြပါရန် ။
မှတ်ချက်များ ။
- နေရာအနေအထားအရ ၊ သင်တန်းသား အများဆုံး ၁၀ ဦးသာ လက်ခံပါမည်။
- သင်ထောက်ကူပစ္စည်းလိုအပ်ချက်အရ ၊ ကွန်ပျူတာ (Laptop) ယူဆောင်လာနိုင်သူများကိုသာ လက်ခံသင်ကြားပေးပါမည် ။

မြန်မာစင်တာကော်မတီ
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်
အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, December 8, 2011

အင်တာနက်စနစ်ပါ GSM ဖုန်းများကို ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်

ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် အင်တာနက်စနစ်ပါ GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် အင်တာနက်စနစ်ပါ GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။
''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။ အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။

Ref:
http://www.searchmyanmar.com/link/frame/cid/5411

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 8, 2011

CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် အသုံးပြုနည်း

ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့်စနစ်ကို စိတ်ပါဝင်စားသူများ ၊ အဆိုပါ ဝန်ဆောင်မှု အသုံးပြုပုံများကို သိရှိနိုင်ရန် ဖော်ပြပေး လိုက်ပါသည် ။

ထိုစနစ်သည် ဖုန်းတွင် အသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပါသည်။ ကွန်ပျူတာဖြင့် အသုံးပြုလိုသူများအနေဖြင့် ဆက်သွယ်ရေး နှင့် ပြင်ပ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် EVDO USB Wireless Modem တစ်ခု ဝယ်ယူရမည် ဖြစ်သည်။

ဈေးကွက်အတွင်း ယင်းမိုဒမ် ၂ မျိုးခန့်ရှိပြီး ၊ ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဝန်းကျင် ရှိသည်။ ပထမဦးစွာ ယင်း Device ကို ကွန်ပျူတာ USB အပေါက်တွင် ချိတ်ဆက်၍ My Computer ၌ပေါ်လာမည့် Connector.exe file ကို ဖွင့်ပြီး ၊ ပေါ်လာမည့် Setup Flexi 3G Connector မှ Next ခလုတ်နှိပ်ကာ Install လုပ်ရပါမည် ။ Install လုပ်ပြီးပါက Desktop ပေါ်တွင် Flexi 3G Connector Icon ကိုဖွင့်ရမည် ။ ထို့နောက် Flexi Window Box တစ်ခုပေါ်လာပမည် ။ ယင်း Box ၏ Menu Bar ရှိ File Button (File ) အတွင်းမှ Setting ကို ကလစ်နှိပ်ပါက Box တစ်ခု ထပ်မံကျလာပါမည် ။ ယင်း Box မှ New ကို ဆက်လက်နှိပ်၍ ၊ ယင်း Box မှ Name နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခု ၊ Number နေရာတွင် #777 နှင့် User name နေရာတွင် Username @c800,mm နှင့် Password မှ လျှို့ဝှက်အမှတ်အသား ရိုက် ထည့်ကာ OK Button ကိုနှိပ်ရပါမည်။
ယင်းနောက်တွင် 3G Connector Box မှ Connection Button ကိုနှိပ်ပြီး EVDO Connection ကိုရွေးချယ်ရပါမည် ။ ယခု Device မှာ window XP များအတွက် အဓိကစီစဉ်ထားခြင်း ဖြစ်သည့်အတွက် window 7 တွင် Install ပြုလုပ်လိုသူများ အတွက်မူ အခက်အခဲ ရှိနေပါမည် ။ အကယ်၍ window 7 နှင့် အသုံးပြုမည် ဆိုပါက စက်တွင် ပေါ်လာမည့် flexn connector ကို right click နှိပ်၍ properties သို့ဝင်ပြီး ၊ ယင်းမှ capabality သို့ တစ်ဆင့်သွားကာ run as ဘေးမှ check ကို (အမှန်ခြစ်) ပေးရမည် ။ ထို့နောက် အောက်တွင်ရှိသော Windows XP (Service Pack 3) ကိုရွေး၍ Apply/Ok ပြုလုပ်ကာ သုံးစွဲနိုင်ပါသည် ။ ယင်းအဆင့်များ အားလုံးပြီးစီးပါက Internet Explorer (IE) ကိုဖွင့်၍ Tools>Internet Options>Connection> LAN Settings ကိုသွားရမည် ။ နောက်ဆုံး အဆင့်အနေဖြင့် Local Area Network (LAN) Settings တွင် no proxy ပြုလုပ်ပြီးပါက မိမိကွန်ပျူတာတွင် အင်တာနက် ချိတ်ဆက်မှု ရရှိသွားမည် ဖြစ်သည်။

အထက်ပါ အဆင့်များမှာ စတင် ချိတ်ဆက်ရာတွင်သာ ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပိုင်း အသုံးပြုရာတွင် G-Talk, IE Firefox များဖွင့်သကဲ့သို့ Flexi ဖွင့်သွားရုံနှင့် အသုံးပြု၍ ရပြီဖြစ်သည်။ ယင်းချိတ်ဆက် အသုံးပြုမှုသည် ကွန်ပျူတာနှင့် ပတ်သက်ပြီး Install ပြုလုပ်ဖူးသူများ ကွန်ပျူတာနှင့် ရင်းနှီးပြီးသူများအတွက် လွယ်ကူသော်လည်း ကွန်ပျူတာနှင့် အနည်းငယ် စိမ်းနေသေးသူများမှာ ဖော်ပြပါ ပုံစံအတိုင်းပြုလုပ်၍ မရပါက နီးစပ်ရာ အင်တာနက်ဆိုင် ဝန်ထမ်းများ သို့မဟုတ် ကွန် ပျူတာ ဝန်ဆောင်မှု ပေးသူများထံတွင် ဝန်ဆောင်ခပေး၍ ပြုလုပ်နိုင်သည် ။

ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဝန်ဆောင်မှု အတွက် စတင်နေပြီ ဖြစ်သော်လည်း လတ်တလော တွင် ယင်းစနစ်အတွက် အဓိကကျသည့် EVDO USB မိုဒမ်မှာ ပြင်ပဆိုင်များတွင် အနည်းငယ်သာ ရှိပြီး ၊ ဝယ်လိုအားများ၍ ဝယ်ယူရန် အခက်အခဲ ရှိကြောင်း နှင့် မြန်မာ့ဆက်သွယ်ရေးရုံးများတွင် ရောင်းချပေးနေကြောင်း သိရသည် ။


ရည်ညွှန်းချက် -
7Day News Journal 01/27/2011

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 11, 2011

ပွါးဖုန်းများ (Cloned Phones)သတိထားကြဖို့

ပွါးဖုန်းဆိုတာဘာလဲ
ဖုန်းတစ်လုံးရဲ့ ကိုယ်ပိုင်အမှတ်(electronic serial number: ESN)ကို ပွါးယူပြီး နောက်ဖုန်းတစ်မှာ အသုံးပြုခြင်းကို ဖုန်းပွါးခြင်း(Cloning Phone)လို့ခေါ်ပြီး ၊ အဲသလို ပွါးယူအသုံးပြုတဲ့ ဖုန်းကိုတော့ ပွါးဖုန်း (Cloned Phone) လို့ခေါ်ပါသတဲ့ ခင်ဗျာ ။

ဖုန်းပွါးရခြင်းအမျိုးမျိုး
ဖုန်းတစ်လုံးကို အသုံးပြုနေသူရဲ့ ၊ အဆက်အသွယ် ၊ ပြောတဲ့စကား ၊ ပေးပို့လက်ခံ မက်ဆေ့ အစရှိတဲ့ အချက်အလက်တွေကို သိချင်လို့ ပွါးကြတာလဲရှိသလို ၊ ဖုန်းဖိုးသက်သာအောင် သူများဖုန်းကို ခိုးသုံးတဲ့ သဘောနှင့် ပွါးကြတာလဲ ရှိတယ်လို့ ဆိုပါတယ် ။

ဖုန်းပိုင်ရှင် ကိုယ်တိုင်က အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မိမိအသုံးပြုနေတဲ့ ဖုန်း ပျက်စီး ၊ ပျောက်ဆုံးတာမျိုးဖြစ်ခဲ့ရင် ၊ မိမိ ရဲ့ အချက်အလက်တွေ အလွယ်တကူ ပြန်ယူနိုင်ဖို့ အရန်ဖုန်း (back-up phone) အဖြစ် ပွါးကြတာလဲရှိတယ်လို့ဆိုပါတယ် ။

အရောင်းကိုယ်စားလှယ်တွေ က ပွါးပြီး ရောင်းတာလဲရှိသလို ၊ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဝန်ထမ်းတွေက အကြံအဖန် လုပ်ရောင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ် ။

မြန်မာပြည်မှာတော့ ဆက်သွယ်ရေးဝန်ထမ်းတွေက ပွါးပြီးရောင်းနေတာတွေလည်း ရှိတယ်လို့ ကြားဖူးတာရှိသလို ၊ ကျနော့် တူလေးတစ်ယောက်က ပေးထားတဲ့ အဆောင်ဖုန်းနံပါတ်တစ်ခုကိုခေါ်ရာမှာ တစ်ခါတစ်ရံ အခြားသော နေရာသို့ ရောက်သွားတတ်ပြီး ၊ တစ်ခါတစ်ရံမှာတော့ တူလေးပြောထားတဲ့ အဆောင် ဖုန်းနံပါတ် နေရာဖြစ်နေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတာဟာလည်း ဖုန်းပွါးထားတာ ဖြစ်နိုင်တယ်လို့ ကျနော် ထင်ပါတယ် ။
ဖုန်းပွါးနည်းများ
ဖုန်းပွါးနည်းအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ် ။ ဆယ်လူလာဖုန်းတွေမှာ ဖုန်းတွေကို ခွဲခြားသတ်မှတ်ပေးတဲ့ ကိုယ်ပိုင်နံပါတ် (International Mobile Subscriber Identifier: IMSI) ကိုယ်စီရှိကြပြီး အဲသည် နံပါတ်ကို ရှင်ကဒ် (Universal Subscriber Identity Module: USIM) လို့ခေါ်တဲ့ ကွန်ပျူတာချစ်ပြား (Chip) မှာ မှတ်တမ်းတင်ထားတာဖြစ်ပြီး ၊ အဲဒီနံပါတ်ကို ခွဲခြားသတ်မှတ်ပေးတဲ့ သင်္ကေတကို ပွါးယူကြတာလို့ ဆိုပါတယ် ။
အများအားဖြင့် စီဒီအမ်အေ (Code Division Multiple Access: CDMA) ဖုန်းကို အလွယ်တကူ ပွါးယူနိုင်ကြပြီး ၊ ဂျီအက်စ်အမ် (Global System for Mobile communication: GSM) ဖုန်းမှာတော့ (Electronic Serial Number: ESN, Mobile Identification Number: MIN) နံပါတ်တွေမပါလို့ ၊ ပွါးရတာခက်တယ်လို့ ဆိုပါတယ် ။

ဂျီအက်အ်အမ်ဖုန်းကိုတော့ ဆယ်လူလာဖုန်း ကွန်ယက် (cellular network) သို့မဟုတ် ဖုန်းကုမ္ပဏီရဲ့ ကွန်ပျူတာများကို ခက်ခက်ခဲခဲ ခိုးဝင်(Hack) ပြီး ဖုန်းရဲ့ ကိုယ်ပိုင်နံပါတ် (International Mobile Subscriber Identifier: IMSI) ကို ပွါးကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ် ။
နောက် ရှင်ကဒ် (Universal Subscriber Identity Module: USIM) အလွတ်တစ်ခုကိုယူပြီး လက်ရှိ အသုံးပြုနေတဲ့ ဖုန်းတစ်လုံးရဲ့ ရှင်ကဒ်နှင့် လဲထည့် ၊ ရှင်ကဒ်ကို ပြန်ပြီး အသစ်လုပ် (Modify) တဲ့ နည်းလည်း ရှိတယ် လို့ ဆိုပါတယ် ။
ကိုရီးယားမှာ ပွါးဖုန်းဘယ်လောက်များသလဲ
၂၀၀၇ - ၂၀၀၈ ပထမနှစ်ဝက်စာရင်းများအရ ကိုရီးယား တယ်လီကောမ် ၃ ခုပေါင်းမှ ပွါးဖုန်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရပါတယ် -

၂၀၀၇ ခုနှစ်မှာ ပွါးဖုန်းအလုံးပေါင်း ၇၉၁၆ လုံး ၊ ပွါးဖုန်းများနှင့် ဆက်သွယ်ခေါ်ဆိုမှုအကြိမ်ပေါင်း ၄ သန်း ၂ သိန်းကျော်ရှိခဲ့ပြီး ၊ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ် ပထမ ၆ လပတ်အတွင်း ကေတီအက်ဖ် ပွါးဖုန်း အလုံးရေ ၅၁၅၈ လုံးနှင့် ဗိုလ်စွဲခဲ့ပြီး ၊ အက်စ်ကေတီကတော့ ပွါးဖုန်းခေါ်ဆိုမှုအကြိမ်ပေါင်း ၃သန်း ၅သိန်း ၆သောင်းကျော်နှင့် ပထမရခဲ့တယ်လို့ဆိုပါတယ် ။ အဲသည်ကာလအတွင်း ရေဒီယိုလှိုင်းများ စီမံကွပ်ကဲရေးရုံး (Central Radio Management Office: CRMO) က ခြေရာခံမိသူပေါင်း ၁၇၆ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ၈၁ မှုကို တရားစွဲဆိုခဲ့တယ်လို့ဆိုပါတယ် ။

မိမိဖုန်း ပွါးဖုန်းဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ
မိမိနှင့် မဆိုင်သော ဖုန်းမက်ဆေ့များ မကြာခဏ လက်ခံရရှိနေပါသလား ။
ဖုန်းမှားခေါ်ခြင်း မကြာခဏ ကြုံနေရပါသလား ။
ဖုန်းဘက်ထရီများ အလျင်အမြန်ကုန်လွယ်နေပါသလား ။
ဖုန်းခေါ်ဆိုခ တောင်းခံလွှာများ(Phone Bill)မှာ မိမိမခေါ်ခဲ့သော ဖုန်းနံပါတ်များ ပါလာပါသလား ။
မိမိမိတ်ဆွေများက မိမိထံခေါ်သော ဖုန်းများ နှင့် ပို့သော ဖုန်းမက်ဆေ့ဂ်ျများကို မိမိလက်ခံမရသော ၊ မိမိထံရောက်မလာသော ဖြစ်စဉ်များ ရှိနေပါသလား ။
မိမိမိတ်ဆွေများထံ မိမိမသိဘဲ မိမိဖုန်းနံပါတ်းဖြင့် ခေါ်ဆိုခြင်းများ ရှိပါသလား ။
မိမိဖုန်းပြောစဉ် တစ်ဖက်မှ ဖုန်းချသံ သို့မဟုတ် မိမိဖုန်းပြောနေစဉ် တစ်ဖက်မှ ဖုန်းဖွင့်သံများ ၊ သို့မဟုတ် နှောက်ယှက်သံစသည်များ မကြာခဏ ကြားနေရပါသလား ။

အထက်ပါ မေးခွန်းများ အနက် ဟုတ်ပါသည်ဆိုတဲ့ အဖြေများလျင် မိတ်ဆွေရဲ့ ဖုန်း အပွါးခံထားရတာ ဖြစ်နိုင်ခြေများနေပြီလို့ ဆိုပါတယ် ။

ပွါးဖုန်း သုံးစွဲလျင် ဘာဖြစ်မလဲ
ဖုန်းပွါးပြုလုပ်ခြင်းနှင့် ပွါးဖုန်းသုံးစွဲခြင်းများအတွက်ပြစ်ဒဏ်များလည်း အသီးသီးပြဌာန်းထားတာရှိပါတယ် -
ဖုန်းပွါးပြုလုပ်သူ သို့မဟုတ် ပွါးဖုန်းပြုလုပ်ရန်တောင်းဆိုသူ ၃ နှစ်အောက်ထောင်ဒဏ် သို့မဟုတ် ဝမ်သန်း ၂၀ အောက် ငွေဒဏ် ။
ပွါးဖုန်းသုံးစွဲသူ ဝမ်သန်း ၂၀ အောက်ငွေဒဏ် ။
ပွါးဖုန်း ရောင်းချသူ ၊ ပြသသူ ၊ သိုလှောင်သူ ၊ သယ်ယူပို့ဆောင်သူ ၁ နှစ်အောက် ထောင်ဒဏ် သို့မဟုတ် ဝမ် ၅ သန်းအောက် ငွေဒဏ် ။
ဖုန်းပွါးပြုလုပ်ရန် ကူညီ ထောက်ပံ့သူ ၃နှစ်အောက် ထောင်ဒဏ် သို့မဟုတ် ဝမ် ၁၀ သန်းအောက် ငွေဒဏ် ။

ဘယ်လို တားဆီးကာကွယ်မလဲ
လူကြီးမင်းဟာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပွါးဖုန်းသုံးစွဲနေပြီဆိုတာနှင့် ဥပဒေအရ ပြစ်ဒဏ်ထိုက်သူဖြစ်နေပါပြီ ။ ဥပဒေကို မသိလို့ပါဆိုပြီး ထုချေလို့ ရမည်မဟုတ်ပါ ။ ဒါကြောင့်မို့ လူကြီးမင်းဖုန်းဝယ်တဲ့အခါ ၊ ရေးရတဲ့ လျှောက်လွှာ/မှတ်တမ်းပါ ယူရှင်ကဒ် (Universal Subscriber Identity Module: USIM) နံပါတ် ၊ မော်ဒယ် နံပါတ် (Model Number) များနှင့် မိမိရရှိတဲ့ ဖုန်းပါ ယူရှင်နံပါတ်များ တူမတူ စစ်ဆေးဖို့လိုပါမယ် ။ နောက်ပြီး (အထက်ဖော်ပြပါ) ပွါးဖုန်းအင်္ဂါနှင့် ပွါးဖုန်းများကြုံရတတ်သော ဖြစ်စဉ်များ ရှိမရှိ အမြဲဆန်းစစ်နေဖို့လိုပါမယ် ။

ဘယ်လိုတိုင်ကြားမလဲ
မိမိဖုန်းအပွါးခံရခြင်း သံသယရှိလျင် ဟုတ်မဟုတ် စုံစမ်းမေးမြန်းစိစစ်လို့ ရသလို ၊ မိမိဖုန်း အပွါးခံထားရကြောင်း သေခြာပါက ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားလို့လည်းရတယ်လို့ ဆိုပါတယ် ။

ကိုရီးယားနိုင်ငံတွင်း စုံစမ်းရန်နှင့် တိုင်ကြားရန်မှာ -
Central Radio Management Office: 080-700-0074
Internet: www.crmo.go.kr
Korea Telecommunications Operators Association:
02-518-1112
Internet: www.mobilecopy112.or.kr
ဖုန်းကလုန်းဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းလျက် ။

လေးစားမှုဖြင့် -

Mr TT

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, February 15, 2011

အင်တာနက်ရဲ့ ကောင်းကျိုး ဆိုးကျိုး

ရေးသားသူ — အင်ကြင်း


ကျမ ရေးချင်တဲ့ အကြောင်းနဲ့ တိုက်ဆိုင်စွာ ဒီမနက် ညိုသူနွယ် ရေးသားတဲ့ "အင်တာနက်က လူငယ်တွေအတွက် ဆေးလား၊ အဆိပ်လား" ဆိုတဲ့ ဆောင်းပါးလေး ဖတ်လိုက်ရတော့ ဒီစာကို ရေးဖြစ်ပါတယ်။ အဲဒါကတော့ ကျယ်ပြန့်လာတဲ့ ကွန်ယက်ကြီး တခုဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ အကြောင်းပါ။ ရေးမယ်ဆို အများကြီးပါပဲ။ ရေးတဲ့သူတွေလဲ အများကြီး ရှိမယ် ထင်ပါတယ်။ အင်တာနက် ဆိုတာ သက်ရှိတခုလို မဟုတ်ပေမယ့် သံယောဇဉ် တမျိုးလို စွဲလမ်းမူ ဖြစ်စေနိုင်တဲ့ အရာဝထ္တုတခုလို့ ထင်ပါတယ်။



ယနေ့ အဖက်ဖက်က ပြောင်းလဲ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ ခေတ်မှီ အသုံးအဆောင် တမျိုးပါပဲ။ ညိုသူနွယ် ပြောသလို ခေတ်အလိုက် ပြောင်းလဲလာတဲ့ အထဲမှာ တခြားအရာတွေထက် လူထုကို တိုက်ရိုက် ထိတွေ့ လာနိုင်တာကတော့ အင်တာနက်လို့ ကျမလဲ ထင်ပါတယ်။ ကလေးလူကြီး လူမျိုးဘာသာစုံ နေရာဒေသ အသီးသီးကနေ သုံးစွဲနေကြတာ ယနေ့ခေတ်မှာ ခေတ်မှီတယ်လို့ ပြောလို့ မရတော့အောင် စာအုပ်ဖတ်သလို သာမန် အပန်းဖြေ ကိစ္စအနေနဲ့ပါ သုံးလာကြတာ တွေ့ရပါတယ်။

ကျမတို့လို ရပ်ဝေးရောက်နေတဲ့ သူတွေအတွက်တော့ အင်တာနက်ဟာ ဆက်သွယ်ရေး ကိရိယာကောင်း တခုပါပဲ။ ကျမ မေမေကတောင် ပြောဖူးပါတယ် "အင်တာနက် တီထွင်တဲ့ သူတွေကို ကျေးဇူးတင်ရမယ်" တဲ့ …ကျမ ဒီကို ရောက်ခါစက အိမ်က မိသားစုနဲ့ အင်တာနက် ကတဆင့် တွေ့ရပြောရတော့ မေမေနဲ့ ဖေဖေက ဝမ်းသာကြပါတယ်။ ကျမ နိုင်ငံခြား မသွားခင် ဖေဖေ့အတွက် Gmail ကတဆင့် အီးမေးလ် လိပ်စာအသစ် တခု လုပ်ပေးထားခဲ့ပါတယ်။ ကျမက သင်ပေးကာစ ကတော့ ဖေဖေက သိပ်စိတ်မပါပါဘူး။ ခုတော့ မေမေက ပြောပါတယ် "ညီးအဖေ အင်တာနက်စွဲနေပြီ်" တဲ့။ ခုဆို ပိုက်ဆံမကုန်ပဲ ဖေဖေနဲ့ မကြာခဏ Chatting လုပ်လို့ ရတဲ့အတွက် အလွန်အဆင်ပြေသလို ဟိုခေတ်အခါကလို စာစောင့်ပြီး သတင်းစောင့် နားထောင်ရတဲ့ ခေတ်မဟုတ်တဲ့အတွက် မေမေပြောသလို အင်တာနက်ကို ကျေးဇူးတင်ရပါတယ်။

ခုဆို အဝေးမှာ တယောက်ထဲ နေရတဲ့ ကျမအတွက်တော့ ကွန်ပြူတာနဲ့ အင်တာနက်က မရှိမဖြစ် အဖော်တစ်ယောက်ပေါ့။ ရန်ကုန် အိမ်မှာတုန်းက မနက်ဆို ကော်ဖီသောက်ရင်း ရုပ်မြင်သံကြား ခဏတဖြုတ် ဖြစ်ဖြစ်တော့ ထိုင်ကြည့်နေ ဖြစ်ခဲ့ပါတယ်။
ဒီမှာလဲ ကျမအခန်းမှာ ကြည့်စရာ ရုပ်မြင်သံကြားစက် ရှိပေမယ့် သိပ်မကြည့် ဖြစ်တော့ပါဘူး။ အင်တာနက်ကို ပိုပြီး သဘောကျမိလို့ပဲ ပြောရမှာပါပဲ။ မနက်ဆို ကွန်ပြူတာကို အရင်ဆုံးဖွင့်ပြီး အင်တာနက်က သတင်းတွေကိုသာ အရင် ဝင်ကြည့်မိပါတယ်။ ကျယ်ပြန့်လှတဲ့ ကွန်ယက်ကြီးကို ဝင်ကြည့်မိရင်း တခါတလေ နာရီ မကြည့်မိလို့ ထမင်းစားဖို့ နောက်ကျတာ အကြိမ်ကြိမ်ပါပဲ။ အင်တာနက်ထဲ ရောက်သွားရင် အချိန်တွေ အတော် ကုန်မှန်းမသိ ကုန်သွားတတ်ပါတယ်။ စာလုပ်မယ်ဆို ကွန်ပြူတာဖွင့်ပြီး အင်တာနက် စာမျက်နှာပေါ် ရောက်သွားရင် ကျမ စာမလုပ်မိတာရော လုပ်စရာ အလုပ်တွေ ပျက်တာရော ခဏခဏပါ။

ခုဆို နေရာတိုင်းမှာ အင်တာနက်ကို အဖက်ဖက်က အသုံးပြု လာကြပါပြီ။ ဘယ်နယ်ပယ်မှာ လိုအပ်သလဲ၊ လိုအပ်ချက်အတွက် ဖြေရှင်းဖို့ နည်းလမ်းပဲဖြစ်ဖြစ်၊ သတင်း အချက်အလက်ပဲဖြစ်ဖြစ် မိနစ်ပိုင်းအတွင်း အမြန် ရရှိနိုင်တဲ့အတွက် လူတန်းစား အရပ်ရပ်ကလည်း အသုံးပြု နေကြပါတယ်။ အများဆုံး တွေ့ရတာတော့ ဆက်သွယ်ရေး၊ ဖျော်ဖြေရေး၊ တချို့တွေမှာတော့ ပညာရေးအတွက်၊ စီးပွားရေးအတွက်၊ လူမှုရေးအတွက်ဆိုတဲ့ နယ်ပယ်တွေကို အသုံးပြုကြပါတယ်။ ဒီထက်မကလည်း အသုံးပြုနိုင်သေးတဲ့ အင်မတန် ကျယ်ပြန့်တဲ့ ကွန်ယက်ကြီးပါပဲ။ တချို့ ကျတော့လဲ မကောင်းတဲ့ဘက်မှာ အသုံးချ လာတာတွေ့ရပါတယ်။ ခုဆို Facebook လူမှုကွန်ယက်မှာ ကျမတို့ မြန်မာလူမျိုးတွေလဲ အတော်များများ အသုံးပြုလာတာ တွေ့ ရပါတယ်။ အဲဒီမှာပဲ သူငယ်ချင်းတွေ တင်တဲ့ ဓါတ်ပုံတွေမှာ မှတ်ချက်တွေပေး၊ ကိုယ်လဲ ဓါတ်ပုံတွေတင်ပြီး ခုဆို ရေးထားဖြစ်တဲ့ ဆောင်းပါးတွေ တင်ဖြစ်ပါတယ်။ အဲဒီကတဆင့် ခင်မင်ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေလဲ အများကြီးရှိလာပါတယ်။

ကျမ Facebook မှာ ခုလို တင်ဖြစ်တာက တော့ World Student in Korea(WSK) member အသင်းကျောင်းသား တယောက် အနေနဲ့ ကိုရီးယားနဲ့ ပါတ်သက်တာလေးတွေ တင်ရင်းနဲ့ ခုလို ဓါတ်ပုံတွေပါ တင်ဖြစ်ပါတယ်။ WSK အသင်းဝင်အနေနဲ့ လက်ခံဖို့ ကျောင်းသားဟာ Blogဘလော့တခု မဖြစ်မနေ ရှိရပါတယ်။ ပြီးရင်ကိုရီးယားရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အဓိကကတော့ ယဉ်ကျေးမှုနဲ့ ပါတ်သက် တာတွေကို တခြားနိုင်ငံတွေကို ထိုးဖောက် ပြသနိုင်ဖို့ ကျမတို့လို ဒီမှာ ပညာလာသင်နေတဲ့ အသင်းဝင် ကျောင်းသားတွေက ဘလော့ရေးရပါတယ်။ ဒါဟာလဲ အင်တာနက်ကနေ သူတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို တခြားနိုင်ငံတွေက သိအောင် နိုင်ငံတကာ ကျောင်းသားတွေက တဆင့် အသုံးချတာပါပဲ။ ကျမက ဘလော့အတွက် ရေးဖို့ အချိန် မပေးနိုင်တဲ့အတွက် Facebook လို စာတွေ ပုံတွေ တင်ရ လွယ်ကူတဲ့ နေရာမှာ မကြာခဏ သတင်း အချက်အလက် လေးတွေ တင်ဖြစ်တာပါ။

ဒါပေမယ့် တခါတလေတော့လဲ ဓါတ်ပုံတွေကို အဲဒီကတင်ရတာ သိပ်တော့မကောင်းဘူးလို့ ထင်ပါတယ်။ ခုဆို အဲဒီကတဆင့် မမြင်ဖူး မတွေ့ဖူးတဲ့ သူတွေပါ ရှိတဲ့အတွက်ပါ။ Facebook ကနေ ဓါတ်ပုံကို ကူးယူရတာလဲ လွယ်ကူတာကြောင့် ကိုယ်မသိတဲ့သူကနေ ကူးယူပြီး မဟုတ်တာပြောမှာလဲ စိုးမိပါတယ်။ တချို့ ကိုလဲ အံ့သြမိပါတယ် Personalကိုယ့်အချင်းချင်းသာ ကြည့်သင့်တဲ့ပုံမျိုးကို ဥပမာ အတော်မလုံခြုံတဲ့ ရေကူးဝတ်စုံနဲ့ ဖက်လှဲတကင်း ကိုယိုးကားယား ရိုက်ထားတဲ့ပုံမျိုးကို အများ ကြည့်လို့ရအောင် ပြထားပါတယ်။ ကျမဆိုလိုတာ နိုင်ငံခြားသားတွေ မဟုတ်ပါဘူး မြန်မာအများစုပါ။အဲဒီ ဓါတ်ပုံမျိုးတွေကို မြန်မာ အမျိုးသမီးတွေက တင်ထားတာကို ပြောတာပါ။ ကဲ့ရဲ့ချင်တဲ့စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ တချို့ကလဲ ဓါတ်ပုံတွေမှာ မှတ်ချက်တွေ ပေးထားတာ ရိုင်းစိုင်းစွာ ရေးထားတာတွေပါ တွေ့လာရပါတယ်။ တချို့လဲ အင်တာနက် ဆိုတာကြီးက ဘယ်သူမှန်း မသိတာကို အခွင့်ကောင်းယူပြီး အပျော် ရည်းစားရှာဖို့လား။ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောဖို့လားဆိုတာ ကျမလဲ မေးချင်မိပါတယ်။ ဒါကို လူတန်းစားအစုံ အသုံးပြုနေတာပါ။ ကျမက Facebookမှာ ကော Chatting မှာပါ လူတိုင်းကို လက်မခံပါဘူး။ အရင်ကတော့ အပြင်မှာ သိတဲ့ သူငယ်ချင်းတွေပဲ များပါတယ်။ နောက်တော့ တဆင့်ဆင့် သိလာပြီး များလာတာပါ။ အရင်ကတော့ များသောအားဖြင့် သူငယ်ချင်းတွေက တဆင့် သိတဲ့လူမှ လက်ခံဖြစ်ပါတယ်။ တခါတလေတော့ ကျမက သူငယ်ချင်းတွေ နာမည်နဲ့ ဆင်တော့ သူငယ်ချင်းများလားဆို လက်ခံလိုက်ပါတယ်။ နောက်တော့ ဒီတိုင်း ထည့်ထားလိုက်ရင်း ဘယ်သူတွေမှန်းတော့ မသိတော့ပါဘူး။

ကျမက Gtalk ကိုသုံးဖြစ်တော့ သူငယ်ချင်းတွေနဲ့ စကားပြောရတာ စိတ်ထွက်ပေါက် တခုအနေနဲ့ တခါတလေလဲ ပျော်ပါတယ်။ ဒါကြောင့် ဖေဖေ့ကိုတင် မဟုတ်ပဲ တူမလေးကိုပါ သီးသန့် အီးမေးလ်တခု ဖွင့်ခိုင်း ထားလိုက်ပါတယ်။ အင်တာနက်ထဲက မမြင်ရတဲ့ သူငယ်ချင်းတွေဆိုတာ အင်တာနက် သုံးနေကြသူတွေ အဖို့ ရိုးနေပါပြီ။ အဲဒီလို မမြင်ရတဲ့ သူငယ်ချင်းတွေထဲမှာ အရမ်းခင်ရတဲ့ သူငယ်ချင်းတွေလည်း ရှိလာပါတယ်။ သူငယ်ချင်းကောင်း ရသလို မကောင်းတဲ့ သူတွေနဲ့ပါ တွေ့ခဲ့ရဖူးပါတယ်။ ဒါကြောင့် ခုဆို ကျမရဲ့ ဆယ်ကျော်သက် တူမလေးကို ကျမကပဲ အင်တာနက်နဲ့ မိတ်ဆက်ပေးမိတာ မှားပြီလားလို့တောင် ထင်မိပါတယ်။ တခါတလေ သူက ဆိုင်က လာသုံးတာဆိုတော့ ကျမက ဒီကနေ "မပြန်သေးဘူးလား ဘာလုပ်နေတာလဲ ဘယ်သူနဲ့ ပြောနေတာလဲ။ လူတိုင်းကို လက်မခံနဲ့နော်" လို့ စိတ်ပူစွာ သတိပေး နေမိပါတယ်။

ကျမလဲ အများစုလို ကြုံဖူးတာက တရက်မှာ သူငယ်ချင်းနဲ့ စကားပြောနေရင်း ကျွန်မ မရင်းနှီးတဲ့ နာမည်တစ်ခုက ကျမကို လာနှုတ်ဆက်ပါတယ်။ ဒါကလည်း အင်တာနက်ရဲ့ ထုံးစံအတိုင်းပေါ့လေ။ အဲဒီတော့ ကျမကလဲ ပြန်နှုတ်ဆက် လိုက်ပါတယ်။ အဲဒါကို ချက်ချင်းကြီး ဆိုသလိုပဲ ကျမကို ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောလာတော့ တာပါပဲ။ ဒါကြောင့် အဲဒီသူကို ပြန်ထုတ်လိုက်ရပါတယ်။ တချို့ကိုလဲ အံ့သြမိတာက မမြင်ရ မသိရပဲ ရမ်းပြောနေတာကိုပါ။ ပြောပြရရင် အများကြီးပါ။ အင်တာနက် သုံးဖူးသူတိုင်း ကြုံတွေ့ဖူးမယ့် ကိစ္စမျိုးတွေပါ။

ညိုသူနွယ် ပြောသလို ပေါ့ သတိထား ကြည့်လာတဲ့အခါ မြင်ဖို့ မခဲယဉ်းပါဘူး။ တချို့ လူငယ်တွေဟာ အင်တာနက်ကို ရည်ရွယ်ချက်အလွဲတွေနဲ့ အသုံးပြု နေကြပါတယ်။ ခဏခဏ ဂျာနယ်တွေမှာလည်း ပါတတ်ပါတယ်။ အင်တာနက်ပေါ်က ချစ်သူဖြစ်ပြီး သူရှိတဲ့နိုင်ငံကို လိုက်သွားတော့ ကိုယ့်ကို တခြားလူဆီမှာ ရောင်းစားတာတို့၊ အင်တာနက်ပေါ်မှာ ကိုယ့်ကို အယုံသွင်းပြီး လုပ်ငန်းလုပ်မယ်ဆိုပြီး ပိုက်ဆံတွေ လိမ်သွားတာတို့ ဆိုတာ လူတွေသိပြီး၊ ကြားပြီးသား ဖြစ်ရပ်တွေပါ။ အဆိုးဆုံးကတော့ ခေတ်မီနည်းပညာတွေ သုံးပြီး နှမချင်း မစာမနာ မိန်းကလေးတို့ကို အရှက်ခွဲတာတွေပါပဲ။

အဲဒီလိုပဲ မကောင်းတာတွေ ရှိပေမယ့် ကောင်းတဲ့ အချက်လေးတွေလဲ အများကြီး ရှိပါတယ် ကျမ အင်တာနက်ကတဆင့် ဝေးသွားတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရသလို ခံစားချက်ခြင်း ဖလှယ်နိုင်တဲ့ သူငယ်ချင်း အသစ်တွေနဲ့လဲ ခင်ရ သိရပါတယ်။ ကျမ သူငယ်ချင်း တယောက်ဆို အင်တာနက်ကတဆင့် ဖူးစာဖက် တွေ့ပြီး ခုဆို သမီးလေး တယောက်တောင် ရနေပါပြီ။

နောက်ပြီး ကျမ မသိသေးတဲ့ အကြောင်းအရာတွေကို သူတို့ကတဆင့် သိနိုင်သလို ကျမ ကွန်ပြူတာ တခုခုဖြစ်ခဲ့ရင်လဲ အွန်လိုင်းပေါ်ကတဆင့် ချက်ခြင်း လှမ်းမေးလို့ ရတာတွေဟာ အင်တာနက်ရဲ့ ကျေးဇူးတွေပေါ့ရှင်။ သုံးတတ်ရင် ကိုယ့်အတွက် အနှစ်ကျန်စေဖို့ပါပဲ။ မမြင်ရတဲ့ သူငယ်ချင်း ဆိုနိုင်ပေမယ့် ဝါသနာတူတဲ့ သူချင်းဆို စကားကောင်းကောင်း ပြောနိုင်ပါတယ်။ များပြားလှတဲ့ Websiteတွေမှာ ဗဟုသုတများစွာ ရှာဖွေနိုင်ပါတယ်။ အပန်းဖြေဖို့ သီချင်း၊ ရုပ်ရှင်၊ ဂိမ်း ဒါတင်မက အပျော်တမ်းဗေဒင် အစရှိတာတွေ အများကြီးပါပဲ။

ဒီမှာတော့ ရာသီဥတုက အေးပြီး အပြင်မထွက်ဖြစ်တဲ့ ပိတ်ရက်တွေမှာတော့ တယောက်ထဲ နေရတဲ့ ကျမအတွက် ဒါတွေဟာ အင်တာနက်က တဆင့် အပန်းဖြေစရာ ဖြစ်သလို အင်တာနက်သုံးရင်း အချိန်တွေကုန်သွားမိလို့ အလုပ်တွေပျက်ရတဲ့ မကောင်းတဲ့ အကျိုးတွေလဲ ကျမဖြစ်ရပါတယ်။
ကျမပြောချင်တဲ့အပိုင်းတွေအများကြီးကျန်ပါသေးတယ်။ နောက်မှပဲ ဆက်တင်ပါတော့မယ်။

အင်ကြင်း (Incheon, Korea)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 12, 2010

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း


အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) ကို ၂၀၁၀ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

ကမ္ဘာ့ဒေသ အသီးသီးမှ လူ့အခွင့်အရေး ကာကွယ်ပေးနေသူများ နှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသော လူ့အခွင့်အရေး၊ သည်းခံရေး နှင့် ဒီမိုကရေစီရေး အတွက်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဂျီနီဗာ ထိပ်သီးဆွေးနွေးပွဲကြီး (Second Geneva Summit for Human Rights, Tolerance and democracy) တွင်အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

တက်ရောက်ကြသော ကိုယ်စားလှယ်တော်ကြီးများသည် အင်တာနက် လွတ်လပ်ခွင့် နှင့်ပတ်သတ်၍ ဆွေးနွေးပြီး အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်သည့် ကြေညာချက် ကိုချမှတ်နိုင်ခဲ့သည်။

လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် နှင့် ထုတ်ဖော်ပိုင်ခွင့် ကိုပြဋ္ဌာန်းပေးသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on the Civil and Political rights- ICCPR) တို့၏ လမ်းညွှန်ချက်အရ ဆောင်ရွတ်ခဲ့ကြသည်။ ယင်းစာချုပ်များတွင် လူတိုင်းသည် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိခြင်း၊ မီဒီယာများမှ သတင်းအချက်အလက်များ၊ အတွေးအခေါ်များ ကိုအတားအဆီးမရှိ ရှာဖွေနိုင်ခြင်း၊ ရယူနိုင်ခြင်း နှင့် ဖြန့်ဝေနိုင်ခြင်းတို့ ပါဝင်ပါသည်။

အင်တာနက် (Internet) ကိုအတွေးအခေါ်များဖလှယ်ရာ နှင့် ကူးလူးဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာ နေရာလေးတစ်ခု (a universal space) အဖြစ် အသိအမှတ်ပြုလာကြသည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီ အနေအထား နှင့် စီးပွားရေး အခြေအနေများကို ထောက်ထားစရာမလိုဘဲ လူအချင်းချင်း အပြန်အလှန် နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကို မြှင့်တင်ပေးနိုင်သည်။

အင်တာနက် (Internet) သည်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများရှိ လူမှုဘဝ အစိတ်အပိုင်း အားလုံး၏ ကူးလူးဆက်သွယ်ရေး အတွက် အရေးပါသော ယာဉ်တစ်မျိုး (a primary vehicle) ဖြစ်လာနေသည်။ အင်တာနက် ကိုအဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် အပြန်အလှန် သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး နှင့် ပွင့်လင်းမှု လိုကြောင်းကိုလည်း သတိထားမိလာကြသည်။

အင်တာနက် (Internet) ကို လွတ်လပ်စွာ အသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင် ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ် လိုအပ်သည်ဟုလည်း ယုံကြည်လာကြသည်။

ကမ္ဘာ့ဒေသ အများစုတွင် အင်တာနက် (Internet) လွတ်လပ်ခွင့် အခြေအနေများသည် အန္တာရာယ်ရှိလာနေပြီး တားဆီးတိုက်ခိုက်မှုကို ခံနေကြရကြောင်း ကိုလည်း သတိပေးမှုများ ရှိလာကြသည်။

အင်တာနက် (Internet) ကိုထိန်းချုပ်ဖို့ နှင့် တားမြစ်ကန့်သတ်မှုများ လုပ်ရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်းနှင့် နည်းပညာများ အသုံးချခြင်းသည် အခြေအနေဆိုး ကိုသာ ဖန်တီးသလိုဖြစ်နေသည်ကို အသိအမှတ် ပြုလာကြသည်။

လူတစ်ဦးတယောက်၏ အတွေးအခေါ်ကို နှိပ်ကွပ်လိုသဖြင့် ဝက်စ်ဆိုက်များ (Websites)၊ အွန်လိုင်းစာများ (Online content)၊ ဘလော့ခ်များ (Blogs)၊ နှင့် မက်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) များကို ကန့်သတ်စီစစ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပိတ်ပင်ခြင်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် ၁၉ ကိုချိုးဖောက်ရာ ရောက်နေသည်ဟုလည်း အခိုင်အမာ ဆိုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) ကို နိုင်ငံအားလုံးက လိုက်နာကျင့်သုံးရန် ဝတ္တရားရှိသည် ဟုလည်း အသိအမှတ်ပြုလာကြသည်။

အင်တာနက် နည်းပညာများ လုံခြုံစိတ်ချရပြီး လွတ်လပ်စွာ အသုံပြုနိုင်သော နိုင်ငံများ အနေနဲ့လည်း အင်တာနက်ကို ဖိနှိပ်လိုသော၊ တားမြစ်ပိတ်ပင်လိုသော သဘောရှိသည့် ဆက်သွယ်ရေး နည်းပညာများကိုလည်း တားဆီးပေးရန် ဝတ္တရားရှိသည်။ ထိုပြင် အင်တာနက် ကုမ္ပဏီများ (Internet companies) ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံဖော်ကြံဖက်လုပ်ခြင်း (Complicity) ၊ တာဝန်ယူပေးခြင်း (Liability) များမှ ရှောင်ရှားနိုင်ရန် သင့်တော်သော ခြေလှမ်းများကို ဆောင်ရွတ်ထားသင့်သည်ကို အလေးထားလာကြသည်။

ယနေ့အခါတွင် လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ ရုန်းကန်မှုသည် အင်တာနက် (Internet) အဖြစ် အွန်လိုင်းပေါ်သို့ ရွေ့ပြောင်းလာကြသည်။ အင်တာနက်သည် တကမ္ဘာလုံးရှိ နိုင်ငံရေး အတိုက်အခံများ၊ ဒီမိုကရေစီ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်ပေးသူများ နှင့် လွတ်လပ်သော ဂျာနယ်လစ်များ အတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာနေသည်ကို အသိအမှတ် ပြုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) အခြေအနေများ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရသော နိုင်ငံများတွင် နိုင်ငံရေး အတိုက်အခံများ၊ ဂျာနယ်လစ်များ နှင့် ဘလော့ခ်ဂါများ (Bloggers) သည် အကျဉ်းကျခံနေကြရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာကွယ်ပေးမှုကို အရေးတကြီး လိုအပ်နေသည်။

အီယူ (EU) ၏ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်း လွတ်လပ်ခွင့် အက်ဥပဒေ (EU Global Online Freedom Act) နှင့်ဆက်စပ်သော ဥရောပ ပါလီမန်၏ ၂၀၀၈ ညွှန်ကြားချက် (2008 directive of the European Parliament) ကို သတိထားလာကြသည်။ ယင်းတွင် Belarus, Burma, China, Cuba, Egypt, Ethiopia, Iran, North Korea, Saudi Arabia, Syria, Tunisia, Turkmenistan, Uzbekistan and Vietnam နိုင်ငံများတွင် ဆိုက်ဘာ ရဲများ (cyber police) နှင့် မှတ်ပုံတင်ခြင်း (registration) များမှတဆင့် အင်တာနက် အသုံးပြုသူများကို ခြိမ်းခြောက်ခြင်း၊ စီစစ်ဟန့်တားခြင်း၊ ဝက်စ်ဆိုက်များ (websites) ကို ပိတ်ပစ်ခြင်းဖြင့် အင်တာနက်ကို ဆင်ဆာလုပ်နေကြောင်း ဖော်ပြလာကြသည်။

တရုတ်နိုင်ငံတွင် အာဏာပိုင်များက ကွန်ပြူတာများကို သိမ်းဆည်းခြင်း၊ အွန်လိုင်းများမှတဆင့် သတင်း အချက်အလက် ဖလှယ်သူများကို ထောင်ချနေခြင်း၊ ဘလော့ခ်များ (Blogs) နှင့် အခြားအွန်လိုင်း ဝန်ဆောင်မှုများ (online service) ကို ပိတ်ပစ်ဖျောက်ဖျက်နေခြင်း၊ အွန်လိုင်း လှုပ်ရှားမှုများကြောင့် ဂျာနယ်လစ်များ နှင့် လူမှုရေးဆောင်ရွတ်နေသူများ ကို အကျဉ်းချခံနေရမှုများအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဖော်ပြလာကြသည်။

အီရန်နိုင်ငံတွင် အာဏာပိုင်များက အင်တာနက် လိုင်းကြောင်းများ (Internet traffic) ကို ဖြတ်တောက်ခြင်း၊ အီးလ်မေး လမ်းကြောင်းများ (Email providers) နှင့် မတ်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) ကို ရပ်ဆိုင်းပစ်ခြင်းဖြင့် လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းမှုကို နှိပ်ကွပ်ဖို့ ဆောင်ရွတ်နေသည်။ ထိုပြင် အစိုးရကို ဆန့်ကျင်စော်ကားပြီး မုသား ဖြန့်ဖြူးနေသူများ (“insults and spreading of lies”) စွပ်စွဲချက်ဖြင့် အင်တာနက် အသုံးပြုသူများ (Internet users) ကို ခြေရာခံရန် အထူးရဲများ ထားရှိနေမှုအပေါ် သတိပေးလာကြသည်။

ကျုးဘားနိုင်ငံတွင် အာဏာပိုင်များက အင်တာနက် အသုံးပြုမှုအပေါ် အခွန်အခများ၊ အနည်းငယ်သော အများပြည်သူသုံးနေရာများသာ ပေးထားခြင်း၊ လိုင်းအားနှေးကွေးခြင်း နှင့် အင်တာနက် ဝန်ဆောင်မှုကို အစိုးရပိုင် လုပ်ထားခြင်းဖြင့် အလုံးစုံနီးပါး တင်းကြပ်ထားခြင်း (near-total restrictions) အတွက် အလွန်အမင်း စိတ်ပျက်မိကြောင်း ဖော်ပြလာကြသည်။

ထိုထိုသော အကြောင်းရင်းများကြောင့် အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း (Declaration on Internet freedom) ကို ၂၀၁၀ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ (Switzerland)၊ ဂျီနီဗာမြို့ (Geneva) တွင် အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ကုလသမဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council) ၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးပွဲကြီးတွင် ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံ အားပေးရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်း ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် တိုက်တွန်းခဲ့သည်။

လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး ကို ထောက်ခံအားပေးလိုစိတ် ရှိသူများကလည်း အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် အလားတူ ကြေငြာချက်များ (Declarations)၊ ဆုံးဖြတ်ချက်များ (Resolutions) နှင့် ထုတ်ပြန်ချက်များ (Statements) များထုတ်ပြန်ကြရန် နှင့် ကုလသမဂ (United Nations) သို့တင်ပြကြရန်လည်း တိုက်တွန်းခဲ့သည်။


အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) တွင် အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်ပါသည်။

အပိုဒ် (၁) လူတိုင်း လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု (သို့) ပထဝီဆိုင်ရာ အနေအထား ခွဲခြားမှုမရှိ အင်တာနက် (Internet) ကို ညီတူညီမျှ အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၂) လူတိုင်း ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် နှင့် သတင်းအချက်အလက်များ စီးဆင်းပိုင်ခွင့်ရှိသည်။

အပိုဒ် (၃) လူတိုင်း လိုင်စင်လုပ်ခြင်း (သို့) တားမြစ်ခြင်း နှင့် အခွန်အခများ အဆမတန်ကောက်ခံခြင်း စသည်ဖြင့် ခွဲခြားဆက်ဆံမှု မရှိဘဲ အင်တာနက်ကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၄) လူတိုင်းတွင် သူတို့၏ အတတ်ပညာ ပိုင်ဆိုင်မှု (Intellectual property) ကို ထိန်းသိမ်း ကာကွယ်ပိုင်ခွင့်ရှိသည်။ ကျုးကျော်ခြင်း၊ သိမ်းဆီးခြင်း (သို့) ထိန်းချုပ်ခြင်းမှ ကင်းလွတ်နေရမည်။

အပိုဒ် (၅) လူတိုင်းတွင် အင်တာနက် အသုံးချခြင်း၊ အင်တာနက် အဆောက်အအုံများ နှင့် အင်တာနက် ကူးလူးဆက်သွယ်ချက်များကို အစိုးရမှ သိမ်းဆီး ထိန်းချုပ်ခြင်းမှ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် (၆) လူတိုင်းတွင် နိုင်ငံတော် (သို့) အခြားအဖွဲ့တခုခုမှ အတင်းဝင်ရောက် ထိန်းချုပ်ခြင်းမှ ကင်းလွတ်စေရန် နာမည်ဝှက် (Anonymity) (သို့) အွန်လိုင်း နာမည် (Online privacy) ပေးပိုင်ခွင့်ရှိသည်။

အပိုဒ် (၇) လူတိုင်းတွင် သူတို့၏ အမှတ်အသားများ (Identities) နှင့် အချက်အလက်များ လုံခြုံရေးအတွက် စာဝှက်သုံးခြင်း (Encryption) နှင့် ကာကွယ်ပိုင်ခွင့်များရှိသည်။

အပိုဒ် (၈) လူ့အခွင့်အရေး ချိုးဖောက်ရန် ရည်ရွယ်၍ အင်တာနက် အသုံးပြုခြင်း နှင့် အင်တာနက် ဆက်သွယ်ရေး များကို ကန့်သတ်ထိန်းချုပ်နိုင်သော နည်းပညာများ (Technologies)၊ ပစ္စည်းများ (Equipments)၊ ဆော့လ်ဝဲလ် များ (Software) ကို တင်ပို့ရောင်းချခြင်းကို မည်သူကိုမျှ ခွင့်ပြုမထားသင့်ပေ။

အပိုဒ် (၉) အင်တာနက် ကုမ္ပဏီများ (Internet providers) ကလည်း အစိုးရများ၊ ကော်ပိုရေးရှင်းများ နှင့် တတိယအဖွဲ့အစည်းများ (Third parties) သို့ အင်တာနက် အသုံးပြုသူများ ၏ သတင်းအချက်အလက်များကို သူတို့၏ အလိုဆန္ဒမပါဘဲ မပေးပို့သင့်ပေ ။

အပိုဒ် (၁၀) ကန့်သတ်တားဆီးမှုများ (သို့မဟုတ်) ခြိမ်းခြောက် အကြပ်ကိုင်မှုများ မရှိဘဲ အင်တာနက်ကို ဆင်ဆာမရှိ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရမည်။

အပိုဒ် (၁၁) အင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များသည် အကျိုးအကြောင်းဆီလျှော်သော ကန့်သတ်ချက်များဖြင့်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းတို့ကို လွတ်လပ်၍ ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းမှာသာ အထင်အရှား အကောင်အထည်ဖော်နိုင်မည်ဖြစ်သည် ။ ယင်းအင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထိခိုက်ပျက်စီးစေသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ မပါဝင်ပါ။

Adopted by consensus, Geneva, March 9, 2010

ဘာသာပြန်သူ…ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ဘလော့ခ်ဂါ ခမိခဆဲ
၉. သြဂုတ်လ.၂၀၁၀

Ref:
http://alinsek.blogspot.com/2010/09/blog-post_01.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 26, 2010

အင်တာနက်စာမျက်နှာ (HTML) ရေးနည်းအခြေခံ သင်တန်းဖွင့်မည်

ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအား တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်စေရန် ရည်ရွယ်လျက် ၊ အင်တာနက်စာမျက်နှာသုံး အထူးစာသား သင်္ကေတများဆိုင်ရာ ဘာသာစကား(html) ရေးသားနည်း အခြေခံသင်တန်းကို ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)၏ အစီအစဉ်ဖြင့် အခမဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည် ။
သင်တန်းတွင် html ရေးသားနည်းအပြင် ၊ Web Tool တစ်ခု ဖြစ်သည့် Macromedia Dreamweaver ဖြင့် ရိုးရိုး စာမျက်နှာ ဒိုင်းနမစ်စာမျက်နှာ စသည့် အင်တာနက်စာမျက်နှာ အမျိုးမျိုးဖန်တီးခြင်း ၊ ၄င်းနောက် မိမိဖန်တီးထားသည့် အင်တာနက်စာမျက်နှာများကို အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာကွန်ယက်ဖြင့် ချိတ်ဆက် လွင့်တင်ခြင်း ၊ ဘလော့ဖန်တီးခြင်း နှင့် အဆင့်မြင့်ဘလော့တည်ဆောက်ခြင်း တို့ကိုပါ ဆက်တိုက် ဖွင့်လှစ်သွားမည်ဟုဆိုပါသည် ။
စိတ်ပါဝင်စားသူများ 010-2331-2457 ထံ ဆက်သွယ်နိုင်ကြောင်း နှင့် ၊ သင်တန်းကို ဇွန်လ ၅ ရက်(စနေ)နေ့ညနေမှ စတင်ကာ အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် -
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
အချိန် ။ အပါတ်စဉ် စနေ ည ၈ နာရီမှ ၁၀ နာရီ
မည်သည့် သင်တန်းသားကိုမဆို လက်ခံမည် ဖြစ်သော်လည်း ၊ သင်ထောက်ကူပစ္စည်း အခက်အခဲကြောင့် ကိုယ်ပိုင်သုံး အိတ်ဆောင် ကွန်ပျူတာ (Notebook) ရှိသည့် သင်တန်းသားများကိုသာ ဦးစားပေး လက်ခံသွားမည်ဟု သင်တန်းစီစဉ်သူတစ်ဦးက ပြောသည် ။
Web page ဟုခေါ်သော အင်တာနက်စာမျက်နှာများကို Hypertext ဟုခေါ်သော အထူးစာသားများဖြင့် ရေးသားထားပြီး ၊ ထိုအထူးစာသားများအား အမှတ်သင်္ကေတပြုခြင်းကို Hypertext Markup ဟုခေါ်ဆိုကြောင်း ၊ အင်တာနက်လောကသားများ (Netizens) က ထိုအထူးစာသားသင်္ကေတများကို အင်တာနက်စာ မျက်နှာသုံး ဘာသာစကား (Language) တစ်ခုအဖြစ်သတ်မှတ်ထားကြပြီး ၊ ထို သင်္ကေတများဖြင့် မှတ်သားထားသော အထူးစာသား ဘာသာစကားကို (hypertext markup language) ဟုခေါ်ဆိုကြကြောင်း ၊ အတိုကောက် အားဖြင့် html ဟုခေါ်ဆိုကြောင်း ၊ ထိုအထူးစာသားများ အချိတ်အဆက် အပေးအယူပြု သည့် အရာကိုမူ hypertext transfer protocol ဟုခေါ်ဆိုပြီး သင်္ကေတအားဖြင့် http ဟု မှတ်သားကြကြောင်း ၊ အင်တာနက် စာမျက်နှာများ၏ လိပ်စာရှေ့တွင် ၄င်း http သင်္ကေတစာသားက ဦးစွာ နေရာယူထားကြောင်း သိရ၏ ။
ယခုအခါ အဆိုပါ ဘာသာရပ်များဆိုင်ရာ စာအုပ်စာတမ်းများစွာ ရေးသားထုတ်ဝေနေကြသော်လည်း ၊ လက်တွေ့ ပြသပေးမည့်သူမပါဘဲ မိမိဘာသာ စာအုပ်ကြည့်လေ့ကျင့်မည်ဆိုပါက အခက်အခဲ များစွာ ရှိကြောင်း ၊ ကိုရီးယားနိုင်ငံတွင်း တက္ကသိုလ် ကောလိပ်နှင့် အင်စတီကျုများတွင် တက်ရောက် သင်ယူမည်ဆိုပါကလည်း တစ်ဘာသာလျင် ဝမ် ၃သိန်းမှ ၄သိန်းထိ ပေးရကြောင်း ကွန်ပျူတာ သင်တန်းများ သတင်းရပ်ကွက်ထံမှ စုံစမ်းသိရှိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, January 27, 2010

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးကြည့်ပါ


Posted:


အွန်လိုင်းသုံးသူ များ အွန်လိုင်းကွန်ပျုတာတစ်လုံး ကို အပိုင်ရအောင်လုပ်ကြည့်ကြမယ်ဗျာ. ကဲ.. ဒီလင့် ထဲကို ၀င်လိုက်ပါ. အောက်က ပုံလေးလိုတွေ့ပါလိမ့်မယ်.

ယင်းအထဲကမှ Sing up ကိုကလစ်ပါ. အောက်ကပုံလေးလိုထပ်တွေ့ပါလိမ့်မယ်.
Choose a G.ho.st ID နေရာမှာ မိမိကြိုက်နှစ်သက်ရာ အမည်ပေးပါ. လိပ်စာက ဥပမာ- akmkuntha@G.ho.st အဲလိုဖြစ်ရမှာလေ. Choose Password ကတော့ ကြိုက်သလိုပေးပါတော့နော်.
Existing email address နေရာမှာတော့ မိမိအသုံးပြုချင်တဲ့ မိမိရဲ့ Gmail ကို ရိုက်ထည့်ပါ. ရှိပြီးသားကိုနော်.
Enter the code shown နေရာမှာတော့ တစ်ဘက်ကပေးထားတာကို မှန်အောင်ရိုက်ထည့်ပါ. ပြီးရင် I'm over 13 years old and...စသည်ဖြင့် ရေးထားတဲ့ ရှေ့က ကွပ်လပ်လေးထောင့်တုန်းလေးမှာ အမှန်ခြစ်ပြီ Submit ကိုကလစ်လိုက်ပါ..တစ်ကယ်လို့ မရဘူးဖြစ်တက်ပါတယ်. ထိုအခါ မရသည့် အကြောင်းအရာရှေ့မှာ Star အနီလေး ပေါ်လာပါလိမ့်မယ်. ယင်းနေရာကိုပြန်ပြင်ဆင်ပါ...ဒီအဆင့်အဆင်ပြေသွားရင် မိမိ အပေါ်မှာ ထည့်ထားတဲ့ မေးကိုဖွင့်ပါ. မေးထဲမှာ မေးအသစ်ဝင်နေပါလိမ့်မယ်. ယင်းမေးကိုဖွင့်ပါ. အောက်ပါအတိုင်းတွေရင်
ယင်းအထဲက Click Here ကိုကလစ်လိုက်ပါ. လင့်အသစ်ထွက်လာပြီ. ပွင့်လာပါလိမ့်မယ်. ယင်းအထဲမှာ အောက်ပါအတိုင်းတွေ့ပါလိမ့်မယ်.
ယင်းအထဲမှာ ဖြည့်ပါတော့ မိမိကြိုက်ရာအမည်ကို အစ အလယ် အဆုံး နှင့် နိုင်ငံ ပြီးရင် Finish ကိုပဲကလစ်လိုက်ပါ.အောက်ပါအတိုင်းပေါ်လာပါလိမ့်အုံးမည်
ဖတ်ကြည့်ပါ. တတ်သလောက်ပေါ့. ကျွန်တော်ကိုယ်တိုင်လည်းဘာမှမသိပါ. 15 GB hard disk ရမည်. 10 GB mail box နဲ့ပေါ့. အကြမ်းဖျင်းလေ. ဘာမှလုပ်နေစရာမလိုပါဘူး Finish ပဲကလစ်ပါ. နောက်တစ်ပုံပေါ်လာပါလိမ့်မယ်.
ယင်းအထဲမှာ အောက်ဘက် ညာထောင့်က လေးထောင့်ကွက်ကို အမှန်ပေးပြီ ok လိုက်ပါတော့အောက်ပါအတိုင်း အွန်လိုင်းထက်က မိမိကိုယ်ပိုင် ကွန်ပျူတာတစ်လုံးရပါပြီ.

ကဲမိတ်ဆွေ သင့်အွန်လိုင်းကွန်ပျူတာကို right click လုပ်ပြီ refresh လုပ်ကြည့်လိုက်ပါ. တစ်ကယ်အစစ်တိုင်းဖြစ်နေပါလိမ့်မယ်. ဒါဆိုသင်ဥာဏ်ရှိသလို သင့်အွန်လိုင်းကွန်ပျူတာကို ကလိပြီး အသုံးချပါတော့ခင်ဗျာ. ကျွန်တော်ကတော့ account တွေ pressword တွေမှတ်ရလွန်းလို့ notepad နဲ့သိမ်းပြီ အွန်လိုင်း က ကျွန်တော့်ကွန်ပျူတာမှာ သိမ်းထားလေရဲ့.....အွန်လိုင်းရှိတဲ့နေရာမှာ ကိုယ့်ကွန်ပျူတာလေးလည်း ရှိနေကြပါစေ. အဆင်ပြေနေကြပါစေ.

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 26, 2010

အလှပြင်ကြရအောင်...

Photoinstrument 3.2 Build 341 | 5 MB

PhotoInstrument is a powerful and easy-to-learn raster graphics editor used to process digital photographs. With only a few clicks, anyone can solve most digital photo problems: Photo Editing; Photo Retouch; Draw MakeUp. Make your photo looks like its taken by professional photographer. If you ever wonder to touch up your photo, so you look more beautiful on your facebook or friendster or even on myspace, well this software is answer your question.

Current version includes these tools:
• Liquify
• Clone
• Smudge
• Skin Cleaner
• Glamour Skin
• Dodge / Burn
• Brush
• Blur
• Sharpen
• Colorize
• Rotate / Scale
• Red Eye Removal
• Brightness-Contrast
• Adjust Color Levels
• Glow
• Healing Brush
• Denoise
• Object Removal

Supported languages:
• English
• Bulgarian
• Czech
• Dutch
• French
• German
• Hungarian
• Italian
• Korean
• Polish
• Portuguese
• Russian
• Serbian
• Spanish
• Simplified Chinese
• Turkish
download here

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 21, 2009

စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ကျော်ခွကြည့်ကြမည်

ကိုဝိုင်း(မိုးညှင်း)

ကျနော်တို့ ဟန်းဂုရွာ မိတ်ဆွေများ ၊ အင်တာနက် ကျော်ခွကြည့်နည်း မကြာမကြာမေးကြပါတယ် ။ မေးလာကြတဲ့အခါတိုင်းလည်း ၊ အာရ်အက်ဖ်အေက တင်ထားတဲ့ “ အင်တာနက် စာမျက်နှာများကို လျှို့ဝှက်ကြည့်ရှုနည်း” ပို့စ်ကိုသာ ညွှန်းနေရပါတယ် ။

ဟန်းဂုရွာမိတ်ဆွေများအတွက် ၊ အခု အဲဒီပို့စ်လေးကိုပဲ ကိုးကားပြီး မွမ်းမံတင်ပြလိုက်ကြောင်းပါခင်ဗျာ ။

မိတ်ဆွေ တစ်ယောက် စီဘောက်ကနေပြီးတင်ပြထားတဲ့နည်းကတော့ ၊ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ပရော့ဇီဆာဗာ(ကြားခံကွန်ပျူတာ)ရဲ့ အိုင်ပီလိပ်စာ(Internet Protocol address) ကို ပုံသေမှတ်တမ်းတင်ပြီး အသုံးပြုတဲ့နည်းပါ ။

အခုတင်ပြမှာကတော့ ကြားခံကွန်ပျူတာဆာဗာကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာပြီး ကျော်ခွကြည့်နည်းကို တင်ပြမှာပါ ။

Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီးရှာရပါမယ် ။ ရှာရမယ့် စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရှာကြည့်ရပါမယ် ။

နောက် တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ် ။

အဲဒီလို ရှာလိုက်တဲ့အခါ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ်လက်ခံဆောင်ရွက်ပေးမယ့် အင်တာနက် ဝက်ဘ်ဆိုက်တွေကိုတွေ့ရပါလိမ့်မယ် ။ ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ linkလမ်းကြောင်းကို တွေ့ရပါမယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကိုထည့်သွင်းရမယ့် ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ် ။

ကျနော်ကတော့ CGI Proxy ကီးစာလုံးကို ဂူဂဲရှာစက်(Google Search Engine) မှာ ရိုက်ပြီးရှာလိုက်တာ ၊ ဒီလိုတွေထွက်လာပါတယ် -

/စီဂျီအိုင် ပရော့ဇီစာလုံးနှင့် ပတ်သက်၍ ဂူဂဲကပေးတဲ့အဖြေ / ( ဒီမှာ) ။

နောက်ပြီး ၊ အဲဒီစာလုံးတွေအနက် mamproxy.com ကိုနှိပ်ကြည့်လိုက်တော့ - ဒီလိုထွက်လာပါတယ် ။













အဲသည်မှာ ကိုယ်သွားလိုတဲ့ (ပိတ်ဆို့ခံထားရတဲ့) အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာ(URL)ကို ရိုက်ထည့်ဖို့ ကွက်လပ်ပါ ပါတယ် ။ ကျနော်ကတော့ အဲဒီကွက်လပ်ထဲမှာ ကိုယ်သွားချင်တဲ့ ဝက်စာမျက်နှာလိပ်စာ http://burmainfokorea.blogspot.com စာလုံးကို ရိုက်ထည့်လိုက်ပါတယ် ။ အဖြေကတော့ ဒီလို ထွက်လာပါတယ် ။












မိတ်ဆွေတို့လည်း လက်တွေ့ စမ်းကြည့်လို့ရပါတယ် ။ အခုစမ်းကြည့်တော်မူကြပါ ။ ပရော့ဇီလိပ်စာ အချို့ ဟောဒီအောက်မှာရှိပါတယ် -

http://www.mamproxy.com/
http://www.anonymitychecker.com/page1.html
http://www.proxy4free.com/page1.html
http://www.publicproxyservers.com/page1.html
http://tools.rosinstrument.com/proxy/
http://members.tripod.com/burn77/proxies.html

မှတ်သားရန် ဆောင်ပုဒ်မှာ-

စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ၊ ကျော်ခွကြည့်ကြမည် ၊

ပရော့ဇီ ၊ အင်န်ပီအိပ်ခ်ျ (proxy, nph ) ၊ ကျော်ပြီး ခွပြီး ၊ ကြည့်တိတ်တိတ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 20, 2009

ဂူဂဲလ်မြေပုံ (Google Maps) ဖြင့်ခရီးသွားခြင်း

ကိုဝိုင်း(မိုးညှင်း)
နိုဝင်္ဘာ၁၉ ၊ ဆောအူးလ် ။
ဂူဂဲလ် (http://www.google.com/) ကပေးတဲ့ အခမဲ့ဝန်ဆောင်မှု (service) တွေထဲမှာ ၊ မြေပုံဆားဗစ် (http://maps.google.com/) လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ ဟန်းဂုရွာသူရွာသားများ ဂူဂဲလ်မြေပုံကို သုံးပြီး ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လိုရာခရီးသွားတတ်အောင်လို့ ကျနော် ကိုဝိုင်း(မိုးညှင်း)က ကြိုးစား လေ့လာ တင်ပြလိုက်ပါတယ်ခင်ဗျား ။
ပထမဦးဆုံး ဂူဂဲမြေပုံ ဆိုက် (http://maps.google.com/) ထဲကိုဝင်လိုက်ပါ ။ အပေါ်မီနူး (Top Menu) နံပါတ် ၄ နေရာမှာ Map ဆိုတဲ့ စာတန်းကို နှိပ်လိုက်လျင် ဂူဂဲလ် မြေပုံ (Google Maps) ဆိုက် ပေါ်လာပါလိမ့်မယ် ။
(Search Box) ထဲမှာ ကိုယ် ရှာချင် ၊ သိချင် ၊ သွားချင်တဲ့ နေရာ နာမည်ကို ရိုက်ထည့်လိုက်ပါ ။ ဥပမာ ကိုရီးယားမှာရှိတဲ့ ဓမ္မဒူတဆင်ထာ (Dhammaduta Buddhist Center in Korea) ကို ရှာချင်တယ်ဆိုပါစို့ ။ Dahammaduta Buddhist Center in Korea ဆိုတဲ့ စာလုံးကို ရိုက်ထည့်ပြီး ၊ ဘေးက (Search Maps) ဆိုတဲ့ Button ကို နှိပ်လိုက်ပါ (Enter မခေါက်ပါနှင့်) ။ အဲဒီမှာ ၊ ဓမ္မဒူတ(ကိုရီးယား)(Dhammaduta Buddhist Center in Korea) နေရာ ပါတဲ့ ဝင်းဒိုး ပေါ်လာပါလိမ့်မယ် ။ (ပေါ်မလာလျင် ဒီမှာနှိပ်လိုက်ပါ ။ မြေပုံအောက်ရှိ View Dhammaduta Buddhist Center in Korea in a large map ဆိုတဲ့ စာတန်းကို နှိပ်တော်မူပါ ။)။

ဝင်းဒိုး ဘယ်ဖက်ခြမ်းမှာရှိတဲ့ Dhammaduta Buddhist Center in Korea ဆိုတဲ့ စာတန်းကိုနှိပ်လိုက်လျင်ဖြစ်စေ ၊ မြေပုံပေါ်မှာ ပေါ်နေတဲ့ မှတ်တိုင် (Placemark) ကိုနှိပ်လိုက်လျင်ဖြစ်စေ ၊ ဓမ္မဒူတ (ကိုရီးယား) နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်ပါ ဆိုင်းဘုတ် (Information Balloon) တစ်ခုပေါ်လာပါလိမ့်မယ် ။
ဆိုင်းဘုတ် (Information Balloon) ထဲမှာရှိတဲ့ ၊ Get directions ဆိုတဲ့ စာတန်းကို နှိပ်လိုက်လျင် ၊
မိမိသွားလိုတဲ့ နေရာကို ရှာနိုင်ဖို့ ၊ Start Address ဆိုတဲ့ စာတန်းအောက်မှာ Search Box တစ်ခုပေါ်
လာ ပါမယ် ။ Search Box ထဲမှာ ကိုသွားချင်တဲ့ နေရာ (From Here) သို့မဟုတ် ကိုယ်လာမယ့်နေရာ (To Here) အမည်ကို ရိုက်ပြီး ဘေးက Go စာလုံး ကိုနှိပ်လိုက်ပါ ။ ကျနော်ကတော့ နမူနာ အဖြစ် ကိုရီးယားရောက် မြန်မာ လူရည်ချွန် လူရည်မွန်များ (Talented Myanmars) အခြေချနေထိုင်ရာ နေရာလည်းဖြစ် စုစည်းရာ နေရာတစ်ခုလည်းဖြစ်တဲ့ ၊ Gimpo လေဆိပ်နားမှာရှိတဲ့ ဘူမိနက်သန် နေရာမှန် Gochon-myeon ဆိုတဲ့ ရွာနာမည်ကိုရိုက်ထည့်လိုက်ပါတယ် ။ ချက်ချင်း လက်ငင်းဆိုသလို ၊ Gochon-myeon ကနေ Dhammaduta Buddhist Center in Korea ဆီကို ချိတ်ဆက်သွားလာနိုင်တဲ့ လမ်းကြောင်းများပါတဲ့ ဝင်းဒိုးတစ်ခုပေါ်လာပါတယ် ။ ဘယ်ကနေ ဘယ်အထိ လမ်းလျှောက် ၊ ဘယ်နေရာကဘယ်နေရာထိ ဘာကားစီး ၊ ဘယ်နေရာမှာဘာကားပြောင်းစီး ၊ အချိန်ဘယ်လောက်ကြာမယ် ဆိုတာတွေပါ တွက်ပြထားပါတယ် ။ ဒါ့ပြင် မြေပုံပေါ်မှာလည်း လမ်းကြောင်းမြေပုံကို ထင်ရှားတဲ့ အပြာရောင်နှင့် ဆွဲပေးထားပါတယ် ။ နောက် သူကရွေးပေးတဲ့ လမ်းကြောင်းမကြိုက်ရင် ၊ ထပ်ပြီးရွေးနိုင်တဲ့ အကြံပြုလမ်းကြောင်း (Suggested Roads) တွေပါ ထည့်ထားပေးတာပါ ။ စိတ်ကြိုက် လမ်းကြောင်း (Optional Track) တွေကိုပါ နှိပ်ကြည့်လို့ရပါသေးတယ် ။ ဤလိုနည်းဖြင့် ၊ ကိုရီးယားနိုင်ငံတစ်လွှား အခြားနေရာများလည်း ရှာကြည့်နိုင်ကြကြောင်းပါခင်ဗျာ ။


မြေပုံကို ဂြိုဟ်တုရိုက်ကောင်းကင်ဓါတ်ပုံ အဖြစ်ပြောင်းကြည့်ချင်ရင်တော့ မြေပုံအပေါ်ညာဘက်ဒေါင့်မှာရှိတဲ့ Satellite ဆိုတဲ့ စာတမ်း (Button) ကိုနှိပ်လိုက်ပါ ။ ကွင်းပြင် ၊ လွင်ပြင် ၊ တောတောင် ပုံများအဖြစ် ပြောင်းကြည့်ချင်ရင်တော့ Terrain ဆိုတဲ့ စာတမ်းကို နှိပ်ကြည့်ရမှာဖြစ်ပါတယ် ။


ဂူဂဲလ်မြေပုံပေါ်မှာ မိမိတို့နေရာကို ဖော်ပြထားချင်သူများအဖို့ ဘယ်ဘက်ဝင်းဒိုးအပေါ်မှာရှိတဲ့ My Maps ဆိုတဲ့ မီနူး စာတမ်းကိုနှိပ်ပြီး ၊ ပေါ်လာတဲ့ ရုပ်သံဖိုင်ကို ဖွင့်ကြည့်ပြီး ၊ ညွှန်ကြားချက်များအတိုင်း လိုက်လုပ်လို့ရနိုင်ပါတယ် ။ ကိုယ်ဖန်တီးလိုက်တဲ့မြေပုံလိပ်စာကို အီးမေးလ်ပေးပို့လို့ရသလို ၊ print ထုတ်လို့လည်းရပါတယ် ။ နောက် HTML Code များလည်း ရယူနိုင်ပြီး ၊ အခြားအင်တာနက်စာမျက်နှာမှာလည်း အသုံးပြုလို့လည်းရပါတယ် ။

ဒါ့အပြင် သက်ဆိုင်ရာ ယာဉ်အချိန်ဇယား ၊ ဈေးနှုန်း စတာတွေကိုလည်း တစ်ပါတည်း လေ့လာသိရှိနိုင်ဖို့ ၊ အောက်နားလေးမှာ ရည်ညွှန်းအင်တာနက်စာမျာက်နှာများကိုလည်း ထည့်သွင်းကြော်ငြာပေးထားပါသေးတယ် ။ ဒါမျိုးလေးပေါ့ခင်ဗျာ-
Local agency information:
Contains more information on fares, schedules, and service advisories
서울메트로
코레일



ယခုပို့စ်ကို ပီဒီအက်ဖ်ဖိုင်ဖြင့် ကြည့်ရှုလိုပါက ဤနေရာမှာ နှိပ်ပြီးဖတ်ရှုနိုင်ပါတယ် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, November 5, 2009

ကိုရီးယားနိုင်ငံရောက် မြန်မာများအတွက် အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်မည်

ကိုဝိုင်း(မိုးညှင်း)
နိုဝင်္ဘာဘာ-၅ ၊ ဆောအူးလ်မြို့ ။

ကိုရီးယားနိုင်ငံရောက်မြန်မာများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အခြေခံ ကွန်ပျူတာ သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် ။ သင်တန်းတွင် ကွန်ပျူတာပါဝါဖွင့်ခြင်း ၊ ပိတ်ခြင်းမှအစပြု၍ ၊ အီးမေးလ်လက်ခံစစ်ဆေးခြင်း ပို့လွတ်ခြင်း စသည်များနှင့် ၊ အင်တာနက်တွင် မိမိသိလိုသည့်အချက်အလက်များ ရှာဖွေခြင်း အပါအဝင် ၊ အင်တာနက်ဖြင့် စကားစမြည်ပြောဆိုခြင်း အင်တာနက်ဖြင့်ဖုန်းပြောခြင်း စသည်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည် ။

သင်တန်းကို ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား)က ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း ၊ သင်တန်းကြေးမရှိ အခမဲ့ဖြစ်ကြောင်း ၊ အိုင်တီခေတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာနှင့် အလှမ်းကွာဝေးနေကြရသည့် ညီအစ်ကိုမောင်နှမများအတွက် ပညာဒါနပြုခြင်းဖြစ်ကြောင်း ၊ ဟန်းဂုရွာမှာ အရင်တစ်ခါတင်ထားတဲ့ စာတွေ ရှာမရတော့ဘူးခင်ဗျ ၊ အင်တာနက်က ဆွဲချယူထားတဲ့ပုံတွေ ဘယ်နေရာ ရောက်သွားမှန်း မသိဘူးဗျဆိုသော ညီငယ်များလည်း ဤသင်တန်းကို တက်ရောက်သင့်သည်ဟု သင်တန်းစီမံသူ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)မှ အကျိုးဆောင် တစ်ဦးကဟန်းဂုရွာသို့ပြောသည် ။

သင်တန်းကို ယခုလာမည့် နိုဝင်္ဘာလ ၈ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး ၊ သင်တန်းတက်ရောက်လိုသူများ ကြိုတင်စာရင်းပေးစရာမလိုဘဲ ၊ ဓမ္မဒူတကျောင်း သို့ အချိန်မှီအရောက်လာကြရမည်ဖြစ်ကြောင်း ၊ သင်တန်း အချိန်နှင့်နေရာမှာအောက်ပါအတိုင်းဖြစ်ကြောင်းသိရသည်-

သင်တန်းရက်-
တနင်္ဂနွေနေ့တိုင်း

သင်တန်းအချိန်-
နေ့လည် ၁နာရီခွဲမှ ၅နာရီ

နေရာ-
ဓမ္မဒူတကျောင်း(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 30, 2009

ချူးဆောက်ပွဲတော်ပိတ်ရက်တွင် ဘလော့ဖန်တီးခြင်းသင်တန်းဖွင့်မည်

ကိုဝိုင်း(မိုးညှင်း)
စက်တင်္ဘာလ ၂၉ ။ ဆောအူးလ် ။

ဓမ္မဒူတ(ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမား များ အတွက် ၊ Weblog ဖန်တီးခြင်းသင်တန်းကို ၂၀၀၉-ခုနှစ် ချူးဆောက်ပိတ်ရက် ကာလအတွင်း ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရသည် ။

အင်တာနက်အသုံးပြုသူ(Netizen) တစ်ဦးအနေဖြင့် မိမိတို့၏ အတွေ့အကြုံ ၊ ဗဟုသုတ ၊ အဖြစ်အပျက် ၊ သတင်းအချက်အလက် ၊ အတွေးအခေါ်အယူအဆ ၊ ခံစားချက် နှင့် အနုပညာဖန်တီးမှု စသည်တို့ကို ဘလော့(Weblog)မှတစ်ဆင့် လူထု ပရိတ်သတ်ထံ တင်ပြနိုင်တတ်စေရန် ရည်ရွယ်လျက် ဤ သင်တန်းကို စေတနာဖြင့် အခမဲ့ ဖွင့်လှစ်ပေးခြင်း ဖြစ်သည် ဟု ဆိုသည် ။


သင်တန်းကာလမှာ -
-၂၀၀၉ခုနှစ် အောက်တိုဘာလ ၂ ရက် (သောကြာ) ၊ ၃ ရက်(စနေ) နှင့် ၄ ရက်(တနင်္ဂနွေ) ။ (၃-ရက်)။
သင်တန်းအချိန်မှာ-
- နေ့စဉ် ညနေ ၇ နာရီမှ ည ၁၀နာရီထိ ။

ကြိုတင် စာရင်းပေးသွင်းရန်-
- လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ၊ သင်သန်းသားလောင်းများသည် အောက်တိုဘာလ ၁ ရက် (ကြာသပတေး) ညနေ ၇ နာရီထက် နောက်မကျစေဘဲ ၊ လက်ကိုင်ဖုန်းနံပတ် ၀၁၀-၂၃၃၁-၂၄၅၇ ထံဖြစ်စေ ၊ အီးမေးလ် wyne1969@gmail.com ထံဖြစ်စေ မိမိတို့ အဆင်သင့်ရာနည်းဖြင့် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည် ။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 2, 2009

XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)

http://www.ourmandalay.net/ မှကူးယူဖော်ပြပါသည်။

(၁)
Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry
editor ကိုဆိုလိုတာပါ။)

ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ
“control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို
ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click
နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့
Restart ပြန်လုပ်ပါ။


(၂)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့
အကြောင်း ပြောလာတတ်ပါတယ်။)

(၄)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅)
Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean
Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ
မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ်
သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆)
မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ်
အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇)
လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း
ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့
ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer
ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈)
Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား
လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။
ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory
ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable
pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉)
ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့
နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ
အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့
ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name
ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀)
ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့
အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ
pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ်
extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို
ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension
တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က
(.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd)
နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့
ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁)
ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။

Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ
ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂)
Hibernate မလုပ်ပါနဲ့။

Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ
ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင်
စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း
မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃)
Memory နည်းပါးနေတဲ့ အခါ

အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ
‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက်
လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature
အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို
သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory
မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င်
ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့
သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို
ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့်
အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက်
ကောင်းပါတယ်။

(၁၄)
Automatic update ကို ပိတ်သင့်ပါသလား။

အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို
ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ
ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက်
ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို
ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅)
ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆)
‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ
“C:/Windows/system32/shutdown.
exe”ကို ရွေးပေးပါ။ (XP.SP2
သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon”
အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇)
Keyboard shotcut တွေကိုသုံးပါ။

Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste
အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့်
နိုင်ပါတယ်။

(၁၈)
Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။

ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက်
သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို
အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ
ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို
အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ
တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း
အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ
ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း
စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉)
Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်

အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့
စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ်
ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ
font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား
လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

(၂၀)
Shift + Delete ကို သတိထားပါ။

ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ
ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို
နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား
အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး
သုံးစွဲပါ။

(၂၁)
Error report ကို ပယ်ဖျက်ပါ။

ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ
ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’
box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’
Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂)
‘Open-with’ ဆိုတာ

ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window
media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့
ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့
လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို
ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။
စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ
ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့
ဖွင့်လို့ ရပါတယ်။

(၂၃)
Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။

Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့
တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က
ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄)
Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း
ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး
စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅)
IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ်
ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို
ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည်
စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user
blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆)
Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။
အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇)
‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ
ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈)
Network အတွင်းလေ့လာ ကြည့်ခြင်း

ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင်
My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး
ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password
ရယူရပါမယ်။ My Network places မှာ ‘view word group computer’
ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉)
MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀)
Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း

ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး
ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့
ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး
paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’
ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ
တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

(၃၁)
Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ
တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို
အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား
ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂)
Pop-up တွေကို လက်မခံပါနဲ့။

Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့
အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE
ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up
ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့
နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

(၃၃)
Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို
ပေါင်းထည့် ပေးပါ။

IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက်
ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့်
မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄)
Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear
History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ်
ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data”
တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး
ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ
့မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool
တစ်ခုပါ။

(၃၅)
Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall
လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ
အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆)
Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။

များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင်
ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို
right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇)
Restore point ကို ဖျက်ပစ်ပါ။

ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း
အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ
ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော
လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up >
More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈)
တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter
ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊
တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool
ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို
အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉)
‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့
‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive
တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့
ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀)
မြန်မြန်ဆန်ဆန် Lock လုပ်နည်း

‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။
အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည်
ဝင်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။






--
yuzar

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, July 19, 2009

မြန်မာ့စီးပွားရေးလုပ်ငန်းများလိပ်စာ Gtalk အသုံးပြုရှာဖွေနိုင်

ရန်ကုန် ၊ ဇူလိုင် ၁ဝ

စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီ များ၏ လိပ်စာနှင့်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို Gtalk အသုံးပြု၍ ရှာဖွေနိုင်မည်ဖြစ်ကြောင်း ယင်းသို့ ရှာဖွေနိုင်ရန်အတွက်ဝန်ဆောင်မှုများ ပြုလုပ်ထားသည့် Technomation Studio မှ အမှုဆောင် အရာရှိချုပ် ဦးထူးမြင့်နောင်က ပြောကြားသည်။

Gtalk မှတစ်ဆင့် gtalk@themyanmardirectory.com နှင့် mydirectory@bot.im ကို invite လုပ်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါလိပ်စာနှစ်ခုတွင် ရှာဖွေလိုသောလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းအမည်၊ ကုန်ပစ္စည်း အမည် ၊ လုပ်ငန်းအမျိုးအစားတို့ကို ရိုက်ထည့်လိုက်ရုံဖြင့် အလိုအလျောက်ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
''Gtalk ကို Chatting အတွက်တင် မဟုတ်ဘဲလုပ်ငန်းအတွက်ပါ အကျိုးရှိရှိ သုံးနိုင်ဖို့ပါ''ဟု ၄င်းကဆိုသည်။
ပြန်လည်ဖြေကြားပေးသည့်အချက်အလက်များကို မြန်မာ့စက်မှုလက်မှုနှင့် စီးပွားရေးလမ်းညွှန် ၊ မြန်မာ့ လေကြောင်းခရီးစဉ်များ လမ်းညွှန်တို့ကို ထုတ်ဝေလျက်ရှိသော Novel Light Media Ltd ကပံ့ပိုးပေးမည်ဖြစ်ကြောင်း
Novel Light ၏ အကြီးအကဲဖြစ်သူ ဦးစိုးပိုင်က ပြောကြားသည် ။



Ref:
The Voice Weekly,(5-37)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>