Showing posts with label သတိပေးချက်. Show all posts
Showing posts with label သတိပေးချက်. Show all posts

Sunday, September 22, 2013

တဒင်္ဂ ဖြစ်ရပ်မှန်

  အခု ရေးမယ့် စာကတော့ ကိုရီးယားနိုင်ငံရောက် ကျနော်တို့ ရွှေမြန်မာတို့ ဆင်ခြင်နိုင်စေရန်အတွက်နဲ့ အခု ကိုရီးယားမှာ ဒီကိစ္စတွေကို တင်းကြပ်နေတဲ့ ကာလတွေမို့ သတိထားဘို့ ရေးသားတင်ပြလိုက်ပါတယ်။ ကာယကံရှင်ထံလည်း ခွင့်တောင်းထားပြီးဖြစ်ပါတယ်။ သူလည်း တော်တော်လေးကို နောင်တရရှိနေပြီး နောက်နောင်တွင် ဒီလို ကိစ္စတွေ မဖြစ်ဘို့ ကြိုးစား ရှောင်ကြဉ်သွားပါ့မယ့်လို့ ရဲစခန်းမှာ၊ တရားရုံးမှာနဲ့ ဘာသာပြန်ရှေ့မှာလည်း ကတိတွေ တဖွဖွပြောခဲ့ပါတယ်။ အော် တဒင်္ဂ၊ တဒင်္ဂ၊ တဒင်္ဂအတွင်း စိတ်လေးကို လွတ်လိုက်တာနဲ့ ။ ဖြစ်ပုံက ဒီလိုပါ၊ သြဂုတ် ၂၅ ရက် တနင်္ဂနွေနေ့ နေ့လည်ပိုင်းလောက်က သူငယ်ချင်း တစ်စုနဲ့ ပိတ်ရက်ဆိုတော့ ဘီယာလေး နှစ်ခွက်လောက် သောက်ပြီး၊ ကိုရီးယား စားသောက်ဆိုင်မှာ ထပ် သွားသောက်ကြဘို့ အပြင်ကို ထွက်လာခဲ့ပါတယ်။ တစ်ပတ်အတွင်း ပင်ပင်းသမျှ စိတ်ဖိစီးသမျှတွေ ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ၀ိုင်းလေးဖွဲ့ပြီး ပျော်ရွှင်အောင် စိတ်ဖြေဖျောက်နေကြရတာပေါ့။ နဂိုကတည်းက အရက်ကို အများကြီးလည်း မသောက်တတ်၊ အပျော်သဘောအနေနဲ့ နှစ်ခွက်၊ သုံးခွက်သောက်ပြီး ဟိုအကြောင်း၊ ဒီအကြောင်းလေးတွေ ၀ိုင်းဖွဲ့ပြောကြပြီး ရယ်လိုက်ကြ မောလိုက်ကြနဲ့ တစ်ရက်တာ ပျော်ရွှင်မှုလေးဟာ လေးလံနေသော စိတ်တွေကို ပေါ့ပါးသွားစေခဲ့ပါတယ်။ ကိုရီးယား စားသောက်ဆိုင်ကို ရောက်တော့ ငါးဥပြုတ်ရည်လေးနဲ့ဆိုတော့ ဆိုဂျူလို့ခေါ်တဲ့ အရက်က ပါးစပ်ထဲကို နှစ်ခွက်၊ သုံးခွက်က ပေါ့ပေါ့ပါးပါးလေး ရှတရှတနဲ့ ၀င်သွားခဲ့ပါတယ်။ စကားလေးပြောလိုက် သောက်လိုက်နဲ့ပေါ့၊ ရုတ်တရက် ဆီးသွားချင်လာတာနဲ့ လေညင်းလေးလည်း ခံချင်တာနဲ့ စားသောက်ဆိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အိမ်သာဘက်ကို လမ်းလျှောက်လာခဲ့ပါတယ်။ ဆီးလေးသွားပြီး ပြန်အထွက်အလာမှာ အဖြူရောင် ၀မ်းဆက် ၀တ်ထားတဲ့ အမျိုးသမီးကို တွေ့လိုက်ရပါတယ်။ တွေ့လိုက်ရတဲ့အချိန်မှာ အရက်ကလေးရဲ့ အရှိန်ကလည်းရှိနေတဲ့အတွက် နှလုံးသားတွေက ရုတ်တရက်ကြီး ခုန်လာပါတော့တယ်။ လှလိုက်တာ၊ အမယ်လေး လှလိုက်တာ။ မျက်လုံးထဲက ထွက်ကို မထွက်တော့ဘူး။ လိုက်မှဘဲ ဟော ဆိုင်ထဲ ၀င်သွားပြီ၊ ဆိုင်ထဲ ၀င်သွားပြီ။ ဘယ်လို လှမှန်း မသိပါဘူး၊ မမရယ်၊ ထွက်လာပါတော့ ဒီမှာ မောင်လေး စောင့်နေတယ်လေ၊။ ဟော ထွက်လာပြီ၊ ထွက်လာပြီး။ တွန်းလှည်းလေးနဲ့၊ အော် ကလေးလည်း ပါတာပဲ။ ငါတော့ မတတ်နိုင်တော့ ဒီလောက် လှတဲ့သူကို ငါ့မျက်စိထဲက မထွက်တော့ဘူး၊ ဟင်း ဟိုဘက်ကို လမ်းလျှောက် ထွက်သွားပြီး၊ လိုက်ဦးမှ၊ လှလိုက်တာ၊ မျက်လုံးကလည်း ရီဝေေ၀၊ မမရဲ့ လမ်းသွားပုံလေးက ကြွကြွလေး။ မမနားကို ရောက်လာပြီး၊ ဟိုက် မမ လှည့်ကြည့်တယ်။ သွားပြီး။ မတတ်နိုင်ပါဘူးလေ၊ ဒီမှာ ဆံပင် ညှပ်ဆိုင် ဘယ် နား ရှိ သလဲ့  လဲ ။ မမက သေသေချာချာ ရှင်းပြနေလိုက်တာ၊ သဘောကောင်းလှတဲ့ မမ၊ မမရဲ့ အသံကလေးကလည်း သာလိုက်တာ၊ နားထဲက မထွက်ဘူး။ အမယ်လေး စိတ်တွေ ဖောက်ဖောက်လာပြီ မမရယ်၊ ကျနော့် စိတ်တွေ ဘယ်လို ဖြစ်နေမှန်း မသိတော့ဘူး၊ ဆံပင် ညှပ်ဆိုင်ကို မမ လှမ်းညွှန်အပြီး ကျနော်လေ မမနားက မခွာချင်တော့ဘူး၊ ဒါနဲ့ မမက ဒီ လမ်း မဟုတ်ဘူး၊ ဟိုဘက် လမ်းကို သွားလေ ပြောတာ၊ ကျနော့် ရင်ဘတ်ကို စောင့်ကန်လိုက်သလိုပါပဲ မမရယ်။ ဒါပေမယ့် ကျနော့် မမနောက်ကို ဆက်လိုက်လာခဲ့မိပါတယ်။ မီတာ ၅၀ အကွာ ကား အရှိန်လျှော့ဘို့ လုပ်ထားတဲ့ ကုန်းလေးမှာ မမက ကလေး ပျော်ဘို့ တွန်းလှည်းလေးကို ရှေ့တိုး နောက်ဆုပ်နဲ့ ဆော့နေတာ မြင်တော့ ကျနော် လက်တွေက တုန်လာတဲ့ အထိပါ။ ကလေးက ရေဆာလို့ ရေအတောင်းမှာ မမက ကလေးကို ရေကို ကုန်းတိုက်နေတုန်း ကျနော် လက်တွေက မမရဲ့ တင်ပါး ဆီကို ရောက်သွားပါတော့တယ်။ ဒါနဲ့ မမက ဒါ ဘာလုပ်တာလဲလို့ အသံအကျယ်ကြီး အော်လိုက်တော့ ကျနော်လည်း ကြောက်ကြောက်နဲ့ ကျနော်လည်း ရေသောက်ချင်လို့ပါ ပြောတော့ မမက နင် အခု ဒီနေရာ အမြန်ဆုံး ထွက်သွား လို့ ထပ်အော်တော့ ကျနော်လည်း ရှက်ရှက်နဲ့ အမြန် လမ်းလျှောက်၍ တက္ကစီ စီးပြီး စက်ရုံက အခန်းကို အမြန် ပြန်လာပါတော့တယ်။ ရင်တွေကလည်း ခုန် စိတ်ကလည်း ပင်ပန်းနဲ့ တစ်ညတာကို ကျော်ဖြတ်ပြီးတာနဲ့ ပုံမှန်အတိုင်း စက်ရုံမှာ အလုပ် ပြန်လုပ်နေပါတော့တယ်။ စက်တင်ဘာ ၁၁ ရက် အလုပ်လုပ်နေတုန်း စက်ရုံကို ရဲတွေ ရောက်လာပြီး အမျိုးသမီး တစ်ဦးအား မတော်တရော် ပြုမှုနဲ့ ဖမ်းပါတယ် ဆိုပြီး လက်ထိပ် ခတ်လိုက်ပါတော့တယ်။ ကျနော် နေတဲ့ အခန်းထဲလည်း ၀င်ရောက်ပြီး သြဂုတ် ၂၅ ရက်က ကျနော် ၀တ်ထားတဲ့ အကျီ င်္လက်ပြတ်၊ ဂျင်းဘောင်းဘီနဲ့ ကွင်းထိုး ဘိနပ်တို့ကို သက်သေခံ ပစ္စည်းတွေ အဖြစ် သိမ်းလိုက်ပြီး ကင်မ်ဖို ရဲစခန်းကို ခေါ်လာခဲ့ပါတော့တယ်။ တော်တော်ကြာတော့ မြန်မာ ဘာသာပြန်ရောက်လာပြီး ရဲများက စတင် စစ်ဆေးပါတော့တယ်။ ရဲတွေရဲ့ စစ်ဆေးမှုအတိုင်း ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်ပါတော့တယ်။ မမနောက်ကို ပထမဦးဆုံး နောက်ရောင်ခံ လိုက်တဲ့ နေရာကစပြီး ကျနော် ထွက်ပြေးခဲ့တဲ့အထိ စီစီ တီဗွီ ရိုက်ထားတဲ့ ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံကို ရဲတွေက ပြပါတယ်။ ပြီးတော့ အဲဒါကို မမက တိုင်တာ ဘယ်ကလာ မမရမှာလဲ၊ အာဂျူမ (အိမ်ထောင်သည် အမျိုးသမီး ) ကြီးပါ။ အဲဒီ အာဂျူမက ဖြစ်ဖြစ်ခြင်း နေ့ရက်က ရဲစခန်းကို တိုင်ချက် ဖွင့်ထားတာတဲ့။ အခုမှ ဖမ်းမိတာလို့ ရဲတွေက ပြောပါတယ်။ အဲဒီ အာဂျူမာက သူမရဲ့ အလယ် တည့်တည့်ကို အဆုံးအထိ နိုက်တယ်လို့ တိုင်ထားကြောင်းပြောတော့ ကျနော်က မူးနေတာနဲ့ ထိရုံ ထိတာပါလို့ ပြောပေမယ့် ကျနော် ဘာမျှ တတ်နိုင်မှာလဲ။ အားလုံးကို ကျနော် မှားကြောင်း ၀န်ခံ ကတိ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမှုစစ်ဆေးပြီး ကျနော့်ကို အချုပ်ထဲ ပြန်ထည့်ခါနီးမှာ ရဲတွေက ပြောနေပါတယ်။ တဒင်္ဂမှာ ဘာမဟုတ်တဲ့ အကြောင်းနဲ့ အရက် တစ်ခွက်ကြောင့် ဒုက္ခရောက်ရတာပေါ့။ စက်ရုံကို မေးကြည့်တော ဒီကောင်က စိတ်ထားကလည်း ကောင်း၊ မသောက်တတ် မစားတတ်တဲ့၊ အခုတော့ ဘယ်လို ဖြစ်ရတာလဲ။ စိတ်တော့ မကောင်းပါဘူး၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ၊ ဥပဒေက ဥပဒေပဲ၊ ဥပဒေကို ကျူးလွန်ရင် ဥပဒေက ပေးတဲ့ အပြစ်အတိုင်း ဆောင်ရွက်ရတော့မှာပေါ့တဲ့။ အချုပ်ထဲမှာ အချုပ် ထမင်းကို ပထမဦးဆုံးစား ဖူးတော့ စားမရလို့ အသိ ရွှေအကိုတွေက ရဲကို ထမင်း စားစရိတ်ပေးထားလို့ အပြင် ထမင်းကို စားလို့ ရလို့ တော်သေးတာပေါ့။ နောက်ထပ် ရဲ ရှေ့နေတွေက ခေါ်စစ်၊ တရားရုံမှာလည်း အစစ်ခံရ၊ နောက်ထပ် ကင်းမ်ဖိုကနေ အင်ချွန်း အချုပ်ခန်းသို့ ပြောင်းပြီး အချုပ် ခံရပါတယ်။ အမှုကတော့ တစ်လလောက် ကြာမယ်။ အဲဒီ အမျိုးသမီးကြီးနဲ့ ညှိနှိုင်းဘို့လည်း အဆင်မပြေဖြစ်၊ အဆင်ပြေအောင် ညှိဘို့ဆို ငွေက သိန်း ၆၀ ကျော်လောက် ကုန်ဦးမယ် ပြီးတော့ တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်လည်း ခံရဦးမယ်၊ တော်ပါပြီး တရားရုံက ပေးတဲ့ အပြစ်ပဲ ခံတော့မယ်၊ တရားသူကြီးက ဆက်လက် ချုပ်ထားဘို့ အမိန့်ချမှတ်လိုက်ပါတော့တယ်။ ရဲရှေ့နေများဘက် သိရတာ ထောင်ဒဏ်၊ ငွေဒဏ် တစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ ချမှတ်နိုင်ကြောင်း နောက်ဆုံးပြီးတော့ အမိနိုင်ငံကို ပြန်ဘို့လည်း များနေကြောင်း၊ ကိုရီးယား အလုပ်ဆက် လုပ်ဘို့ မလွယ်တော့ကြောင်းတဲ့၊ ကျနော် ကိုရီးယားမှာ နှစ်ရှည် လများ အလုပ်ကြိုးစား လုပ်ပြီး ငွေတွေ စု၊ ပြီးတော့ အဖေနဲ့ အမေ ညီအကို မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင် စားသောက်နေထိုင်ကြမယ်ဆိုတဲ့ အတွေးတွေ အခုတော့ ပျက်ရပါပြီး အဖေနဲ့ အမေရယ်။ အဖေနဲ့ အမေရေ သား တောင်းပန်ပါတယ်။ ကျနော့်ရဲ့ မျက်ဝန်းထဲမှာ အဖေ လယ်ထွန်ယက်နေပြီး အမေ ကောက်စိုက်နေတဲ့ ပုံတွေ မျက်ရည်တွေနဲ့အတူ ဝေ့ဝေ့၀ါးဝါး ပေါ်လာပါတော့တယ်။ အထက်ပါ တကယ်ဖြစ်ရပ်မှန်ကို အဆင်ပြေအောင် ရေးသားလိုက်ပါတယ်။ ကဲ ညီအကိုတို့ ဆင်ခြင်ကြပါစို့၊ သတိထားကြပါစို့။ သတိ မလွတ်ကြပါနဲ့။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, July 2, 2013

သတိ တံခါးဖွင့်ထားပြီး အဲယားကွန်းသုံးရင် ဒဏ်ငွေ ၅သိန်း

ရေးသားသူ —စိုးမိုးသူ

ကိုရီးယားမှာ ၆လ ၁၁ရက်မှ ၉လ ၂၁ရက်အထိ စွမ်းအားအသုံးပြုမှုကန့်သတ်ရေး စီမံချက်အရ ၇လပိုင်းက စပြီး တံခါးဖွင့်ထားပြီး အဲယားကွန်းကို အသုံးပြုသူ လုပ်ငန်းများ၊ အဆောက်အဦများ ဒဏ်ငွေ ၅သိန်း(၄ကြိမ်အထက် ကျူးလွန်ပါက သိန်း၃၀)ပေးဆောင်ရမယ်ဆိုတာ ပြဌာန်းထားကြောင်း အသိပေးပါတယ်။
သတိပြုကြပါဗျို့

<< 문열고 에어콘 가동하면 벌금50만원!! >>

6월11일 부터 9월21일 에너지사용제한 조치시행 으로 7월부터 문열고 에어콘을 가동하는 영업장에50만원의 과태료를 부과 한다고 합니다.
4회이상 걸리면 300만원을 내야한다고 하니 조심해야 겠습니다.

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 9, 2013

တိုက်ဖုန်း ၃ ကိုရီးယာသို့ ၀င်ရောက်ဘွယ်ရှိ

တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ ညနေ ၆ နာရီ အချိန်လောက်တွင် ဖီလစ်ပိုင် နိုင်ငံဘက်မှ တိုက်ဖုန်း အမှတ် ၃က ၀င်ရောက်လာနိုင်ဘွယ် ရှိကြောင်း ကိုရီးယား သတင်းများအရ သိရပါသည်။ အဆိုပါ တိုက်ဖုန်းသည် ၁၇ ကီလိုမီတာ အရှိန်ရှိပြီး သေးငယ်သော်လည်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အားလုံး သတိရှိစေရန်အတွက် သတိပေးလိုက်ရပါသည်။
အဆိုပါ တိုက်ဖုန်းသည် ဇွန် ၈ ရက် မနေ့က ဖီလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှ စတင်နေပြီး ကိုရီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်လာနိုင်ဘွယ်ရှိသလို ဇွန် ၁၂ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ၀င်ရောက်နိုင်ဘွယ်ရှိကြောင်း ကိုရီးယား မိုးလေ၀သဦးစီးဌာနက ထုတ်ပြန်ထားပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, April 25, 2013

၂ဝ၁၃ ခုနှစ် ဒုတိယကြိမ်မြောက် မြန်မာအသင်း(ကိုရီးယား)ဥက္ကဌဖလားကွင်းဖွင့်ပွဲ

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)




ကိုရီးယားနိုင်ငံရောက် မြန်မာဘောလုံးဝါသနာရှင်များခင်ဗျာ…
လာမည့် ၁၉ရက်၊မေလ၊၂ဝ၁၃ခုနှစ်တွင်ကျင်းပမည့် ဒုတိယကြိမ်မြောက် မြန်မာအသင်း(ကိုရီးယား) ဥက္ကဌဖလားကွင်းဖွင့်ပွဲကိုကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့်ပြိုင်ပွဲဝင်မည့် ဘောလုံးအသင်းများအနေဖြင့်
မေလ ၅ ရက်နေ့နောက်ဆုံးထားပြီး ကြိုတင်စာရင်းပေးသွင်းကြပါရန်အကြောင်းကြားအပ်ပါသည်။  ။

စာရင်းပေးသွင်းရန်နှင့်အသေးစိတ်သိလိုပါကအောက်ပါဖုန်းနံပါတ်များထံ ဆက်သွယ်နိုင်ပါသည်။


ဦးခင်မောင်ရင်
010-2788-7153
Email: : mgyin2003@gmail.com

ဦးသန့်ဇင်အောင်
010-9054-4727
Email: : thettun2009@gmail.com

ဦးဝင်းအောင်ကျော်
010-2507-9291

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, August 2, 2012

ရွှေမြန်မာများ အထူးသတိထား

ရေးသားသူ — ရွှေအလင်းတန်းမြန်မာလူငယ်များ (ဂင်မဲမြို့)

ဘူဆန်မြို့ ဟဲအွန်ဒဲ အပါအ၀င် ပင်လယ်ကမ်းခြေသို့ အပမ်းဖြေလာသော ရွှေမြန်မာများသည် မဖွယ်မရာ အပြုအမူများ (Bikini ၀တ်ဆင်ထားသော အမျိုးသမီးများအား ဓာတ်ပုံရိုက်ခြင်း)၊ နှောင့်ယှက်ခြင်းများကြောင့် ဒဏ်ငွေပေးဆောင်ရခြင်း၊ ထောင်ဒဏ် အပြစ်ပေးခံရခြင်း၊ ပြည်နှင်ဒဏ် ပေးခံရခြင်းများ နှစ်စဉ် ရှိခဲ့ပါသည်။

သို့ပါသောကြောင့် မိမိလူမျိုး မိမိနိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းစေမည့် မဖွယ်မရာ အပြုအမူ (Bikini ၀တ်ဆင်ထားသော အမျိုးသမီးများအား ဓာတ်ပုံရိုက်ခြင်း၊ အရက်သေစာ သောက်စားမူးယစ်ခြင်း) အပြောအဆို အနေအထိုင်များကို အထူးသတိထား ရှောင်ကြဉ်ကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။

ပြည်တော်ပြန်မည့် ရွှေမြန်မာများ သတိထား

မြန်မာနိုင်ငံသို့ ပြန်ကြမည့် ရွှေမြန်မာများ သတိထားရန်မှာ အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) အထိသာ လေဆိပ်အကောက်ခွန်မှ ယူဆောင်ခွင့်ပြုပါသည်။ ဒေါ်လာ (၁၀၀၀၀) ထက်ပိုပြီး ယူမည်ဆိုပါက (Declare) ကြော်ငြာလုပ်ရပါမည် ။

( Declare ) မလုပ်ပဲ အမေရိကန်ဒေါ်လာ တစ်သောင်း ( ၁၀၀၀၀ ) ထက် ပိုယူပါက အနည်းဆုံးဒဏ်ငွေ ၀မ် ဆယ်သိန်း နှင့် အထက် ပေးဆောင်ရပြီး ၊ ရက်သတ္တပတ် တပတ် စောင့်ဆိုင့်ပြီးမှ လေဆိပ်တွင် မိမိငွေကို ပြန်ထုတ်ပြီး မိခင်နိုင်ငံသို့ ပြန်ခွင့်ရပါမည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, July 1, 2012

လိုအပ်ပစ္စည်းများနှင့် အရေးကြီးစာရွက်၊စာတမ်းများ အချိန်မှီ သိမ်းဆည်းနိုင်ရန်

           မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်တည်းခိုနေသည့် ကာလအတွင်း အသုံးအဆောင်၊ပစ္စည်းများကို လက်ခံထားခဲ့ပါသည်။


    ယခုအခါ အသုံးအဆောင်၊ပစ္စည်းများနှင့် ခရီးဆောင်အိတ်များမှာ ကျောင်းရှိ တည်းခိုသူ
လူဦးရေထက် ပိုမိုများပြားနေပါသဖြင့် ပြန်လည်စီစစ်ပြီး အချို့ ပစ္စည်းများအား စွန့် ပစ်မည် ဖြစ်ပါသည်။သို့ ဖြစ်ပါ၍ မိတ်ဆွေတို့ ၏ အသုံးဆောင် ပစ္စည်းများ၊အရေးကြီးစာရွက်စာတမ်းများ ကျန်ရှိနေပါက ကျောင်းဖုန်းနံပါတ် ၀၃၂-၅၁၁ ၂၈၄၁ သို့  အမြန် ဆက်သွယ် အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

                                                                       
                                                                         မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ဘူဖျောင်း)
                                                                         ၂၀၁၂-၀၇-၀၁ ရက်
                  

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 24, 2012

အိတ်ပိုင်ရှင်များ လာရောက် ယူဆောင်ကြပါရန်

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးသည် အကြောင်းအမျိုးမျိုးကြောင့် လာရောက်တည်းခိုနေသည့်
ကာလအတွင်း အိတ်များနှင့် အသုံးအဆောင်၊ပစ္စည်းများကို လက်ခံပေးထားပါသည်။မိတ်ဆွေတို့ အနေဖြင့်
သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်ပြီး အခြေတကျ ဖြစ်နေပါလျှင် ကျောင်း၌ ထားရှိထားသော ပစ္စည်းများကို ပြန်လည်ယူဆောင်စေလိုပါသည်။
ယခုအခါ ကျောင်းရှိ တည်းခိုသူ လူဦးရေထက် အိတ်များမှာ ပိုမိုများပြားနေပါသည်။ကျောင်းတော်ကြီးသန့် ရှင်း
သာယာစေရေး အတွက် သန့် ရှင်းရေး ပြုလုပ်မည်ဖြစ်ပါသဖြင့် တတ်နိုင်သမျှ အမြန်ဆုံး လာရောက်ယူဆောင်
ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
                                                                                မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
                                                                                 ၂၆-၀၆၂၀၁၂ 
            

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 7, 2012

ပြည်နယ်အလံနှင့် ဝတ်စုံပြောင်းလဲရေး ပြင်းထန်စွာကန့်ကွက်ပါသည်

ရေးသားသူ — ရခိုင်အသင်း(တောင်ကိုးရီးယား)
၂၀၁၂ခုနှစ်မတ်လ၂၉ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးသာညွန့်က ရခိုင်ပြည်နယ်အလံနှင့် ရခိုင်ရိုးရာဝတ်စုံတို့ အား ခေတ်နှင့်အညီပြုပြင်ပြောင်းလဲရန် အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ခဲ့သည့်ကိစ္စအား တောင်ကိုးရီးယားနိုင်ငံရောက် ရခိုင်လူမျိုးများက လုံးဝမထောက်ခံ ၊ ပြင်းထန်စွာကန့် ကွက်ပါသည်။

အဆိုတင်သွင်းသူကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဦးသာညွန့် အားရခိုင်အသင်း(တောင်ကိုးရီးယား)မှပြင်းထန်စွာရှုံ့ ချလိုက်
သည်။



ရခိုင်အသင်း(တောင်ကိုးရီးယား)
၂၀၁၂ခုနှစ် ဧပြီလ ၆ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 5, 2011

ကျားခွေး တကောင်သို့ သတိပေးချက်

ပုံပြင်လေး တပုဒ်က ဒီလိုပါ။

ခွေးတကောင်ဟာ တနေ့မှာ အစာရှာရင်း ကျားတွေ စားပြီး ထားပစ်ခဲ့တဲ့ စားကြွင်းစားကျန် အရိုးအရင်းတွေကို တွေ့မိသတဲ့။ အရိုးအရင်းတွေ အများကြီးကို မြင်လိုက်ရင်ပဲ - ဟာ အဆင်သင့်လိုက်တာ - ဆိုပြီး အငမ်းမရ စားတော့သတဲ့။ စားရင်းနဲ့ - ကျားတွေနားမှာ ခိုကပ်နေရင် ဒီလို စားကြွင်းစားကျန် အရိုးအရင်းတွေ မပြတ်စားရမှာပဲလို့ တွေးမိပြီး အဲသည်နေ့က စလို့ ဒီခွေးဟာ ကျားတွေရဲ့ စားကြွင်းကိုပဲ လိုက်လံ ရှာဖွေ စားသောက် နေတော့သတဲ့။

ခွေးဟာ ကျားတွေရဲ့ စားကြွင်းကို လိုက်စားနေတာ ကြာလာတော့ - တကယ်တော့ ကျားတွေဟာ ငါ့အတွက် အစာရှာပေးတဲ့ ကောင်တွေပဲ - လို့ တွေးမိသတဲ့။ ပြီးတော့ - ငါဟာ ကျားရှာကျွေးတဲ့ အစာကို စားနေမှတော့ ကျားပဲပေါ့ - လို့ တွေးမိပြီး အဲသည့်နေ့က စလို့ သူ့ကိုယ်သူ “ကျားခွေး” လို့ အမည်တပ်လိုက်သတဲ့။

နောက်တော့ ဒီခွေးဟာ ခွေးဖြစ်ပေမယ့် ခွေးအလုပ် မလုပ်ချင်တော့ဘူး။ ကိုယ့်အစာလည်း ကိုယ်ရှာ မစားချင်တော့ဘူး။ အချိန်ရှိသမျှ လတ်လျားလတ်လျားနဲ့ တတောလုံး လျှောက်သွားနေတတ်တယ်။ ဆာရင် ကျားရဲ့ စားကြွင်းကို လိုက်ရှာစားတယ်။ ပြီးရင် လမ်းသလားတယ်။ လမ်းသလားရင်း သွားလေရာ မြင်လေရာမှာ ၀င်ဝင်ပါတတ်တယ်။ နေရာတကာ ၀င်ပါဖန်များတော့ သူ့ကိုယ်သူလည်း ဟုတ်လှပြီ အထင်ရောက်လာတာပေါ့။ ၀င်ပါတိုင်းမှာလည်း သူ့ကိုယ်သူ “ကျားခွေး” လို့ ဖော်ပြောတတ်သေးတယ်။

တနေ့မှာတော့ ကျားရဲ့ စားကြွင်း အရိုးအရင်းကလေး ကိုက်ရင်းနဲ့ ကျားချေးပုံကို နှုတ်သီးနဲ့ တိုးမိသတဲ့။ ကျားခွေးဟာ အစာစားပြီးတော့ နှုတ်သီးနဲ့ ခေါင်းမှာ ပေနေတဲ့ ကျားချေးကို ရေဆေးဖို့ စမ်းချောင်းဖက်ကို ထွက်လာခဲ့တယ်။ စမ်းချောင်းနား ရောက်တော့ ယုန်ကလေး တအုပ်ဟာ ကျားချေးနံ့ ရလို့ သုတ်ခနဲ ထွက်ပြေး သွားကြတယ်။ တခါ ရေစပ်နား ရောက်တော့ ရေသောက်နေတဲ့ သမင်ကလေးနှစ်ကောင်ကလည်း ကျားချေးနံ့ ရလို့ ရုတ်ခနဲ ထွက်ပြေး သွားကြပြန်တယ်။

ဒါကို မြင်တဲ့ ကျားခွေးဟာ သူ့ကိုယ်သူ အတော် အထင်ကြီးသွားတယ်။ - ကြည့်စမ်း၊ ဒီကောင်တွေ အရင်က ဒီလို ထွက်မပြေးဘူး။ အခု ငါ့ကို မြင်တာနဲ့ ထွက်ပြေးကြတယ်။ ငါဟာ ကျားတွေ ရှာကျွေးတဲ့ အစာကို နေ့တိုင်း စားနေရတဲ့ ကျားခွေးမိုလို့သာ ဒီကောင်တွေ ထွက်ပြေးတာ ဖြစ်ရမယ် - လို့ တွေးသတဲ့။ အဲဒီ အချိန်မှာပဲ စမ်းချောင်းဆီကို ဆင်းလာတဲ့ အခြား ခွေးတအုပ်ဟာ ကျားချေးနံ့ရလို့ စူးစူးဝါးဝါး အော်ပြီး နောက်ပြန် လှည့်ပြေးကြပြန်ရော။ ဒါကို မြင်တော့ ကျားခွေးဟာ - ဒီကောင်တွေလည်း ငါ့ကို ကြောက်ကုန်ကြပါလား၊ ငါက ကျားနဲ့များ တူနေပြီလား - လို့ တွေးပြန်သတဲ့။

ကျားခွေးဟာ နှုတ်သီးကို ရေဆေးဖို့ စမ်းချောင်းထဲ ခေါင်းထိုးလိုက်တဲ့ အခါ ရေထဲမှာ သူ့ပုံကို သူမြင်ရတာပေါ့။ နှုတ်သီးနဲ့ ခေါင်းမှာ ပေနေတဲ့ ကျားချေးတွေက အချိန် နည်းနည်းကြာသွားပြီ ဆိုတော့ ခြောက်ပြီး ကပ်နေကြပြီ။ သူ့မျက်နှာဟာ အရင်လို မဟုတ်တော့ဘူး။ ကျားချေးခြောက်တွေ ကပ်ပြီး ပြဲကားကား ဖြစ်နေတယ်။ ဒါကို မြင်တော့ ခွေးဟာ အလွန့်အလွန် ၀မ်းသာ သွားတော့သတဲ့။ - ကြည့်စမ်း။ ငါဟာ တကယ်ပဲ ကျားပုံ ပေါက်သွားပြီပဲ - လို့ ဆိုပြီး ၀မ်းသာအားရနဲ့ တတောလုံး နှံ့အောင် လျှောက်ပြေးတော့တယ်။

သူပြေးတဲ့ နေရာတလျှောက်မှာ ကျားချေးနံ့က တထောင်းထောင်း ဆိုတော့ အခြား သတ္တ၀ါတွေက လန့်ပြီး ပြေးကုန်ကြတာပေါ့။ ဒါကို မြင်လေ ခွေးက သူ့ကိုယ်သူ အထင်ကြီး ၀မ်းသာလေ ဖြစ်တော့တာပါပဲ။ ကျားခွေးဟာ တတောလုံး လှည့်ပြီး ထွန့်ထွန့်တက်အောင် လူးလိမ့်နေတော့တယ်။ နောက်ဆုံးမှာ ကျားခွေးဟာ သစ်ငုတ်တခုပေါ် တက်ပြီး ကျားလို အားရပါးရ ဟိန်းလိုက်သတဲ့။

ဒါပေမယ့် ထွက်လာတဲ့ အသံကတော့ ကျားဟိန်းသံ မဟုတ်ဘဲ “အူး” ဆိုတဲ့ ခွေးအူသံ ပါပဲတဲ့။

=== === ===
ဒီပုံပြင်ထဲက ကျားခွေးလို အကောင်တကောင်ဟာ “သခင်ပြေငြိမ်းအေး” ဆိုတဲ့ နာမည်နဲ့ ဟန်းဂုရွာထဲမှာ လာ “အူ” နေတာ အတော်ကြာပါပြီ။ တော်တော်တန်တန် ပြောချင်တာ ပြောပါစေ ဆိုပြီး မသိကျိုးကျွံ လုပ်ထားပေမယ့် တစတစ လွန်လာလို့ ဒီစာနဲ့ ပြင်းပြင်းထန်ထန် သတိပေး ဒဏ်ခတ်လိုက်တယ်

၁။ မင်း ဘယ်သူလဲ ဆိုတာ ငါ သိတယ်။ မပြောချင်လို့ ကြည့်နေတာ။ မင်းရေးနေတာတွေ ရပ်တန်းက ရပ်ပါ။ နောက်တခါ မမြင်ချင်ဘူး။

၂။ ကိုရီးယားမှာ “ဟန်းဂုရွာ” ဘလော့လုပ်ပြီး အများသူငါ သတင်းနဲ့ ဖတ်စရာတွေ ရရှိဖို့ လုပ်နေတာဟာ မင်းလိုကောင် လာအူဖို့ မဟုတ်ဘူး။

၃။ “သခင်” လို့ မင်းကိုယ်မင်း အမည်တပ်ထားတာဟာ ပုံပြင်ထဲက “ကျားခွေး”လို့ အမည်တပ်တာနဲ့ အတူတူပဲ။ (သခင် ဝေါဟာရ အဓိပ္ပာယ်ကတော့ မင်းနဲ့ မထိုက်တန်လို့ ရှင်းမပြနိုင်ဘူး။)

၎။ ကလောင်ကိုင်တဲ့ လက်ဟာ လိုအပ်ရင် လက်သီးရော လက်နက်ရော ကိုင်ဖို့ ၀န်မလေးဘူး ဆိုတာ သဘောပေါက်ထားပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>