Showing posts with label ပဒေသာယဉ်ကျေးမှု. Show all posts
Showing posts with label ပဒေသာယဉ်ကျေးမှု. Show all posts

Sunday, July 14, 2013

ကိုရီးယားနိုင်ငံရဲ့ ပဒေသာယဉ်ကျေးမှုကို လေ့လာခြင်း(အပိုင်း၁)

ရေးသားသူ — စိုးမိုးသူ


ရွှေ့ပြောင်းသူ ၁၅သန်းနေထိုင်နေပြီဖြစ်တဲ့ ကိုရီးယားနိုင်ငံဟာ အရင်လို နိုင်ငံတွင်းမှာ လူမျိုးတမျိုးတည်း၊ ယဉ်ကျေးမှု တခုတည်းသာ ရှိတယ်ဆိုတဲ့ ခံယူချက်ကနေ လူမျိုးပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံပါဝင်တဲ့ ပဒေ သာ ယဉ်ကျေးမှု လူ့အသိုက်အ၀န်းတွင်း နေထိုင်နေပြီလို့ ကြေငြာထားပြီဖြစ်ပါတယ်။

၂၀၀၃ခုနှစ် နိုမူဟရွန်သမတလက်ထက်ကစပြီး စတင်သုံးစွဲလာတဲ့  ပဒေသာယဉ်ကျေးမှု လူ့အသိုက် အ၀န်း(다문화사회)ဆိုတဲ့ စကားလုံးဟာ သမတ အဆက်ဆက်တိုင်းမှာ ပိုမို အားကောင်းစွာ သုံးစွဲလာသလို ပတ်သက်ရာ စနစ်တွေကို ချမှတ်ကာ လုပ်ငန်းတွေကို အကောင်အထည် ဖော်လာတာ ကလည်း အရှိန် လျော့ကျသွားခြင်း မရှိသေးပါဘူး။

သို့သော် လက်ရှိ ကိုရီးယားအစိုးရနဲ့ ကိုရီးယားအဖွဲ့အစည်းများက ဖော်ဆောင်နေတဲ့ ပဒေသာ ယဉ်ကျေး မှု ဆိုင်ရာ လုပ်ငန်းတွေနဲ့ လှုပ်ရှားမှုတွေဟာ ထောက်ပြစရာတွေ အလွန်များပြားနေပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>