Showing posts with label ကွန်ပျူတာ. Show all posts
Showing posts with label ကွန်ပျူတာ. Show all posts

Friday, November 8, 2013

Auto CAD သင်တန်းသစ်ဖွင့်ပါမည်။

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

လာမည့် ၂၀၁၃၊၁၁၊၁၀ ရက် (တနင်္ဂနွေ) နေ့တွင် မြန်မာအသင်း(ကိုရီးယား)ခန်းမတွင် Auto CAD သင်တန်းဖွင့်လှစ်မည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် တက်ရောက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သင်တန်းကာလသည် ၂လခွဲဖြစ်ပြီး၊ သင်တန်းကြေးမရှိ၊ စာအုပ်ဖိုးကိုတော့ ဝမ်တစ်သောင်းခွဲဟု သတ်မှတ်ထားကြောင်း သိရပါသည်။ သင်တန်းချိန်ကတော့ နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပါသည်။

အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များတွင် တိုက်ရိုက်မေးမြန်းနိုင်ပါသည်။

ဦးခင်မောင်ရင်  ဝ၁ဝ - ၂၇၈၈-၇၁၅၃ 
ဦးသန့်ဇင်အောင် ဝ၁ဝ - ၉ဝ၅၄-၄၇၂၇

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 3, 2013

ဒီတပတ် ဆေးစစ်ရှိတယ်



ဘူဖျောင်းမြို့ မြန်မာစင်တာတွင် ယခုတပတ် မေလ ၅ ရက်နေ့မှာ ပထမပတ် ကျန်းမာရေးဆေးစစ် အစီအစဉ် ရှိပါတယ်။ ညနေ ၄ နာရီကနေ ၆ နာရီ အထိ အထွေထွေ ဆေးစစ်နဲ့ အရိုးအကြော ဝေဒနာများကို ကုသပေးမှာ ဖြစ်ပါတယ်။

*** မေလ ၅ ရက်နေ့မှာ ဆရာမ ဒေါ်လေးလေးမွန်ရဲ့ သင်တန်းများ ရှိပါတယ်။ (ယခင် တပတ်ကျော်က အချိန်ကို အစားထိုး သင်ကြားတာ ဖြစ်လို့ စကားပြောနဲ့၊ TOPIK 3/4 သင်တန်းသားများ တက်ရောက်ရန် ဖြစ်ပါတယ်။)

** အခြား ကိုရီးယားဘာသာ သင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ ပုံမှန်အတိုင်း ရှိမှာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 28, 2013

ယခုတပတ် မြန်မာစင်တာမှာ...


၂၀၁၃ မတ်လ ၃ ရက်နေ့ တနင်္ဂနွေနေ့၊ ဘူဖျောင်းမြို့ မြန်မာစင်တာမှာ အောက်ပါ သင်တန်းများ ရှိပါတယ်။

၁) နံနက် ၁၀ နာရီ - ကိုရီးယား စကားပြော (ဆရာမ ဒေါ်လေးလေးမွန်)
၂) နံနက် ၁၀ နာရီ - ကိုရီးယားဘာသာ TOPIK 1/2 (ဆရာမ ဒေါ်သန်းသန်း)
၃) နံနက် ၁၁း၃၀ နာရီ - ကိုရီးယားဘာသာ TOPIK 3/4 (ဆရာမ ဒေါ်လေးလေးမွန်)
၎) မွန်းလွဲ ၁း၃၀ နာရီ - ကိုရီးယား စကားပြော (ဆရာမ ဒေါ်သန်းသန်း)
၅) ညနေ ၃း၃၀ နာရီ - ကိုရီးယား စကားပြော (ဆရာ ဦးသူရ)
၆) မွန်းတည့် ၁၂ နာရီ - ကွန်ပျူတာ ကျွမ်းကျင်သင်တန်း (ဆရာမ ဒေါ်စန်းစန်းကြည်)
၇) မွန်းလွဲ ၂ နာရီ - ကွန်ပျူတာ ကျွမ်းကျင်သင်တန်း (ဆရာမ ဒေါ်ဥမ္မာကျော်)

ယခုတပတ်မှ စတင်ဖွင့်သော တန်းခွဲသစ်များဖြစ်တဲ့ အမှတ်စဉ် ၂ နဲ့ ၄ သို့ တက်ရောက်မည့်သူများ မပျက်မကွက် စောစော လာရောက်ကြဖို့ နှိုးဆော်ပါတယ်။

ကွန်ပျူတာသင်တန်းမှာ နေရာ အနည်းငယ် ကျန်နေသေးတာမို့ တက်ရောက်လိုသူများ အမြန်ဆက်သွယ် လာရောက်ပါ။

ယခုသတင်းပတ်က ပထမပတ် ဖြစ်သော်လည်း ဆေးကုသပေးတဲ့ ဆရာဝန်များရဲ့ အချိန်အခက်အခဲကြောင့် ဒီတပတ်မှာ ဆေးစစ် မရှိပါ။ တတိယပတ် (မတ်လ ၁၇) ရက်နေ့ကျမှ ဆေးစစ် ရှိပါမယ်။

အားလုံးကို လေးစား ကြိုဆိုလျက်...
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 21, 2013

ကွန်ပျူတာ ကျွမ်းကျင် သင်တန်း ဖွင့်မည်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ “ကွန်ပျူတာ ကျွမ်းကျင် သင်တန်း” ဖွင့်လှစ်ပါမယ်။

တက်ရောက်လိုသူများ လာမယ့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၄) နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း လူကိုယ်တိုင် လာရောက် စာရင်းသွင်းပါ။ သင်တန်းတက်လိုသူများကို လူတွေ့စစ်ဆေးခြင်း (အင်တာဗျူး) ပြုလုပ်ပြီးမှ လက်ခံမှာ ဖြစ်ပါတယ်။

ဒီသင်တန်းက ကွန်ပျူတာကို မိမိဘာသာ ကျွမ်းကျင် ပိုင်နိုင်စွာ သုံးစွဲတတ်သည် အထိ သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သင်တန်းကို တက်ရောက်ပြီးသူများ၊ သို့မဟုတ် ကျွမ်းကျင်အဆင့် ရှိသူများကိုသာ နောင်ဆက်လက် ဖွင့်လှစ်မယ့် အဆင့်မြင့် ဂရပ်ဖစ်သင်တန်း၊ မီဒီယာသင်တန်း စသည်တို့မှာ လက်ခံမှာ ဖြစ်ပါတယ်။

(မှတ်ချက်။ ။ အခြေခံသင်တန်း တက်ရောက်ပြီးသူများ တနင်္ဂနွေနေ့ အင်တာဗျူးသို့ လာရောက်ကြပါ)

ကွန်ပျူတာ ကျွမ်းကျင် သင်တန်း
Advance Computer Training Course

Hardware: Computer Relative Hardware
Windows: Window7 and Applications
Programs: Knowledge and Installing, Using and Maintenance
Personal Office: Microsoft Words, Excel, Publisher and Myanmar Language
Internet: Email, World Wide Web, Security, Online Shopping, Downloading, Social Networking, Blogging and Create your mind
Graphics: Introduction to Photoshop
Smart Using: Banking, Buying and Multi Purpose တို့ ဖြစ်ပါတယ်။

သင်တန်းချိန်-
၂၀၁၃ မတ်လမှ ဇူလိုင်လ အထိ။
တနင်္ဂနွေနေ့တိုင်း (တစ်လ တစ်ရက်နားမည်)
တစ်ရက် ၂ နာရီ

မြန်မာစင်တာ၊ 070-4154-8824

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 2, 2013

ဒီအပတ် မြန်မာစင်တာ အစီအစဉ်များ

ဘူဖြောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ အောက်ပါ အစီအစဉ်တို့ ရှိပါတယ်-

နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီအထိ - အခြေခံ ကိုရီးယား စကားပြော

နံနက် ၁၁း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ - TOPIK 3/4 သင်တန်း

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - TOPIK 1/2 သင်တန်း (ယခင်သင်လက်စ အတန်း)

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - ကွန်ပျူတာသင်တန်း

ညနေ ၄း၀၀ မှ ည ၆း၀၀ နာရီအထိ - ကျန်းမာရေး ဆေးစစ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, October 12, 2012

ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် ၃ ဖွင့်ပါပြီ

ဘူဖျောင်းမြို့ မြန်မာစင်တာမှာ ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၂) နှင့် (၃) ကို အောက်ပါ အချိန်ဇယားများ အတိုင်း ဖွင့်လှစ်ပါမည်။ တက်ရောက်လိုသူများ မြန်မာစင်တာတွင် ကိုယ်တိုင်လာရောက် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါသည်။

လူဦးရေ အကန့်အသတ်ရှိသဖြင့် အရင်စာရင်းပေးသူ ဦးစားပေးပါမည်။ သင်တန်းတခုတွင် ကိုယ်ပိုင်ကွန်ပျူတာ မယူလာနိုင်သူ ၄ ဦး၊ ကိုယ်ပိုင်ကွန်ပျူတာ ယူလာနိုင်သူ ၄ ဦး၊ စုစုပေါင်း ၈ ဦးသာ လက်ခံပါမည်။

အမှတ်စဉ် (၂)

သင်တန်းချိန် = မွန်းလွဲ ၂ နာရီမှ ၄ နာရီ
တနင်္ဂနွေနေ့တိုင်း (လစဉ် တတိယပတ် တစ်ရက် ပိတ်မည်)
သင်တန်းရက်များ = 10.14, 10.28, 11.4, 11.11, 11.25, 12.2, 12.9, 12.23, 12.30

အမှတ်စဉ် (၃)

သင်တန်းချိန် = ညနေ ၄ နာရီမှ ၆ နာရီ
တနင်္ဂနွေနေ့တိုင်း (လစဉ် ပထမပတ် တစ်ရက် ပိတ်မည်)
သင်တန်းရက်များ = 10.14, 10.21, 10.28, 11.11, 11.18, 11.25, 12.9, 12.16, 12.23, 12.30

သင်ကြားမည့် ဘာသာရပ်များမှာ -

- ကွန်ပျူတာ မိတ်ဆက် (Computer Introducing)
- ၀င်းဒိုး အလုပ်လုပ်ပုံ (Windows Application)
- ပရိုဂရမ်များနှင့် အလုပ်လုပ်ပုံ (Working Programs / Microsoft Office)
- အင်တာနက် အသုံးပြုပုံ (Internet Using)

သင်တန်းတက်လိုသူများ လာမည့် အောက်တိုဘာ ၁၄ ရက်နေ့တွင်  မြန်မာစင်တာ သို့ စောစောလာရောက် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါကြောင်း။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, October 7, 2012

ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် ၃ ဖွင့်မည်


ဘူဖျောင်းမြို့ မြန်မာစင်တာမှာ ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၂) နှင့် (၃) ကို အောက်ပါ အချိန်ဇယားများ အတိုင်း ဖွင့်လှစ်ပါမည်။ တက်ရောက်လိုသူများ မြန်မာစင်တာတွင် ကိုယ်တိုင်လာရောက် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါသည်။

လူဦးရေ အကန့်အသတ်ရှိသဖြင့် အရင်စာရင်းပေးသူ ဦးစားပေးပါမည်။ သင်တန်းတခုတွင် ကိုယ်ပိုင်ကွန်ပျူတာ မယူလာနိုင်သူ ၄ ဦး၊ ကိုယ်ပိုင်ကွန်ပျူတာ ယူလာနိုင်သူ ၄ ဦး၊ စုစုပေါင်း ၈ ဦးသာ လက်ခံပါမည်။

အမှတ်စဉ် (၂)

သင်တန်းချိန် = မွန်းလွဲ ၂ နာရီမှ ၄ နာရီ
တနင်္ဂနွေနေ့တိုင်း (လစဉ် တတိယပတ် တစ်ရက် ပိတ်မည်)
သင်တန်းရက်များ = 10.14, 10.28, 11.4, 11.11, 11.25, 12.2, 12.9, 12.23, 12.30

အမှတ်စဉ် (၃)

သင်တန်းချိန် = ညနေ ၄ နာရီမှ ၆ နာရီ
တနင်္ဂနွေနေ့တိုင်း (လစဉ် ပထမပတ် တစ်ရက် ပိတ်မည်)
သင်တန်းရက်များ = 10.14, 10.21, 10.28, 11.11, 11.18, 11.25, 12.9, 12.16, 12.23, 12.30

သင်ကြားမည့် ဘာသာရပ်များမှာ -
- ကွန်ပျူတာ မိတ်ဆက် (Computer Introducing)
- ၀င်းဒိုး အလုပ်လုပ်ပုံ (Windows Application)
- ပရိုဂရမ်များနှင့် အလုပ်လုပ်ပုံ (Working Programs / Microsoft Office)
- အင်တာနက် အသုံးပြုပုံ (Internet Using)

သင်တန်းတက်လိုသူများ လာမည့် အောက်တိုဘာ ၁၄ ရက်နေ့တွင်  မြန်မာစင်တာ သို့ စောစောလာရောက် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါကြောင်း။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, April 8, 2012

First Myanmar Browser ဖြင့် မြန်မာစာရေးနိုင်ဖတ်နိုင်ပါပြီ


စမတ် ညီအစ်ကိုများခင်ဗျာ

Zawgyi font ခင်းမရလို့ မြန်မာ အင်တာနက်စာမျက်နှာများ ဖတ်မရတဲ့ ပြဿနာ ရှိနေပါတယ်ဆိုလျင် ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများကို Root လုပ်ဖို့မလိုဘဲ ၊ First Myanmar Browser Software ပရိုဂရမ်ကို အခမဲ့ ဆွဲချခင်း(Free Down Load and Install) လိုက်ပါက ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများဖြင့် မြန်မာစာရေးနိုင် ဖတ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။

ပရိုဂရမ် ဆွဲချယူရန် (Click Here)

1stmm Browser (First Myanmar Browser) အကြောင်းလေ့လာဖတ်ရှုရန် (Click Here)


အားလုံးအဆင်ပြေကြပါစေကြောင်း မေတ္တာဖြင့် -
မစ္စတာ တီတီ




Ref:
1. https://play.google.com/store/apps/details?id=org.firstmm.browser
2. https://www.facebook.com/pages/1st-Myanmar-Android-Browser/352311588118092
3. http://www.filestube.com/m/myanmarmobileapp+com
4. http://www.firstload.com/?uniq=6284f8052697e926&log=47382&fn=1stmm+browser.
5. http://www.fileshut.com/download/pRbVv09V/1stmm_browser_by_www.myanmarmobileapp.com.apk.html
6. http://1stmm.net/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, May 16, 2011

အပါတ်စဉ် တနင်္ဂနွေ သင်တန်းများ တက်ရောက်နိုင်

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)


အပါတ်စဉ် တနင်္ဂနွေ သင်တန်းများ တက်ရောက်နိုင်ပါသည်။

၁) မော်တော်ကားလိုင်စင်ဖြေရန် စာတွေ့သင်တန်း (운전면허)
အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၄ နာရီအထိ
(၅ လပိုင်း ၁၅ ရက်နေ့မှ ~ ၇ လပိုင်း ၃ ရက်နေ့အထိ ၂ လ သင်တန်း)
စာအုပ်စာတမ်းကြေး ၀မ် ၁၅၀၀၀ ပေးသွင်းရပါမည်။

၂) PhotoShop သတန်း
အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁၂း ၃၀ မှ ၂း ၃၀ နာရီအထိ
(၅ လပိုင်း ၁၅ ရက်နေ့မှ ~ ၉ လပိုင်း ၄ ရက်နေ့အထိ ၄ လခွဲ သင်တန်း)
စာအုပ်စာတမ်းကြေး ၀မ် ၁၀၀၀၀ ပေးသွင်းရပါမည်။

၃) Computer A+ (Computer ပြင် သင်တန်း) (컴퓨터조립)
အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း မွန်းလွဲ ၂း ၃၀ မှ ၅း ၃၀ နာရီအထိ
(၅ လပိုင်း ၁၅ ရက်နေ့မှ ~ ၇ လပိုင်း ၂၄ ရက်နေ့အထိ ၂ လခွဲ သင်တန်း)
စာအုပ်စာတမ်းကြေး ၀မ် ၁၅၀၀၀ ပေးသွင်းရပါမည်။

၎) AutoCAD သင်တန်း
အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း မွန်းလွဲ ၂း ၃၀ မှ ၅း ၃၀ နာရီအထိ
(၇ လပိုင်း ၃၁ ရက်နေ့မှ ~ ၉ လပိုင်း ၁၈ ရက်နေ့အထိ ၂ လနီးပါး တက်ရောက်ရမည်ဖြစ်ပါသည်။)
စာအုပ်စာတမ်းကြေး ၀မ် ၁၀၀၀၀ ပေးသွင်းရပါမည်။


သင်တန်း တက်ရောက်သင်ကြားလိုသူများ ဆက်သွယ်စုံစမ်းမေးမြန်းရန်

မြန်မာအသင်း (ကိုရီးယား)
(부천외국인근로자의집)
ကိုအောင်ဟိန်းလွင် (၀၁၀-၂၆၇၄-၈၄၈၉)

သင်တန်းလမ်းညွှန်
Subway: Line-1 (Seoul~Incheon)/ Bucheon Station (Northern Exit)
Taxi: 혜림교회/심원중학교/부천시종합근로자복지관


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 7, 2010

သတိ... ဗျို့ 

အရေးကြီးတယ်
CBOX မှ တာဝန်သိပြည်သူ၏ သတိပေးချက်

aungsansukyi.youth@gmail.com add လာပါက လုံးဝလက်မခံပါနဲ့ မိမိတို့အကောင့်များ ပျောက်ဆုံးသွားပါလိမ့်မည်..

ခင်ညွန့်အပိုင်း ၃ ဆြိုပီး zip ဖိုင်နဲ့ပို့လာတာဟာ VIRUS ပါ . ကွန်ပျူတာကိုလုံးဝ ပျက်သွားစေပါတယ် လုံးဝဖွင့်မကြည့်ပါနဲ့ခင်ဗျား..

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 26, 2010

အင်တာနက်စာမျက်နှာ (HTML) ရေးနည်းအခြေခံ သင်တန်းဖွင့်မည်

ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအား တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်စေရန် ရည်ရွယ်လျက် ၊ အင်တာနက်စာမျက်နှာသုံး အထူးစာသား သင်္ကေတများဆိုင်ရာ ဘာသာစကား(html) ရေးသားနည်း အခြေခံသင်တန်းကို ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)၏ အစီအစဉ်ဖြင့် အခမဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည် ။
သင်တန်းတွင် html ရေးသားနည်းအပြင် ၊ Web Tool တစ်ခု ဖြစ်သည့် Macromedia Dreamweaver ဖြင့် ရိုးရိုး စာမျက်နှာ ဒိုင်းနမစ်စာမျက်နှာ စသည့် အင်တာနက်စာမျက်နှာ အမျိုးမျိုးဖန်တီးခြင်း ၊ ၄င်းနောက် မိမိဖန်တီးထားသည့် အင်တာနက်စာမျက်နှာများကို အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာကွန်ယက်ဖြင့် ချိတ်ဆက် လွင့်တင်ခြင်း ၊ ဘလော့ဖန်တီးခြင်း နှင့် အဆင့်မြင့်ဘလော့တည်ဆောက်ခြင်း တို့ကိုပါ ဆက်တိုက် ဖွင့်လှစ်သွားမည်ဟုဆိုပါသည် ။
စိတ်ပါဝင်စားသူများ 010-2331-2457 ထံ ဆက်သွယ်နိုင်ကြောင်း နှင့် ၊ သင်တန်းကို ဇွန်လ ၅ ရက်(စနေ)နေ့ညနေမှ စတင်ကာ အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် -
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
အချိန် ။ အပါတ်စဉ် စနေ ည ၈ နာရီမှ ၁၀ နာရီ
မည်သည့် သင်တန်းသားကိုမဆို လက်ခံမည် ဖြစ်သော်လည်း ၊ သင်ထောက်ကူပစ္စည်း အခက်အခဲကြောင့် ကိုယ်ပိုင်သုံး အိတ်ဆောင် ကွန်ပျူတာ (Notebook) ရှိသည့် သင်တန်းသားများကိုသာ ဦးစားပေး လက်ခံသွားမည်ဟု သင်တန်းစီစဉ်သူတစ်ဦးက ပြောသည် ။
Web page ဟုခေါ်သော အင်တာနက်စာမျက်နှာများကို Hypertext ဟုခေါ်သော အထူးစာသားများဖြင့် ရေးသားထားပြီး ၊ ထိုအထူးစာသားများအား အမှတ်သင်္ကေတပြုခြင်းကို Hypertext Markup ဟုခေါ်ဆိုကြောင်း ၊ အင်တာနက်လောကသားများ (Netizens) က ထိုအထူးစာသားသင်္ကေတများကို အင်တာနက်စာ မျက်နှာသုံး ဘာသာစကား (Language) တစ်ခုအဖြစ်သတ်မှတ်ထားကြပြီး ၊ ထို သင်္ကေတများဖြင့် မှတ်သားထားသော အထူးစာသား ဘာသာစကားကို (hypertext markup language) ဟုခေါ်ဆိုကြကြောင်း ၊ အတိုကောက် အားဖြင့် html ဟုခေါ်ဆိုကြောင်း ၊ ထိုအထူးစာသားများ အချိတ်အဆက် အပေးအယူပြု သည့် အရာကိုမူ hypertext transfer protocol ဟုခေါ်ဆိုပြီး သင်္ကေတအားဖြင့် http ဟု မှတ်သားကြကြောင်း ၊ အင်တာနက် စာမျက်နှာများ၏ လိပ်စာရှေ့တွင် ၄င်း http သင်္ကေတစာသားက ဦးစွာ နေရာယူထားကြောင်း သိရ၏ ။
ယခုအခါ အဆိုပါ ဘာသာရပ်များဆိုင်ရာ စာအုပ်စာတမ်းများစွာ ရေးသားထုတ်ဝေနေကြသော်လည်း ၊ လက်တွေ့ ပြသပေးမည့်သူမပါဘဲ မိမိဘာသာ စာအုပ်ကြည့်လေ့ကျင့်မည်ဆိုပါက အခက်အခဲ များစွာ ရှိကြောင်း ၊ ကိုရီးယားနိုင်ငံတွင်း တက္ကသိုလ် ကောလိပ်နှင့် အင်စတီကျုများတွင် တက်ရောက် သင်ယူမည်ဆိုပါကလည်း တစ်ဘာသာလျင် ဝမ် ၃သိန်းမှ ၄သိန်းထိ ပေးရကြောင်း ကွန်ပျူတာ သင်တန်းများ သတင်းရပ်ကွက်ထံမှ စုံစမ်းသိရှိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 23, 2010

ကိုရီးယားယူနီကုဒ် နှင့် မြန်မာယူနီကုဒ်စနစ်တို့ကို နှိုင်းယှဉ် လေ့လာခြင်း

ကိုဝိုင်း (မိုးညှင်း)

ပြောပါရစေ

ကိုယ့်ဟာကိုဖော် မသူတော် လုပ်ရပေဦးမယ် ။ ကျွန်တော် ၂၀၀၆ ခုနှစ်က Hi Media Institute မှာ Web Master သင်တန်းကို တက်ခဲ့ပါတယ် ။ သင်တန်းမှာ HTML (Hyper Text Mark-Up Language), Java Script, Action Script နှင့် SQL (Sequence Quarry Language) ဘာသာရပ်တို့ကို သင်ယူခဲ့ရပါတယ် ။ Database သဘောတရား ၊ Programming သဘောတရား တို့ကို တီးမိခေါက်မိ သိရှိခွင့်ရခဲ့ပြီး ၊ ကိုရီးယား ယူနီကုဒ် စနစ်ကိုလည်း အမှတ်မထင် တွေ့ရှိခဲ့ပါတယ် ။ အဲဒီ အချိန်က စပြီး မြန်မာယူနီကုဒ်စနစ် ရှိလျင်ကောင်းမယ်လို့ စိတ်အကြံဖြစ်ခဲ့ပါတယ် ။ တီထွင်ဖို့ ကြံစည်ခဲ့ပါသေးတယ် ။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါ ။ ထင်သလောက်လွယ်တဲ့ ကိစ္စမဟုတ်ပါ ။ သို့ပေမယ့် အဲဒီပိုး ကျွန်တော့ရင်ထဲမှာ မသေနိုင်ဘဲ ရှိနေခဲ့ပါတယ် ။ အယ်လ်ဖာဇော်ဂျီ ယူနီကုဒ် ပေါ်ပြီဆိုတဲ့ သတင်းစကားကြားရချိန်ရောက်မှ သက်သာမှုရခဲ့ပါတယ် ။ ထိုမြန်မာယူနီကုဒ်စနစ်ကို အပတ်တကုတ် ကြိုးစားတီထွင်ခဲ့ကြပြီး ပြည်သူအများကို အခမဲ့ သုံးစွဲခွင့်ပေးခဲ့တဲ့ ပညာရှင်များကိုလည်း အကြိမ်ကြိမ် ဦးညွှတ် လေးစားခဲ့ပါတယ် ။ ယခုလည်းလေးစားနေဆဲဖြစ်သလို ၊ နောင်တွင်လည်း ဆက်လက် ဦးညွှတ်နေဦးမည်သာ ဖြစ်ပါတယ် ။

ကိုရီးယားယူနီကုဒ် သဘော စောကြောမိနိုင်စေဖို့

သို့ပေမယ့် အဲဒီ ယူနီကုဒ်စနစ်ကို သုံးကြည့်ရာ အဆင်မပြေမှုတွေ ရှိနေကြောင်းတွေ့ခဲ့ရပြီး ၊ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေရပြန်ပါတယ် ။ ကျွန်တော့် အနေဖြင့် အမြဲလိုလို ကိုရီးယားယူနီကုဒ်စနစ် နှင့် ယှဉ်ပြီး အဲဒီလိုမျိုး တီထွင်နိုင်ကြလျင် ကောင်းပေလိမ့်မယ်လို့သာ တောင်းတနေခဲ့ပါတယ် ။ ယခုအခါမှာ မြန်မာယူနီကုဒ်စနစ်များ အလျှိုအလျှို ပေါ်လာကြပြန်ပါတယ် ။ ပိုပြီးပြည့်စုံမှာပဲဟု မျှော်လင့်ခဲ့ပါတယ် ။ မျှော်လင့်နေဆဲလည်း ဖြစ်ပါတယ် ။ မြန်မာယူနီကုဒ် အသစ်များကို သုံးစွဲရပြန်တော့ တစ်မျိုးကောင်းပြီး အခြားတစ်မျိုးမှာ လိုနေသေးတာကို တွေ့ရပြန်ပါတယ် ။ နောက်ထပ် မြန်မာယူနီကုဒ်စနစ် အသစ် ကြံဆလိုသူများရှိလာလျင် ၊ ကိုရီးယား ယူနီကုဒ်စနစ် သဘောကို စောကြော မိနိုင်ကြစေဖို့ နှင့် စဉ်းစားရာမှာ တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုနိုင်စေဖို့ ရည်ရွယ်ပြီး ၊ ယခုဆောင်းပါးကို ရေးသား လိုက်ရခြင်းဖြစ်ပါတယ် ။

အပြည့်အစုံဖတ်ရန်


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 28, 2010

Realtek High Definition Audio Driver R2.39

အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .



Download Driver for Windows 2000, Windows XP/2003 (32/64 bits)
Download

Download Driver for Windows 7/ Vista (32/64 bits)
Download

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 17, 2010

Computer သင်တန်းတက်ရောက်နိုင်ကြပါသည်။

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)



ကိုရီးယားနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားညီအစ်ကိုများ အနေနဲ့ မိမိတို့ရဲ့ အလုပ်အားလပ်ချိန် တနင်္ဂနွေနေ့များတွင် ဘူချွန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာတွင် ဖွင့်လှစ်သင်ကြားနေသော (Adobe Photoshop) သင်တန်းနှင့် (Computer Basic, Internet Browsing & Microsoft Excel) သင်တန်းတို့ကို တက်ရောက်သင်ယူနိုင်ကြပါသည်။

သင်တန်းကာလမှာ ၁၇၊ ၁၊ ၂၀၁၀ ရက်နေ့မှ စတင်ပြီး တစ်နှစ်တိတိ သင်ကြားရမှာ ဖြစ်ပါသည်။ (Adobe Photoshop) သင်တန်းမှာ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ သင်ကြားရမှာဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းကြေး အနေနဲ့ ၀မ် ၁၀၀၀၀၊ (Computer Basic, Internet Browsing & Microsoft Excel) သင်တန်းမှာ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁၂း၃၀ နာရီမှ ၂ နာရီအထိဖြစ်ပြီး စာရွက်စာတမ်းကြေး အနေနဲ့ ၀မ် ၁၅၀၀၀ ပေးသွင်းရမှာ ဖြစ်ပါသည်။

သင်တန်းစုံစမ်းတက်ရောက်ရမည့် လိပ်စာ -
ဘူချွန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Bucheon Migrant Worker's House)
1093-1 Jung-Dong, Wonmi-Ku, Buchon City
Tel: 032-654-0664
Fax: 032-668-0077



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, December 21, 2009

စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ကျော်ခွကြည့်ကြမည်

ကိုဝိုင်း(မိုးညှင်း)

ကျနော်တို့ ဟန်းဂုရွာ မိတ်ဆွေများ ၊ အင်တာနက် ကျော်ခွကြည့်နည်း မကြာမကြာမေးကြပါတယ် ။ မေးလာကြတဲ့အခါတိုင်းလည်း ၊ အာရ်အက်ဖ်အေက တင်ထားတဲ့ “ အင်တာနက် စာမျက်နှာများကို လျှို့ဝှက်ကြည့်ရှုနည်း” ပို့စ်ကိုသာ ညွှန်းနေရပါတယ် ။

ဟန်းဂုရွာမိတ်ဆွေများအတွက် ၊ အခု အဲဒီပို့စ်လေးကိုပဲ ကိုးကားပြီး မွမ်းမံတင်ပြလိုက်ကြောင်းပါခင်ဗျာ ။

မိတ်ဆွေ တစ်ယောက် စီဘောက်ကနေပြီးတင်ပြထားတဲ့နည်းကတော့ ၊ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ပရော့ဇီဆာဗာ(ကြားခံကွန်ပျူတာ)ရဲ့ အိုင်ပီလိပ်စာ(Internet Protocol address) ကို ပုံသေမှတ်တမ်းတင်ပြီး အသုံးပြုတဲ့နည်းပါ ။

အခုတင်ပြမှာကတော့ ကြားခံကွန်ပျူတာဆာဗာကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာပြီး ကျော်ခွကြည့်နည်းကို တင်ပြမှာပါ ။

Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီးရှာရပါမယ် ။ ရှာရမယ့် စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရှာကြည့်ရပါမယ် ။

နောက် တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ် ။

အဲဒီလို ရှာလိုက်တဲ့အခါ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ်လက်ခံဆောင်ရွက်ပေးမယ့် အင်တာနက် ဝက်ဘ်ဆိုက်တွေကိုတွေ့ရပါလိမ့်မယ် ။ ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ linkလမ်းကြောင်းကို တွေ့ရပါမယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကိုထည့်သွင်းရမယ့် ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ် ။

ကျနော်ကတော့ CGI Proxy ကီးစာလုံးကို ဂူဂဲရှာစက်(Google Search Engine) မှာ ရိုက်ပြီးရှာလိုက်တာ ၊ ဒီလိုတွေထွက်လာပါတယ် -

/စီဂျီအိုင် ပရော့ဇီစာလုံးနှင့် ပတ်သက်၍ ဂူဂဲကပေးတဲ့အဖြေ / ( ဒီမှာ) ။

နောက်ပြီး ၊ အဲဒီစာလုံးတွေအနက် mamproxy.com ကိုနှိပ်ကြည့်လိုက်တော့ - ဒီလိုထွက်လာပါတယ် ။













အဲသည်မှာ ကိုယ်သွားလိုတဲ့ (ပိတ်ဆို့ခံထားရတဲ့) အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာ(URL)ကို ရိုက်ထည့်ဖို့ ကွက်လပ်ပါ ပါတယ် ။ ကျနော်ကတော့ အဲဒီကွက်လပ်ထဲမှာ ကိုယ်သွားချင်တဲ့ ဝက်စာမျက်နှာလိပ်စာ http://burmainfokorea.blogspot.com စာလုံးကို ရိုက်ထည့်လိုက်ပါတယ် ။ အဖြေကတော့ ဒီလို ထွက်လာပါတယ် ။












မိတ်ဆွေတို့လည်း လက်တွေ့ စမ်းကြည့်လို့ရပါတယ် ။ အခုစမ်းကြည့်တော်မူကြပါ ။ ပရော့ဇီလိပ်စာ အချို့ ဟောဒီအောက်မှာရှိပါတယ် -

http://www.mamproxy.com/
http://www.anonymitychecker.com/page1.html
http://www.proxy4free.com/page1.html
http://www.publicproxyservers.com/page1.html
http://tools.rosinstrument.com/proxy/
http://members.tripod.com/burn77/proxies.html

မှတ်သားရန် ဆောင်ပုဒ်မှာ-

စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ၊ ကျော်ခွကြည့်ကြမည် ၊

ပရော့ဇီ ၊ အင်န်ပီအိပ်ခ်ျ (proxy, nph ) ၊ ကျော်ပြီး ခွပြီး ၊ ကြည့်တိတ်တိတ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, November 5, 2009

ကိုရီးယားနိုင်ငံရောက် မြန်မာများအတွက် အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်မည်

ကိုဝိုင်း(မိုးညှင်း)
နိုဝင်္ဘာဘာ-၅ ၊ ဆောအူးလ်မြို့ ။

ကိုရီးယားနိုင်ငံရောက်မြန်မာများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အခြေခံ ကွန်ပျူတာ သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် ။ သင်တန်းတွင် ကွန်ပျူတာပါဝါဖွင့်ခြင်း ၊ ပိတ်ခြင်းမှအစပြု၍ ၊ အီးမေးလ်လက်ခံစစ်ဆေးခြင်း ပို့လွတ်ခြင်း စသည်များနှင့် ၊ အင်တာနက်တွင် မိမိသိလိုသည့်အချက်အလက်များ ရှာဖွေခြင်း အပါအဝင် ၊ အင်တာနက်ဖြင့် စကားစမြည်ပြောဆိုခြင်း အင်တာနက်ဖြင့်ဖုန်းပြောခြင်း စသည်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည် ။

သင်တန်းကို ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား)က ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း ၊ သင်တန်းကြေးမရှိ အခမဲ့ဖြစ်ကြောင်း ၊ အိုင်တီခေတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာနှင့် အလှမ်းကွာဝေးနေကြရသည့် ညီအစ်ကိုမောင်နှမများအတွက် ပညာဒါနပြုခြင်းဖြစ်ကြောင်း ၊ ဟန်းဂုရွာမှာ အရင်တစ်ခါတင်ထားတဲ့ စာတွေ ရှာမရတော့ဘူးခင်ဗျ ၊ အင်တာနက်က ဆွဲချယူထားတဲ့ပုံတွေ ဘယ်နေရာ ရောက်သွားမှန်း မသိဘူးဗျဆိုသော ညီငယ်များလည်း ဤသင်တန်းကို တက်ရောက်သင့်သည်ဟု သင်တန်းစီမံသူ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)မှ အကျိုးဆောင် တစ်ဦးကဟန်းဂုရွာသို့ပြောသည် ။

သင်တန်းကို ယခုလာမည့် နိုဝင်္ဘာလ ၈ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး ၊ သင်တန်းတက်ရောက်လိုသူများ ကြိုတင်စာရင်းပေးစရာမလိုဘဲ ၊ ဓမ္မဒူတကျောင်း သို့ အချိန်မှီအရောက်လာကြရမည်ဖြစ်ကြောင်း ၊ သင်တန်း အချိန်နှင့်နေရာမှာအောက်ပါအတိုင်းဖြစ်ကြောင်းသိရသည်-

သင်တန်းရက်-
တနင်္ဂနွေနေ့တိုင်း

သင်တန်းအချိန်-
နေ့လည် ၁နာရီခွဲမှ ၅နာရီ

နေရာ-
ဓမ္မဒူတကျောင်း(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, September 14, 2009

ခိုးကူး ပြောင်ကူး အဝေးမြင်

ခိုးကူးခွေများကြောင့် မြန်မာပြည် တေးဂီတ ထုတ်လုပ်မှု ရပ်ဆိုင်းလုနီးနီး ဖြစ်နေသကဲ့သို့ ပြောင်ကူး အီးစာအုပ်များကြောင့် မြန်မာပြည် စာအုပ်ထုတ်ဝေမှု ရပ်တန့်သွားနိုင်သလား။

ခေတ်မီနည်းပညာ တိုးတက်မှုက လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု မြန်ဆန် ထိရောက်လွန်းသည်မှာ လူတိုင်း လက်တွေ့ မျက်မြင် ဖြစ်ပါသည်။ နည်းပညာ တိုးတက် ကျယ်ပြန့်သည်နှင့်အမျှ အသိတရားနှင့် ထိန်းကွပ်မှု တိုးတက်လာရန်လည်း အလွန် အရေးကြီးပါသည်။ အသိတရား နောက်ကျမှုနှင့် ပရမ်းပတာ ထိန်းကွပ်မှု ကြားတွင် နည်းပညာတိုးတက်မှု တခုတည်းဖြင့် အကျိုးဖြစ်ထွန်းနိုင်သည်ဟု ပြောဆိုရန် သံသယဖြစ်ဖွယ် ရှိနေပါသည်။ မြန်မာပြည် တေးဂီတ စီဒီထုတ်လုပ်မှုက ဤအချက်ကို သက်သေပြနေပါသည်။

၁၉၉၀ နောက်ပိုင်းတွင် မြန်မာတေးဂီတ လောက၌ `စီဒီ´ ဖြင့် ထုတ်လုပ် ရောင်းချမှု ကျယ်ပြန့်လာပါသည်။ တိပ်ခွေ ထုတ်လုပ်မှုမှ ဒစ်ဂျစ်တယ် စီဒီ ထုတ်လုပ်မှုသို့ ကူးပြောင်းလာခြင်းမှာ နည်းပညာ တိုးတက်မှု ဖြစ်ပါသည်။ တိုးတက်မှုနှင့်အတူ ကပ်ပါလာသည်က အလွယ်တကူ ကူးယူနိုင်ခြင်း ဖြစ်သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် စီဒီချပ်များ ဈေးပေါပေါဖြင့် ပြည်တွင်းသို့ လှိမ့်ဝင်လာသည် နှင့်အမျှ တဆင့် ကူးယူရောင်းချသည့် ဈေးကွက်လည်း ပေါ်ပေါက်လာတော့သည်။ အဆိုပါ ခိုးကူးခွေ ဈေးကွက်က တဖြည်းဖြည်း ဖောင်းပွလာသောအခါ မူလ ထုတ်လုပ်သူများ အရှုံးပေါ်လာသဖြင့် အသစ် ထပ်မထုတ်နိုင် ဖြစ်လာကြရသည်။ အခုတော့ အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ကြားသိနေရပါသည်။

ယနေ့ ခေတ်မီ လူသားတိုင်းအတွက် မရှိမဖြစ် အရာတခုက အင်တာနက် ဖြစ်ပါသည်။ ကွန်ရက်ထဲ တရက်မ၀င်ဖြစ်လျှင် ဆယ်နှစ်လောက် နောက်ကျသွားသလို ခံစားရလောက်အောင် အင်တာနက်က ဆွဲဆောင်အား ကောင်းသည်။ တနေရာတည်းမှနေ၍ တကမ္ဘာလုံးကို ဖြန့်ကျက် ဆက်သွယ်နိုင်သဖြင့် အသုံးတည့်သည်။ သုံးတတ်လျှင် ပိုက်ဆံလည်း ဖြစ်သည်။ ပိုက်ဆံ မဖြစ်ဦးတော့ ပိုက်ဆံမကုန်ဘဲ အလကားရတာတွေက အလွန်များသည်။ ထိုအထဲတွင် မြန်မာ သီချင်းဂီတတွေလည်း ပါသည်။

မြန်မာသီချင်းတွေကို အင်တာနက်ပေါ်တွင် အလွယ်တကူ နားဆင်နိုင်ခြင်းက မြန်မာတွေကို ကွန်ပျူတာ အင်တာနက်နှင့် ရင်းနှီးအောင် ဖိတ်ခေါ် နေသယောင် ရှိသည်။ ထိုရှုထောင့်မှ ကြည့်လျှင် ကောင်းသည်ဟု ဆိုရမည်။ ငွေကုန်ခံ အချိန်ကုန်ခံ အပင်ပန်းခံပြီး တခုတ်တရ တင်ပေးနေသူများရဲ့ စေတနာကိုလည်း အသိအမှတ် ပြုအပ်ပါသည်။ သို့သော်… ထိုသို့ အလကား ဖြန့်ဝေပေးလိုက်ခြင်းက မူလထုတ်လုပ်သူနှင့် အနုပညာရှင်အပေါ် ထိခိုက်မှု ရှိမရှိကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပါသည်။

ယခုအခါ အင်တာနက်ကောင်းမှုကြောင့် ရုပ်သံများသာမက ထူထူထဲထဲ စာအုပ်များကိုပါ အီးစာအုပ်အဖြစ် အလွယ်တကူ ဖြန့်ဝေပေးနိုင်လာပြီ ဖြစ်သည်။ စာအုပ်ကို ဖြန့်ဝေပေးတာ အသိပညာ တိုးပွားစေလိုသော စေတနာကြောင့်ဟု နားလည်ပါသည်။ သို့ရာတွင် အင်တာနက်ပေါ် အလကား ဖြန့်လိုက်သဖြင့် စာရေးသူနှင့် ထုတ်ဝေသူမှာ ထိခိုက်မှု ရှိမရှိ ထည့်သွင်း စဉ်းစားဖို့ လိုပါသည်။

စာအုပ်ကိုတော့ ခိုးကူးပြီး လမ်းဘေးမှာ မရောင်းကြပါ။ ပုံနှိပ်စာအုပ်အတိုင်း ခိုးထုတ်လျှင် ဈေးလည်း ပိုကြီးသည်။ ဥပဒေအရလည်း အရေးယူခံရမည်။ ဒီတော့ ဘယ်သူမှ မလုပ်ကြပါ။ ရှားပါးစာအုပ် မိတ္တူကူးထုတ်သည့် ဈေးကွက်သာ ရှိပါသည်။ ဒီဈေးကွက်က စိန်ဈေးကွက်ထက် ကျဉ်းပါသေးသည်။ အလွယ်တကူ လုပ်နေကြတာကတော့ အင်တာနက်ပေါ်မှာ အီးစာအုပ် ဖြန့်ဝေခြင်း ဖြစ်ပါသည်။ ဒီအတိုင်း ဆက်သွားလျှင် အင်တာနက်ပေါ်မှ အီးစာအုပ်များကို စီဒီဖြင့် ပြန်ကူးယူပြီး လမ်းပေါ်တွင် ချရောင်းသည့် ဈေးကွက် ပေါ်လာနိုင်စရာ ရှိပါသည်။ စီဒီတချပ်တွင် စာအုပ် နှစ်ဆယ် သုံးဆယ် အသာလေး ထည့်နိုင်သည် မဟုတ်ပါလား။

မြန်မာပြည် စာအုပ်ဈေးကွက်တွင် အရောင်းရဆုံး ဆိုသည့် ၀တ္ထုတအုပ်မှာ သေရောကျေရော ငါးထောင်ထက် မပိုပါ။ ဟိုးတချိန်က ၀တ္ထုစာအုပ် ပထမအကြိမ်ရိုက် တသောင်းကျော် နှစ်သောင်းအထိ ရှိခဲ့ဖူးပါသည်။ အလွန်နည်းပါသည်။ သိပ်ရောင်းကောင်းလို့ ထပ်ရိုက်ချင်ရိုက်မည်။ တကြိမ်တည်း အများကြီး ရိုက်လေ့ မရှိပါ။ စာအုပ်က ၀ုန်းခနဲ ပြိုက်ခနဲ ရောင်းရခဲပါသည်။ တဖြည်းဖြည်း တအိအိ အ၀ယ်လိုက်လာတာမျိုး ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူရော ထုတ်ဝေသူရော ကိုယ့်စာအုပ်ကို နောက်တကြိမ် ထပ်ရိုက်နိုင်ဖို့ မျှော်လင့်ကြစမြဲ ဖြစ်ပါသည်။ ယခုလို အီးစာအုပ်တွေ ပလူပျံနေလျှင်ဖြင့် နောက်တကြိမ် ရိုက်ဖို့ အိပ်မက်ပင် မက်ရဲမည် မထင်ပါ။

တေးသီချင်းပဲ ဖြစ်ဖြစ်, စာအုပ်ပဲဖြစ်ဖြစ်, အခြားဘယ်အနုပညာ ပစ္စည်းပဲဖြစ်ဖြစ် မူပိုင်အခွင့်အရေး နှင့် အချိန်ကာလ သတ်မှတ်ချက် ရှိကြပါသည်။ ယေဘုယျအားဖြင့် မူလ ဖန်တီးထုတ်လုပ်သူသည် `မူပိုင်ခွင့်´ ရရှိသူ ဖြစ်ပါသည်။ မူပိုင်ခွင့်ထဲတွင် အများပြည်သူထံသို့ ဖြန့်ဝေခြင်း ကိစ္စလည်း ပါဝင်ပြီးသား ဖြစ်ပါသည်။ မူလပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနှင့်ကိုယ် အီးစာအုပ်လုပ်ပြီး ဖြန့်ဝေခြင်းမှာ မူပိုင်ခွင့်နှင့် ငြိစွန်းရာ ရောက်နေပါသည်။

များသောအားဖြင့် မူပိုင်ခွင့် သက်တမ်းမှာ မူလပိုင်ဆိုင်သူ ကွယ်လွန်ပြီး အနှစ် ၅၀ သို့မဟုတ် ၆၀ ခန့် ရှိတတ်ပါသည်။ ထိုကာလ ကျော်လွန်လျှင် ယင်း အနုပညာပစ္စည်းကို အမျိုးသားပိုင် အဖြစ် မှတ်ယူနိုင်ပါသည်။ အမျိုးသားပိုင်အဖြစ် စိတ်ချရသည့် သီချင်း, စာအုပ်များ ဖြန့်ဝေခြင်းကိုမူ ကြိုဆိုအားပေးထိုက်ပါသည်။ ထို့ပြင် မူလဖန်တီးသူက အစကတည်းက ဆက်လက်ဖြန့်ဝေရန် ခွင့်ပြုထားလျှင် အကြောင်းမဟုတ်ပါ။

နည်းပညာ တိုးတက်မှုကို အသုံးချပြီး အားလုံး အလွယ်တကူ ရပါစေ ဆိုသော စေတနာဖြင့် ဖြန့်ဝေ ပေးနေကြသည်ကို ပြစ်တင် မပြောလိုပါ။ သို့သော် ထိုသို့ ဖြန့်ဝေမှုများက တဖက်တွင် ပြန့်နှံ့လာစေသလို တဖက်တွင် ဆုတ်ယုတ်လာစေသည်ကို သတိပြုစေလိုရင်း ဖြစ်ပါသည်။ မြစ်တို့ ချောင်းတို့၌ တဖက်တွင် သောင်ထွန်းလျှင် တဖက်တွင် ကမ်းပါးပြိုရသကဲ့သို့ ဖြစ်ပါသည်။ ဤတွင် `လွယ်လင့်တကူ ရရှိသည်´ ဆိုသော အချက်နှင့် `အသစ်မထုတ်လုပ်နိုင်´ ဆိုသော အချက်နှစ်ခုကို အလေးအနက် ချိန်ဆကြည့်ဖို့ သင့်ပါသည်။

နည်းပညာ တိုးတက် ပြောင်းလဲလာသည် နှင့်အမျှ ထိန်းကွပ်မှုပိုင်းကလည်း တိုးတက်လာဖို့ လိုပါသည်။ ထိန်းကွပ်သည် ဆိုရာတွင် အများလက်ခံနိုင်သည့် အခွင့်အရေးနှင့် တာဝန်ခံမှုများ ပါဝင်ဖို့ အရေးကြီးပါသည်။ လိုတမျိုး မလိုတမျိုး ရှုံ့ချည်နှပ်ချည် ထိန်းကွပ်မှုမျိုးက အလုပ်မဖြစ်ပါ။ နည်းပညာ တိုးတက်မှုကို အဆိုးမြင်ဖြင့် ကြည့်နေသမျှ မှန်ကန်သည့် လုပ်နည်းလုပ်ဟန်များ ပေါ်လာနိုင်စရာ မရှိပါ။ မမှန်ကန်သည့် ထိန်းကွပ်မှုများကြောင့် လွဲမှား အသုံးပြုမှုများ ပေါ်လာရသည်ဟုပင် ဆိုကောင်း ဆိုနိုင်ပါလိမ့်မည်။

မည်သို့ပင် ဖြစ်စေ အဆုံးစွန် ပဓာနကျသည့် အချက်မှာ သုံးစွဲသူများ၏ အသိတရားသာ ဖြစ်ပါသည်။ မိတ်ဆွေ အချင်းချင်း ငှားရမ်းတာ, ကူးယူခွင့်ပေးတာ နှင့် အများအတွက် ဖြန့်ဝေတာ အဓိပ္ပာယ်ချင်း မတူပါ။ လုပ်နည်းလုပ်ဟန်ချင်း မတူပါ။ စာကြည့်တိုက်များက အများပြည်သူ ဖတ်ရှုနိုင်အောင် ငှားရမ်းပေးတာနှင့် မတူပါ။ ကိုယ်မပိုင်သော အရာတခုကို စေတနာ ဗရပွနှင့် ဖြန့်ပေးသည် ဆိုသော်ငြား သက်ရောက်မှုများကို ထည့်သွင်းစဉ်းစား သင့်ပါသည်။ အကောင်းဆုံးကတော့ ကိုယ်ပိုင် ဖန်တီးတာတွေကိုသာ များများ ဖြန့်ဝေခြင်း ဖြစ်သည်။ ကိုယ်ပိုင် ဖန်တီးကြည့်မှ သူတပါး ဖန်တီးတာကို စာနာနိုင်ပါမည်။ နောက်တနည်းမှာ အညွှန်း, ဝေဖန်ချက်, ဆွေးနွေးချက်များ ရေးသား ဖြန့်ဝေခြင်း ဖြစ်ပါသည်။

တေးဂီတလောက ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်ရသည်မှာ ခိုးကူးခွေများကြောင့်ဟု ဆိုကြပါသည်။ ပြည်တွင်း ဈေးကွက်ကို ခိုးကူးက ၀ါးမြိုလိုက်သည့် သဘောဖြစ်သည်။ တကယ်တော့ ခိုးကူး လုပ်ငန်းမှာ ပြည်ပတွင်လည်း အကြီးအကျယ် ရှိပါသည်။ မြန်မာရှိရာ အရပ်တိုင်းလိုလို ခိုးကူးတွေ ရှိကြပါသည်။ အင်တာနက်ပေါ်မှာတော့ ပြောင်ကူးကြပါသည်။ ကွန်ပျူတာနှင့် ပတ်သက်လာလျှင် ၀င်းဒိုးစ်ကစ ဂိမ်းအဆုံး အလကား ကူးယူ သုံးစွဲသည့် အကျင့်က စွဲနေပြီဆိုတော့ ဘာလာလာ ကူးဖို့ရာ ၀န်မလေး ဖြစ်သွားကြဟန် တူပါသည်။

စာအုပ်လောကကော… ဆန့်ငင်ဆန့်ငင် ဖြစ်သွားမှာလား။ အီးစာအုပ်က ဂီတလို အလွယ်တကူ ဖတ်လို့ရတာ မဟုတ်လို့ လောလောဆယ်မှာတော့ အခြေမပျက်နိုင်သေးပါ။ သို့သော် တအိအိနဲ့ ပိုးထိုးသလို ဖြစ်လာနိုင်ပါသည်။ ထုတ်ပြီးသားတွေ အရောင်းထိုင်းလာလျှင် နောက်ထပ် အသစ် ထုတ်ဖို့တွေ နည်းသွားမှာ အသေအချာ ဖြစ်ပါသည်။

ပုံနှိပ်စာအုပ်များကို အီးစာအုပ် ပြောင်းပြီး အင်တာနက်ပေါ်တွင် ပြောင်ကူးဖြန့်ဝေ လုပ်ချင်တိုင်း လုပ်နေနိုင်ခြင်းက အနာဂတ်အတွက် ကောင်းသည့် လက္ခဏာတော့ မဟုတ်ပါ။

ဤစကားကို အဆိုးမြင် ဖြစ်သည်ဟု ဆိုကောင်း ဆိုကြပါမည်။ စာပေဆိုသည်မှာ လူ့အဖွဲ့အစည်းတွင် မှန်ကန်သော အသိတရား အတွေးအမြင် ပွားများလာဖို့ ဆောင်ရွက်သယ်ပိုး နေခြင်းဖြစ်သည် ဆိုလျှင် စာပေကို ချဉ်းကပ် ရယူသည့် နည်းလမ်းကိုယ်၌က မှန်ကန်နေဖို့ မလိုအပ်ပေဘူးလား။ ဤခံယူချက်အရ ကြည့်လျှင် အဆိုးမြင်ဟု မဆိုတန်ကောင်းပါ။

အနာဂတ်အတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းတခုမှာ တိုးတက်လာသော နည်းပညာကို အသုံးပြု၍ စနစ်ကျသည့် အွန်လိုင်းစာကြည့်တိုက်, အီးစာကြည့်တိုက်များ တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။

ဝင်းပေါ်မောင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 3, 2009

ကိုရီးယားနိုင်ငံရောက်မြန်မာများအတွက် ဒီဇိုင်းရေးဆွဲနည်းသင်တန်းဖွင့်မည်

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ စက်တင်္ဘာ ၁ ။

ဘူချောန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ(BMWH) ၊ မြန်မာအသင်း(ကိုရီးယား)နှင့် ၊ ကိုရီးယားနည်း ပညာတက္ကသိုလ်-၂ (Korea Poly-Technic College-2) တို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ၊ အသက်မွေးမှု အတတ်ပညာ အထောက်အကူပြု အစီအစဉ်အဖြစ် ၊ အဆောက်အဦး ဒီဇိုင်းနှင့် စက်ပစ္စည်း ကိရိယာများ ဒီဇိုင်းရေးဆွဲနည်းပညာဟု ခေါ်ဆိုနိုင်သည့် AUTO CAD နှင့် UNI Graphic ပညာတို့ကို အခမဲ့ သင်ကြား ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည် ။

သင်တန်းချိန်မှာ အပတ်စဉ် တနင်္ဂနွေနေ့ မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၆ နာရီ အထိဖြစ်ပြီး ၊ သင်တန်း ကာလမှာ ၂၀၀၉ စက်တင်္ဘာလ ၁၃ ရက်မှ နိုဝင်္ဘာလ ၁ ရက်နေ့ထိ ရက်သတ္တပတ် ၈ ပတ် ကြာမည် ဖြစ်ကြောင်း ၊ ရက်သတ္တ ၈ ပတ်တွင် အောက်တိုဘာလ ၄ ရက်နေ့ ချူးဆောက် ပွဲတော်ပိတ်ရက် နှင့် ၊ ဘူချောန်းမြို့တော် ယဉ်ကျေးမှုပွဲတော် (We Love Bucheon Festival) ကျင်းပမည့် စက်တင်္ဘာလ ၂၇ ရက် တနင်္ဂနွေ ၁ ရက် စုစုပေါင်း တနင်္ဂနွေ၂ ရက်တို့တွင် သင်တန်းနားမည်ဖြစ်ကြောင်း နှင့် သင်တန်းကို ဆုံနယ်ဘူတာ(Songnae Station) အနီးရှိ ကိုရီးယားနည်းပညာတက္ကသိုလ်-၂ (KPC-2) တွင် ပို့ချမှာဖြစ်ပြီး ၊ ပါမောက္ခနှင့်အတူ အဆိုပါတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများက လက်ထောက်ဆရာများအဖြစ် အနီးကပ် ကြီးကြပ် ပို့ချ ပေးမည်ဟု ဆိုသည် ။

သင်တန်း တက်ရောက်လိုသူများ 010-2331-2457 နှင့် 010-8356-3131 တို့ထံ စက်တင်္ဘာလ ၁၀ ရက်နေ့ ညနေ ၆နာရီ နောက်ဆုံးထား ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း ၊ သင်တန်းကို ကိုရီးယား - အင်္ဂလိပ် နှစ်ဘာသာဖြင့် ပို့ချမှာ ဖြစ်ကြောင်း ၊ သင်တန်းသား အရေအတွက် ကန့်သတ်မှု ရှိပါသဖြင့် ၊ မိမိကြောင့် အခြားသူများ နစ်နာမှု မရှိစေရေး (သူတစ်ပါး မနစ်နာစေရေး) အတွက် သင်တန်း အမှန်တကယ် တက်ရောက်နိုင်မည့် အခြေအနေရှိမှသာ စာရင်းပေးသွင်း ကြပါရန် သင်တန်းသား စုဆောင်းသူများက မေတ္တာရပ်ခံ နှိုးဆော်ထားကြောင်းလည်း သိရသည် ။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 2, 2009

XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)

http://www.ourmandalay.net/ မှကူးယူဖော်ပြပါသည်။

(၁)
Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry
editor ကိုဆိုလိုတာပါ။)

ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ
“control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို
ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click
နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့
Restart ပြန်လုပ်ပါ။


(၂)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့
အကြောင်း ပြောလာတတ်ပါတယ်။)

(၄)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅)
Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean
Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ
မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ်
သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆)
မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ်
အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇)
လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း
ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့
ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer
ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈)
Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား
လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။
ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory
ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable
pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉)
ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့
နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ
အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့
ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name
ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀)
ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့
အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ
pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ်
extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို
ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension
တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က
(.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd)
နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့
ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁)
ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။

Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ
ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂)
Hibernate မလုပ်ပါနဲ့။

Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ
ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင်
စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း
မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃)
Memory နည်းပါးနေတဲ့ အခါ

အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ
‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက်
လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature
အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို
သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory
မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င်
ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့
သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို
ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့်
အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက်
ကောင်းပါတယ်။

(၁၄)
Automatic update ကို ပိတ်သင့်ပါသလား။

အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို
ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ
ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက်
ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို
ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅)
ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆)
‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ
“C:/Windows/system32/shutdown.
exe”ကို ရွေးပေးပါ။ (XP.SP2
သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon”
အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇)
Keyboard shotcut တွေကိုသုံးပါ။

Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste
အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့်
နိုင်ပါတယ်။

(၁၈)
Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။

ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက်
သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို
အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ
ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို
အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ
တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း
အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ
ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း
စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉)
Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်

အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့
စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ်
ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ
font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား
လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

(၂၀)
Shift + Delete ကို သတိထားပါ။

ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ
ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို
နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား
အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး
သုံးစွဲပါ။

(၂၁)
Error report ကို ပယ်ဖျက်ပါ။

ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ
ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’
box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’
Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂)
‘Open-with’ ဆိုတာ

ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window
media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့
ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့
လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို
ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။
စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ
ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့
ဖွင့်လို့ ရပါတယ်။

(၂၃)
Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။

Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့
တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က
ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄)
Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း
ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး
စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅)
IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ်
ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို
ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည်
စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user
blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆)
Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။
အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇)
‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ
ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈)
Network အတွင်းလေ့လာ ကြည့်ခြင်း

ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင်
My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး
ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password
ရယူရပါမယ်။ My Network places မှာ ‘view word group computer’
ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉)
MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀)
Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း

ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး
ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့
ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး
paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’
ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ
တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

(၃၁)
Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ
တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို
အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား
ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂)
Pop-up တွေကို လက်မခံပါနဲ့။

Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့
အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE
ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up
ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့
နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

(၃၃)
Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို
ပေါင်းထည့် ပေးပါ။

IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက်
ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့်
မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄)
Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear
History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ်
ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data”
တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး
ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ
့မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool
တစ်ခုပါ။

(၃၅)
Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall
လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ
အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆)
Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။

များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင်
ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို
right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇)
Restore point ကို ဖျက်ပစ်ပါ။

ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း
အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ
ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော
လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up >
More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈)
တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter
ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊
တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool
ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို
အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉)
‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့
‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive
တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့
ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀)
မြန်မြန်ဆန်ဆန် Lock လုပ်နည်း

‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။
အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည်
ဝင်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။






--
yuzar

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, July 10, 2009

တောင်ကိုရီးယားဝက်ဆိုက် ၇ ခု တိုက်ခိုက်ခံရခြင်း

ကိုဝိုင်း(မိုးညှင်း)
ဇူလိုင် ၉ ၊ ဆောအူးလ် ။

တတိယအကြိမ် ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် ၊ တောင်ကိုရီးယားအစိုးရ ဝက်ဆိုက် ၁ ခုနှင့် ပုဂ္ဂလိကပိုင် အခြား ဝက်ဆိုက်များ ယနေ့ (ကြာသပတေးနေ့)တွင် တိုက်ခိုက်ခံရကြောင်း ၊ အဆိုပါ တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် မြောက်ကိုရီးယားသည် သံသယမကင်းဖွယ်ရှိကြောင်း ၊ တောင်ကိုရီးယား နိုင်ငံတော် ဆက်သွယ်ရေးကော်မရှင်မှ တာဝန်ရှိသူ မစ္စတာ ဂူကယိုယောင်း(Ku Kyo-young)ကပြောသည် ။

နောက်ဆုံးတိုက်ခိုက်ခံရမှုအပြီး ၂ နာရီအကြာတွင် တိုက်ခိုက်ခံရသောဆိုက်များအားလုံး အနက် ၊ဈေးအရောင်းအဝယ်ဆိုက် (shopping site) ၁ ခုမှ တစ်ပါး အခြားသော ဆိုက်များ ပုံမှန်အလုပ်လုပ်နေကြောင်း သိရသည် ။ ယောန်ဟပ်သတင်းအေဂျင်စီ(The Yonhap news agency) မှ သတင်းပေးပို့ချက်အရ ၊ ကေဘီဘဏ် ဝက်ဆိုက်သည်လည်း နာရီဝက်ခန့် ရပ်ဆိုင်းသွားသည်ဟု ဆိုသည် ။

အင်္ဂါနေ့ကမူ ကိုရီးယား ဝက်ဆိုက် ၁၂ ခုတို့ တိုက်ခိုက်ခံခဲ့ရပြီး ၊ နောက် ဗုဒ္ဒဟူးနေ့တွင် အစိုးရရုံးများဝက်ဆိုက်အပါအဝင် ဆိုက် ၁၀ ခုတို့ ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ကြာသပတေးနေ့တွင်မူ ၊ လွန်ခဲ့သည့် ရက်အနည်းအကြာက တိုက်ခိုက်ခံခဲ့ရသည့် ဗဟိုထောက်လှမ်းရေးအေဂျင်စီနှင့် ပတ်သက်နေသည့် အမျိုးသားဆိုင်ဘာလုံခြုံရေးဆင်တာ(the National Cyber Security Center) အပါအဝင်ဖြစ်သော ကိုရီးယားဝက်ဆိုက်အချို့တို့မှာ ၊ ကြီးကြီးမားမားအနှောင့်အယှက်မရှိသော်လည်း ပုံမှန်အလုပ်မလုပ်နိုင်ဘဲရှိနေကြကြောင်း လည်း သိရသည် ။

Ref;
1.http://www.google.com/hostednews/ap/article/ALeqM5jvH8X8qojQgzc1R8X_5PceTd1nWQD99AU4C00
2. http://www.ethiopianreview.com/articles/12508

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>