Thursday, February 28, 2013

ယခုတပတ် မြန်မာစင်တာမှာ...


၂၀၁၃ မတ်လ ၃ ရက်နေ့ တနင်္ဂနွေနေ့၊ ဘူဖျောင်းမြို့ မြန်မာစင်တာမှာ အောက်ပါ သင်တန်းများ ရှိပါတယ်။

၁) နံနက် ၁၀ နာရီ - ကိုရီးယား စကားပြော (ဆရာမ ဒေါ်လေးလေးမွန်)
၂) နံနက် ၁၀ နာရီ - ကိုရီးယားဘာသာ TOPIK 1/2 (ဆရာမ ဒေါ်သန်းသန်း)
၃) နံနက် ၁၁း၃၀ နာရီ - ကိုရီးယားဘာသာ TOPIK 3/4 (ဆရာမ ဒေါ်လေးလေးမွန်)
၎) မွန်းလွဲ ၁း၃၀ နာရီ - ကိုရီးယား စကားပြော (ဆရာမ ဒေါ်သန်းသန်း)
၅) ညနေ ၃း၃၀ နာရီ - ကိုရီးယား စကားပြော (ဆရာ ဦးသူရ)
၆) မွန်းတည့် ၁၂ နာရီ - ကွန်ပျူတာ ကျွမ်းကျင်သင်တန်း (ဆရာမ ဒေါ်စန်းစန်းကြည်)
၇) မွန်းလွဲ ၂ နာရီ - ကွန်ပျူတာ ကျွမ်းကျင်သင်တန်း (ဆရာမ ဒေါ်ဥမ္မာကျော်)

ယခုတပတ်မှ စတင်ဖွင့်သော တန်းခွဲသစ်များဖြစ်တဲ့ အမှတ်စဉ် ၂ နဲ့ ၄ သို့ တက်ရောက်မည့်သူများ မပျက်မကွက် စောစော လာရောက်ကြဖို့ နှိုးဆော်ပါတယ်။

ကွန်ပျူတာသင်တန်းမှာ နေရာ အနည်းငယ် ကျန်နေသေးတာမို့ တက်ရောက်လိုသူများ အမြန်ဆက်သွယ် လာရောက်ပါ။

ယခုသတင်းပတ်က ပထမပတ် ဖြစ်သော်လည်း ဆေးကုသပေးတဲ့ ဆရာဝန်များရဲ့ အချိန်အခက်အခဲကြောင့် ဒီတပတ်မှာ ဆေးစစ် မရှိပါ။ တတိယပတ် (မတ်လ ၁၇) ရက်နေ့ကျမှ ဆေးစစ် ရှိပါမယ်။

အားလုံးကို လေးစား ကြိုဆိုလျက်...
မြန်မာစင်တာ

No comments: