Thursday, February 28, 2013

ဆမ်အိလ်ဂျောလ် တော်လှန်ရေး (မတ် ၁ ဂျပန် တော်လှန်ရေးနေ့)


မနက်ဖြန် ကျရောက်မယ့် ဆမ်အိဂျောလ် (မတ် ၁ ဂျပန်တော်လှန်ရေးနေ့)အကြောင်း ကျနော် လေ့လာ မှတ်သားသမျှကို မြန်မာနိုင်ငံသားများ သိရှိစေရန်အတွက် ဖော်ပြလိုက်ပါတယ်။ အခု ရေးသားထားသော မှတ်စုဟာ ပြီးပြည့်စုံခြင်း မရှိသေးပါ။ စာဖတ်သူများ အမြန်ဆုံး သိရှိ လေ့လာ မှတ်သားနိုင်စေရန်အတွက် ရည်သန်၍ ဖော်ပြလိုက်ရာတွင် လိုအပ်ချက်များ ရှိပါက နားလည်ပေးပါရန်နှင့် ဆက်လက်ပြီး ဖြည့်စွက် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

စာဖတ်သူများကို လေးစားလျက်
ဇော်မိုးအောင်

၁၉၁၀ ခုနှစ် သြဂတ် ၂၂ ရက်မှစတင်ပြီး ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို မတရား သိမ်းပိုက်ခဲ့ပါတယ်။ မတရား သိမ်းပိုက်လိုက်ပြီးနောက် ကိုရီးယားနိုင်ငံသားများ ပိုင်ဆိုင်သော သတင်းစာတိုက်များ ပုံနှိပ်တိုက်များနဲ့ ဘုရင်ပိုင် အဆောက်အအုံများကို မတရား သိမ်းပိုက်ပြီး ဘာသာရေး၊ လူမျိုးရေးနဲ့ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ပါတော့တယ်။ ၁၉၁၀ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ ကိုရီးယားပိုင် မြေ စစ်တမ်းလုပ်ငန်းကို စတင်ပြီး မြေများကို မတရား သိမ်းပိုက်ခဲ့သဖြင့် တောင်သူ လယ်သမားများရဲ့ လယ်မြေများပါ မတရား သိမ်းပိုက်ခံခဲ့ရ၍ လယ်သမားများ များစွာ ဒုက္ခရောက်ခဲ့ကြရပါတယ်။ လူမျိုးများ ခွဲခြားဆက်ဆံမှုများအပြင် ကိုရီးယား အလုပ်သမားများဟာလည်း နည်းပေါင်းစုံနဲ့ မတရား နှိပ်ကွပ်ခံရပြီး အတင်းခိုင်းစေမှုများနဲ့ ရင်ဆိုင်ခဲ့ကြရပါတော့တယ်။ ၁၉၁၀ ခုနှစ်မှ စပြီး ကိုရီးယားနိုင်ငံဟာ ဂျပန်လက်အောက်က လွတ်မြောက်ရေးအတွက် ပြည်ပသို့ ထွက်ပြေးပြီး ရရာလက်နက်နဲ့ တော်လှန်ရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့များ ထူတောင်ခဲ့ကြပြီး ပြည်တွင်းမှာလည်း မြေအောက် လျှိုဝှက် ဆက်သွယ် လှုပ်ရှားမှုများကို အန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင် ဖြတ်ကျော်ရင်း အသက်ပေး လှုပ်ရှားခဲ့ကြပါတယ်။

၁၉၁၈ ခုနှစ် ဇန်န၀ါရီ အမေရိကန် သမတ ဝေါဆင်က ပထမ ကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် ကိုလိုနီ စနစ် ပပျောက်ရေး၊ အမျိုးသားရေး စနစ် ကျင့်သုံးရေးတို့အတွက် လှုံ့ဆော်ခဲ့တဲ့အတွက် အမျိုးသားအရေး လှုပ်ရှားရန်အတွက် ပြည်ပရောက် ကိုရီးယားမျိုးချစ်များရဲ့ စိတ်ထဲမှာ ကိန်းဝပ်ခဲ့ပြီး စိတ်ဓာတ်များ နိုးကြွလာခဲ့ကြပါတယ်။ ၄င်းနောက် ပြည်တွင်း ပြည်ပ မျိုးချစ် တော်လှန်ရေးသမားတို့ အတူတကွ လက်တွဲ လုပ်ဆောင်ရန် သဘောတူညီမှုများ ရရှိခဲ့ပြီး ၁၉၁၈ ခုနှစ် ဒီဇင်ဘာမှာ အမေရိကန်ရောက် ကိုရီးယား မျိုးချစ် တော်လှန်ရေးသမားများက ကိုရီးယားနိုင်ငံသားများ၏ အထွေထွေ ညီလာခံကို မစ္စတာ ယိစွန်မာန်အပါအ၀င် ကျင်းပခဲ့ကြပါတဲ့အပြင် ပြင်စ် (ပါရီ)မှာလည်း ကျင်းပခဲ့ကြပါတယ်။

ကိုရီးယား မျိုးချစ် တော်လှန်ရေးသမားများကို အမေရိကန်က နိုင်ငံက ထွက်ခွာခွင့် မပေးခဲ့သဖြင့် အမေရိကန် သမတထံ တောင်ဆိုးစာများ ပေးပို့ တင်ပြခဲ့ကြပါတယ်။

၁၉၁၉ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ ဂျပန်နိုင်ငံ တိုကျိုရှိ ကိုရီးယားနိုင်ငံသား ပညာတော်သင်ကျောင်းသားများအဖွဲ့က ဦးဆောင်ပြီး ကိုရီးယားနိုင်ငံ လွတ်လပ်ရေး ကြေညာ စာတမ်းကို ထုတ်ပြန် ဖြန့်ဝေခဲ့ပါတယ်။

ပြည်ပက စတင် လှုပ်ရှားမှုကို ကြားသိခဲ့ရတဲ့ ကိုရီးယား ရိုမာန်ကက်သလစ်အဖြစ်က ခေါင်းဆောင်များဟာ ခရစ်ယာန် ဘာသာဝင်များက တဆင့် လွတ်လပ်ရေး ကြေညာစာတမ်းကို ဖြန့်ဝေခဲ့ကြပါတယ်။

ပြည်ပက စတင် လှုပ်ရှားမှုကို ကြားသိခဲ့ရတဲ့ ကိုရီးယား ရိုမာန်ကက်သလစ်အဖြစ်က မစ္စတာ ယိစွန်ဟု(န်)အပါအ၀င် ခေါင်းဆောင်များဟာ ခရစ်ယာန် ဘာသာဝင်များက တဆင့် လွတ်လပ်ရေး ကြေညာစာတမ်းကို ပူးပေါင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြပါတယ။်

၎င်းနောက် ဗုဒ္ဓဘာသာဝင်များနဲ့ ခရစ်ယာန် ဘာသာဝင်များတို့ စုပေါင်းပြီး လွတ်လပ်ရေး ကြေညာစာတမ်းကို ဖြန့်ဝေရန်အတွက် အစီအစဉ်များ ရေးဆွဲပြီး ပြင်သစ် (ပါရီ) အစည်းအဝေးကြီးက ဂျပန် အစိုးရထံသို့ ပေးပို့ခဲ့သော လွတ်လပ်ရေး ကြေညာစာတမ်းကို ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ၇က်မှာ ပုံနှိပ်ပြီး ဘာသာရေးအဖွဲ့အစည်းများကို ဗဟိုပြဲုပြီး စတင် ဖြန့်ဝေခဲ့ကြပါတယ်။

၁၉၁၉ ခုနှစ် မတ် ၁ ရက် ဆိုးလ် (ဆောအုလ်)မြို့နဲ့ တပြိုင်နက် ဖြောန်းယာန်း၊ ဂျငန်နာမ်ဖို၊ အန်ဂျူဝ စောန်ချောန်၊ -၀ါန်ဆန် စတဲ့ မြို့ကြီးများပါ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖြန့်ချီပြီး တနိုင်ငံလုံး အမျိုးသား လွတ်မြောက်ရေးအတွက် စတင် လှုပ်ရှားခဲ့ကြပါတယ်။

ပထမဦးဆုံး အစီအစဉ် ရေးဆွဲခဲ့ကြသူ ဘာသာရေး ခေါင်းဆောင်များ အပါအ၀င် ၃၃ ဦးက စုပေါင်းပြီး ဆိုးလ် (ဆောအုလ်) ဂျုန်နို ထာဘ်ဂိုလ် ပန်းခြံမှာ ကျောင်းသားများနဲ့ ပူးပေါင်း လှုပ်ရှားရန် ကြိုတင် သဘောတူညီပြီးသားဖြစ်ပါတယ်။ အဆိုပါ သတင်း ပေါက်ကြားသွားခဲ့သဖြင့် ပန်းခြံနေရာအစား ထဲဝါန်အဆောက်အအုံမှာ လွတ်လပ်ရေး ကြေညာစာထမ်းကို ထုတ်ပြန်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ကြရတဲ့အပြင် ကျောင်းသားများကလည်း နဂိုက သဘောတူညီချက်အတိုင်း ထာဘ်ဂိုလ် ပန်းခြံ မှာဘဲ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားပြီး လွတ်လပ်ရေးတိုက်ပွဲ အောင်မြင်ရမည် ဟု ကြွေးကြော် ဖြန့်ဝေခဲ့ကြခဲ့ကြရာမှ ပြည်သူအများပါ ပါဝင် လှုပ်ရှားတဲ့အထိ ကျယ်ပြန့်ခဲ့ပါတော့တယ်။

၁၉၁၉ ခုနှစ် မတ် ၅ ရက် ဆိုးလ် (ဆောအုလ်)ဘူတာ ရှေ့မှာ ထပ်မံ လူစုပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြမှုများ မြို့နယ် ကျေးရွာများနဲ့ တောင်သူလယ်သမား ပါဝင် ပူးပေါင်းခဲ့ကြပြီး လူငယ်ကျောင်းသား ကျောင်းသူများပါ ပူးပေါင်း လာကြပါတယ်။ ဂယောင်ပြည်နယ် ပူချွန်းနဲ့ ဒဲဂုမြို့တို့ရှိ လျှို့ဝှက် အဖွဲ့အစည်းများက အထူး လှုပ်ရှားခဲ့ကြပါတယ်။ မတ် ၂၂ ရက်က အလုပ်သမား သမဂ္ဂ ညီလာခံကြီး ကျင်းပပြီး မော်တော်ကားနဲ့ မီရထား အလုပ်သများပါ စုပေါင်း သပိတ်မှောက် ဆန့်ကျင်ကြပြီး ဂျပန်အစိုးရထံ တောင်းဆိုကြပါတယ်။ မတ် ၁ ရက်မှ စတင်ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးမှာ ဆန္ဒပြပွဲပေါင်း ၁၊ ၅၄၂ ကြီမ်၊ ပါဝင်သူပေါင်း ၂၊ ၀၂၃၊ ၀၈၉ ဦး၊ သေဆုံးသူပေါင်း ၇၊ ၅၀၉ ဦး၊ ဒဏ်ရာရရှိသူပေါင်း ၁၅၊ ၉၆၁ ဦး၊ အဖမ်းခံရသူပေါင်း ၅၂၊ ၇၇၀ ဦး၊ ခရစ်ယာန်ကျောင်း ၄၇ ခု၊ ကျောင်း ၂ကျောင်း၊ ပြည်သူ့ အဆောက်အအုံ ၇၁၅ ခုတို့ မီးလောင် ဖျက်ဆီးခံခဲ့ရပါတယ်။

ပြည်တွင်း တော်လှန်ရေးနဲ့အတူ အမေရိကန်နိုင်ငံတွင်လည်း ဆန္ဒပြ တောင်းဆိုကြပြီး တရုတ်နိုင်ငံအတွင်းတွင်လည်း လွတ်လပ်ရေး ထုတ်ပြန်ကြေညာစာတမ်းကို ထောက်ခံ အားပေးသော အစည်းအဝေးကို ကျင်းပပြီး အမေရိကန်နိုင်ငံ ဆန်ဖန့်စစ္စကိုနဲ့ ဟာဝိုင်ယီတို့က လုပ်ဖော် ကိုင်ဘက်များက ငွေများ စုပြီး တရုတ်နိုင်ငံအတွင်းရှိ ကိုရီးယား ယာယီအစိုးရရဲ့ ဘဏ္ဍာငွေများ ထောက်ပံ့ပေးခြင်းနဲ့ ပြင်သစ် (ပါရီ) ညီလာခံတို့ကို ၀န်းရံ အားပေးခဲ့ကြပါတယ်။



မျိုးချစ် ခေါင်းဆောင်ကြီး ၃၃ ဦး၏ အမည်စာရင်း

손병희 길선주 이필주 백용성 김완규 김병조 김창준 권동진 권병덕 나용환 나인협 양전백 양한묵 유여대 이갑성 이명룡 이승훈 이종훈 이종일 임예환 박준승 박희도 박동완 신홍식 신석구 오세창 오화영 정춘수 최성모 최 린 한용운 홍병기 홍기조



ယူဂွာန်စု

ဆမ်းအိလ်ဂျောန် တော်လှန်ရေးနဲ့အတူ မေ့ပျောက်လို့ မရတဲ့ မျိုးချစ် သူရဲကောင်း တဦးကတော့ အထက်တန်း ကျောင်းသူ ယူဂွာန်စု(န်) ဖြစ်ပါတယ်။
ယူဂွာန်စု(န်)ကို ၁၉၀၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ ချူ(န်)ချောန်နာမ်ဒို (ပြည်နယ်) ချောန်အန်ရှီ (မြို့) ဒုန်နာမ်ဂု ဗြောင်းချောန်မြောန်တွင် ဖခင် ယူဂျူန်ဂွာန်နဲ့ မိခင် ယိစိုဂျဲတို့က မွေးဖွားခဲ့ပြီး မောင်နှမ ၅ဦးထဲမှ ဒုတိယမြောက် သမီး ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ် မတ် ၁၈ ရက်နေ့မှာ ယီဟွာကျောင်းက အလယ်တန်းအောင်မြင်ခဲ့ပြီး ဧပြီ ၁ ရက်မှာ ယီဟွာ အမျိုးသမီး အထက်တန်းကျောင်းသို့ စတင် တက်ရောက် ပညာသင်ယူခဲ့ပါတယ်။
၁၉၁၉ ခုနှစ် မတ် ၁ ရက်နေ့ ကျောင်းမှတဆင့် ဆိုးလ် (ဆောအုလ်)တွင် ကျင်းပတဲ့ လွတ်လပ်ရေး ကြေညာစာတမ်း ဖတ်ပွဲသို့ သွားရောက် ပူးပေါင်းခဲ့ပြီး နေအိမ်သို့ ပြန်လာခဲ့ပါတယ်။

၁၉၁၉ ခုနှစ် မတ် ၃ ရက် ဘုရင် ဂွာန်မုက နတ်ရွာစံသြုဖင့် ထိုနေ့တွင် လှုပ်ရှားမှုများ မပြုလုပ်နိုင်ခဲ့ပေ။
၁၉၁၉ မတ် ၅ ရက်က ဆိုးလ်မှာ ကျင်းပတဲ့ ဆန္ဒပြပွဲသို့ ပူးပေါင်းပါဝင်ခဲ့ရာ ရဲများရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပေမယ့် ပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်။ မတ် ၁၀ ရက်မှစပြီး ကျောင်းများကို ယာယီ ပိတ်ခဲ့ရပါတယ်။
မတ် ၁၄ ရက်မှ ၃၁ ရက်အထ မျက်နှာသုပ်ပုဝါကို ခေါင်းစီးပြီး ဆန္ဒပြပွဲသို့ ပူးပေါင်းရန် မြို့နယ် ရပ်ကွက်အတွင်း လှည့်လည်၍ လှုံဆော်ခဲ့ပါတယ်။ မတ် ၃၁ ရက် မဲဘုန်းတောင်ထိပ်ပေါ်တက်ပြီး မီးတုပ်ကို ထွန်းညှိပြီး တဆက်တည်း တောင်ပေါင်း ၂၄ လုံးတွင်းလည်း တော်လှန်ရေးသမားများက မီးတုပ်များကို ထွန်းညှိခဲ့ကြပါတယ်။

ဧပြီ ၁ ရက်မှာ မိခင်ဖခင်နဲ့ ဦးလေး အဒေါ်တို့ပါ ဦးဆောင် ပါဝင်လာပြီး အကိုဖြစ်သူ ယူအုစောဂ်က ဂုန်ဂျူမှာ ဆန္ဒပြယင်း ဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၉ ရက်မှာ ယူဂွာန်စု(န်)ကို ဂုန်ဂျူ တရားရုံးက ၅ နှစ် ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဇွန်လမှာ ယူဂွာန်စု(န်)နဲ့အတူ လုပ်ဖော်ကိုင်ဘက်များက ဂယောင်းဆန် ဘုဂ်ရှီ(မ်) တရားရုံးမှာ ထပ်မံ တရားစွဲဆိုခဲ့ပေမယ့် ယူဂွာန်စု(န်) အပေါင်းအပါများကို ဆိုလ်း ဆောဒဲမု(န်) အကျဉ်းထောင်မှာ ချုပ်နှောင်းထားခဲ့ကြပါတယ်။ ဇွန် ၃၀ ရက်မှာ အဆိုပါ တရားရုံးက ၃နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြန်ပါတယ်။ သြဂတ် ၂၈ ရက်မှ အကိုဖြစ်သူ ယူအုစောဂ်က ပြစ်ဒဏ် ၆လအစား ၂နှစ် ချမှတ်ခြင်း ခံရပါတယ်။

၁၉၂၀ ခုနှစ် မတ် ၁ ရက် နေ့လည် ၂ နာရီ ယူဂွာန်စု(န်)က ဆောဒဲမု(န်) အကျဉ်းထောင်ထဲက ဦးဆောင် ကြွေးကြော် ဆန္ဒပြ ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက် နံနက် ၈ နာရီ ၂၀မှာ ညှင်းပမ်း နှိပ်စက်မှု ဒဏ်ရာများကြောင့် ဆောဒဲမု(န်) အကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာ ၁၂ ရက်မှာ ယီဟွာကျောင်းသို့ သယ်ဆောင်လာပြီး ၁၄ ရက် ဂျောန်ဒုန် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ တရားဟောဆရာ ကင်းမ်ဂျူန်အုက ဦးဆောင်ပြီး အသုဘ အခမ်းအနားကို ကျင်းပပေးပြီး ဆိုးလ် ယိထဲဝါန် ပြည်သူ့ သုဿာန်မှာ မြေမြုပ် သဂြို င်္ဟ်ခဲ့ကြပါတယ်။ နောက်ပိုင်း ဂျ့ပန်တွေက ယိထဲဝါန် ပြည်သူ့ သုဿာန်ကို ဂျပန် စစ် သချိုင်းအဖြစ် သတ်မှတ် အသုံးပြုခဲ့သဖြင့် သူရဲကောင်း ယူဂွာန်စု(န်)ရဲ့ အုတ်ဂူပါ ဖျက်ဆီး ခံခဲ့ရပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ ချောန်အန် မဲဘုန်းတောင် အနီးတွင် သူရဲကောင်း ယူဂွာန်စု(န်) အေးချမ်းစွာ နားနေရန်အတွက် အထိမ်းအမှတ် အုတ်ဂူကို ဆောက်လုပ်ပေးခဲ့ပါတယ်။

No comments: