Wednesday, February 27, 2013

ဆော့ဂွမ်ဆာ ကျောင်းတိုက် ယောင်ဒမ် ဆရာတော်၏ ကိုယ်ရေးအကျဉ်း


လူအမည် - အိ(မ်)ဟာဂ်ဂယူ
ဘွဲ့တော် - ယောင်ဒမ်
ဆရာတော်ကို ၁၉၅၁ ခုနှစ် အောက်တိုဘာ ၂၉ ရက် ချု(န်)ချောန်နာမ်ဒို ဆောချောန်မြို့ ဆောမြောန် ဂဲယာရီ အမှတ် ၅၆တွင် မွေးဖွား
၁၉၆၆ ခုနှစ် အောက်တိုဘာ ၂၅ ရက် ဂုလွန်း ချောန်အမ်ဆာ ဘုန်းတော်ကြီး ကျောင်းတွင် ကိုရင် စ၀တ်
၁၉၆၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၉၇၃ ခုနှစ် မတ် ၁၅ ရက်
ဘူဆန် ဘောမ်အောဆာ ဘုန်းတော်ကြီးကျောင်းတွင် ဦးပဉ္ဖင်းအဖြစ်သို့ ခံယူ
၁၉၇၁ ခုနှစ် မတ် ၂၅ ရက် ဘောမ်အောဆာ ဘုန်းတော်ကြီးကျောင်းတွင် ပထမကြီးတန်း အောင်မြင်
၁၉၇၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ဒုန်ဂု ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ဘွဲ့ရရှိ
၁၉၈၁ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာ၊ လူမှုရေးပိုင်ဆိုင်ရာနှင့် ကလေးငယ်များ စောင့်ရှောက်ရေးပိုင်ဆိုင်ရာများကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက် လေ့လာ။
၁၉၈၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်၍ ဆော့ဂွမ်ဆာ ကျောင်းတော် တိုက်အုပ် ဆရာတော်
၁၉၈၇ ခုနှစ် ဂုလာဖာ ဘုရင်နိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးစဉ်
၁၉၈၈ ခုနှစ် အိန္ဒိယနှင့် အရှေ့တောင် အာရှသို့ ချစ်ကြည်ရေး ခရီးစဉ်
၁၉၉၂ ခုနှစ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအဖြစ် သွားရောက်ခဲ့
၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ကိုရီးယား ရုပ်မြင်သံကြားနှင့် အသံလွှင့်ပိုင်းဆိုင်ရာ တက္ကသိုလ်တွင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိ
၁၉၉၆ ခုနှစ် ၀န်ကြီးချုပ်က ချီးမြှင့်တော် နိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ရရှိ
၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ဒုန်ဂု ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဒီပလိုမာ ဘွဲ့ရရှိ
၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ဒုန်ဂု ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရရှိ
၂၀၀၂ ခုနှစ် ဇွန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
၂၀၀၃ ခုနှစ် သြဂတ်တွင် ပထမအကြီမ် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့
၂၀၀၅ ခုနှစ် ဒုတိယအကြီမ် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့
၂၀၀၇ ခုနှစ် တတိယအကြီမ် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့
၁၉၉၇ ခုနှစ် ၆ ကြီမ်မြောက် ဗုဒ္ဓဘာသာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးချုပ်
၁၉၉၉ ခုနှစ် ဗုဒ္ဓသတင်းစာ ဥက္ကဌ
၂၀၀၂ ခုနှစ် ဇူလိုင် သီရီလင်္ကာနိုင်ငံ လာမာယာ ဆု ချီးမြှင့်
၂၀၀၇ ခုနှစ် ဒုန်ဂုဂ် ဗုဒ္ဓဘာသာ တက္ကသိုလ် ညွှန်ကြားရေးမှူး
၂၀၀၈ ခုနှစ် မတ် ၁၅ ကြီမ်မြောက် ကိုရီးယားနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဦးစီးဌာနချုပ် ညွှန်ကြားရေးမှူး
၂၀၀၉ ခုနှစ် နိုဝင်ဘာ ဂျိုဂယဲဂျူန် သာသနာ့ အကျိုးတော်ဆောင်ဌာနချုပ် ညွှန်ကြားရေးမှူးချုပ်
ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ် ၄ အုပ်ကို ကိုယ်တိုင် ရေးသားပြုစုခဲ့ပါသည်။
ဆရာတော်သည် ဒီထက်မကသော တာဝန်များကို ထမ်းဆောင်နေပြီး ဗုဒ္ဓဘာသာ သာသနာအရေးကို စွမ်းစွမ်း တမံ ကြိုးပမ်း သာသနာပြုနေသော ဆရာတော်ဖြစ်ပါသည်။

No comments: