Tuesday, March 23, 2010

ကိုရီးယားယူနီကုဒ် နှင့် မြန်မာယူနီကုဒ်စနစ်တို့ကို နှိုင်းယှဉ် လေ့လာခြင်း

ကိုဝိုင်း (မိုးညှင်း)

ပြောပါရစေ

ကိုယ့်ဟာကိုဖော် မသူတော် လုပ်ရပေဦးမယ် ။ ကျွန်တော် ၂၀၀၆ ခုနှစ်က Hi Media Institute မှာ Web Master သင်တန်းကို တက်ခဲ့ပါတယ် ။ သင်တန်းမှာ HTML (Hyper Text Mark-Up Language), Java Script, Action Script နှင့် SQL (Sequence Quarry Language) ဘာသာရပ်တို့ကို သင်ယူခဲ့ရပါတယ် ။ Database သဘောတရား ၊ Programming သဘောတရား တို့ကို တီးမိခေါက်မိ သိရှိခွင့်ရခဲ့ပြီး ၊ ကိုရီးယား ယူနီကုဒ် စနစ်ကိုလည်း အမှတ်မထင် တွေ့ရှိခဲ့ပါတယ် ။ အဲဒီ အချိန်က စပြီး မြန်မာယူနီကုဒ်စနစ် ရှိလျင်ကောင်းမယ်လို့ စိတ်အကြံဖြစ်ခဲ့ပါတယ် ။ တီထွင်ဖို့ ကြံစည်ခဲ့ပါသေးတယ် ။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါ ။ ထင်သလောက်လွယ်တဲ့ ကိစ္စမဟုတ်ပါ ။ သို့ပေမယ့် အဲဒီပိုး ကျွန်တော့ရင်ထဲမှာ မသေနိုင်ဘဲ ရှိနေခဲ့ပါတယ် ။ အယ်လ်ဖာဇော်ဂျီ ယူနီကုဒ် ပေါ်ပြီဆိုတဲ့ သတင်းစကားကြားရချိန်ရောက်မှ သက်သာမှုရခဲ့ပါတယ် ။ ထိုမြန်မာယူနီကုဒ်စနစ်ကို အပတ်တကုတ် ကြိုးစားတီထွင်ခဲ့ကြပြီး ပြည်သူအများကို အခမဲ့ သုံးစွဲခွင့်ပေးခဲ့တဲ့ ပညာရှင်များကိုလည်း အကြိမ်ကြိမ် ဦးညွှတ် လေးစားခဲ့ပါတယ် ။ ယခုလည်းလေးစားနေဆဲဖြစ်သလို ၊ နောင်တွင်လည်း ဆက်လက် ဦးညွှတ်နေဦးမည်သာ ဖြစ်ပါတယ် ။

ကိုရီးယားယူနီကုဒ် သဘော စောကြောမိနိုင်စေဖို့

သို့ပေမယ့် အဲဒီ ယူနီကုဒ်စနစ်ကို သုံးကြည့်ရာ အဆင်မပြေမှုတွေ ရှိနေကြောင်းတွေ့ခဲ့ရပြီး ၊ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေရပြန်ပါတယ် ။ ကျွန်တော့် အနေဖြင့် အမြဲလိုလို ကိုရီးယားယူနီကုဒ်စနစ် နှင့် ယှဉ်ပြီး အဲဒီလိုမျိုး တီထွင်နိုင်ကြလျင် ကောင်းပေလိမ့်မယ်လို့သာ တောင်းတနေခဲ့ပါတယ် ။ ယခုအခါမှာ မြန်မာယူနီကုဒ်စနစ်များ အလျှိုအလျှို ပေါ်လာကြပြန်ပါတယ် ။ ပိုပြီးပြည့်စုံမှာပဲဟု မျှော်လင့်ခဲ့ပါတယ် ။ မျှော်လင့်နေဆဲလည်း ဖြစ်ပါတယ် ။ မြန်မာယူနီကုဒ် အသစ်များကို သုံးစွဲရပြန်တော့ တစ်မျိုးကောင်းပြီး အခြားတစ်မျိုးမှာ လိုနေသေးတာကို တွေ့ရပြန်ပါတယ် ။ နောက်ထပ် မြန်မာယူနီကုဒ်စနစ် အသစ် ကြံဆလိုသူများရှိလာလျင် ၊ ကိုရီးယား ယူနီကုဒ်စနစ် သဘောကို စောကြော မိနိုင်ကြစေဖို့ နှင့် စဉ်းစားရာမှာ တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုနိုင်စေဖို့ ရည်ရွယ်ပြီး ၊ ယခုဆောင်းပါးကို ရေးသား လိုက်ရခြင်းဖြစ်ပါတယ် ။

အပြည့်အစုံဖတ်ရန်


2 comments:

ZT said...

I read through your document and I realized that you tried to compare Korea Unicode with Zawgyi. Zawgyi is not a font that followed Myanmar Unicode standard. In Myanmar Unicode, it is not always what you see is how it really store. ေ have code point but it always follow alphabet in storage scheme. For example, ေက is stored in system as ကေ in Unicode Compliant font like Myanmar3 and Padauk.

ဝင်းပေါ်မောင် said...

ဆရာဝိုင်းရေ... မျှဝေတင်ပြတာကို ကြိုဆို အားပေးတယ်ဗျာ။ ဒီကိစ္စတွေကို ကျနော်လည်း အတော် စိတ်ဝင်စားပါတယ်။ ရသလောက်လည်း လေ့လာမိပါတယ်။ မြန်မာစာကို ကိုရီးယားလို လုပ်ရင် ဖြစ်နိုင်တယ် ဆိုတာလည်း တွေးမိတာ ကြာပါပြီ။ မြန်မာ ယူနီကုဒ်ဆရာများ သိမှာပါပဲလို့ ယူဆမိလို့ ၀င်မပြောဘဲ နေခဲ့ပါတယ်။ ကိုယ်ကလည်း သိပ်သိတာ မဟုတ်တော့ ၀င်မပြောရဲဘူးလေ။

ကိုရီးယားလို အသင့်ပေါင်းပြီးသား စာလုံးကို အဆင့်ဆင့် လဲသုံးတဲ့ စနစ်ဟာ မြန်မာစာနဲ့ သင့်တော်မယ်လို့ ယူဆပေမယ့် နောက်ထပ် ပြဿနာတွေလည်း ရှိလိမ့်မယ် ထင်ပါတယ်။ မြန်မာစာက စာလုံးတွေကို ပူးလိုက် ခွဲလိုက်နဲ့ ပုဒ်/ပုဒ်စု အလိုက် ရေးရတာမို့ စပေ့သုံးရတဲ့ ကိစ္စမှာ အတော် ခေါင်းခြောက်စရာ ဖြစ်မယ် ထင်တယ်။ ကျနော့် စိတ်ကူးကတော့ ကီးဘုတ်မှာ off-space တခု ထပ်တိုးရမယ် ထင်တယ်။

ကိုရီးယားစာမှာ စာပိုဒ်ညှိတဲ့အခါ စာလုံး တလုံးချင်းအလိုက် ကွဲထွက်သွားတာကို တွေ့ရတယ်။ မြန်မာစာမှာ အဲသလိုဖြစ်ရင် ဘယ်လိုနေမလဲ။ စဉ်းစားစရာပဲ။ ဥပမာ - အပေါ်ကြောင်းမှာ “ကို”၊ အောက်တကြောင်းမှာ “၀ိုင်း” ဆိုပြီး ဖြစ်နေသလိုမျိုးပေါ့။

လောလောဆယ်မှာတော့ ကျနော့်အဖို့ ဘယ်ယူနီကုဒ်နဲ့မှ အဆင်မပြေသေးတာ အမှန်ပါ။ ဖတ်မရ ရေးမရမို့ ဘေးခဏ ခနချထားတာ ကြာပါပြီ။ ဘာပဲဖြစ်ဖြစ် တနေ့မှာတော့ ပြီးပြည့်စုံရမယ်လို့ ယုံကြည်ပါတယ်။

လေးစားလျက်