Saturday, September 14, 2013

ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ ချူးဆောက်ကာလ ဓမ္မဒူတ(ကိုရီးယား)ဒုလ္လဘရဟန်းခံအလှူတော် ကြွရောက်ချီးမြှင့်တော်မူမည်

ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒသည် လာမည့် ချူးဆောက် ပိတ်ရက် (စက်တင်္ဘာ၁၈မှ၂၂)ကာလ အတွင်း ၊ ဓမ္မဒူတ(ကိုရီးယား)တွင် ပြုလုပ်မည့် ၈ ကြိမ်မြောက် စုပေါင်း ဒုလ္လဘရဟန်းခံအလှူတော် သို့ကြွရောက်ပြီး ၊သာဓုအနုမောဒနာတရား ချီးမြှောက်ဟောကြားတော်မူဖြစ်ပါသည်။

ဆရာတော်ကြီးသည် စက်တင်္ဘာလ ၁၈ ရက်ညနေ မြန်မာပြည်မှ စတင်ကြွတော်မူပြီး စက်တင်္ဘာလ ၁၉ ရက်နေ့ နံနက်တွင် တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိတော်မူပါမည် ။ ၄င်းနောက် ဓမ္မဒူတ(ကိုရီးယား)တွင် နေ့ဆွမ်းချီးမြောက်တော်မူပါမည်။ နေ့လည် ၁နာရီ မိနစ်၃၀ အချိန်တွင် မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် ပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် ဒုလ္လဘရဟန်းခံအလှူ တော် သာဓုအနုမောဒနာတရားကို ချီးမြှင့်တော်မူပါမည် ။

၎င်းနောက် ခေတ္တခဏ အနားယူပြီးနောက် ညနေပိုင်းတွင် တောင်ကိုရီးယားနိုင်ငံမှ မြန်မာပြည်သို့ ပြန်လည်ကြွချီတော်မူပါမည် ။

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၃ခုနှစ် စက်တင်္ဘာလ ၁၅
အင်ချောန်းမြို့

No comments: