Tuesday, September 17, 2013

ကိုကိုရွှေမြန်မာတို့ရဲ့ မေတ္တာ ၊ တယ်လီတော်ကီရဲ့ တုန့်ပြန်စေတနာ

ယနေ့ တောင်ကိုရီးယားနိုင်ငံ၌ ၊ ကိုရီးယားနိုင်ငံသားများပိုင် တယ်လီဖုန်းဆားဗစ် လုပ်ငန်းငယ်များ တဖြုတ်ဖြုတ်ကြွေလွင့်နေသော်ငြား ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပိုင်တယ်လီတော်ကီဖုန်းဆားဗစ်လုပ်ငန်း ငယ်လေးတစ်ခု အမှတ်မထင် အတည်တကျ ရပ်တည်နေနိုင်ခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါသည် ။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများက မြန်မာအချင်းချင်းရိုင်းပင်းကူညီကြရမည်ဟူသော အသိဖြင့် ၊ အချင်းချင်းအလေးအနက်ထားကူညီပံ့ပိုးအားပေးကြသောကြောင့်သာလျင် ၊ တယ်လီတော်ကီက ထိုသို့ ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟု အကြေအလည် နားလည်သဘောပေါက်ပါသည် ။

မြန်မာအချင်းချင်းအလေးအနက်ထား အားပေးကြသည့် မိတ်ဆွေများအားလုံးကို တယ်လီတော်ကီက အစဉ်မြဲ ကျေးဇူးတင်လျက်ရှိပါကြောင်း နှင့် မိတ်ဆွေတို့၏ ကျေးဇူးတရားကိုလည်း အစဉ်အမြဲ နှလုံးသွင်းလျက် ရှိပါကြောင်း အလေးအနက် ဖော်ညွှန်းအပ်ပါသည် ။

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ဆိုသကဲ့သို့ ၊ ကိုရီးယားနိုင်ငံရောက် ကိုကိုရွှေမြန်မာတို့အား တယ်လီတော်ကီက ကျေးဇူးတုန့်ပြန်လိုပါသည် ။

အစီအစဉ်မှာ ၊ တယ်လီတော်ကီစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၊ လာမည့် ၂၀၁၃ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ညနေ ၆ နာရီ အချိန်ထိ ၊ တယ်လီတော်ကီထံတွင် အားပေးခဲ့ကြသည့် အားပေးနေကြသည့် အားပေးကြဦးမည့် မိတ်ဆွေများအနက် အောက်ဖော်ပြပါ မိတ်ဆွေများအား ၊ သင့်တင့်လျောက်ပတ်ရာ မေတ္တာဆုငွေများချီးမြှင့်သွားမည်ဖြစ်ပါသည်-
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး

ချီးမြှင့်မည့် မေတ္တာဆုငွေမှာ ၊ အောက်ပါအတိုင်းဖြစ်ပါသည် -
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။

မှတ်ချက်-
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၃ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
- အသေးစိတ်အစီအစဉ် ထပ်မံကြေညာပါမည် ။

မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -

တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက်

No comments: