ကိုဝိုင်း(မိုးညှင်း)
ဧပြီ ၂၁ ရက် ၊ ဆောအူးလ်မြို့ ။
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား)၏ ဦးဆောင်စီစဉ်မှုဖြင့် ၊ နွေဦးရာသီအပမ်းဖြေ ဒေသန္တရ နှင့် ကိုရီးယား ယဉ်ကျေးမှု လေ့လာရေး ခရီးစဉ် အဖြစ် မေလ ၃ ရက် (တနင်္ဂနွေနေ့)တွင် ၊ ကယောင်းဂီပြည်နယ် ယုန်အင်း ဒေသရှိ ကိုရီးယား စံပြရိုးရာ ရွာသာယာ (한국민속촌) သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည် ။
ခရီးစရိတ်အဖြစ် တစ်ဦးလျင် ဝမ် နှစ်သောင်းငါးထောင်(ဝင်ကြေး၁၂,၀၀၀ပါပြီး) သတ်မှတ်ထားကြောင်း ၊ လိုက်ပါလိုသူများ နီးစပ်ရာ ဓမ္မဒူ ဗုဒ္ဓ ဘာသာအသင်း (ကိုရီးယား) ဝင်များ ထံသို့ ဖြစ်စေ ၊ ကိုမောင်မောင်ညွန့်ဝင်း(စကားဝါ)ထံ တိုက်ရိုက်ဖြစ်စေ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ၊ ယခုအစီအစဉ်သည် ကိုရီးယားနိုင်ငံရောက် မြန်မာများအနေဖြင့် ရှေးခေတ် ကိုရီးယားလူနေမှုစနစ်နှင့် ယဉ်ကျေးမှုတို့ကို တစ်နေရာတည်းတွင် ပီပီပြင် လေ့လာသိရှိ နိုင်ကြစေရန် ရည်ရွယ်လျက် ပြုလုပ်သောခရီးစဉ်ဖြစ်ကြောင်း ၊ အဆိုပါ ကိုရီးယား စံပြရိုးရာ ရွာသာယာတွင် ရှေးခေတ် ကိုရီးယားတို့ လက်ထပ်မင်္ဂလာ အခမ်းအနား ဆောင်ရွက်ပုံ (အစီအစဉ်အစအဆုံး) ၊ ကျေးလက်မြေဝိုင်းအက ၊ ကြိုးတန်းလမ်းလျှောက်အက ၊ စီးဆောအက ၊ ကိုရီးယား ကျေးလက် အပမ်းဖြေ ကစားနည်းများ ၊ ကိုရီးယား ပန်းပဲလုပ်ငန်းပညာ ၊ ပဲငါးပိလုပ်ငန်း ၊ ယက္ကန်းလုပ်ငန်း ၊ အိုးလုပ်ငန်း ၊ မွေးမြူရေးစနစ် ၊ စိုက်ပျိုးရေးစနစ် ၊ ကိုရီးယားတို့ ဂျင်ဆင်းဆေးဝါးဖော်စပ်ပုံ ၊ ရေအားဖြင့် စပါးကြိတ်ခွဲပုံ ၊ ရှေးခေတ်ကိုရီးယားတို့ ရေကြောင်းပို့ဆောင်ရေးစနစ် ၊ ကျေးလက်ဈေး စသည်တို့ကို မျက်ဝါးထင်ထင် လေ့လာသိရှိကြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာ ရိုးရာကျေးလက်ပြခန်းတွင် ၊ နိုင်ငံတကာ ကျေးလက်လူနေမှုစနစ်များကိုလည်း တစ်စုတစ်စည်းတည်း လေ့လာနိုင်မည့် ဖြစ်ကြောင်းသိရသည် ။
ထို့ပြင် ၊ ကိုရီးယား ရှေးခေတ် သို့မဟုတ် ကျေးလက် လူနေမှုဘဝ ဆိုင်ရာ ဗီဒီယို ရုပ်ရှင် ဇာတ်ဝင်ခန်း အတော်များများကို အဆိုပါ ရိုးရာကျေးလက် ရွာသာယာတွင် ရိုက်ကူးလေ့ရှိရာ ၊ မိတ်ဆွေတို့အနေဖြင့် အဆိုပါ ရိုးရာရွာသာယာတွင် ကိုရီးယား အမှတ်တရ နှင့် အထင်ကရ အလှအပ ဓါတ်ပုံ ၊ ဗီဒီယိုစသည်တို့ စိတ်ကြိုက်မှတ်တမ်းတင်နိုင်ကြမည် ဟုဆိုသည် ။
နမူနာအဖြစ်ကြိုတင်လေ့လာသိရှိလိုသူများ အောက်ပါအင်တာနက်လိပ်စာတွင် ၊ ကြည့်ရှုနိုင်ကြောင်းသိရသည်-
ကိုရီးယားရိုးရာရွာသာယာကြော်ငြာ (ကလစ်)
အသေးစိတ်အစီအစဉ်ကို ထပ်မံကြေငြာမည်ဟုဆိုသည် ။
Tuesday, April 28, 2009
ဓမ္မဒူတ(ကိုရီးယား) နွေဦးရာသီ အပမ်းဖြေနှင့် လေ့လာရေးခရီးထွက်မည်
Labels:
ကိုရီးယားယဉ်ကျေးမှု,
ဘ၀နေဟန်,
ကြေညာချက်,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment