Wednesday, June 18, 2014

ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော (၅)ကြိမ်မြော်က် ကိုရီးယားဘသာစကားသင်တန်းများ ဖွင့်လှစ်မည်

credit to - Ngwekyi Myonaing
ချစ်ခင် လေးစားရပါသော ရွှေ မြန်မာ အစ်ကို တို့ မောင် တို့ရှင့်

ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ မှ ရွှေမြန်မာများအတွက် ပူးပေါင်း ပြုလုပ်ပေးသော ကိုရီးယားဘာသာ အခမဲ့ ငါးကြိမ်မြောက် သင်တန်းများကို ဂင်မဲဓမ္မယာန ပြည်တော်ဦးဘုန်းကြီး ကျောင်းနှင့် ဂွမ်ဂျူး ပြည်တော်ဦးဘုန်းကြီး ကျောင်းများတွင်၂၀၁၄-၆-၂၂ မှ ၂၀၁၄-၈-၂၄ အထိ အပတ်စဉ် တနင်္ဂနွေတိုင်း ဆယ်ပတ်ကြာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါတယ်ရှင့်။ ပြုလုပ်ခဲ့ပြီးဖြစ်သော သင်တန်းများတွင် လေးကြိမ်တိုင်တိုင် ကြိုးကြိုးစားစား တက်ရောက် သင်ကြားခဲ့သော သင်တန်းသားဟောင်းများ အပြင် အသစ် အသစ်သော သင်တန်းသားများ အောက်ပါ တာဝန်ခံ ဆရာ/ဆရာမများထံ ဆက်သွယ် သင်တန်းစာရင်းသွင်း တက်ရောက် နိုင်ပါတယ်ရှင့်။ ယခု သင်တန်းတွင် မြန်မာဆရာ/ဆရာမများ အပြင် ကျွန်မတို့ ရွှေမြန်မာများ ကိုရီးယားစကားပြော အရည် အသွေး တိုးတက်စေရန် ကိုရီးယားလူမျိုး ဆရာများမှ Free korean topik သင်တန်းကိုလဲ ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့်။

ဂင်မဲ ဓမ္မယာန ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် အောက်ပါ တာဝန်ခံဆရာ/ဆရာမများမှ 
တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။

Level 1 (အခြေခံမှ စသင်သော သင်တန်းပါ။)
ဆရာမ ခင်ချမ်းမြေ့အောင် Ph- 010-5953-7141 နေ့လည် ၂နာရီ မှ ၄နာရီ

Level 2
ဆရာမ ခင်ငြိမ်းဆင့် ph- 010-6452-6730 နေ့လည် ၂နာရီ မှ ၄နာရီ

Level 3
ဆရာ စိုးလွင်လွင် ph- 010-2600-1294 နေ့လည် ၁၂နာရီ မှ ၂နာရီ

Level 4
ဆရာမ ငွေကြည်မျိုးနိုင် ph- 010-4170-0556 နေ့လည် ၁၂နာရီ မှ ၂နာရီ

ဂွမ်ဂျူး ပြည်တော်ဦး ဓမ္မယာန ဘုန်းကြီးကျောင်းတွင်
Level 2 နှင့် Level 3 သင်တန်းများကို
ဆရာမ ဒေါ်ခင်သူဇာ ph- 010-575-65641 နေ့လည် ၁၂နာရီ မှ ၃နာရီ အထိ တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။

သင်တန်းရွေးချယ်မှု့၊ ယခု သင်တန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။
ဘူဂယောင်းတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖြစ်သော ကျွန်မတို့ မောင်နှမ တစ်စုမှ ရွှေမြန်မာ အစ်ကိုတို့ ကိုရီးယားစကားအရည်အသွေး မြင့်မားလာရန် ကျွန်မတို့ တတ်စွမ်းသမျှဖြင့် ကူညီပေးချင်ပါတယ်ရှင့်။ သင်တန်းသား အဟောင်းများအပြင် အသစ်အသစ်သော သင်တန်းသားများ တက်ရောက်နိုင်ရန် မျှော်လင့်ပါတယ်ရှင့်။

No comments: