Wednesday, June 18, 2014

တိပိဋကဓရ စွန်းလွန်းဆရာတော်ဘုရားကြီးအား ပူဇော်ပွဲ ဖိတ်ကြားလွှာ

ဆရာတော်ဘုရားကြီး၏ ဓာတ်ပုံတော်ကို ဒယ်ဂုအသံက ကူးယူဖော်ပြပါသည်။ 
ဆရာတော်ဘုရားကြီးသည် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတော် (ဒဲဂု)သို့လည်း ကြွရောက်တော်မူခဲ့ပါသည်။
ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ခေါင်းဆောင် ဆရာတော် ဘဒ္ဒန္တ ဗုဒ္ဓရက္ခိတ (ကိုရီးယားနိုင်ငံသား)နှင့် ဒါယိကာ၊ ဒါယိကာမတို့၏ ပင့်ဖိတ်ချက်အရ ကိုရီးယားနိုင်ငံသို့ ကြွချီတော်မူလာသော တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရအား ပူဇ်ာပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် နိုးဆော်လိုက်ပါသည်။ 

ကျင်းပမည့် နေ့ရက်။ ။ ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက် တနင်္ဂနွေနေ့ 
ကျင်းပမည့် အချိန် ။ ။ ညနေ ၅နာရီခွဲ ( ဆရာတော်သည် ချု(န်)ချောန်ပြည်နယ်က ကြွလာပါမည်) 
ကျင်းပမည့် နေရာ ။ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ  

ဆရာတော်ဘုရားကြီးသည် ၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် တနင်္လာနေ့ ညနေ ၆နာရီ ၄၀ မီနစ် ကိုရီးယား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည်။

No comments: