ရေးသားသူ —စိုးမိုးသူ
အရာအရာတိုင်းကို မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ လိုက်တိုင်းတာလို့က
တော့ အရာမရောက်ဘူးလို့ မြင်မိလို့ စာတိုလေး တစောင် ချရေးလိုက် ပါတယ်။
တလောက သတင်းမှာ ဖတ်လိုက်ရတာပါ။
ကိုယ်လုံးဖော် ပန်းချီပြပွဲကို ၀င်ကြည့်တဲ့ အစိုးရအရာရှိက ကိုယ်လုံးတီး ပန်းချီတွေကို ၀အောင် ကြည့်ပြီးနောက် ဒီလိုပြခန်းမျိုးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ဝေဖန်သွားတာကို ကြားလိုက်မိ ပါတယ်။
ဖြစ်ရလေ။
ကိုယ်လုံးတီး ပန်းချီပြပွဲသွားပြီး လုံလုံခြုံခြုံ ၀တ်ထားတဲ့သူကို ရှာချင်တာလား၊
ကိုယ်လုံးတီး ပန်းချီအနုပညာကို ပြည်တွင်းမှာ ပပျောက်စေချင်တာလား၊
ဒီပုဂ္ဂိုလ်ရဲ့ အနုပညာခံစားတတ်မှု အရည်အသွေးကို အံ့သြမိပါတယ်။
ပြီးတော့ ရုပ်ရှင်ဇာတ်လမ်းအရ သရုပ်ဆောင်သူတွေက သရုပ်ဆောင်ပေးရတာကိုလည်း မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး ဆိုပြီး ပြစ်တင် ဝေဖန်တာတွေလည်း မြင်ကြားနေရပါတယ်။
အနုပညာဘက်တွင်သာမက ကိုယ်နှစ်သက်လို့ နိုင်ငံခြားသားကို ချစ်သူအဖြစ် ရွေးခြယ်ထားသူ မြန်မာ မိန်းကလေးများကိုလည်း အမျိုးသားရေးတို့၊ ယဉ်ကျေးမှု ဆိုတာတွေကို ဗန်းပြ အသုံးချပြီးနိုင်ငံခြားသားကို ချစ်သူထားသူ မြန်မာအမျိုးသမီးတွေကို အပုတ်ချ အတင်းပြောတတ်တဲ့ အမျိုးသားရေးမွှန်ထူ လူတစုကို လည်းတွေ့နေရပြန်ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ကာယကံရှင် မြန်မာအမျိုးသမီးလေးတဦးက ကျနော့်ကို ခုလိုပြောခဲ့ဖူးပါတယ်။
"ကျမအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ညှာတာ နားလည်မှု ရှိတာ၊ အတွေးအခေါ်၊ အယူအဆချင်း ညှိနှိုင်းလို့ရတာ၊ အပြန်အလှန် လေးစားနိုင်တာတွေက အရေးကြီးဆုံးလို့ ခံယူထားတဲ့အတွက် အဲဒီလို အချက်မျိုးသာ ပြည့်စုံပါစေ နိုင်ငံခြားသား ဆိုလို့လည်း ပြသနာကြီး မဖြစ်ခဲ့ဖူးဘူး။
လူကို လူလို့ပဲမြင်တယ်ပေါ့နော်။
ယဉ်ကျေးမှု့၊ ဘာသာရေး၊ ဘာသာစကားကွဲပြားတာကို ပြသာနာလို့ မမြင်တာလည်း ပါမယ်ထင်တယ်။
တကယ်လို့ ကိုယ်နဲ့ စိတ်သဘောထားတိုက်ဆိုင်၊ လေးစားတဲ့လူက မြန်မာလူမျိုးဖြစ်ခဲ့မယ် ဆိုရင်
တော့ အရာမရောက်ဘူးလို့ မြင်မိလို့ စာတိုလေး တစောင် ချရေးလိုက် ပါတယ်။
တလောက သတင်းမှာ ဖတ်လိုက်ရတာပါ။
ကိုယ်လုံးဖော် ပန်းချီပြပွဲကို ၀င်ကြည့်တဲ့ အစိုးရအရာရှိက ကိုယ်လုံးတီး ပန်းချီတွေကို ၀အောင် ကြည့်ပြီးနောက် ဒီလိုပြခန်းမျိုးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ဝေဖန်သွားတာကို ကြားလိုက်မိ ပါတယ်။
ဖြစ်ရလေ။
ကိုယ်လုံးတီး ပန်းချီပြပွဲသွားပြီး လုံလုံခြုံခြုံ ၀တ်ထားတဲ့သူကို ရှာချင်တာလား၊
ကိုယ်လုံးတီး ပန်းချီအနုပညာကို ပြည်တွင်းမှာ ပပျောက်စေချင်တာလား၊
ဒီပုဂ္ဂိုလ်ရဲ့ အနုပညာခံစားတတ်မှု အရည်အသွေးကို အံ့သြမိပါတယ်။
ပြီးတော့ ရုပ်ရှင်ဇာတ်လမ်းအရ သရုပ်ဆောင်သူတွေက သရုပ်ဆောင်ပေးရတာကိုလည်း မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး
အနုပညာဘက်တွင်သာမက ကိုယ်နှစ်သက်လို့ နိုင်ငံခြားသားကို ချစ်သူအဖြစ် ရွေးခြယ်ထားသူ မြန်မာ မိန်းကလေးများကိုလည်း အမျိုးသားရေးတို့၊ ယဉ်ကျေးမှု ဆိုတာတွေကို ဗန်းပြ အသုံးချပြီးနိုင်ငံခြားသားကို ချစ်သူထားသူ မြန်မာအမျိုးသမီးတွေကို အပုတ်ချ အတင်းပြောတတ်တဲ့ အမျိုးသားရေးမွှန်ထူ လူတစုကို လည်းတွေ့နေရပြန်ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ကာယကံရှင် မြန်မာအမျိုးသမီးလေးတဦးက ကျနော့်ကို ခုလိုပြောခဲ့ဖူးပါတယ်။
"ကျမအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ညှာတာ နားလည်မှု ရှိတာ၊ အတွေးအခေါ်၊ အယူအဆချင်း ညှိနှိုင်းလို့ရတာ၊ အပြန်အလှန် လေးစားနိုင်တာတွေက အရေးကြီးဆုံးလို့ ခံယူထားတဲ့အတွက် အဲဒီလို အချက်မျိုးသာ ပြည့်စုံပါစေ နိုင်ငံခြားသား ဆိုလို့လည်း ပြသနာကြီး မဖြစ်ခဲ့ဖူးဘူး။
လူကို လူလို့ပဲမြင်တယ်ပေါ့နော်။
ယဉ်ကျေးမှု့၊ ဘာသာရေး၊ ဘာသာစကားကွဲပြားတာကို ပြသာနာလို့ မမြင်တာလည်း ပါမယ်ထင်တယ်။
တကယ်လို့ ကိုယ်နဲ့ စိတ်သဘောထားတိုက်ဆိုင်၊ လေးစားတဲ့လူက မြန်မာလူမျိုးဖြစ်ခဲ့မယ် ဆိုရင်
လ ည်း မြန်မာလူမျိုးကို ကြိုက်ခဲ့မိမှာပါပဲ။" တဲ့
ဒေါ်စု ကိုရီးယားကိုလာတုန်းက လူတယောက်ကမေးပါတယ်။
မြန်မာမိန်းကလေးတွေ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ သူက မိန်းကလေးတွေကို မြန်မာ့ ယဉ်ကျေးမှုကို သစ္စာဖောက်သူလို အသုံးအနှုန်း နဲ့ ပြောဆိုမေးမြန်းပါတယ်။
ဒေါ်စုကဖြေပါတယ်။
တိုင်းပြည်တိုးတက်ဖို့ အရင်လိုပါတယ်။
တိုးတက်လာရင် ကိုယ်နှစ်သက်ရာ ၀တ်စားဆင်ယဉ်မှုကို ပြုလုပ်ရင်း တပြိုင်နက်ထဲမှာပဲ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုပါ ထိမ်းသိမ်းတဲ့ လှုပ်ရှားမှုတွေကိုပါ ကြိုးစားတတ် ပြုလုပ်တတ်လာလိမ့်မယ်တဲ့။
ဒေါ်စုက နိုင်ငံတိုးတက်အောင်အရင်လုပ်ပါ။
နိုင်ငံတိုးတက်လာတာနဲ့အမျှ ကျွဲကူးရေပါ ဆိုသလို အခြားအရာတွေကို မြင်တဲ့ အမြင်ပါ တိုးတက်လာသလို ကိုယ့်အရာကိုလည်း ဘယ်လိုထိမ်းသိမ်းရမယ်ဆိုတာကို မြင်သိလာလိမ့်မယ်လို့ ပြောလိုက်တာပါ။
ဒီစာမှာတော့ ရုပ်ရှင်အနုပညာအပေါ် ကျနော့်အမြင်ကိုပြောပါ့မယ်။
ဦးဆုံး အနုပညာကို အနုပညာလို ခံစားတတ်ဖို့ လိုပါတယ်။
ရုပ်ရှင်ဇာတ်ညွှန်းအရ လိုအပ်တဲ့ ဇာတ်ဝင်ခန်းတွေ အတွက် ဇာတ်ဆောင်များက လိုအပ်သလို သရုပ်ဆောင်ရင်း ပြည်သူ့ကို ဖျော်ဖြေပေးကြရတာပါ။
ဒါဟာ အနုပညာသမားတိုင်းရဲ့ တာဝန်နဲ့ ပရိသတ်အပေါ် ထားတဲ့ သစ္စာပါ။
ဇာတ်လမ်းပါအတိုင်း သရုပ်မဖော်ပြနိုင်ရင် အနုပညာအလုပ်ကို
ဆက်လုပ်ဖို့မသင့်ပါ။
သူဌေးအခန်း၊ ထန်းတက်သမား အခန်း ဘယ်အခန်းပဲဖြစ်ဖြစ် အမြဲတန်း ဘန်ကောက်ပုဆိုးကို ၀တ်ပြီး သရုပ်ဆောင်တတ်တဲ့ သွားလေသူ မင်းသားကြီး ၀င်းဦးလို သရုပ်ဆောင်သူတိုင်း ပရိသတ် ဦးစားပေးမှုကို မခံရနိုင်ပါ။
ကိုရီးယားမှာ ရုပ်ရှင်တိုင်းကို အသက်အရွယ် မရွေးကြည့်ခွင့် မပေးပါ။
၁၄နှစ်အောက်၊ ၁၉နှစ်အောက် စသဖြင့် အသက်အရွယ်ကို ပိုင်းခြား သတ်မှတ်ပြီးမှ ရုပ်ရှင်ကို ကြည့်ခွင့်ပေး ထားပါတယ်။
ရုပ်ရှင်ကြည့်သူအနေနဲ့လည်း ကိုယ့်အသက်နဲ့သင့်တော်တဲ့ ရုပ်ရှင်၊ ကိုယ်နှစ်သက်တဲ့ ဇာတ်လမ်းမျိုး ကို ရွေးကြည့်တတ်ဖို့လိုပါတယ်။
အချစ်ကားကြည့်ပြီးနောက် ဇာတ်ကားကို ကာမတရားနဲ့ ရုပ်ရှင် ဝေဖန်ရေး လုပ်တဲ့ ဘုန်းကြီးလိုမျိုး မဖြစ်စေလိုပါ။
လိုတာထက်ပို မြင်သူ ရှက်စရာ ဟိရီသြတ္တပ္ပ အလွန်အမင်း ကင်းတဲ့ သရုပ်ဖော်မှုမျိုး မဖြစ်သင့်ပေမယ့် ဇာတ်လမ်းကို သရုပ်ဖော်ဖို့ အတိုင်းအတာတခု အထိ အနုပညာသည်ရဲ့ ကြိုးစားပိုင်ခွင့်ကို ခွင့်ပြုပေး အသိအမှတ်ပြုပေး ရပါမယ်။
ကျယ်ပြန့်ကြီးမားလွန်းတဲ့ ယဉ်ကျေးမှု အသွင်သဏ္ဍာန် အမျိုးမျိုးကို သင့်တော်ရာ အမြင်နဲ့ မခံစားပဲ မြန်မာ့ယဉ်ကျေးမှုတခုထဲနဲ့တိုင်း တာပြီး သုံးသတ်ရင် မိမိရဲ့ ယဉ်ကျေးမှု ခံစားတတ်မှု နယ်ပယ်ကို ကျဉ်းမြောင်းစေတာပဲ ဖြစ်ပါတယ်။
ဒီလိုသာ အရာရာကို တိုင်းပြည်တွင်း ဓလေ့များနဲ့ တိုင်းတာပြီး သုံးသတ်ကြမယ်၊ ကြည့်ကြမယ် ဆိုရင်တော့ မြန်မာပြည်မှာ ပြည်သူလူထု ဆင်းရဲကြောင်း ရိုက်ပြတဲ့ ဇာတ်ကားမျိုးတွေတောင် မရိုက်သင့်ဘူးလို့ပြောရမလို ဖြစ်နေပါတယ်။ နိုင်ငံတကာအမြင်မှာ မြန်မာတွေဆင်းရဲကြတာမြင်ပြီး တိုင်းပြည်သိက္ခာကျတယ်လို့ ယူဆနိုင်သလို ဖြစ်နေလို့လေ။
တိုင်းပြည်တွင်း မကောင်းတဲ့ သရုပ်တွေကို ရုပ်ရှင်ရိုက်ရင် တိုင်းပြည်သိက္ခာ ကျမှာမို့ အဲဒီလိုဟာတွေ မရိုက်ရဘူးဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရုပ်ရှင်ဆင်ဆာ အဖွဲ့ရဲ့ ချုပ်ခြယ်မှုတွေကို သတိရစေချင်ပါတယ်။
နောက်ပြီး လူငယ်တွေကို အတုမြင် အတတ်သင်တယ်လို့ ဘောင်ထဲ ရိုက်သွင်းပြီး စွတ်စွဲတာမျိုး မလုပ်သင့်ပါ၊ မြင်တာကို သင်ရမယ်လို့လူငယ်တိုင်း မယူဆကြပါ။
အချုပ်အားဖြင့် ယဉ်ကျေးမှု ပုံစံမျိုးစုံကို ထိတွေ့ခံစားတတ်ပြီးနောက် မိမိနဲ့ သင့်တော်ရာ ယဉ်ကျေးမှုပုံစံကို အတုယူ ကျင့်သုံးခွင့်ကို ရွေးခြယ်တတ်တဲ့ တိုးတက်တဲ့ ကျယ်ပြန့်တဲ့ အနုပညာ ခံစားနိုင်စွမ်း ရှိသူများ ဖြစ်ကြပါစေလို့ မျှော်လင့်မိပါတယ်။
သူဌေးအခန်း၊ ထန်းတက်သမား အခန်း ဘယ်အခန်းပဲဖြစ်ဖြစ် အမြဲတန်း ဘန်ကောက်ပုဆိုးကို ၀တ်ပြီး သရုပ်ဆောင်တတ်တဲ့ သွားလေသူ မင်းသားကြီး ၀င်းဦးလို သရုပ်ဆောင်သူတိုင်း ပရိသတ် ဦးစားပေးမှုကို မခံရနိုင်ပါ။
ကိုရီးယားမှာ ရုပ်ရှင်တိုင်းကို အသက်အရွယ် မရွေးကြည့်ခွင့် မပေးပါ။
၁၄နှစ်အောက်၊ ၁၉နှစ်အောက် စသဖြင့် အသက်အရွယ်ကို ပိုင်းခြား သတ်မှတ်ပြီးမှ ရုပ်ရှင်ကို ကြည့်ခွင့်ပေး ထားပါတယ်။
ရုပ်ရှင်ကြည့်သူအနေနဲ့လည်း ကိုယ့်အသက်နဲ့သင့်တော်တဲ့ ရုပ်ရှင်၊ ကိုယ်နှစ်သက်တဲ့ ဇာတ်လမ်းမျိုး ကို ရွေးကြည့်တတ်ဖို့လိုပါတယ်။
အချစ်ကားကြည့်ပြီးနောက် ဇာတ်ကားကို ကာမတရားနဲ့ ရုပ်ရှင် ဝေဖန်ရေး လုပ်တဲ့ ဘုန်းကြီးလိုမျိုး မဖြစ်စေလိုပါ။
လိုတာထက်ပို မြင်သူ ရှက်စရာ ဟိရီသြတ္တပ္ပ အလွန်အမင်း ကင်းတဲ့ သရုပ်ဖော်မှုမျိုး မဖြစ်သင့်ပေမယ့် ဇာတ်လမ်းကို သရုပ်ဖော်ဖို့ အတိုင်းအတာတခု အထိ အနုပညာသည်ရဲ့ ကြိုးစားပိုင်ခွင့်ကို ခွင့်ပြုပေး အသိအမှတ်ပြုပေး ရပါမယ်။
ကျယ်ပြန့်ကြီးမားလွန်းတဲ့ ယဉ်ကျေးမှု အသွင်သဏ္ဍာန် အမျိုးမျိုးကို သင့်တော်ရာ အမြင်နဲ့ မခံစားပဲ မြန်မာ့ယဉ်ကျေးမှုတခုထဲနဲ့တိုင်း
ဒီလိုသာ အရာရာကို တိုင်းပြည်တွင်း ဓလေ့များနဲ့ တိုင်းတာပြီး သုံးသတ်ကြမယ်၊ ကြည့်ကြမယ် ဆိုရင်တော့ မြန်မာပြည်မှာ ပြည်သူလူထု ဆင်းရဲကြောင်း ရိုက်ပြတဲ့ ဇာတ်ကားမျိုးတွေတောင် မရိုက်သင့်ဘူးလို့ပြောရမလို ဖြစ်နေပါတယ်။ နိုင်ငံတကာအမြင်မှာ မြန်မာတွေဆင်းရဲကြတာမြင်ပြီး တိုင်းပြည်သိက္ခာကျတယ်လို့ ယူဆနိုင်သလို ဖြစ်နေလို့လေ။
တိုင်းပြည်တွင်း မကောင်းတဲ့ သရုပ်တွေကို ရုပ်ရှင်ရိုက်ရင် တိုင်းပြည်သိက္ခာ ကျမှာမို့ အဲဒီလိုဟာတွေ မရိုက်ရဘူးဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရုပ်ရှင်ဆင်ဆာ အဖွဲ့ရဲ့ ချုပ်ခြယ်မှုတွေကို သတိရစေချင်ပါတယ်။
နောက်ပြီး လူငယ်တွေကို အတုမြင် အတတ်သင်တယ်လို့ ဘောင်ထဲ ရိုက်သွင်းပြီး စွတ်စွဲတာမျိုး မလုပ်သင့်ပါ၊ မြင်တာကို သင်ရမယ်လို့လူငယ်တိုင်း မယူဆကြပါ။
အချုပ်အားဖြင့် ယဉ်ကျေးမှု ပုံစံမျိုးစုံကို ထိတွေ့ခံစားတတ်ပြီးနောက် မိမိနဲ့ သင့်တော်ရာ ယဉ်ကျေးမှုပုံစံကို အတုယူ ကျင့်သုံးခွင့်ကို ရွေးခြယ်တတ်တဲ့ တိုးတက်တဲ့ ကျယ်ပြန့်တဲ့ အနုပညာ ခံစားနိုင်စွမ်း ရှိသူများ ဖြစ်ကြပါစေလို့ မျှော်လင့်မိပါတယ်။
စိုးမိုးသူ facebook..>smthu2006
2 comments:
right!i agreed it,bravo!
လိမ်မ္မော်ရောင် ဟိုက်လိုက်ရေးသားထားတဲ့ စာပိုဒ်နဲ့ပတ်သတ်ပြီး အနည်းငယ်ဆွေးနွေးချင်ပါတယ်.အမျိုးသားရေးနဲ့ ပတ်သက်ပြီး လက်လွတ်စပယ်ွမရေးသားစေချင်ပါဘူး.လွတ်လပ်တဲ့အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံမှာ အမျိုးသားရေးဟာ အရေးမကြီးဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ် .ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာစကားဟာ ဘယ်လိုမှ တန်ဘိုးဖြတ်မရနိုင်ပါဘူး .တိုင်းရင်းသားလူမျိုးတွေအတွက်ဆို ပိုလို့တောင် အရေးကြီးပါတယ် .
Post a Comment