Monday, March 31, 2014

စင်တာတိုင်းတွင် မြန်မာစကားပြန်ထားရှိဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ရေးသားသူ — စိုးမိုးသူ

ဒေသအသီးသီးရှိ နိုင်ငံခြားသားအလုပ်သမားကူညီရေး စင်တာတိုင်းတွင် မြန်မာစကားပြန်ထားရှိဖို့အတွက် အတူ ပူးပေါင်းဆောင်ရွက်မယ့် ညီအကိုမောင်နှမများကို ဖိတ်ခေါ်ပါတယ်။

# 인천, 부평, 의정부, 경기도 광주, 전라도 광주, 대구, 대전, 포천,수원,화성စတဲ့ ဒေသတွေမှာ နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ အီးနိုင်း အလုပ်သမားများအနက်
- မြန်မာပြည်မှာ ကိုရီးယားဘာသာဖြင့်ကျောင်းပြီးထားသူ၊
- ကိုရီးယားဘာသာသင်တန်းဖွင့်ခဲ့ဖူးသူ၊
- ကိုရီးယားဘာသာစာမေးပွဲကို level 4 အဆင့်ထိ အောင်ထားပြီးသူ၊
- ကိုရီးယားစကားပြော ကျွမ်းကျင်သူ


# 인천, 부평, 의정부, 경기도 광주, 전라도 광주, 대구, 대전, 포천,수원,화성စတဲ့ ဒေသတွေမှာ
- ကိုရီးယားဘာသာဖြင့် ကျောင်းတက်နေသူ


# 인천, 부평, 의정부, 경기도 광주, 전라도 광주, 대구, 대전, 포천,수원,화성စတဲ့ ဒေသတွေမှာ နေထိုင်သော ကိုရီးသားစကားပြော ကျွမ်းကျင်သူများအား အောက်ပါ လုပ်ငန်းများ လုပ်ဆောင်ပေးပါရန် လေးစားစွာ ပန်ကြား ဖိတ်ခေါ်အပ်ပါတယ်။

<<လုပ်ငန်းများ>>
၁။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မပျက်မကွက် မိမိတာဝန်ကျရာ စင်တာသို့ သွားရောက်ကာ စင်တာရုံးချိန်အတွင်း အလုပ်သမားပြသနာအကူညီတောင်းရန်လာသည့် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခက်အခဲများအား စင်တာတာဝန်ခံ ကောင်းစွာ နားလည်သဘောပေါက်စေရန် ဘာသာပြန်ပေးပါရန်။

၂။ အခက်အခဲဒုက္ခရောက်သူ မြန်မာနိုင်ငံသားများ၏ ပြသနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဘာသာပြန်သူအား ပြုစုပျိုးထောင်သည့် သင်တန်းအား မပျက်မကွက် တက်ရောက်ပေးပါရန်။
၃။ အပတ်စဉ် လာရောက်တိုင်ပင်ကြသည့် မြန်မာနိုင်ငံသားများ၏ ပြသနာများအား ကောင်းစွာ မှတ်တမ်းပြုစုပြီး smthu2006@gmail.comသို့ ပေးပို့ပေးပါရန်။

၎။ အတိုင်ပင်ခံ မြန်မာများ မရှိသေးသည့် အချိန်များတွင် အလုပ်သမားရေးရာဥပဒေများ၊ သတင်းများ၊ သိကောင်းဖွယ်ရာများအား မြန်မာဘာသာပြန်ကာ smthu2006@gmail.comသို့ ပေးပို့ပေးပါရန်။

ပြန်လည် ခံစားခွင့်။
 ၁။ စင်တာတွင်း မြန်မာစကားပြန်ထားရှိဖို့အတွက် လိုလားကြသည့် မြန်မာအလုပ်သမားများမှ စုဆောင်းထောက်ပံ့သည့် ငွေဖြင့် တရက် ၀မ် ၅သောင်းကို ကျေးဇူးတင်စရိတ်အဖြစ် ညီအကိုမောင်နှမများရဲ့ ကူညီမှုအား အသိအမှတ်ပြုပါရစေ။

၂။ အမြဲတန်း လစာဖြင့် ခန့်အပ်သော စင်တာ တာဝန်ခံအဖြစ်သို့ရောက်အောင် ကြိုးစားအားထုတ်ပေးပါမယ်။(ဗီစာပြောင်းပေးခြင်း အပါအ၀င်)

၃။မြန်မာအလုပ်သမားများရဲ့ ကျေးဇူးတင်ခြင်း မေတ္တာကို ခံစားရပါမယ်။
ကျေးဇူးတင်ပါတယ်။

 စွမ်းနိုင်သူများ ၀ိုင်းဝန်း ကူညီကြပါ။
ရိုကျိုးစွာဖြင့်
စိုးမိုးသူ

No comments: