Wednesday, May 14, 2014

သီတဂူဆရာတော်ကြီး ကိုရီးယားသို့ ကြွချီလာခြင်းနှင့် တရားပွဲ အစီအစဉ်များ

သီတဂူဆရာတော်ကြီးသည် ယနေ့ ၂၀၁၄ ခုနှစ် မေ ၁၄ ရက် နံနက် ၇နာရီခွဲခန့်က ကိုရီးယား လေကြောင်းနဲ့ ကိုရီးယားနိုင်ငံ အင်ချောန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ကြွချီလာပါတယ်။ ဆရာတော်ကြီးကို ကင်မ်ပို ပြည်တွင်း လေကြောင်းလမ်း စတုတ္ထထပ်တွင် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါတယ်။ ဆရာတော်ကြီးသည် နေ့ဆွမ်းကို ဘုန်းပေးပြီး ကိုရီးယား လေကြောင်းနဲ့ ကင်းမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ထွက်ခွာ ကြွချီသွားပါတယ်။ ယခု ဆရာတော်ကြီး၏ ခရီးစဉ်သည် ဓမ္မယာနကျောင်းတော် (ဘူဆာန်)၏ ကျောင်းသစ် ဖွင့်ပွဲသို့ ကြွရောက်ချီးမြှင့်ခြင်း ဖြစ်ပါသည်။

  

၂၀၁၄ ခုနှစ် မေ ၁၄ ရက် နေ့လည် ၁နာရီအချိန်ခန့်က သီတဂူ ဆရာတော်ကြီးသည် ကင်မ်ဟဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ကြွချီလာရာ ဓမ္မယာန ကျောင်း ဆရာတော် အသျှင် ပဏ္ဍိစ္စအပါအ၀င် မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနဲ့ ဒါကာ၊ ဒါကာမအပေါင်းတို့က ကြိုဆိုကြပါတယ်။ ( ဓာတ်ပုံ မင်းခန့် FB ကတဆင့် ကူးယူဖော်ပြပါတယ် )

သီတဂူဆရာတော်ကြီး၏ တရားပွဲ အစီအစဉ်များ 
၁။ ဓမ္မယာနကျောင်းတော် (ဘူဆာန်)တွင် 
၁။ မေ ၁၅ ရက် ကြာသပတေးနေ့နှင့် ၁၆ရက် သောကြာနေ့  ည ၇နာရီမှ ၉နာရီ အချိန်အထိ ကိုးရီးယားနိုင်ငံသားများအတွက် တရားပွဲ 
၂။ မေ ၁၇ရက် စနေနေ့ ည ၈နာရီမှ ၁၀နာရီ အချိန်အထိ၊ မြန်မာနိုင်ငံသားများ အတွက် တရားပွဲ 
၃။ မေ ၁၈ရက် တနင်္ဂနွေနေ့ နံက် ၉နာရီမှ ၁၁နာရီ အချိန်အထိ မြန်မာနိုင်ငံသားများ အတွက် တရားပွဲ
 
၂။ မြန်မာအသင်း (ကိုရီးယား)က ဦးစီး ကျင်းပသော တရားပွဲ 
တရားပွဲ နေ့ရက် ။ ၂၀၁၄ ခုနှစ် မေ ၁၈ ရက် တနင်္ဂနွေနေ့ 
တရားပွဲ အချိန် ။ ညနေ ၄နာရီ တရားပွဲ 
ကျင်းပမည့် နေရာ ။ ဆောကွာန်ဆာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဘုရားခမ်းမဆောင်ကြီး 
 
၃။ မြန်မာ ထေရ၀ါဒ သာသနာပြုဆရာတော်များ၏ ပင့်ဖိတ်ချက်အရ သြ၀ါဒခံယူပွဲ 
သြ၀ါဒ ခံယူမည့် နေ့ရက် ။ ၂၀၁၄ ခုနှစ် မေ ၁၉ ရက် တနင်္လာနေ့ 
သြ၀ါဒ ခံယူမည့် အချိန် ။ နေ့လည် ၁နာရီ 
သြ၀ါဒ ခံယူမည့် နေရာ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင်ခန်းမ 
 
 

No comments: