Tuesday, July 8, 2008

ကိုရီးယားနိုင်ငံ ဆေးဝါးရောင်းဝယ်ရေး အဖွဲ့ချုပ်မှ မြန်မာအစိုးရအား ဆေးဝါးများလှူဒါန်း

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးမျိုးလွင်(လက်ဝဲဖက်မှဒုတိယမြောက်လူ)မှ လက်ခံနေစဉ်

ဇူလိုင်၇


ကိုရီးယားနိုင်ငံ ဆေးဝါး ရောင်းဝယ်ရေး အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ နာဂစ်လေမုန်တိုင်း ဒုက္ခသည်များအား ဆေးဝါးများ ကူညီနိုင်ရန်အတွက် မြန်မာအစိုးရအား ၀မ် သန်း(၂၈၀)ဖိုးရှိ ဆေးဝါးများ လှုဒါန်းလိုက်ကြောင်း သိရှိရသည်။


ထိုဆေးဝါးများအား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးလွင်မှ ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နေ့က ဆေးဝါးရောင်းဝယ်ရေး အဖွဲ့ချုပ်ရုံးသို့ သွားရောက် လက်ခံရယူခဲ့သည်ဟု သိရှိရသည်။ ထိုအဖွဲ့မှ လှုဒါန်းသည့် ဆေးဝါးများမှာ ပဠိဇီဝဆေးဝါးများ၊ အအေးမိပျောက်ဆေးများ၊ အစာကြေဆေးများ၊ မျက်စဉ်းဆေးများ၊ အရေပြားဆိုင်ရာဆေးဝါးများ၊ ဗီတာမင်ဆေးဝါးများ၊ အစရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာကြောင့် ဖြစ်ပွားတတ်သော ရောဂါများအား ပျောက်ကင်းစေသော ဆေးဝါး အမျိုးအစားများ ဖြစ်သည်ဟု သိရှိရသည်။
ထိုအဖွဲ့မှ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့် နောက်ပိုင်းတွင် မုန်တိုင်း တိုက်ခတ် ခံရသည့် ဒေသများတွင် သွားရောက်ကူညီနေကြသည့် လူမှုရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တဆင့်လည်း ဆေးဝါးများ လှုဒါန်းခဲ့ပြီး ယခုအကြိမ်တွင် မြန်မာအစိုးရသို့ တိုက်ရိုက် လှုဒါန်းခြင်း ဖြစ်ကြောင်းသိရှိရသည်။


No comments: