ဓါတ်ပုံ k-m illbo
ဇူလိုင်၇
ကိုရီးယားနိုင်ငံ အင်ချွှန်းမြို့ရှိ ဂျုအန်းဂျန်းလိုး ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများနှင့် အ၀တ်အထည်ပေါင်း ၂သောင်းခန့်ကို ဇူလိုင်လ ၆ရက်နေ့က ပူဆန်းဆိပ်ကမ်းမှတဆင့် ပေးပို့လိုက်ပြီကြောင်းသိရှိရသည်။ (အပေါ်ပုံ)
ပေ ၂၀ ကွန်တိန်နာ ၂လုံးနီးပါးရှိ အ၀တ်အထည်များနှင့် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်း များသည် လွန်ခဲ့သည့် ၂လခန့်မှ စတင်၍ ထိုဘုရားကျောင်းသို့ လာရောက် ၀တ်ပြုဆုတောင်းသူများမှ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ရည်ရွယ်၍ စုဆောင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုပစ္စည်းများနှင့် အ၀တ်အထည်များအား မြန်မာနိုင်ငံ၌ ခရစ်ယာန်သာသနာပြုနေသော အမေရိကန်ဘုရားကျောင်းတခု မှတဆင့် ကူညီပေးရန် စီစဉ်ခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် ထိုဘုရားကျောင်းသို့ လာရောက် ၀တ်ပြုဆုတောင်းသူများသည် ထိုသို့ နိုင်ငံတကာမှ ပေးပို့သော အကူအညီများ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရန်ကိုလည်း စုပေါင်း ဆုတောင်း ခဲ့ကြသေးသည်ဟု သိရှိရသည်။

No comments:
Post a Comment