၁၁၉နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် စီးပွားရေးအကြပ်အတည်းကြား ရွှေ့ပြောင်းအလုပ်သမားများ ဘ၀ရပ်တည်နေထိုင်နိုင်ရေးတောင်းဆိုသည့် ဆန္ဒပြပွဲအား၂၀၀၉ခုနှစ် ဧပြီ ၂၆ရက် နေ့လယ် ၂နာရီမှ ညနေ၄နာရီအထိ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ၊ ရွှေ့ပြောင်းအလုပ်သမားပူးပေါင်း ဆောင်ရွက်ရေးကော်မတီ JCMKတို့မှ ဦးစီးကျင်းပခဲ့ပါတယ်။ဆန္ဒပြပွဲသို့ အလုပ်သမားသမဂ္ဂများ၊ကျောင်းသားသမဂ္ဂများ၊ ရွှေ့ပြောင်းအလုပ်သမားများ အယောက် ၄၀၀ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲသို့ ကိုရီးယားနိုင်ငံ ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂပေါင်းချုပ်မှ အတွင်းရေးမှူး၊International Amnestyမှ တာဝန်ရှိသူ၊အလုပ်သမားသမဂ္ဂပေါင်းစုံမှ တာဝန်ရှိသူများမှ ရွှေ့ပြောင်းအလုပ်သမားများအပေါ် မတရားဖမ်းဆီး နှင်ထုတ်နေ သည့် အစိုးရ၏ ဥပဒေမဲ့လုပ်ရပ်များ ရပ်တန့်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံလစာမှ နေစရိတ်၊ စားစရိတ်ကို ဖြတ်တောက်မည့်စနစ်များကို ရှုံ့ချကာ ဖိလစ်ပိုင်၊သီရိလင်္ကာနှင့်ကိုရီးယားနွယ်ဝင်တရုတ် အလုပ်သမားများက မိမိတို့၏ ဘ၀အခက်အခဲများကို ရင်ဖွင့် ပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွင် နေစရိတ်၊စားစရိတ်ဖြတ်တောက်မည့် စနစ်အား ရှုံ့ချသည့် မြန်မာနိုင်ငံသားအလုပ်သမားများ၏ သရုပ်ဖော် ပြကွက်၊ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crackdown band၏ ဖျော်ဖြေမှုများဖြင့် ဆန္ဒပြပွဲအား အောင်မြင်စွာ အဆုံး သတ်ခဲ့ပါတယ်။
ဆက်လက်ပြီး ဆန္ဒပြပွဲဓာတ်ပုံများအားကြည့်ရှုပါ။
Sunday, April 26, 2009
ရွှေ့ပြောင်းအလုပ်သမားများ ဘ၀ရပ်တည်နေထိုင်နိုင်ရေးတောင်းဆိုသည့် ဆန္ဒပြပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment