Sunday, September 29, 2013

၅ ကြီမ်မြောက် ဘုန်းတော်ကြီးကျောင်း ဆွမ်းဟင်း (အစားအစာ) ပွဲတော်


လာမည့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် သောကြာနေ့နှင့် ၅ ရက် စနေနေ့ ( ၂ ရက် ) ဂယောင်န်ဂီပြည်နယ် ဆူဝါန်မြို့ရှိ ဂျိုဂယဲဂိုဏ်း၏ ဘုန်းညောန်ဆာတွင် ၅ ကြီမ်မြောက် အပြည်ပြည်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း ဆွမ်းဟင်း (အစားအစာ) ပွဲတော်ကို ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ ပွဲတော်တွင် ကိုရီးယားအပါအ၀င် ဗီယက်နာမ်၊ တရုတ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဂျပန်၊ နီပေါ၊ တီဘက်နှင့် ဘူတန်နိုင်ငံတို့ ပါဝင်ကြမည်ဖြစ်ပါသည်။
ဘုန်းညောန်ဆာတွင် ကျင်းပမည့် ပွဲတော်တွင် ဗုဒ္ဓမြတ်စွာဘုရားအား နိုင်ငံအလိုက် ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အပေါင်းတို့ကို ဆွမ်းဟင်း လောင်းလှူခြင်းနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ကို နိုင်ငံအလိုက် အစားအစာများတို့ဖြင့် ဧည့်ခံကြမည်ဖြစ်ပါသည်။ ပွဲတော်ကို စည်ကား သိုက်မြိုက် ကျင်းပမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ တိုင်းရင်းသားများ အားလုံး ကြွရောက် အားပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ပွဲတော်ရက်တွင် မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)က ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလ (ဝေါဆရာတော်)နှင့် ဦးဥတ္တရတို့က ဦးစီးပြီး ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
수원역에서 오시는 경우
수원역 맞은 편에서 400, 400-4, 47, 700-2, 7-2, 60, 660, 1007, 730번 노선버스를 타고 경기지방경찰청 봉녕사 입구에서 하차시면 됩니다.
လမ်းညွှန် - ဆူဝါန် ဘူတာ၏ တစ်ဘက်ခြမ်းမှ ၄၀၀၊ ၄၀၀-၄၊ ၄၇၊ ၇၀၀-၂၊ ၇-၂၊ ၆၀၊ ၆၆၀၊ ၁၀၀၇နှင့် ၇၃၀ လိုင်းကားများကို စီးပြီး 경기지방경찰청 봉녕사 입구 တွင် ဆင်းပါ။

No comments: