Sunday, September 29, 2013

ကိုရီးယားနိုင်ငံ ဘူဆန်မြို့ တွင် (၁၀) ကြိမ်မြောက် အာရှ ယဉ်ကျေးမှုပွဲတော်အတွက် အစည်းအဝေးကျင်းပ

 
ဘူဆန်မြို့ ဆာဆာန်တွင် (၁၀)ကြိမ်မြောက် အာရှ ယဉ်ကျေးမှုပွဲတော် ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာလ (၂၉) ရက် တနင်္ဂနွေနေ့ ညနေ(၄) နာရီ မှ (၅း၃၀) အထိ  ဘူဆန်နိုင်ငံခြားသား အကူအညီပေးရေးစင်တာ(Busan Foreign Worker Support Centre) တွင်ကျင်းပခဲ့ပါသည်။


အခမ်းအနားသို့ မြန်မာ ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ တရုတ် ၊ ဘင်္ဂလာဒေရှ် ၊ အင်ဒိုနီးရှား စသော နိုင်ငံများမှ အဖွဲ့အစည်းကိုယ်စားလှယ်များ စုစုပေါင်း (၁၅)ဦးခန့် တက်ရောက်ကြပါသည်။ ဘူဆန်မြို့ ဒီမိုကရေစီ ပန်းခြံတွင် (၁၀)ကြိမ်မြောက် အာရှယဉ်ကျေးမှုပွဲတော်ကို အောက်တိုဘာလ (၂၇) ရက် တနင်္ဂနွေနေ့  မနက် (၁၀)နာရီ မှ ညနေ (၅)နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။

 ပွဲတော်တွင် အာရှနိုင်ငံများမှ မိမိနိုင်ငံအလိုက် ယဉ်ကျေးမှုပြခန်းများနှင့် ရိုးရာအစားအသောက်များကို ကျွေးမွေးမည်ဖြစ်ပါသည်။ အခမ်းအနားပြင်ပတွင်လည်း ရိုးရာသီချင်းများကိုလည်း သီဆိုကပြကြမည် ဖြစ်ပါသည်။ ညနေ(၃) နာရီ မှ (၅) နာရီအထိ ဒီမိုကရေစီခန်းမကြီးတွင် နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု သီချင်းများ နှင့် ပြဇတ် များကိုလည်း တင်ဆက်ကပြကြမည်ဖြစ်ပါသည်။


 မြန်မာနိုင်ငံပြခန်းတွင် ယဉ်ကျေးမှုဆိုင်ရာ ဓါတ်ပုံများ နှင့် ရိုးရာ ပစ္စည်းများကို ပြသကြမည်ဖြစ်ပါသည်။ မြန်မာရိုးရာ အစားအသောက်အတွက် ကြာဇံချက်နှင့် အုန်းနို့ကျောက်ကျော ကို ဧည့်ခံကျွေးမွေးကြ မည်ဖြစ်ကြောင်း သိရပါသည်။

No comments: