Wednesday, July 24, 2013

ကိုရီးယား ယဉ်ကျေးမှု လေ့လာရေး နှင့်အပမ်းဖြေခရီး အခမဲ့ လိုက်ပါနိုင်ကြောင်း

ရေးသားသူ — ဓမ္မဒူတ(ကိုရီးယား)

ဇူလိုင်၂၄ ၊ အင်ချောန်း

ဓမ္မဒူတမောင်မယ်များက ၊ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် ၊ ကိုရီးယားယဉ်ကျေးမှုလေ့လာရေးနှင့် အပမ်းဖြေခရီးကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်ပါသဖြင့် အတူလိုက်ပါလိုသူများ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်-

ရက်စွဲ -
၂၀၁၃ခုနှစ် ဇူလိုင်လ ၂၈ ရက် (တနင်္ဂနွေနေ့)

အစီအစဉ်များ-
- နံက် ၈ နာရီ ၃၀ စုရပ် (ဓမ္မဒူတ-ကိုရီးယား) မှ ထွက်ခွါခြင်း ။
- နံက် ၉နာရီ၃၀ မှ ၁၁နာရီထိ Geumgang Jeongsa Temple ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် ။
- နေ့လည် ၁၁ နာရီ၃၀ မှ ၁၂နာရီ၃၀ထိ နေ့လည်စာ သုံးဆောင်ခြင်းနှင့် အနားယူခြင်း။
- မွန်းလွဲ ၁၂နာရီခွဲ သမိုင်းဝင် ဂွမ့်ဂမ်ဂျောင်ဆာ(Geumgang Jeongsa Temple) မှ ဆောအူးမြို့တော် လေ့လာရေးခရီးသို့ ။
- မွန်းလွဲ ၁နာရီ၃၀ ၊ ကမ္ဘာကျော် ဆောအူးလ်အပမ်းဖြေဥယျာဉ်(Seoul Land)တွင်း အပမ်းဖြေခြင်း။
- ညနေ၅နာရီ၃၀ ၊ ခရီးစဉ်ပြီးဆုံးခြင်းနှင့် အမှတ်တရများ။

စိတ်ပါဝင်စားသူများ ၂၀၁၃ နှစ် ဇူလိုင် ၂၇ ရက် (စနေနေ့) နေ့လည် ၁နာရီ ၃၀မိနစ် နောက်ဆုံးထားပြီး ၊၀၁၀-၆၈၇၄-၃၃၉၄ထံ စာရင်းပေးသွင်းနိုင်ကြပါသည် ။

ဤ အစီအစဉ်မှာ ကိုရီးယား ဂျိုဂဲဗုဒ္ဓဘာသာဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာနှင့် ဓမ္မဒူတယဉ်ကျေးမှုအသင်း(ကိုရီးယား) တို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကိုရီးယား ယဉ်ကျေးမှုကို လေ့လာသိရှိနိုင်ရေးနှင့် ကိုရီးယားနိုင်ငံသားများကလည်း မြန်မာ့ယဉ်ကျေးမှုကို နားလည်သိရှိနိုင်ကြစေရေးအတွက်လည်းကောင်း ၊ မြန်မာအလုပ်သမားများ အလုပ်အားရက်တွင် စိတ်လက်အပမ်းပြေမှုရရှိကြစေရန်လည်းကောင်း ၊ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် စီစဉ်ခဲ့ခြင်းဖြစ်ပါသည် ။

မှတ်ချက်-
- လူဦးရေ ကန့်သတ်ထားသည် ။

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။

ဓမ္မဒူတ(ကိုရီးယား)

No comments: