Friday, October 17, 2014

ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားအပေါင်းအား လေးစားစွာဖြင့် ဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ) ကိုရီးယား ဌာနခွဲ၏ ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ

အစီအစဉ် (၁)
အမိ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပပျောက်စေရေး၊ စစ်မှန်သော ဒီမိုကရေစီနှင့် ပြည့်ဝသော လူ့အခွင့်အရေးများ အမြန်ဆုံးရရှိနိုင်စေရေးအတွက် ရင်တွင်းဆန္ဒ ထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား
နေ့ရက် ။ ။၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းတည့်၁၂ နာရီ မှ မွန်းလွဲ ၁ နာရီ အချိန် အထိ
နေရာ ။ ။ ဆိုလ်းမြို့ မြန်မာစစ်အုပ်စု လက်ဝေခံ မြန်မာ ရုပ်သေး အစိုးရ သံရုံးရှေ့

အစီအစဉ် (၂)
လစဉ် ပါတီ တွင်း/ပြင် အပြန်အလှန် ဆွေးနွေးပွဲ
နေ့ရက် ။ ။ ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၆ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်အထိ

ဆွေးနွေးမည့် အကြောင်းအရာများ

(က)NLD ပါတီဝင်တယောက်၏ NLD ပါတီအတွင်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ
(ကိုအောင်ကျော်မိုး (ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့နယ်))

(ခ) ပီအာ အကြောင်း တစ်စေ့ တစ်စောင်း (အပိုင်း ၂) (ကိုသက်နိုင်)

ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသူ/သား ညီအကိုမောင်နှမများ အနေဖြင့် အထက်ဖော်ပြပါ အစီအစဉ်များအတိုင်း အတူတကွ ပူပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်၊၊

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ

No comments: