Monday, May 12, 2014

သီတဂူဆရာတော် ဘဒ္ဒန္တ ဥာဏိဿ ရ၏ ဘူချောန်တွင် ကျင်းပမည့် တရားပွဲတော် ဖိတ်ကြားလွှာ


သီတဂူဆရာတော် ဘဒ္ဒန္တ ဥာဏိဿ ရ၏ ဘူချောန်တွင် ကျင်းပမည့် တရားပွဲတော် ဖိတ်ကြားလွှာ 

SayaDaw U Nyanissara (D.Litt)၊ သပိတ်အိုင် ဆရာတော်၊ သဲကုန်း ဆရာတော်၊ သီတဂူ ဆရာတော် စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဥာဏိဿဿသ ရ ဆရာတော်ဘုရားကြီးသည် မြန်မာ ကိုးရီးယား ဒကာဒကာမများကို မေတ္တာရှေ့ထားလျက် မအားလပ်သည့်ကြားကပင် အချိန်ပေးပြီး ဘူဆာန် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန် ကျောင်းသစ် ဖွင့်ပွဲတွင် ကြွရောက် တရား ချီးမြင့်အပြီး မြန်မာအသင်း (ကိုရီးယား)၏ ပင့်ဖိတ်ချက်အရ အောက်ပါ အစီအစဉ်အတိုင်း ဘူချောန်မြို့ ဆောကွာန်ဆာ ကျောင်းတော်သို့ ကြွရောက်၍ တရားချီးမြှင့်မည်ဖြစ်ပါသောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံသားများ အားလုံး တရားနာ ကြွရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်ပြီး နိုးဆော်လိုက်ပါသည်။

တရားပွဲ နေ့ရက် ။ ၂၀၁၄ ခုနှစ် မေ ၁၈ ရက် တနင်္ဂနွေနေ့ 
တရားပွဲ အချိန် ။ ညနေ ၄နာရီ တရားပွဲ 
ကျင်းပမည့် နေရာ ။ ဆောကွာန်ဆာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဘုရားခမ်းမဆောင်ကြီး 
လမ်းညွှန် - အမှတ် ၁ ရထားလမ်း ဆိုဆာဘူတာမှ ခရီးသည်တင်ကာ အမှတ် ၉၅၊ ၆၀ တို့ စီးလာပြီး ၂မှတ်တိုင်မြောက် ဆောကွာန်ဆာမှာ ဆင်းပါ။ 
ဘူချောန်ဘူတာမှ ကားဝန်းအတွင်းရှိ ခရီးသည်တင် ကား အမှတ် ၃၊ ၅-၅ တို့ကို စီးပြီး ဖုလင်းမ် အာဖာထိ ယိဘ်ဂုတွင် ဆင်းပြီး တောင်ပေါ်ဘက်သို့ တက်လာခဲ့ပါ။
တက္ကစီများ စီးလာပါက ဆောကွာန်ဆာလို့ ပြောပြီး စီးလာပါ။  

오는 2014년 5월 18일 오후 4시 부천시 원미구 원미동 대한불교 조계종 석왕사 경내에서 냐닉따라 큰 스님 SayaDaw Dr. Nyanissara (D.Litt), 의장 미얀마 불교 대학교, 회장 세계 불교 대학교 )은  한국에 온 미얀마 불자들에게  법문을 하겠습니다.


မြန်မာအသင်း (ကိုရီးယား)သို့ ဆက်သွယ်ရန် 
၁။  ဦးဝင်းမြင့်ဦး       ( အကြံပေး )   ၀၁၀ ၅၂၉၂ ၉၅၄၂ 
၂။  ဦးဝင်းနိုင်ဦး        ( အကြံပေး )   ၀၁၀ ၈၆၄၈ ၄၅၃၃ 
၃။  ဦးခင်မောင်ရင်    ( ဥက္ကဌ )        ၀၁၀ ၂၇၈၈ ၇၁၅၃ 
၎။  ဦးသန့်ဇင်အောင် ( ဒု ဥက္ကဌ )     ၀၁၀ ၉၀၅၄ ၄၇၂၇

No comments: