Monday, May 12, 2014

ဘူဖြောန်တွင် သီတဂူ ဆရာတော်ကြီးထံက သြ၀ါဒံယူပွဲ ဖိတ်ကြားလွှာ

 ဘူဖြောန်မြို့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၌ သီတဂူဆရာတော်ကြီး၏ သြ၀ါဒခံယူပွဲ ဖိတ်ကြားလွှာ


오는 5월19일 월요일 오후 1시 인천광역시 부평구 부평도 669-2 미얀마불교전법사원 (한국)에서 박단따 냐닉따라 큰스님 ( SayaDaw  Nyanissara 박사 (D.Litt)၊께서 법문을 하겠습니다. 

SayaDaw U Nyanissara (D.Litt)၊ သပိတ်အိုင် ဆရာတော်၊ သဲကုန်း ဆရာတော်၊ သီတဂူ ဆရာတော် စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဥာဏိဿဿသ ရ ဆရာတော်ဘုရားကြီးသည် မြန်မာ ကိုးရီးယား ဒကာဒကာမများကို မေတ္တာရှေ့ထားလျက် မအားလပ်သည့်ကြားကပင် အချိန်ပေးပြီး ဘူဆာန် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန် ကျောင်းသစ် ဖွင့်ပွဲတွင် ကြွရောက် တရား ချီးမြင့်အပြီး မြန်မာအသင်း (ကိုရီးယား)၏ ပင့်ဖိတ်ချက်အရ ဘူချောန်မြို့ ဆောကွာန်ဆာတွင် တရားဟောပြောပြီးနောက် မြန်မာ ထေရ၀ါဒ သာသနာပြုဆရာတော်များ၏ ပင့်ဖိတ်ချက်အရ အောက်ပါ အစီအစဉ်အတိုင်း သြ၀ဒခံယူပွဲကို ကျင်းပမည်ဖြစ်ပါသည်။ 

သြ၀ါဒ ခံယူမည့် နေ့ရက် ။ ၂၀၁၄ ခုနှစ် မေ ၁၉ ရက် တနင်္လာနေ့ 
သြ၀ါဒ ခံယူမည့် အချိန် ။ နေ့လည် ၁နာရီ 
သြ၀ါဒ ခံယူမည့် နေရာ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင်ခန်းမ 

ဆရာတော်ကြီးအား မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)က အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းမည်ပြီး ကုသိုလ် အတူတကွ ပါဝင်လိုသည့် အလှူရှင်များက ဆရာတော် အသျှင် ဥတ္တရ ( ၀၁၀ ၂၃၂၇ ၂၄၅၇ ) သို့ ကြိုတင် ဆက်သွယ် ကုသိုလ်များ ရယူနိုင်ကြပါသည်။ 
၁။ အရုဏ်ဆွမ်းကို ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) က လှူဒါန်းပါသည်။

သြ၀ါဒ ခံယူပွဲသို့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အားလုံး ကြွရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမြှော်ပြီး နိုးဆော်လိုက်ပါသည်။

 မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) Type rest of the post here

No comments: