Tuesday, February 12, 2013

ကိုရီးယား စကားပြောနှင့် သဒ္ဒါ သင်တန်းသစ် ဖွင့်မယ်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ “ကိုရီးယား စကားပြောနှင့် သဒ္ဒ့ါ” သင်တန်း တန်းခွဲအသစ် တစ်ခုကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

သင်တန်းသား ၁၀ ဦးသာ ကန့်သတ်ထားပါတယ်။ သင်တန်းတက်လိုသူများကို လူတွေ့စစ်မေးခြင်း (Interview)လုပ်ပြီး စိစစ်လက်ခံမှာ ဖြစ်ပါတယ်။

သင်တန်း တက်လိုသူများ လာမယ့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၇) နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အတွင်း လူကိုယ်တိုင် လာရောက် စာရင်းသွင်း အင်တာဗျူး ဖြေဆိုပါ။

လက်ရှိ ဖွင့်လှစ်နေတဲ့ သင်တန်းများ ပုံမှန်အချိန်အတိုင်း ဆက်လက် ရှိနေပါတယ်။ သင်တန်းသားများ မပျက်မကွက်ကြဖို့ တိုက်တွန်းပါတယ်။

မြန်မာစင်တာသို့ ဆက်သွယ် လာရောက်ကြတဲ့ မိတ်ဆွေများ အားလုံးကို လေးစားလျက်-

No comments: