Tuesday, January 22, 2013

ဟိုတယ်ရှေ့တွင် ကြိုဆိုရေး အစီအစဉ်


ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

ဆိုးလ်မြို့ ဟိုတယ်ရှေ့တွင် ကြိုဆိုရေး အစီအစဉ် (သတင်းထုတ်ပြန်ချက် ၃-၁)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အဖြစ် ၂၀၁၃ ဇန်န၀ါရီ ၂၈ နေ့ ၁၇း၃၀ နာရီတွင် ညအိပ်တည်းခိုမည့် ဆိုးလ်မြို့ ဂျိုဆွန်ဟိုတယ်သို့ ဆိုက်ရောက်လာမည် ဖြစ်ပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းသာ ကြိုဆိုမည့်သူများ Westin Chosun Hotel ရှေ့သို့ ၁၆း၃၀ ထက် နောက်မကျစေဘဲ မိမိ အစီအစဉ်ဖြင့် လာရောက်ရန် ဖြစ်သည်။ ရိုးရာဝတ်စုံ ၀တ်နိုင်သူများ မိမိ အစီအစဉ်ဖြင့် ၀တ်ဆင်ကြပါရန် တိုက်တွန်းပါသည်။ ကြိုဆိုသူများအတွက် ရင်ထိုး၊ အလံ၊ ပိုစတာများကို ကော်မတီ၏ အစီအစဉ်ဖြင့် ပြည့်စုံအောင် ဝေငှပေးမည်။

၃။ လမ်းညွှန် -
City Hall Station on Line No. 1 (Dark Blue Line) or Line No. 2 (Green Line) Exit Gates # 6, #7
지하철 1호선, 2호선 시청역에서 하차  6, 7번 출구 플라자 호텔 지하도 방향으로 직진
လိုင်းနံပါတ် ၁ (အပြာရင့်လိုင်း) သို့မဟုတ် လိုင်းနံပါတ် ၂ (အစိမ်းလိုင်း) စီးတီးဟောဘူတာ ထွက်ပေါက် ၆ နှင့် ၇ မှ ထွက်ပြီး ဆိုးလ်ပလာဇာ ရှေ့မှ တည့်တည့်ဆက်လျှောက်ပါ။


၆။ ဟိုတယ်ရှေ့ ကြိုဆိုရေးနှင့် ပတ်သက်၍ အခက်အခဲ ရှိပါက -
က) ကိုဝင်းမြင့်ဦး - 011-292-9542
ခ) ကိုဖြိုး - 010-2528-9976 တို့သို့ ဆက်သွယ်ပါ။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၁၊ တနင်္လာနေ့

No comments: