Tuesday, January 22, 2013

အင်ချွန်းလေဆိပ် ကြိုဆိုရေး အစီအစဉ်


ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

အင်ချွန်းလေဆိပ်တွင် ကြိုဆိုရေး အစီအစဉ် (သတင်းထုတ်ပြန်ချက် ၃)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အဖြစ် ၂၀၁၃ ဇန်န၀ါရီ ၂၈ နေ့ ၁၆း၃၀ နာရီတွင် အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာမည် ဖြစ်ပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းသာ ကြိုဆိုမည့် အစီအစဉ်မှာ -
(က) ဘူဖျောင်းဘူတာမှ ကား တစ်စီး၊ ဘူချွန်း အန်အယ်ဒီရုံးမှ ကားတစ်စီး၊ နေ့လယ် ၂ နာရီတိတိတွင် ထွက်ခွာမည်။
(ခ) လိုက်မည့်သူများ ကားထွက်ချိန်ထက် နောက်မကျစေဘဲ အရောက်လာကြပါ။
(ဂ) မိမိအစီအစဉ်ဖြင့် လာရောက်သူများ အင်ချွန်းလေဆိပ် 1F, Meeting Point (Gate 12) သို့ လာရောက်ပါ။


၃။ ရိုးရာဝတ်စုံ ၀တ်နိုင်သူများ မိမိ အစီအစဉ်ဖြင့် ၀တ်ဆင်ကြပါရန် တိုက်တွန်းပါသည်။

၎။ ကြိုဆိုသူများအတွက် ရင်ထိုး၊ အလံ၊ ပိုစတာများကို ကော်မတီ၏ အစီအစဉ်ဖြင့် ပြည့်စုံအောင် ဝေငှပေးမည်။

၅။ အင်ချွန်းနိုင်ငံတကာလေဆိပ်တွင် ကြိုဆိုရမည်ဖြစ်၍ လုံခြုံရေးအစီအမံ တင်းကျပ်မည် ဖြစ်ပါသောကြောင့် မလိုလားအပ်သည့် ဖြစ်ရပ်များ မပေါ်ပေါက်စေရန် ကော်မတီ၏ အစီအစဉ်အတိုင်း လေးလေးစားစား လိုက်နာ ဆောင်ရွက်ကြပါရန် အထူး မေတ္တာရပ်ခံပါသည်။

၆။ လေဆိပ် ကြိုဆိုရေးနှင့် ပတ်သက်၍ အခက်အခဲ ရှိပါက -
က) ကိုခင်မောင်ရင် - 010-2788-7153
ခ) ကိုဆန်းကိုကို - 010-4860-3581
ဂ) ကိုသက်နိုင် 010-8632-1966 တို့သို့ ဆက်သွယ်ပါ။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၁၊ တနင်္လာနေ့

No comments: