ရေးသားသူ — စိုးမိုးသူ
"သင့်ကို လူလို မဆက်ဆံတဲ့ ကျွန်စနစ်"
"သင့်မိတ်ဆွေတွေကို အလုပ်သမားအဖြစ် မသတ်မှတ်တဲ့ ကျွန်စနစ်"
"သင့်လူမျိုးတွေကို နှိမ်ချဆက်ဆံ၊ ခေါင်းပုံဖြတ်နေတဲ့ ကျွန်စနစ်"
အဲ့ဒီ
သင်မလိုချင်တာတွေ ပပျောက်ချင်ရင်၊
သင့်မိတ်ဆွေတွေ ခံစားနေရတာတွေ ဆက်မမြင်ချင်ရင်၊
သင့်လူမျိုးတွေ မတရား ဖိနှိပ်ခံနေရတာတွေကို အဆုံးသတ်ချင်ရင်
မနက်ဖြန် ဆန္ဒပြပွဲမှာ သင့်ရဲ့ ဆန္ဒကို လာရောက်ဖော်ထုတ် ပြသနိုင်ပါတယ်။
ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်ဆိုတဲ့ စကားကို သင်ကိုယ်တိုင် ပါဝင် ၀င်ရောက် အားဖြည့်ရင်းဖြင့်
သက်သေပြနိုင် အောင်ပွဲခံနိုင်ပါတယ်။

ကျင်းပမည့်နေရာ။ ။
မြေအောက် ရထား နံပါတ်၁လိုင်းကို စီးပြီး
ဂျုံဂါ့(종각)ဘူတာ ထွက်ပေါက်၎ကနေ ထွက်ပါ။
ထွက်ပေါက်က ထွက်ထွက်ချင်း ဆန္ဒပြပွဲ
ကျင်းပတဲ့ နေရာကို ရောက်ပါပြီ။
## နေ့လယ် ၁နာရီတွင် ပွဲတော်တွင်း အစီအစဉ်များ စတင် ကျင်းပမည်။
၁) နေ့လယ် ၂နာရီ ဆန္ဒပြပွဲ စတင်။
အခမ်းအနားမှူး စိုးမိုးသူ
အင်္ဂလိပ် ဘာသာပြန် အင်မ်ဝေါ်လ်ဆန်း 임월산
+ အစီအစဉ်
အဖွင့်မိန့်ခွန်း အူးဒါယာ(ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ အရေးပွဲကော်မတီမှူး)
မိန့်ခွန်း နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂ
မိန့်ခွန်း ကမ်ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားကော်မတီ(ဆူဝန် ရွှေ့ပြောင်းအလုပ်သမားစင်တာ)
မိန့်ခွန်း အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားကော်မတီ(အင်ချွန်းအပိုင်)
ဖျော်ဖြေရေး (၁) ကမ်ဘောဒီးယား အက
မိန့်ခွန်း တရုတ်(ရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှု ပေါင်းချုပ်အဖွဲ့)
မိန့်ခွန်း ဘင်္ဂလားဒေရှ့် အလုပ်သမားကော်မတီ
ဖျော်ဖြေရေး (၂) တော်လှန်ရေးသရုပ်ဖော် အက
မိန့်ခွန်း ဖိလစ်ပိုင် ရွှေ့ပြောင်းအလုပ်သမားကော်မတီ(ကစာမာခို)
မိန့်ခွန်း ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ အာရှဒေသလှုပ်ရှားမှုဆိုင်ရာ အဖွဲ့ဝင်များ
ဖျော်ဖြေရေး(၃) ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crackdown band
...........
၂) စီတန်းလှည့်လည်
ဆန္ဒပြပွဲအပြီးတွင် ဆန္ဒပြရာနေရာမှ မြို့တော်ခမ်းမရှေ့သို့ စီတန်းလှည့်လည် ဆန္ဒပြမည်။
.............
၃) မြို့တော်ခမ်းမရှေ့ အဆုံးသတ် ဆန္ဒပြပွဲအစီအစဉ်
အခန်းအနားမှူး အူးဒါယာ(ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ အရေးပွဲကော်မတီမှူး)
မိန့်ခွန်း အင်ချွန်းရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊
ဂယောင်ဂီ ရွှေပြောင်းအလုပ်သမားပေါ်လစီဆိုင်ရာ အရေးပေါ်ကော်မတီ၊
ရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှု ပေါင်းချုပ်အဖွဲ့၊
အလုပ်သမားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊
လူ့အသိုက်အ၀န်းတိုးမြင့်ရေးအဖွဲ့၊
နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ
ဆန္ဒပြပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များ ဆက်လက်ကြည့်ရှုရန်http://burmainfokorea.blogspot.kr/2013/04/blog-post_20.html
No comments:
Post a Comment