
ဒီနေ့ ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားတွေက "ငါတို့ဟာ တိရစ္ဆာန်တွေ မဟုတ်ဘူး၊ ငါတို့ဟာ လူတွေ ဖြစ်တယ်" လို့ အော်ဟစ်ကာ ယခုနှစ် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုတင် ဖွင့်လှစ်လိုက် ပါပြီ။
ကမ္ဘာ့အလုပ်သမားနေ့ကို လက်မခံတဲ့ အလုပ်ရှင် တွေကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေဟာ အလုပ်သမားနေ့ မတိုင်မီ ၃ရက်အလိုက စတင်ပြီး တောင်းဆိုသံတွေကို စတင်လိုက်တာပါ။
ဘင်္ဂလားဒေရှ့်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံ အသီးသီးက ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့ ဘာသာ စကားဖြင့် အလုပ်သမား အခွင့် အရေး များ၊ မတရားဖမ်းဆီးပြန်ပို့ခြင်း၊ အီးပီအက်စ် စနစ်ဖျက် သိမ်းခြင်းနဲ့ အလုပ်လုပ်ခွင့် ဗီစာ တောင်းဆိုခြင်း စတာတွေကို တောင်းဆိုခဲ့ကြ ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများနဲ့ ပူးပေါင်းလှုပ်ရှားသူများ စုစုပေါင်း ၃၅၀ဟာ ဒီနေ့ ဧပြီ ၂၈ရက်နေ့၊ နေ့လယ် ၂နာရီက စတင်ပြီး ဆိုးလ်မြို့ ဘိုရှင်ဂါ့ဂ်ရှေ့မှာ ရွှေ့ပြောင်းအလုပ် သမား မေဒေး ဆန္ဒပြပွဲကို ဖွင့်လှစ်ပြီး လူမဆန်စွာ ဖိနှိပ်ခံနေရတဲ့ မိမိတို့ ရွှေ့ပြောင်း အလုပ်သ မားတွေရဲ့ ဘ၀အခြေအနေကို ရင်ဖွင့်ခဲ့ကြပါတယ်။ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂခေါင်းဆောင် အူးဒါယာက ဒီမြေပေါ်က ရွှေ့ပြောင်းအလုပ်သမားတွေဟာ နည်းပါးလွန်းတဲ့ လစာ၊ ရှည်လျားလွန်းတဲ့ အလုပ်ချိန်နဲ့ အန္တရာယ်များလွန်းတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ် လုပ်ရင်း အသက်ပေးခဲ့ရပြီး၊ အစိုးရရဲ့ မတရား ဖမ်းဆီးပြန်ပို့မှုကြောင့်လည်း အသက်ဆုံးရှုံးနေကြရပါတယ်။
ဒါကြောင့် ကျနော်တို့တွေ ဆက်ပြီး သီးခံနေဖို့ မလိုတော့ပါဘူး၊ ကိုရီးယားအလုပ်သမားများ နဲ့
ရွှေ့ပြောင်းအလုပ်သမားများ အတူပူးပေါင်းပြီး အလုပ်သမားတွေရဲ့
အခွင့်အရေးအတွက် တိုက်ပွဲ ၀င်ကြ ဖို့ တိုက်တွန်းပါတယ် လို့ ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား အသင်းဝင် အင်မ်ရွန်ကလည်း
ငါတို့ဟာ တိရစ္ဆာန်တွေ မဟုတ်ဘူးလို့ အော်ဟစ် ရင်း အထောက်အထားမဲ့
ရွှေ့ပြောင်းအလုပ် သမားတွေကို လူမဆန်စွာ ရိုက်နှက် ဖမ်းဆီးပြီး အတင်းအကြပ်
ဖမ်း ဆီး ပြန်ပို့နေတဲ့ အစိုးရကို ကန့်ကွက်လိုက်ပါတယ်။
ဆက်လက်ပြီး သူက
အရင်က အီးပီအက်စ်စနစ်နဲ့ ကိုရီးယားကို လာမယ်ဆိုရင် ၀မ်၁၀သိန်း ကုန်ခဲ့ပေမယ့် အခု ၀မ် သိန်း၄၀ကျော် ၅၀နီးပါး ကုန်ကြောင်းကိုလည်း ရင်ဖွင့်ပါတယ်။
ကမ်ဘောဒီးယား အသင်းဝင် ပီဒါအိုက ထိခိုက်၊ ရောဂါရ၊ အသက်ဆုံးရှုံးရဆိုတဲ့ လက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀တွေ အဆုံးသတ်ဖို့လိုအပ်နေပြီ၊ ကိုရီးယားအစိုးရဟာ အလုပ်ရှင်ရဲ့ အသံထက် ရွှေ့ပြောင်းအလုပ်သ မားတွေ ရဲ့ အသံကို နားထောင်ဖို့လိုတယ် လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
ဗီယက်နမ် အသင်းဝင် ဘူးသူအဲ့ဟောင်ကလည်း
အထောက်အထား မဲ့ အလုပ်သမားဖြစ်ချင်သူ ဘယ်သူမှ မရှိဘူး၊
ရွှေ့ပြောင်း အလုပ် သမားတွေကို အထောက်အထားမဲ့ အလုပ်သမားဖြစ်အောင် လုပ်နေတဲ့
အီးပီအက်စ် စနစ်ကို ဖျက်သိမ်းပေးဖို့ အသံမြှင့်တောင်း ဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေရှ် အသင်းဝင် ရိုခွန်းက တလောက ဘင်္ဂလားဒေရှ့်မှာ ဖြစ်ပျက်ခဲ့တဲ့ အထည်စက် ရုံ ပြိုကျမှုကို ထောက်ပြရင်း စက်ရုံက ပြိုကျရင် ရာနဲ့ချီတဲ့ သူတွေ ထိခိုက်ဆုံးရှုံးရတယ်၊ ဒါဟာ အရင်းရှင်စနစ်က ငါတို့ အသက်တွေ ကို နှုတ်ပယ် သွား တာဖြစ်တယ်လို့ ပြောဆိုရင်း အလုပ်သ မားတွေ ညီညွတ်ကာ အရင်းရှင်စနစ်ဆိုးကို တိုက် ဖျက်ကြဖို့ လှုံ့ဆော်သွားပါတယ်။
အတင်းအကြပ်ဖမ်းဆီးမှုနဲ့
ခြိမ်းခြောက်မှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်တိုင် အခုလို မိမိ
ခံစားချက်ကို စင်ပေါ် တက်ပြောဖို့ဆိုတာ မလွယ်တဲ့ အလုပ်ဖြစ်သလို၊
စင်ပေါ်တက်ပြောရဲတဲ့ အခြေအ
နေကို
ရောက်ဖို့ကလည်း အချိန်အတန်ကြာ လိုအပ်ပါတယ်။တော်ရုံ တာဝန်သိစိတ်၊ တော်ရုံ
အသိ၊ သတ္တိနဲ့ မဖြစ်နိုင်ပါ။ အခုလို မိမိနဲ့ အများအတွက် တာဝန်သိစိတ်၊
တာဝန်ယူတတ်တဲ့ စိတ်ဓာတ်နဲ့ ဆန္ဒပြ
ပွဲကို တက်ရောက်လာသူ ရွှေ့ပြောင်းအလုပ်သမားများ အားလုံးကို အနူးအညွတ် အလေးပြုပါတယ်။









No comments:
Post a Comment