Saturday, May 11, 2013

Amnestyရဲ့ ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေးရုပ်ရှင်ပြပွဲ

ရေးသားသူ —စိုးမိုးသူ
 
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnestyရဲ့ ၄ကြိမ်မြောက် လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲသို့ ဖိတ်ကြားပါတယ်။

Amnestyကို သိကြမှာပါ။
မိမိယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးကမ်းပိန်း လှုပ်ရှားမှုဖြင့် အစဉ်အလာရှိစွာ လှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကြီးပဲဖြစ်ပါတယ်။

ဒေါ်စု၊ ကိုဇာဂနာ အပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်များနဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက်လည်း ကြိုးပမ်းခဲ့တဲ့ အဖွဲ့ကြီး လည်း ဖြစ်ပါတယ်။

ကိုရီးယားအခြေစိုက် Amnestyအဖွဲ့ကြီးက လူ့အခွင့်အရေးရုပ်ရှင်ပြပွဲ ကို  နှစ်စဉ် ကျင်းပလာခဲ့ပါတယ်။
ဒီနှစ်မှာတော့ ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပဖို့ စီစဉ်နေပါတယ်။



လာမည့် မေ၁၈ စနေနေ့မှာ ကျင်းပမည့် Amnestyရဲ့ ဒီ တကြိမ်ရုပ်ရှင်ပြပွဲမှာ ကိုရီးယားရောက်
 ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေး တီးဝိုင်း Stop Crack Down Bandရဲ့ ၇နှစ်တာ လှုပ်ရှားမှု မှတ်တမ်းရုပ်ရှင်နှင့်
ရွှေ့ပြောင်းအလုပ်သမားများရဲ့ ဘ၀ကို ဖော်ပြထားတဲ့ ရုပ်ရှင်ကားများ 
စုစုပေါင်း ၅ကားကို ပြသ သွားမှာဖြစ်ပါတယ်။
ရုပ်ရှင်ကားအများစုဟာ ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် မိမိတို့ရဲ့ အခြေအနေများကို အခက်အခဲကြားက ရိုက်ကူးခဲ့ကြတဲ့ ရုပ်သံတွေပဲ  ဖြစ်ပါတယ်။

ရုပ်ရှင်များကို ၂နာရီကြာ ကြည့်ရှုအပြီး ရုပ်ရှင်ကားတွင်း ပါဝင်သူ ရွှေ့ပြောင်းအလုပ်သမားများနှင့် အတူ သူတို့ရဲ့ အခြေအနေများနဲ့ ပတ်သက်တဲ့ စကားပြောအစီအစဉ်ကို မိနစ်၃၀ကြာ  ပြုလုပ်သွားမှာ   
ဖြစ်ပါတယ်။
အခမ်းအနားမှူးကတော့ ကျနော်ပါ။

နေ့ရက်က      မေ ၁၈ရက် စနေနေ့ နေ့လယ်၃နာရီမှ ၅နာရီခွဲထိ၊
နေရာကတော့ လိုင်းနံပါတ်၃ ရှင်ဆာဘူတာ 신사역 ထွက်ပေါက်၁အနီး၊ အင်ဒီပလပ်စ် 인디플러스        ရုပ်ရှင်ရုံဖြစ်ပါတယ်။

Amnestyရဲ့ ရွှေ့ပြောင်းအလုပ်သမားများ လူ့အခွင့်အရေးအတွက် ကြိုးပမ်းလှုပ်ရှားမှုအား ပံ့ပိုးသည့် အနေဖြင့် ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အားလုံးကို ဖိတ်ခေါ်ပါတယ်။

ကိုရီးယားဘာသာဖြင့် ဖတ်ရှုလိုပါက CLICK
စိုးမိုးသူ (facebook- smthu2006)

No comments: