ရေးသားသူ —ဇော်မင်း (ရွှေအလင်းတန်း)
အခမ်းအနားသို့ ဘူဆန်မြို့အနီးအနားရှိ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ ပေါင်းစုံ (၂၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသော ပရိသတ်ကြီးမှာလည်း အင်အား(၂၀၀၀) ခန့် ရှိပါသည်။ ပထမဦးစွာ ကိုရီးယားရိုးရာ အတီးအမှုတ်များဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော အလုပ်သမားသမဂ္ဂအဖွဲ့အစည်း အသီးသီးမှ မိမိတို့ခံစားချက်များကို တောင်းဆိုခဲ့ကြပါသည်။ ကျန်းမာရေး ၊ လူမူရေး နှင့် အလုပ်သမားအခွင့်အရေးများကို တောင်းဆိုခဲ့ပါသည်။
အခမ်းအနားသို့ ကျွန်တော့်ဘေးမှာ ကိုရီးယားအဘွားကြီးကလဲ အသက်က (၇၀)ကျော် အသက်သာကြီးနေတာ အလုပ်သမားအရေးအတွက် တက်ရောက်လာတာကို အံ့သြမိပြီး အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သေးတယ်။
ကျွန်တော်အတွက်တော့ ပထမဆုံးအတွေ့အကြုံပေါ့ ၊ ဘူဆန်မှာ လုပ်တဲ့ မေဒေးနေ့ကို တက်ရောက်ရဖို့ အလုပ်က ခွင့်ယူခဲ့ပါတယ် ၊ တက်ရောက်လာတဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေကို ရေကြည့်လိုက်တော့ လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး ။ ကျွန်တော့်စိတ်ကူးထဲမှာတော့ အများကြီးလာတက်ကြရင်ကောင်းမှာပဲလို့ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီက ဒီမိုကရေစီအလေ့အကျင့်တွေ ဒီမိုကရေစီ(၂) နှစ်သားလောက်လေးရှိတဲ့ မြန်မာနိုင်ငံကို ယူဆောင်သွားကြရင်ကောင်းတာပေါ့လို့ ၊
ဒီမိုကရေစီနိုင်ငံဆိုတော့ တက်ရောက်လာတဲ့ အလုပ်သမာသမဂ္ဂအဖွဲ့အစည်းပေါင်းစုံက စည်းကမ်းတကျ သူ့အဖွဲ့နဲ့အတူ စနစ်တကျ စည်းကမ်းရှိစွာ ထိုင်ပြီး နားထောင်ကြတယ် ၊ တောင်းဆိုချက်တွေကို စနစ်တကျ လက်သီးလက်မောင်းတန်းပြီး တောင်းဆိုကြတယ် ၊ လုံခြုံရေးရဲတွေကလဲ ဘေးကနေပြီး လုံခြုံရေးယူပေးကြတယ် ၊ တက်ရောက်လာတဲ့ ပရိသတ်က စည်းကမ်းရှိကြသလို လုံခြုံရေးရဲတွေကလဲ စည်းကမ်းတကျ စောင့်ရှောက်ပေးကြတာတွေ့ရပါတယ် ၊ အော် ဒီမိုကရေစီနိုင်ငံဆိုတာ ဒါပါလားလို့ သိလိုက်ရပါတယ် ၊
ငါတို့ မြန်မာနိုင်ငံနဲ့များ ကွာလိုက်တာလို့လဲ ခံစားလိုက်ရပါတယ် ၊ နှစ်ပေါင်း(၆၀) နီးပါးအုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်ကြောင့် တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွေ ထဲမှာပါခဲ့ရပါတယ် ၊ စစ်အာဏာရှင်တွေကြောင့် မြေပေါ်မြေအောက် သယံဇာတတွေ ဆုံးရှုံးခဲ့ရသလို့ ပညာရေးဟာလဲ အောက်ကျခဲ့ပါတယ် ၊ အခုတော့ မေဒေးနေ့အခမ်းအနားတွေကို ကျင်းပခွင့်ရခဲ့ပါတယ် ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကတော့ အကန့်အသတ်နဲ့ ရှိနေဆဲပါ။
ဘူဆန်က ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို ညနေ(၄း၀၀)ခန့်တွင် ဘူဆန်ဘူတာရှေ့မှာ ပြီးဆုံးခဲ့ပါတယ် ၊ ထို့နောက် နမ်ဖိုဒုံ အထိ လမ်းလျှောက်ချီတက် တောင်းဆိုခဲ့ကြပါတယ် ၊ လုံခြုံရေးရဲတွေကလဲ လမ်းလျှောက်လာကြတဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို မီးပွိင့်တွေ ၊ လူကူးမျဉ်းကျားတွေမှာ လွတ်လပ်စွာ လျှောက်ကြဖို့အတွက် ကူညီပေးကြပါတယ် ၊ ကျွန်တော်လဲ နိုင်ငံခြားသားအလုပ်သမားကူညီပေးရေးရုံးက အဖွဲ့တွေနဲ့လိုက်ပြီး လမ်းလျှောက်ခံပါတယ် ၊ ဘူဆန် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို နမ်ဖိုဒုံရှိ ARTBOX ကုန်တိုက်ရှေ့တွင် ဟောပြောကြပြီး ညနေ(၅)နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
https://www.facebook.com/media/set/?set=a.373594566082981.1073741829.100002973212250&type=1&uploaded=49
No comments:
Post a Comment