Thursday, July 17, 2014

ဘူဆန် ရှိ ယန်ဆန်း ဘူတာ ဘေးတွင် ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကျင်းပမည်


ကိုရီးယားနိုင်ငံ ဘူဆန် ၊ ယန်ဆန်း ဘူတာ ဘေးတွင် မကြာမီ ထုတ်ပြန်တော့မည့် ထွဲဂျီဂုမ် ဥပဒေသစ် ဆန့်ကျင်ပွဲကို ဇူလိုင်လ(၂၀) ရက် ညနေ(၅) နာရီတွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ ဘူဆန် ၊ ဂမ်ဟဲ ၊ ယန်ဆန်း အနီးအနားရှိ အလုပ်သမားအဖွဲ့ အစည်းပေါင်းစုံ မှ စုပေါင်းကာ ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဟောပြောကြမည် ဖြစ်ပါသည်။

ဘူဆန် ၊ ဂမ်ဟဲ ၊ ယန်ဆန်း အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့မှလည်း မိမိတို့အတွက် ရပိုင်ခွင့်တွေကို အများနှင့်အတူ တောင်းဆို တိုက်ပွဲဝင်ကြရအောင်ပါ။

အများအကျိုးဆောင်လျှင် ကိုယ်ကျိုးအောင်မည်။

ကျွန်တော်တို့ လက်ရှိ ခံစားနေရသော အလုပ်သမားရပိုင်ခွင့်များသည် ရှေး နောင်တော်ကြီးများမှ တောင်းဆိုတိုက်ပွဲဝင်ခဲ့ခြင်းကြောင်း ခံစားခဲ့ရခြင်းဖြစ်ပါသည်။

ကဲ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ထို့ကြောင့် လာမည့် ဇူလိုင်(၂၀) ရက်နေ့ ညနေ (၅) နာရီ ယန်ဆန်း ဘူတာမှာ တွေ့ဆုံကြပြီး ရွှေညီအစ်ကိုတွေ အားလုံးပူးပေါင်းကာ ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ကြပါစို့ ...

( ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မည့် ရွှေညီအစ်ကိုများ ကျွန်တော်နှင့် အမြန်ဆုံး ဆက်သွယ်ကြပါ..

ကိုဇော်မင်း- 010-5946-6694 )

နေ့ရက် ............. ၂၀-၇-၂၀၁၄ (တနင်္ဂနွေ)
အချိန် .............. ညနေ (၅း၀၀) နာရီ
နေရာ ............... ယန်ဆန်း ဘူတာ အဆုံး .. ဘေးရှိ 새들교 အရှေ့
(မြေအောက်ရထား အစိမ်းလိုင်း နံပါတ်(၂) လိုင်း အဆုံး )

No comments: