Monday, April 29, 2013

ဒေါ့ဆာန် ဘုန်းတော်ကြီး မွေးနေ့

၂၀၁၃ခုနှစ် ဧပြီ ၂၉ ရက် တနင်္လာနေ့ နံနက် ၁၁ နာရီခွဲအချိန် ဂယောင်န်ဂီပြည်နယ် ယုန်အင်န်မြို့ရှိ ဂျိုဂယဲဂျူန်ဝင် ဘိုမု(န်)ဂျောန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဒေါ့ဆာန် ဘုန်းတော်ကြီး၏ ၅၈ နှစ်မြောက် မွေးနေ့ ဆုတောင်း မေတ္တာ ပို့သပွဲသို့ ဦးဥာဏိသရ (အိန္ဒိယ၊ ကုသိနာရုံဆရာတော်)၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)က ဦးသုမင်္ဂလ (ဝေါ်ဆရာတော်)နှင့် ဦးဥတ္တရ၊ အန်ဆန် သန္တိကရ၀ိဟာရကျောင်း ဆရာတော် ဦးသုဝဏ္ဏ၊ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) က ဦးကိတ္တိသာရတို့ တက်ရောက်ကြပါသည်။ ကြွရောက်လာကြသော မြန်မာဘုန်းတော်ကြီးများနှင့် ကိုရီးယား ဘုန်းတော်ကြီးများကို ရွှေရတု ဒေါ်သန်းတင်က ၀တ္တုများ လှူဒါန်း၍ မွေးနေ့ရှင် ဒေါ့ဆာန် ဆရာတော်ကလည်း လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြုသမျှ ကုသိုလ်အပေါင်းကို ရေစက်ချ အမျှပေးဝေကြပါသည်။ နတ် လူ သာဓု ခေါ်စေသော်။ အဆိုပါ ဘိုမု(န်)ဂျောန်ဆာ ကျောင်းတော်တွင် ဗုဒ္ဓ မြတ်စွာဘုရား၏ ပါဒစေတီကို ပူဇော်ထားသော ကျောင်းတော်ဖြစ်ပါသည်။

 

No comments: