Thursday, January 3, 2013

ကြက်တကောင်း ဆရာတော်အရှင် ဇာဂရ ကျောက်ကပ် အလှူတော် ဆက်လက်လှူဒါန်းကြဆဲ

ဇန္နဝါရီ ၃ ၊ အင်ချောန်းမြို့တော်
ထီးချိုင့်မြို့ ကြက်တကောင်းကျေးရွာ ကြက်တကောင်း ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဇာဂရ ကျောက်ကပ် ခွဲစိတ်မှုအလှူတော်အတွက် ကိုရီးယားနိုင်ငံရှိ ၊ အလှူရှင်များက ဇီဝိတဒါနအလှူတော်အဖြစ် ဆက်လက် ပါဝင်လှူဒါန်းလျက် ရှိကြရာ လွန်ခဲ့သော ဒီဇင်ဘာ ၃၁ ရက်က မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား)၊ ကျောင်း ဝေယျာဝစ္စ အလုပ်အမှုဆောင်အဖွဲ့နှင့် ခေတ္တ နေထိုင်သူ မိတ်ဆွေများ တစ်စုက ဝမ် ၁၇သိန်း ၅ သောင်း လှူဒါန်းခဲ့ကြပြီး၊ အလှူတော်ငွေများကို ဆရာတော် အရှင်ဇာဂရ ကိုယ်စား ဦးဇော်မိုးအောင်က ကပ္ပိယကာရက အဖြစ် ဆောင်ရွက်လက်ခံပေးခဲ့ကြောင်း သိရသည်။


(ဓာတ်ပုံ ၊ ကပ္ပိယအဖွဲ့)

ယမန်နေ့အထိ အလှူတော်ငွေ ဝမ် ၃၅ သိန်း ၅ သောင်း ၂ ထောင် နှင့် ၁၃ ရရှိပြီးဖြစ်ကြောင်း နှင့် အလှူရှင်များစာရင်းကို (ဤနေရာCLICK) တွင် ကြည့်ရှုပြီး သာဓု အနုမောဒနာပြုနိုင်ကြကြောင်း သိရသည် ။

အလှူငွေများကို ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့ ထိ လက်ခံသွားမည်ဖြစ်ပြီး ၊ အောက်ပါ ပုဂ္ဂိုလ်များထံမှ တစ်ဆင့် လှူဒါန်းနိုင်ကြကြောင်းသိရသည်-
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

No comments: