Thursday, May 29, 2014

ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲအတွက် အစည်းအဝေးခေါ်ယူခြင်း

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

ကိုရီးယားနိုင်ငံရောက် မြန်မာဘောလုံး ဝါသနာရှင်များခင်ဗျာ…
လာမယ့် ဇွန်လ ၈ ရက်  (တနင်္ဂနွေနေ့) တွင် မြန်မာအသင်း(ကိုရီးယား)မှ ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲကို ရှင်းမ်ဝေါင်န် အလယ်တန်းကျောင်းဝင်း အတွင်းတွင် ကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လာမယ့် ဇွန်လ ၁ ရက် (တနင်္ဂနွေနေ့)
၁ နာရီတိတိတွင် ဘူချွန်းမြို့ ရှိ မြန်မာအသင်းရုံးခန်းမတွင် ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲအတွက် အစည်းအဝေးပြုလုပ်မည်ဖြစ်ပါသောကြောင့် ပူးပေါင်းပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းမှ ကိုယ်စားလှယ်(သို့)တာဝန်ခံများ အနေဖြင့် လာရောက်စည်းဝေးပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ယင်းနေ့တွင် မဲနိုက်ကာ အုပ်စုများ ခွဲမည်ဖြစ်ပါသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ဘောလုံးအသင်းများအနေဖြင့် မပျက်မကွက် လာရောက်စေလိုပါသည်။        
အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များထံ မေးမြန်နိုင်ပါသည်။

ဦးခင်မောင်ရင်
010-2788-7153

ဦးသန့်ဇင်အောင်
010-9054-4727

No comments: