Sunday, June 22, 2014

သစ်ကောင်းတစ်ပင် အသက်ဝင်ပြီ

ရေးသားသူ — မြန်မာစင်တာ

" သစ်ကောင်းတစ်ပင် အသက်ဝင်ပြီ "
................................................

ဘဝများမြောင်၊ ဤလူ့ဘောင်ဝယ်
သောကခက်ခဲ၊ ဒီငရဲက
လူတိုင်းအတိ၊ ရှိကြပါ၏။

သောကဒုက္ခ၊ ရှိပေကြလည်း
ဝမ်းစာနောင်ရေး၊ ဒို့မျှော်တွေးကာ
အမေ့နားကပ်၊ ဆိုင်မှာအပ်ရင်း
E P S ဖြေ၊ အောင်ခဲ့ချေပြီ
ရောက်ခဲ့ပါသည်၊ ကိုရီးယားပြည်သို့။

ရောက်လာသော်ငြား
မျက်စိသူငယ်၊ နားသူငယ်ဖြင့်
စကားမတတ်၊ ထမင်းငတ်သည်
လစာမမှန်၊ စိတ်ညစ်ပြန်သည်
ထွက်စာမပေး၊ ဒုက္ခပေးသည်
သောကသွယ်သွယ်၊ သနားစဖွယ်
မောင်ရွှေငယ်တို့။

နေထိုင်မကောင်း၊ ကိုယ်စိတ်ထောင်း၍
ဆေးရုံသွားရန်၊ အကြောင်းဖန်လာ
ဘယ်ကဆေးရုံ၊ ဘယ်သို့ပုံနှယ်
စကားခက်ခဲ၊ ရှိနေဆဲမို့
သောကဝဲလယ်၊ သနားစဖွယ်
မောင်ရွှေငယ်တို့။

ခက်ခဲများစွာ၊ ဒုက္ခရှာလို့
သောကဗျာဗွေ၊ ဆူမဝေနဲ့
သင်တို့အတွက်၊ ကောင်းစားကျက်နဲ့
အေးမြတိတ်ဆိတ်၊ ညောင်ညိုရိပ်က
ဘူဖြောင်းမြို့လယ်၊ ယု(၆)ဒုံရယ်က
မြန်မာစင်တာ၊ ရှိခဲ့ကြာပြီ
သစ်တစ်ပင်ကောင်းမို့၊ ငှက်အပေါင်းတို့ရေ ....

ကျန်းမာရေးတွင်၊ မပူပင်နဲ့
ဗီဇာမရှိ၊ စိတ်မဖိနဲ့
စကားမတတ်၊ အနေမကြပ်နဲ့
မြန်မာတို့အရေး၊ အစဉ်တွေးလို့
ခက်ခဲများစွာ၊ ဖေးမသူညီ
လာစေချင်သည်၊ ကြိုဆိုပါသည်
မြန်မာစင်တာ ဆီသို့ ....

အိုင်တီခေတ်ကြီး၊ ကမ္ဘာကြီးလယ်
နောက်ကျကျန်ရစ်၊ ဒို့မဖြစ်အောင်
ကွန်ပျူတာသင်တန်း၊ အခြေခံတန်းမှ
ဂရပ်ဖစ်ဒီဇိုင်း၊ ဘယ်အပိုင်းမဆို
အသိပိုစေ၊ တတ်ပါစေဟု
ရည်ရွယ်ထားသည်၊ သင်တန်းပေးသည်
လက်တွဲညီညီ၊ လာစေချင်သည်
မြန်မာစင်တာ ဆီသို့ ....

TOPIK ဖြေကာ၊ အနေကြာဖို့
စင်တာကတွေး၊ သင်တန်းပေးကာ
အောင်မြင်စေကြောင်း၊ ဆုမွန်တောင်းလျှက်
ထမ်းရွက်ညီညီ၊ ဖွင့်လှစ်နေပြီ
ရွှေညီကိုတို့ ....

ထို့ကြောင့်တစေ၊ မြန်မာတွေက
မြန်မာစင်တာအကျိုး၊ မြန်မာတို့အကျိုးမို့
ဒို့အမျိုးတစ်သက်၊ လက်ချင်းဆက်လို့
သယ်ပိုးထမ်းရွက်၊ ဖေးကူလျှက်နဲ့
ချီတက်ကြမည်၊ ဖိတ်ခေါ်ပါသည်
အောင်ဆုပန်ချီ၊ မြန်မာစင်တာ ဆီသို့ ....


မေတ္တာမောင်
မြန်မာစင်တာ

No comments: