Friday, March 14, 2014

ဝေါဆရာတော်၏ မွေးနေ့ မင်္ဂလာ ဖိတ်ကြားလွှာ

ရေးသားသူ — ဗုဒ္ဓ သာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)
 
ဝေါဆရာတော် ပရဟိတ အသျှင် သုမင်္ဂလ၏ ၄၈ နှစ်မြောက် မွေးနေ့ မင်္ဂလာ အလှူတော်နှင့် ဓမ္မသဘင် ဖိတ်ကြားလွှာ 
သာသနာ သက္ကရာဇ် ၂၅၅၇ခုနှစ်၊
ကောဇာ သက္ကရာဇ် ၁၃၇၅ ခုနှစ် တပေါင်း လပြည့်ကျော် ၁ ရက်၊ တနင်္ဂနွေနေ့၊
ခရစ် သက္ကရာဇ် ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)နှင့် ပရဟိတကျောင်းတိုက်၊ အဗျားဗိုလ်တဲရွာ၊ ဝေါမြို့၊ ပဲခူးတိုင်းတို့၏ နာယကဆရာတော် ပရဟိတ အသျှင် သုမင်္ဂလ ( ဝေါဆရာတော် )၊ သာသနာဓဇ ဓမ္မာစရိယ၊ သက္ကသီလ ဓမ္မာစရိယ (B.A - Buddhism)၊ မဟာဓမ္မာစရိယ ( M.A - Buddhism)၏ ၄၈နှစ်မြောက် မွေးနေ့ မင်္ဂလာ အလှူတော်နှင့် ဓမ္မသဘင်ကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ တတိယထပ် ဓမ္မသဘင်ခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။  

ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထားပြီး ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းများနှင့် ဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းကိုလည်း အောက်ပါ အစီအစဉ်အတိုင်း ဧည့်ခံမည်ဖြစ်ပါသည်။ 

ဗုဒ္ဓမြတ်စွာဘုရားအား ပန်းတော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဓမ္မသဘင် အခမ်းအနားအတွက် ပန်းပေါင်းစုံ အလှူရှင် ကိုကိုအောင် (အနော်မာ အဖွဲ့)

နံနက် ၇နာရီမှ ၉နာရီအချိန်အထိ ။
ကြာဇံဟင်းခါး (အလှူရှင် - ကိုပြည်အေးချစ်နှင် သူငယ်ချင်းများ) 

နံနက် ၁၀နာရီမှ နေ့လည် ၁ နာရီအချိန်အထိ ။ 
ကြက်သား ဒံပေါက် ( အလှူရှင် - မြန်မာဗုဒ္ဓသာသနာပြုကျာင်းတော်(ကိုရီးယား)၏ ဝေယျာဝစ္စ ညီအကိုများ)
န့လည် ၂ နာရီအချိန်တွင် မွေးနေ့ မင်္ဂလာ ဓမ္မသဘင်နှင့် ကုသိုလ်အပေါင်းတိုကို ရေစက်ချ အမျှပေးဝေမည် ဖြစ်ပါသဖြင့် တရားတော် ကြွရောက်ကြပါရန် နိုးဆော်လိုက်ပါသည်။

No comments: